ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၃၃
  • ဖန်ဆင်းခြင်းလား၊ ဆင့်ကဲဖြစ်စဉ်လား—အပိုင်း ၂

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖန်ဆင်းခြင်းလား၊ ဆင့်ကဲဖြစ်စဉ်လား—အပိုင်း ၂
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆင့်ကဲဖြစ်စဉ်အကြောင်း မေးခွန်းထုတ်သင့်တဲ့ အကြောင်းရင်းနှစ်ချက်
  • ချင့်တွေးစရာ မေးခွန်းအဖြာဖြာ
  • ဆင့်ကဲဖြစ်စဉ်ကို ယုံကြည်သင့်သလား
    လူငယ်များအမေး မေးခွန်း ၁၀ ခုအတွက် အဖြေများ
  • ဆင့်ကဲအယူအဆနှင့် သမ္မာကျမ်းစာ ကိုက်ညီပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ရုံးတင်ခံရသည့်ဆင့်ကဲအယူဝါဒ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ဖန်ဆင်းခြင်းလား၊ ဆင့်ကဲဖြစ်စဉ်လား—အပိုင်း  ၁– ဘုရားသခင်ရှိတယ်လို့ ဘာကြောင့် ယုံကြည်ရ
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၃၃
အထက်တန်းကျောင်းသားတွေကို ဆင့်ကဲဖြစ်စဉ်ဟာ အဖြစ်မှန်ဖြစ်တယ်လို့ သင်ကြားပေးနေ

လူငယ်များအမေး

ဖန်ဆင်းခြင်းလား၊ ဆင့်ကဲဖြစ်စဉ်လား​—အပိုင်း ၂– ဆင့်ကဲဖြစ်စဉ်အကြောင်း ဘာကြောင့် မေးခွန်းထုတ်ရ

အဲလက်စ်ဟာ ခေါင်းရှုပ်သွားတယ်။ သူ့ဘဝတစ်လျှောက်လုံးမှာ ဘုရားသခင်နဲ့ ဖန်ဆင်းခြင်းအကြောင်းကို ယုံကြည်လက်ခံထားတယ်။ ဒါပေမဲ့ ဇီဝဗေဒဘာသာရပ်ကို သင်ပေးတဲ့ဆရာက အများယုံကြည်လက်ခံထားတဲ့ သိပ္ပံတွေ့ရှိချက်တွေကို အခြေခံပြီး ဆင့်ကဲဖြစ်စဉ်ဆိုတာ တကယ့်ဖြစ်ရပ်မှန်ဆိုပြီး အခိုင်အမာ ပြောတယ်။ အဲလက်စ်ကတော့ တွေးတောဆင်ခြင်နိုင်စွမ်းနည်းတယ်လို့ အထင်မခံချင်ဘူး။ ‘သိပ္ပံပညာရှင်တွေကတောင် ဆင့်ကဲဖြစ်စဉ်ကို မှန်တယ်လို့ ပြောနေမှတော့ ငါက ဘာမို့လို့ သူတို့ရဲ့ လေ့လာတွေ့ရှိချက်ကို မေးခွန်းထုတ်ရမှာလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တယ်။

သင်ကော ဒီလိုအဖြစ်မျိုးကြုံဖူးသလား။ “ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ” တယ်ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားသလို ကိုယ့်ရဲ့အသက်တာတစ်လျှောက်လုံးမှာ ယုံကြည်လက်ခံထားတာဖြစ်နိုင်တယ်။ (ကမ္ဘာဦး ၁:၁) ဒါပေမဲ့ သိပ်မကြာသေးခင်ကပဲ လူတွေက သင့်ကို ဖန်ဆင်းခြင်းဆိုတာ ဒဏ္ဍာရီ၊ ဆင့်ကဲဖြစ်စဉ်ကမှ အဖြစ်မှန်ဆိုပြီး သင်လက်ခံလာအောင် ကြိုးစားရှင်းပြတာမျိုးဖြစ်နိုင်တယ်။ ဒါဆိုရင် သူတို့ပြောတာကို သင်လက်ခံယုံကြည်သင့်သလား။ ဆင့်ကဲဖြစ်စဉ်အကြောင်းကို ဘာကြောင့် မေးခွန်းထုတ်သင့်သလဲ။

  • ဆင့်ကဲဖြစ်စဉ်အကြောင်း မေးခွန်းထုတ်သင့်တဲ့ အကြောင်းရင်းနှစ်ချက်

  • ချင့်တွေးစရာ မေးခွန်းအဖြာဖြာ

  • ရွယ်တူချင်းတွေပြောဆိုရာ

ဆင့်ကဲဖြစ်စဉ်အကြောင်း မေးခွန်းထုတ်သင့်တဲ့ အကြောင်းရင်းနှစ်ချက်

  1. ၁။ သိပ္ပံပညာရှင် အချင်းချင်းတောင် ဆင့်ကဲဖြစ်စဉ်နဲ့ပတ်သက်လာရင် အယူအဆတွေ ကွဲလွဲနေတယ်။ သိပ္ပံပညာရှင်တွေက ဆယ်စုနှစ်ချီသုတေသနတွေလုပ်ပေမဲ့လည်း ဆင့်ကဲဖြစ်စဉ်အကြောင်း သူတို့အားလုံးသဘောတူလက်ခံနိုင်မယ့် ရှင်းပြချက်တွေနဲ့ ရှင်းပြနိုင်ခြင်းမရှိသေးပါဘူး။

    စဉ်းစားစရာ– သိပ္ပံပညာရှင်တွေက ကျွမ်းကျင်သူပါရဂူတွေဖြစ်ပေမဲ့လည်း သူတို့အချင်းချင်းတောင် ဆင့်ကဲဖြစ်စဉ်နဲ့ပတ်သက်ပြီး လက်ခံယူဆချက်တွေ ကွဲနေသေးတယ်ဆိုရင် သင်လည်း ဒီသီအိုရီကို မေးခွန်းထုတ်တာက မမှားဘူးမဟုတ်လား။​—ဆာလံ ၁၀:၄။

  2. ၂။ သင်ဘာယုံကြည်သလဲဆိုတာက အရေးကြီးတယ်။ “သက်ရှိတွေဟာ မတော်တဆ တိုက်ဆိုင်မှုကြောင့်ဖြစ်တည်လာတယ်ဆိုရင် ကျွန်တော်တို့ဘဝနဲ့ စကြဝဠာမှာရှိတဲ့ အရာအားလုံးက ဘာအဓိပ္ပာယ်မှရှိတော့မှာမဟုတ်ဘူး” ဆိုပြီး ဇာခရိလို့ခေါ်တဲ့ လူငယ်လေးက ပြောပြတယ်။ သူပြောတာမမှားပါဘူး။ ဆင့်ကဲဖြစ်စဉ်သာမှန်တယ်ဆိုရင် ဘဝက တည်မြဲတဲ့ရည်ရွယ်ချက် ရှိပုံမရဘူး။ (၁ ကောရိန္သု ၁၅:၃၂) တစ်ဖက်မှာတော့ ဖန်ဆင်းခြင်းမှန်တယ်ဆိုရင် ဘဝရဲ့ရည်ရွယ်ချက်နဲ့ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတဲ့ မေးခွန်းတွေအတွက် ကျေနပ်လောက်တဲ့အဖြေကို ရှာတွေ့နိုင်မှာဖြစ်တယ်။​—ယေရမိ ၂၉:၁၁။

    စဉ်းစားစရာ– ဆင့်ကဲဖြစ်စဉ်နဲ့ ဖန်ဆင်းခြင်းရဲ့ အဖြစ်မှန်ကိုသိထားခြင်းက သင့်ရဲ့ဘဝကို ဘာအကျိုးသက်ရောက်မှုရှိစေသလဲ။​—ဟေဗြဲ ၁၁:၁။

ချင့်တွေးစရာ မေးခွန်းအဖြာဖြာ

ပြောဆိုချက်– ‘စကြဝဠာအတွင်းမှာရှိတဲ့ အရာအားလုံးက မဟာပေါက်ကွဲမှုကြီးတစ်ခုကြောင့် ဖြစ်လာတယ်။’

  • ဘယ်သူ ဒါမှမဟုတ် ဘာက အဲဒီမဟာပေါက်ကွဲမှုကြီးကို ဖြစ်စေခဲ့တာလဲ။

  • ဘယ်ဟာက ပိုပြီး ယုတ္တိတန်သလဲ​—အရာအားလုံးက ဒီလိုပဲအလိုလိုဖြစ်လာတာလား၊ အရာအားလုံးက တစ်စုံတစ်ခုကြောင့် ဖြစ်လာတာလား၊ အရာအားလုံးက တစ်စုံတစ်ယောက်ကြောင့် ဖြစ်လာတာလား။

ပြောဆိုချက်– ‘တိရစ္ဆာန်ကနေ အဆင့်ဆင့်ပြောင်းလဲပြီး လူဖြစ်လာတယ်။’

  • ဥပမာ၊ လူက မျောက်ဝံလိုမျိုး တိရစ္ဆာန်ကနေ ဆင့်ကဲပြောင်းလဲလာတယ်ဆိုရင် အဲဒီမျောက်ဝံတွေနဲ့ လူကြားမှာ ဉာဏ်ရည်ဉာဏ်သွေးက ဘာကြောင့် ဒီလောက်တောင်ကွာဟနေရတာလဲ။a

  • သက်ရှိတွေရဲ့ “အခြေခံ” အကျဆုံးဆဲလ်တွေက ဘာကြောင့် ဒီလောက်တောင် ရှုပ်ထွေးဆန်းကြယ်ရတာလဲ။b

ပြောဆိုချက်– ‘ဆင့်ကဲဖြစ်စဉ်က အထောက်အထားအခိုင်အလုံရှိတဲ့ အဖြစ်မှန်ဖြစ်တယ်’

  • ဒီလိုပြောဆိုတဲ့သူကိုယ်တိုင် သက်သေအထောက်အထားတွေကို စစ်ဆေးစုံစမ်းထားပြီးပြီလား။

  • ဉာဏ်ရည်ထက်မြက်တဲ့သူတွေသာ ဆင့်ကဲဖြစ်စဉ်ကို ယုံကြတယ်လို့ပြောလို့သာ ဒါကို လက်ခံယုံကြည်ကြသူ ဘယ်လောက်တောင် များနေသလဲ။

ရွယ်တူချင်းတွေပြောဆိုရာ

ဂဝဲန်

ဂဝဲန်

“ပုံနှိပ်တိုက်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်တယ်၊ ပြီးတော့ မင်တွေက နံရံနဲ့ မျက်နှာကျက်တွေမှာ စဉ်ကုန်ပြီး တကယ့်ကို နက်နဲရှုပ်ထွေးလှတဲ့ အဘိဓာန်တစ်ခု ဖြစ်ပေါ်လာတယ်လို့ တစ်ယောက်ယောက်က သင့်ကို ပြောတယ်လို့ စဉ်းစားကြည့်ပါ။ ဒါကို သင်ယုံမှာလား။ အဲဒီလိုပဲ စည်းစနစ်တကျရှိနေတဲ့ စကြဝဠာမှာရှိတဲ့အရာအားလုံးက မဟာပေါက်ကွဲမှုကြီးတစ်ခုကြောင့် ဖြစ်လာတယ်ဆိုရင် သင်ပိုလို့တောင်မယုံဘူး မဟုတ်လား။”

ဂျက်စီကာ

ဂျက်စီကာ

“လူတွေမှာ အသက်ရှင်ဖို့အတွက် လိုအပ်တဲ့အရည်အသွေးတွေထက်မကရှိတယ်။ ကျွန်မတို့က နေမကောင်းတဲ့သူတွေကို ပြုစုစောင့်ရှောက်တတ်ပြီး ဒုက္ခရောက်နေတဲ့သူတွေကို ကူညီပေးတတ်ကြတယ်။ တကယ်လို့ ဆင့်ကဲဖြစ်စဉ်နဲ့ ‘ခွန်အားကြီးသူသာ အသက်ရှင်ကျန်ရစ်သည်’ ဆိုတဲ့ သူ့ရဲ့ဆောင်ပုဒ်ကသာမှန်တယ်ဆိုရင် ကျွန်မတို့က ဘာကြောင့် အဲဒါတွေလုပ်တော့မှာလဲ။”

ဂျူလီယာ

ဂျူလီယာ

“တကယ်လို့ သင်က တောအုပ်တစ်ခုထဲမှာ လမ်းလျှောက်သွားရင်း လှပတဲ့ သစ်လုံးအိမ်လေးတစ်လုံးကို တွေ့တဲ့အခါ ‘အံ့ဩစရာကောင်းလိုက်တာ၊ ဒီအိမ်က သစ်ပင်တစ်ပင်လဲကျသွားလို့ အိမ်ပုံစံပေါ်လာတယ်’ လို့ပြောမလား။ ဘယ်ပြောပါ့မလဲ။ အဲဒီလို ဘယ်ဖြစ်နိုင်ပါ့မလဲ။ ဒီလိုပဲ စကြဝဠာထဲမှာရှိတဲ့အရာအားလုံးက သူ့အလိုလိုဖြစ်လာတယ်ဆိုတာကလည်း ဘယ်ဖြစ်နိုင်ပါ့မလဲ။”

a လူတွေရဲ့ ဦးနှောက်က မျောက်ဝံတွေရဲ့ဦးနှောက်ထက် ပိုကြီးလို့ လူတွေဟာ ဉာဏ်ရည်ဉာဏ်သွေးပိုမြင့်မားတာလို့ တချို့ပြောကောင်းပြောပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီပြောဆိုချက်က မမှန်ဘူးဆိုတာကို သက်ရှိများ၏ မူလအစ—မေးသင့်မေးထိုက်သော မေးခွန်းငါးခု ဆိုတဲ့ ဘရိုရှာစာစောင် [အင်္ဂလိပ်] ရဲ့ စာမျက်နှာ ၂၈ မှာကြည့်ပါ။

b သက်ရှိများ၏ မူလအစ—မေးသင့်မေးထိုက်သော မေးခွန်းငါးခု ဆိုတဲ့ ဘရိုရှာစာစောင် [အင်္ဂလိပ်] ရဲ့ စာမျက်နှာ ၈–၁၂ မှာကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ