ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၄၁
  • ကမ္ဘာမြေ ဖျက်ဆီးခံရမလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာမြေ ဖျက်ဆီးခံရမလား
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • လူတွေကြောင့် ကမ္ဘာမြေ ပျက်စီးသွားမလား
  • ကမ္ဘာမြေ မီးလောင်ပျက်စီးသွားမယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ် မဟုတ်လား
  • မြေကြီး
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ကမ္ဘာမြေသည် မီးတွင် ဇာတ်သိမ်းသွားမည်လော
    နိုးလော့!—၁၉၉၈
  • ဒီကမ္ဘာလောက ကွယ်ပျောက်သွားတော့မလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • ကမ္ဘာကြီး ပျက်စီးသွားမလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၄၁
ကမ္ဘာဂြိုဟ် အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားနေစဉ်

ကမ္ဘာမြေ ဖျက်ဆီးခံရမလား

ကျမ်းစာအဖြေ

မခံရပါဘူး။ ကမ္ဘာဂြိုဟ်ဟာ ဘယ်တော့မှ မီးလောင်ပျက်စီးသွားမှာ မဟုတ်သလို အသစ်အစားထိုးမှာလည်း မဟုတ်ဘူး။ ကမ္ဘာမြေ အစဉ်အမြဲ တည်ရှိဖို့ ဘုရား ဖန်ဆင်းထားတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။

  • “ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်။”—ဆာလံ ၃၇:၂၉။

  • “ကမ္ဘာမြေကို အုတ်မြစ်တွေပေါ် တည်ဆောက်တယ်။ သူ့နေရာကနေ ဘယ်တော့မှ ရွှေ့လို့ရမှာ မဟုတ်ဘူး။”—ဆာလံ ၁၀၄:၅။

  • “ကမ္ဘာမြေကတော့ ထာဝစဉ် တည်တယ်။”—ဒေသနာ ၁:၄။

  • “ယေဟောဝါဟာ ... ကမ္ဘာမြေကို ပုံသွင်းတဲ့အရှင်၊ ကမ္ဘာမြေကို အခိုင်အမာတည်တဲ့အရှင်ပဲ။ ကမ္ဘာမြေကို အကြောင်းမဲ့ ဖန်ဆင်းတာ မဟုတ်ဘဲ သတ္တဝါတွေ နေထိုင်ဖို့ ဖန်ဆင်းခဲ့တဲ့အရှင်ပဲ။”—ဟေရှာယ ၄၅:၁၈။

လူတွေကြောင့် ကမ္ဘာမြေ ပျက်စီးသွားမလား

လေထု၊ ရေထု ညစ်ညမ်းမှု၊ စစ်မှု ဒါမှမဟုတ် တခြားအကြောင်းရင်းတွေကြောင့် ကမ္ဘာမြေ လုံးဝ ပျက်စီးသွားအောင် ဘုရား ခွင့်ပြုမှာ မဟုတ်ဘူး။ ဘုရားသခင်က “ကမ္ဘာမြေကို ဖျက်ဆီးတဲ့သူတွေကို ဖျက်ဆီး” မယ်။ (ဗျာဒိတ် ၁၁:၁၈) ဘယ်လိုနည်းနဲ့လဲ။

ကမ္ဘာမြေကို ကာကွယ်မပေးနိုင်တဲ့ လူ့အစိုးရတွေနေရာမှာ အရာအားလုံးကို လုပ်ဆောင်နိုင်တဲ့ ကောင်းကင်နိုင်ငံတော်နဲ့ ဘုရား အစားထိုးပါလိမ့်မယ်။ (ဒံယေလ ၂:၄၄။ မဿဲ ၆:၉၊ ၁၀) ကောင်းကင်နိုင်ငံတော်ကို ဘုရားသားတော် ယေရှုခရစ်က အုပ်ချုပ်မယ်။ (ဟေရှာယ ၉:၆၊ ၇) ယေရှု ကမ္ဘာပေါ်မှာ ရှိတုန်းက သဘာဝစွမ်းအားတွေကို ထိန်းချုပ်နိုင်ကြောင်း ပြခဲ့တယ်။ (မာကု ၄:၃၅-၄၁) ဘုရားနိုင်ငံတော်ဘုရင်အနေနဲ့ ယေရှုဟာ ကမ္ဘာမြေနဲ့ သဘာဝစွမ်းအားတွေကို အပြည့်အဝ ထိန်းချုပ်ပါလိမ့်မယ်။ ကမ္ဘာ့အခြေအနေတွေကို ကမ္ဘာဦးအစက တည်ရှိခဲ့တဲ့၊ သာယာလှပတဲ့ ဧဒင်ဥယျာဉ်လိုမျိုး ပြန်ဖြစ်အောင် အသစ်ပြုပြင်ပါလိမ့်မယ်။—မဿဲ ၁၉:၂၈။ လုကာ ၂၃:၄၃။

ကမ္ဘာမြေ မီးလောင်ပျက်စီးသွားမယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ် မဟုတ်လား

မဟုတ်ပါဘူး။ ၂ ပေတရု ၃:၇ မှာပါတဲ့ “အခုတည်ရှိနေတဲ့ ကောင်းကင်နဲ့ မြေကြီးကလည်း ... မီးနဲ့ ဖျက်ဆီးဖို့ သတ်မှတ်ခံထားရပြီး” ဆိုတဲ့ စကားကို နားလည်မှု လွဲနိုင်တယ်။ အဓိပ္ပာယ်ကို သဘောပေါက်စေဖို့ အရေးကြီးတဲ့ အချက်နှစ်ချက်ကို သုံးသပ်ကြည့်ပါ။

  1. ၁။ ကျမ်းစာမှာ “ကောင်းကင်၊” “မြေကြီး၊” “မီး” ဆိုတဲ့ စကားလုံးတွေကို တခြားအဓိပ္ပာယ်နဲ့လည်း သုံးတယ်။ ဥပမာ၊ ကမ္ဘာဦး ၁၁:၁ မှာ ‘ကမ္ဘာပေါ်မှာရှိတဲ့လူတွေဟာ [မူရင်း၊ “မြေကြီးတစ်ခုလုံး”] ဘာသာစကား တစ်မျိုးတည်း ပြောကြတယ်’ လို့ ဖော်ပြထားတယ်။ ဒီမှာ ‘မြေကြီး’ ဆိုတာ လူသားတွေကို ရည်ညွှန်းတယ်။

  2. ၂။ ၂ ပေတရု ၃:၇ ရဲ့ ရှေ့နောက် စကားတွေက ကောင်းကင်၊ မြေကြီး၊ မီးတို့ရဲ့ အဓိပ္ပာယ်ကို ဖော်ပြတယ်။ အခန်းငယ် ၅ နဲ့ ၆ မှာ နောဧခေတ် ရေလွှမ်းမိုးဘေးအကြောင်း ဖော်ပြထားတယ်။ အဲဒီတုန်းက ကမ္ဘာကို ရေလွှမ်းမိုးဘေးနဲ့ ဖျက်ဆီးခဲ့ပေမဲ့ ကမ္ဘာမြေ ပျောက်ကွယ်မသွားခဲ့ဘူး။ ဒါပေမဲ့ အကြမ်းဖက်တဲ့လူ့အဖွဲ့အစည်း၊ ဒါမှမဟုတ် “မြေကြီး” ကိုတော့ ဖျက်ဆီးခဲ့တယ်။ (ကမ္ဘာဦး ၆:၁၁၊ ယုဒသန်ကျမ်း) မြေကြီးလူ့အဖွဲ့အစည်းအပေါ်အုပ်ချုပ်နေတဲ့ လူ့အစိုးရ “ကောင်းကင်” ကိုလည်း ဖျက်ဆီးခဲ့တယ်။ လူဆိုးတွေသာ ပျက်စီးသွားတယ်၊ ကမ္ဘာမြေကတော့ မပျက်စီးခဲ့ဘူး။ ရေလွှမ်းမိုးပြီး ကမ္ဘာကို ဖျက်ဆီးခြင်းဘေးကနေ နောဧနဲ့ မိသားစု အသက်ရှင် လွတ်မြောက်ပြီး မြေကြီးပေါ်မှာ ဆက်နေထိုင်ခဲ့ကြတယ်။—ကမ္ဘာဦး ၈:၁၅-၁၈။

ဖျက်ဆီးတဲ့အခါ အသုံးပြုခဲ့တဲ့ ရေလိုပဲ ၂ ပေတရု ၃:၇ မှာ ဖော်ပြထားတဲ့ “မီး” က ကမ္ဘာမြေကို မဟုတ်ဘဲ ဆိုးသွမ်းတဲ့လူ့လောကကို ဖျက်ဆီးမယ်။ “ဖြောင့်မတ်ခြင်း တည်တံ့မယ့် ကောင်းကင်သစ်နဲ့ မြေကြီးသစ်” ဖြစ်လာမယ်လို့ ဘုရား ကတိပြုထားတယ်။ (၂ ပေတရု ၃:၁၃) “မြေကြီးသစ်” ခေါ် လူ့ဘောင်သစ်ကို “ကောင်းကင်သစ်” ခေါ် ဘုရားနိုင်ငံတော် အစိုးရသစ်က အုပ်ချုပ်ပါလိမ့်မယ်။ ဘုရားနိုင်ငံတော် အုပ်ချုပ်မှုအောက်မှာ ကမ္ဘာမြေဟာ ငြိမ်သက်အေးချမ်းတဲ့ ပရဒိသု ဖြစ်လာပါလိမ့်မယ်။—ဗျာဒိတ် ၂၁:၁-၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ