ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၃ ၈/၁၅ စာ. ၂၈-၃၀
  • ဧလိရှဲဟာ မီးမြင်းရထားတွေကို မြင်တွေ့ခဲ့—သင်ကော မြင်သလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဧလိရှဲဟာ မီးမြင်းရထားတွေကို မြင်တွေ့ခဲ့—သင်ကော မြင်သလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဧလိရှဲဟာ ဧလိယနောက် စလိုက်
  • ဧလိရှဲ သူ့တာဝန်ကို စွဲစွဲမြဲမြဲလုပ်ဆောင်ခဲ့
  • “သင့်အတွက် ဘာလုပ်ပေးရမလဲ၊ ပြောပါ”
  • ဧလိရှဲ ဘာကို မြင်ခဲ့ရသလဲ
  • ယေဟောဝါကို ဧလိရှဲ ယုံကြည်အားကိုးခဲ့
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ကိုယ်ကျိုးစွန့်ခြင်းနှင့် သစ္စာစောင့်သိခြင်း ပုံသက်သေတစ်ရပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ယေဟောဝါရဲ့ မီးလိုတောက်ပတဲ့ စစ်တပ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • သက်ကြီးရွယ်အို ယုံကြည်သူချင်းများကို သင်တန်ဖိုးထားသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
က၁၃ ၈/၁၅ စာ. ၂၈-၃၀
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ဧလိရှဲဟာ မီးမြင်းရထားတွေကို မြင်တွေ့ခဲ့—သင်ကော မြင်သလား

ဆီးရီးယားဘုရင်ဟာ ဘုရားသခင်ရဲ့ပရောဖက် ဧလိရှဲကိုဖမ်းဖို့ လိုက်ရှာနေတယ်၊ တောင်ကုန်းပေါ်မှာတည်ရှိပြီး မြို့ရိုးရှိတဲ့ ဒေါသန်မြို့မှာ ဧလိရှဲ ရောက်နေတယ်ဆိုတာ ဘုရင်သိသွားတယ်။ ဘုရင်က ညတွင်းချင်းပဲ မြင်းတွေ၊ စစ်မြင်းရထားတပ်တွေကို ဒေါသန်မြို့ဆီ စေလွှတ်လိုက်တယ်။ နေထွက်ချိန်မှာ စစ်တပ်က မြို့ကို ဝိုင်းထားလိုက်ပြီ။—၄ ရာ. ၆:၁၃၊ ၁၄။

ဧလိရှဲရဲ့ကျွန်က မြို့ရိုးပေါ်တက်ပြီး ကြည့်လိုက်တဲ့အခါ ရန်သူ့စစ်တပ်ကိုမြင်ပြီး ကြောက်သွားတယ်။ သူက “အို၊ ကျွန်တော့်သခင်။ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ” ဆိုပြီး အော်ပြောလိုက်တယ်။ ဧလိရှဲက “မကြောက်ပါနဲ့။ ငါတို့ဘက်မှာရှိတဲ့သူတွေက သူတို့ဘက်မှာရှိတဲ့သူတွေထက် ပိုများတယ်” လို့ ပြန်ပြောတယ်။ အဲဒီနောက် ပရောဖက်က “အို၊ ယေဟောဝါ၊ ကျေးဇူးပြုပြီး သူမြင်နိုင်အောင် မျက်စိကို ဖွင့်ပေးပါ” လို့ ဆုတောင်းလိုက်တယ်။ “ယေဟောဝါလည်း ချက်ချင်းပဲ သူ့နောက်လိုက်ရဲ့မျက်စိကို ဖွင့်ပေးလိုက်တော့ ကြည့်ပါအုံး၊ ဧလိရှဲရဲ့ပတ်ပတ်လည် တောင်တန်းဒေသတစ်ခုလုံးမှာ မီးမြင်းတွေ၊ မီးစစ်မြင်းရထားတွေနဲ့ ပြည့်နေတာကို တွေ့လိုက်ရတယ်။” (၄ ရာ. ၆:၁၅-၁၇၊ ကဘ) ဒီအဖြစ်အပျက်ကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။

ဆီးရီးယားစစ်တပ်တွေ ဝိုင်းထားပေမဲ့ ဧလိရှဲကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ၊ ဘာကြောင့်လဲဆိုတော့ သူက ယေဟောဝါကို ယုံကြည်အားကိုးပြီး ကိုယ်တော် သူ့ကိုကာကွယ်ပေးခဲ့တယ် ဆိုတာကိုလည်း တွေ့ခဲ့တယ်။ ဒီနေ့အချိန်မှာတော့ အံ့ဖွယ်အမှုတွေကို ကျွန်ုပ်တို့ မမျှော်လင့်နိုင်ပေမဲ့ ယေဟောဝါဟာ မိမိလူတွေကို အုပ်စုလိုက် ကာကွယ်ပေးနေတယ်ဆိုတာ ကျွန်ုပ်တို့ အထင်အရှား မြင်နေရတယ်။ ကျွန်ုပ်တို့လည်း ကျွန်ုပ်တို့ကိုကာကွယ်ပေးနေတဲ့ စစ်မြင်းတွေ၊ မီးမြင်းရထားတွေကို မြင်ရတယ်လို့ ပြောနိုင်ပါတယ်။ ကျွန်ုပ်တို့က ယေဟောဝါရဲ့ကာကွယ်နိုင်စွမ်းကို ယုံကြည်ပြီး ကိုယ်တော့်ကို အမြဲအားကိုးတယ်ဆိုရင် လုံခြုံတယ်လို့ခံစားရပြီး ကောင်းချီးခံစားရမှာဖြစ်တယ်။ (ဆာ. ၄:၈) ဧလိရှဲရဲ့ဘဝမှာ ကြုံတွေ့ရတဲ့ တခြားအဖြစ်အပျက်တွေကနေ ကျွန်ုပ်တို့ ဘယ်လို အကျိုးရနိုင်သလဲဆိုတာကို ဆွေးနွေးကြရအောင်။

ဧလိရှဲဟာ ဧလိယနောက် စလိုက်

တစ်နေ့ ဧလိရှဲ လယ်ထွန်နေတုန်း ပရောဖက်ဧလိယရောက်ပြီး သူ့ပရောဖက်ဝတ်ရုံကို ဧလိရှဲပေါ် တင်လိုက်တယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် ဧလိယက ဧလိရှဲကို သူ့ရဲ့ အစေခံလုပ်ဖို့ ဖိတ်ခေါ်လိုက်တာပဲ။ ဧလိရှဲဟာ သူ့မိတ်ဆွေတွေကိုဖိတ်ပြီး စားသောက်ပွဲ ကျင်းပ၊ သူ့ရဲ့မိဘတွေကို နှုတ်ဆက်ပြီး ဧလိယနောက် လိုက်ခဲ့တယ်။ (၃ ရာ. ၁၉:၁၆၊ ၁၉-၂၁) ဧလိရှဲမှာ ဘုရားသခင် သူ့ကိုလုပ်စေချင်တဲ့အရာမှန်သမျှကို လုပ်လိုတဲ့ဆန္ဒရှိတဲ့အတွက်ကြောင့် ယေဟောဝါက သူ့ကို နည်းလမ်းမျိုးစုံနဲ့ အသုံးပြုခဲ့တယ်။ နောက်ပိုင်း ဧလိယရဲ့ပရောဖက်နေရာမှာ သူ့ကို ခန့်အပ်ခဲ့တယ်။

ဧလိရှဲဟာ ဧလိယကို ခြောက်နှစ်ကြာ အလုပ်အကျွေးပြုခဲ့ပုံရတယ်။ အဲဒီအချိန်တွေမှာ ဧလိရှဲက “ဧလိယရဲ့လက်ကို ရေလောင်းပေး” သူတစ်ယောက် ဖြစ်တယ်။ (၄ ရာ. ၃:၁၁၊ ကဘ) အဲဒါဘာအဓိပ္ပာယ်လဲ။ အဲဒီခေတ်ကလူတွေဟာ အစာစားတဲ့အခါ ဇွန်းခရင်းတွေ၊ ဓားတွေကို မသုံးဘဲ လက်နဲ့ပဲစားကြတယ်။ သခင် အစာစားပြီးတဲ့နောက်မှာ လက်ဆေးဖို့ ကျွန်က ရေလောင်းပေးရတယ်။ ဒါကြောင့် ဧလိရှဲရဲ့တချို့အလုပ်တွေက အရေးမပါတဲ့အလုပ်လို ဖြစ်နေတယ်။ ဒါပေမဲ့ ဧလိရှဲက ဧလိယရဲ့အစေခံဖြစ်ရတာကို အခွင့်ထူးအဖြစ် ယူမှတ်တယ်။

ဒီနေ့အချိန်မှာလည်း ခရစ်ယာန်များစွာက အချိန်ပြည့်လုပ်ငန်းအမျိုးမျိုးမှာ တလိုတလား လုပ်ဆောင်နေကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ယေဟောဝါကိုယုံကြည်ပြီး သူတို့ရဲ့အကောင်းဆုံးအရာကို ကိုယ်တော်ကို ပေးဆက်ချင်ကြတယ်။ ဥပမာ၊ တချို့သူတွေဟာ အိမ်နဲ့ခွဲနေပြီး ဗေသလ ဒါမှမဟုတ် ဆောက်လုပ်ရေးစီမံကိန်းတွေမှာ လုပ်ဆောင်ကြတယ်။ သူတို့ရဲ့အလုပ်တွေကို လူများစွာက အရေးမပါတဲ့အလုပ်လို့ ရှုမြင်နိုင်တယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ကတော့ အဲဒီလိုမယူဆသင့်ဘူး။ ယေဟောဝါဟာ သူ့ကျေးကျွန်တွေလုပ်တဲ့ အလုပ်တိုင်းကို အလွန်တန်ဖိုးထားတယ်။—ဟေဗြဲ ၆:၁၀။

ဧလိရှဲ သူ့တာဝန်ကို စွဲစွဲမြဲမြဲလုပ်ဆောင်ခဲ့

ဘုရားသခင်ဟာ ‘ဧလိယကို လေမုန်တိုင်းအားဖြင့် ကောင်းကင်ကို မခေါ်ဆောင်’ ခင်မှာ ပရောဖက်ဧလိယကို ဂိလဂါလမြို့ကနေ ဗေသလမြို့ကို သွားခိုင်းတယ်။ ဧလိယက ဧလိရှဲကို သူနဲ့အတူ လိုက်စရာမလိုဘူးလို့ ပြောတဲ့အခါ ဧလိရှဲက “အရှင့်ကို ကျွန်တော်ခွဲခွာသွားမှာ မဟုတ်ဘူး” လို့ ပြန်ပြောခဲ့တယ်။ ခရီးတစ်လျှောက်လုံးမှာ ဧလိယက ဧလိရှဲကို နေခဲ့ဖို့ နှစ်ကြိမ်ထက်မက ပြောပေမဲ့ သူ ဆက်လိုက်ခဲ့တယ်။ (၄ ရာ. ၂:၁-၆၊ ကဘ) ရုသက နောမိနဲ့အတူနေခဲ့သလိုပဲ ဧလိရှဲကလည်း သစ္စာရှိရှိ ဧလိယနဲ့အတူနေခဲ့တယ်။ (ရု. ၁:၈၊ ၁၆၊ ၁၇) ဘာကြောင့်လဲဆိုတော့ ဧလိရှဲဟာ ဧလိယကို အလုပ်အကျွေးပြုရတဲ့ ဘုရားပေးအခွင့်ထူးကို တန်ဖိုးထားလို့ပဲ။

ဧလိရှဲက ကျွန်ုပ်တို့အတွက် တကယ့်ကို ကောင်းတဲ့ပုံသက်သေပါပဲ။ ဘုရားသခင့်အဖွဲ့အစည်းမှာ ကျွန်ုပ်တို့ တာဝန်တချို့ရတဲ့အခါ အဲဒါက ယေဟောဝါကို အမှုဆောင်နေတာဖြစ်တယ်လို့ စိတ်စွဲမှတ်ထားမယ်ဆိုရင် အဲဒီတာဝန်ကို ကျွန်ုပ်တို့ အလွန် တန်ဖိုးထားပါလိမ့်မယ်။ အဲဒီအလုပ်ထက် ပိုမွန်မြတ်တဲ့အလုပ် မရှိဘူး။—ဆာ. ၆၅:၄; ၈၄:၁၀.

“သင့်အတွက် ဘာလုပ်ပေးရမလဲ၊ ပြောပါ”

နှစ်ယောက်အတူ ခရီးသွားနေတုန်းမှာ ဧလိယက ဧလိရှဲကို “သင့်ဆီကနေ ငါ ခေါ်ဆောင်မခံရခင် သင့်အတွက် ဘာလုပ်ပေးရမလဲ၊ ပြောပါ” လို့ မေးခဲ့တယ်။ လွန်ခဲ့တဲ့အစောပိုင်းနှစ်တွေတုန်းက ရှောလမုန် တောင်းဆိုခဲ့သလို ဧလိရှဲတောင်းဆိုခဲ့တယ်။ ဧလိရှဲက “ကျေးဇူးပြုပြီး အရှင်ရ,ထားတဲ့ စွမ်းအားတော်ထဲက နှစ်ဆရနိုင်မလား” လို့ ပြောခဲ့တယ်။ (၃ ရာ. ၃:၅၊ ၉; ၄ ရာ. ၂:၉၊ ကဘ) ဧလိရှဲ ဘာကို တောင်းနေတာလဲ။ အစ္စရေးနိုင်ငံမှာ သားဦးတစ်ယောက်ဟာ အမွေနှစ်ဆရတယ်။ (တရား. ၂၁:၁၅-၁၇) အမှန်တကယ်တော့ ဧလိရှဲက ဧလိယရဲ့ပရောဖက်နေရာကို ဆက်ခံဖို့ တောင်းဆိုနေတာဖြစ်တယ်။ ဒါ့အပြင် ဧလိရှဲဟာ “ယေဟောဝါအတွက် အရမ်းစိတ်အားထက်သန်” တဲ့ ဧလိယရဲ့စိတ်ဓာတ်မျိုး ရှိချင်တယ်ဆိုတာ ထင်ရှားတယ်။—၃ ရာ. ၁၉:၁၃၊ ၁၄၊ ကဘ။

ဧလိယဟာ သူ့နောက်လိုက် တောင်းဆိုတာကို ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ ပရောဖက်က “ခက်ခဲတဲ့အရာကိုမှ သင်တောင်းတာပဲ။ သင့်ဆီကနေ ငါခေါ်ဆောင်ခံရတာကို သင်မြင်ရင် တောင်းတာရမယ်။ မမြင်ရင်တော့ ရမှာမဟုတ်ဘူး” လို့ ပြန်ပြောခဲ့တယ်။ (၄ ရာ. ၂:၁၀၊ ကဘ) ဧလိယရဲ့အဖြေမှာ အဓိပ္ပာယ်နှစ်မျိုးရှိတယ်။ ပထမ၊ ဧလိရှဲတောင်းတဲ့အတိုင်း ရ၊ မရဆိုတာကို ဘုရားသခင်ပဲ ဆုံးဖြတ်နိုင်တယ်။ ဒုတိယ၊ ဧလိရှဲတောင်းတဲ့အတိုင်းရဖို့ဆိုရင် ဘာကိစ္စပဲဖြစ်လာပါစေ သူ ဧလိယနဲ့အတူ ရှိနေရမယ်။

ဧလိရှဲ ဘာကို မြင်ခဲ့ရသလဲ

ဧလိရှဲတောင်းတာကို ယေဟောဝါ ပေးခဲ့သလား။ “သူတို့စကားပြောရင်း ဆက်လျှောက်သွားတဲ့အခါ မီးတောက်နေတဲ့စစ်မြင်းရထားနဲ့ မီးတောက်နေတဲ့မြင်းတွေ ရုတ်တရက်ပေါ်လာပြီး သူတို့နှစ်ယောက်ကို ခွဲလိုက်တယ်။ ဧလိယလည်း လေမုန်တိုင်းအားဖြင့် ကောင်းကင်ကိုတက်သွားတယ်။ အဲဒါကို ဧလိရှဲကြည့်နေ” ခဲ့တယ်။’a ဒါက ဧလိရှဲတောင်းတာကို ယေဟောဝါ အဖြေပေးလိုက်တာပဲ။ ဧလိယ ခေါ်ဆောင်ခံရတာကို ဧလိရှဲ မြင်တွေ့ခဲ့တယ်၊ ဧလိယ ရတဲ့စွမ်းအားတော်ရဲ့ နှစ်ဆကို သူရရှိပြီး ပရောဖက်နေရာကို ဆက်ခံခဲ့တယ်။—၄ ရာ. ၂:၁၁-၁၄၊ ကဘ။

ဧလိရှဲက ဧလိယ ကျခဲ့တဲ့ပရောဖက်ဝတ်ရုံကို ကောက်ပြီး ဝတ်လိုက်တယ်။ ဒီဝတ်ရုံက အခု ဧလိရှဲဟာ ဘုရားသခင်ရဲ့ပရောဖက်ဖြစ်တယ်ဆိုတာ ဖော်ပြတယ်။ နောက်ပိုင်း ဂျော်ဒန်မြစ်ရေကို ဧလိရှဲ နှစ်ခြမ်းခွဲလိုက်ခြင်းအားဖြင့်လည်း သူဟာ ဘုရားသခင်ရဲ့ပရောဖက် ဖြစ်တယ်ဆိုတာ ဖော်ပြခဲ့တယ်။

ဧလိယ လေမုန်တိုင်းနဲ့ခေါ်ဆောင်ခံရတဲ့အချိန်မှာ မြင်တွေ့ ခဲ့တဲ့အရာတွေကို ဧလိရှဲ ဘယ်တော့မှမေ့မှာ မဟုတ်ဘူး။ မီးတောက်နေတဲ့စစ်မြင်းရထားနဲ့ မြင်းတွေကို မြင်ရရင် ဘယ်သူမဆို အံ့သြမှာပဲ။ ဒီအဖြစ်အပျက်တွေက ဧလိရှဲတောင်းတာတွေကို ယေဟောဝါ ပေးတယ်ဆိုတာ သက်သေပြတယ်။ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေကို ဘုရားသခင်ဖြေကြားပေးတဲ့အခါ မီးတောက်နေတဲ့စစ်မြင်းရထားနဲ့ မြင်းတွေကိုတော့ မြင်တွေ့ရမှာမဟုတ်ဘူး။ ဒါပေမဲ့ ဘုရားသခင်က ကျွန်ုပ်တို့ကို ကူညီပေးဖို့နဲ့ မိမိရဲ့အလိုတော်ပြီးမြောက်ဖို့အတွက် မိမိရဲ့ ကြီးမားတဲ့တန်ခိုးကို အသုံးပြုတယ်ဆိုတာ ကျွန်ုပ်တို့ ရှင်းရှင်းလင်းလင်း သိမြင်နိုင်တယ်။ ဒါ့အပြင် အဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းကို ယေဟောဝါ ကောင်းချီးပေးနေတာကို ကျွန်ုပ်တို့မြင်တွေ့ရတာက ကိုယ်တော့် ကောင်းကင်ရထားရဲ့လုပ်ဆောင်မှုကို “မြင်” နေရတာနဲ့တူတယ်။—ယေဇ. ၁၀:၉-၁၃။

ဧလိရှဲဟာ ယေဟောဝါရဲ့မဟာတန်ခိုးတော်ကို ယုံကြည်စိတ်ချစေတဲ့ဖြစ်ရပ်တွေ အများကြီး မြင်တွေ့ခဲ့ရတယ်။ ပရောဖက်ဟာ အံ့ဖွယ်အမှု ၁၆ ခုကို ဘုရားသခင်ရဲ့စွမ်းအားတော်နဲ့ ပြုလုပ်နိုင်ခဲ့တယ်။ ဒါက ဧလိယလုပ်ခဲ့တာရဲ့ နှစ်ဆပဲ။b ဒေါသန်မြို့မှာ ဆီးရီးယားစစ်တပ်တွေ သူ့ကို ဝိုင်းထားတဲ့အခါ ဧလိရှဲဟာ မီးတောက်နေတဲ့စစ်မြင်းရထားနဲ့ မြင်းတွေကို ဒုတိယအကြိမ် မြင်တွေ့ရပြန်တယ်။

ယေဟောဝါကို ဧလိရှဲ ယုံကြည်အားကိုးခဲ့

ဒေါသန်မြို့မှာ ဧလိရှဲဟာ ရန်သူတွေ ဝိုင်းတာကို ခံရပေမဲ့ တည်တည်ငြိမ်ငြိမ်ပဲ။ ဘာကြောင့်လဲဆိုတော့ သူ့မှာ ယေဟောဝါအပေါ် ခိုင်ခံ့တဲ့ယုံကြည်ခြင်း ရှိလို့ပဲ။ ကျွန်ုပ်တို့လည်း ခိုင်ခံ့တဲ့ယုံကြည်ခြင်း ရှိဖို့လိုတယ်။ ဒါကြောင့် ဘုရားသခင့်စွမ်းအားတော်အတွက် ဆုတောင်းကြစို့။ အဲဒီလိုဆိုရင် ကျွန်ုပ်တို့ဟာ ယုံကြည်ခြင်းအပြင် စွမ်းအားတော်ကြောင့်ဖြစ်ပေါ်စေတဲ့ တခြားအရည်အသွေးတွေကိုပါ ပြသနိုင်မှာဖြစ်တယ်။—လု. ၁၁:၁၃; ဂလ. ၅:၂၂၊ ၂၃။

ဒေါသန်မြို့မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်က ယေဟောဝါနဲ့ ကိုယ်တော်ရဲ့မမြင်နိုင်တဲ့ ကောင်းကင်တမန်တပ်တွေကို ဧလိရှဲ ယုံကြည်အားကိုးဖို့ ခိုင်လုံတဲ့အကြောင်းရင်းဖြစ်တယ်။ မြို့ကိုဝိုင်းထားပြီး ဧလိရှဲကို ရန်သူတွေလက်ကနေ ကာကွယ်ဖို့ ကောင်းကင်တမန်တွေကို ဘုရားသခင် စေလွှတ်ပေးခဲ့တယ်။ ဘုရားသခင်က ရန်သူတွေကို မျက်စိကန်းစေပြီး ဧလိရှဲနဲ့ သူ့နောက်လိုက်ကို ကယ်တင်ခဲ့တယ်။ (၄ ရာ. ၆:၁၇-၂၃) ဧလိရှဲဟာ အန္တရာယ်ကြုံနေတဲ့ အဲဒီအချိန်နဲ့ တခြားအချိန်တွေမှာ ယေဟောဝါအပေါ် ယုံကြည်တယ်၊ အပြည့်အဝ အားကိုးတယ်ဆိုတာ ပြသခဲ့တယ်။

ဧလိရှဲလိုပဲ ကျွန်ုပ်တို့လည်း ယေဟောဝါကို ယုံကြည်အားကိုးကြစို့။ (သု. ၃:၅၊ ၆) ကျွန်တော်တို့ အဲဒီလိုလုပ်မယ်ဆိုရင် “ဘုရားသခင်က ငါတို့ကို မျက်နှာသာပေးပြီး ကောင်းချီးပေးလိမ့်မယ်။” (ဆာ. ၆၇:၁၊ ကဘ) ကျွန်ုပ်တို့ပတ်လည်မှာ မီးတောက်နေတဲ့ စစ်မြင်းရထားနဲ့ မြင်းတွေ ရောက်လာမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ “ကြီးစွာသောဒုက္ခ” အတွင်းမှာ ကမ္ဘာချီညီအစ်ကိုအသင်းအပင်း တစ်ခုလုံးအနေနဲ့ ကျွန်ုပ်တို့ကို ယေဟောဝါ ကာကွယ်ပါလိမ့်မယ်။ (မ. ၂၄:၂၁; ဗျာ. ၇:၉၊ ၁၄) အဲဒီအချိန်အထိ “ဘုရားသခင်ဟာ ငါတို့ရဲ့ခိုလှုံရာ ဖြစ်တယ်” ဆိုတာကို အမြဲသတိရနေကြစို့။—ဆာ. ၆၂:၈၊ ကဘ။

a ဧလိယဟာ ယေဟောဝါနဲ့ ကောင်းကင်တမန်တွေနေထိုင်တဲ့ ကောင်းကင်ကို ခေါ်ဆောင်ခံရတာ မဟုတ်ဘူး။ ၁၉၉၇၊ စက်တင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၅ ကို ကြည့်ပါ။

b ၂၀၀၅၊ ဩဂုတ် ၁ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၁၀ ကို ကြည့်ပါ။

မကြာသေးခင်က တရားရေးအောင်မြင်မှုတချို့

  • ကမ္ဘာတစ်ဝန်း ယေဟောဝါသက်သေတွေ လက်ရှိအချိန်အထိ ဗဟိုတရားရုံးမှာ အနိုင်ရခဲ့တဲ့ အမှုအရေအတွက်– ၂၄၃

  • ပြင်သစ်နိုင်ငံ — အမေရိကန်ဒေါ်လာ ၈.၂ သန်း ပြန်ပေးခဲ့

    ၁၅ နှစ်ကြာ တရားရင်ဆိုင်ပြီးနောက် ၂၀၁၂၊ ဒီဇင်ဘာ ၁၁ ရက်မှာ ပြင်သစ်အစိုးရက ယေဟောဝါသက်သေတွေကို ပြန်ပေးခဲ့တဲ့ အမေရိကန်ဒေါ်လာ စုစုပေါင်း

  • ဂရိနိုင်ငံ — နိုင်ငံတော်ကောင်စီ

    ၂၀၁၂၊ နိုဝင်ဘာ ၂ ရက်မှာ နိုင်ငံတော်ကောင်စီက ခရစ်ယာန်ဘာသာလို့ အများသိထားတဲ့ ယေဟောဝါသက်သေတွေဟာ ကိုယ်ပိုင်အိမ်တွေမှာ ဝတ်ပြုခွင့်ရှိတယ်လို့ တရားဝင်အသိအမှတ်ပြုခဲ့

  • ၂၀၀၀ ပြည့်နှစ်၊ ဧပြီလကစပြီး ဥရောပ လူ့အခွင့်အရေး တရားရုံးမှာနိုင်ခဲ့တဲ့ အမှုအရေအတွက်– ၂၀

  • တောင်ကိုရီးယားနိုင်ငံ—ယူအဲန် လူ့အခွင့်အရေးကော်မတီရဲ့ ဆုံးဖြတ်ချက်

    ၂၀၁၂၊ အောက်တိုဘာ ၂၅ ရက်– ဘာသာရေးယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့ ယေဟောဝါသက်သေ ၃၈၈ ယောက်ရဲ့ လူ့အခွင့်အရေးကို တောင်ကိုရီးယားနိုင်ငံက ချိုးဖောက်ခဲ့တဲ့အတွက် နစ်နာကြေးပေးဖို့ အမိန့်ချမှတ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ