ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၃၃
  • ဘုရားသခင့်နိုင်ငံတော် ဘာလုပ်ပေးမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်နိုင်ငံတော် ဘာလုပ်ပေးမလဲ
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ဘုရားသခင့်နိုင်ငံတော်က ဘာတွေ လုပ်ဆောင်ပေးမလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၃၃
သင်ခန်းစာ ၃၃။ ကမ္ဘာ့ပရဒိသုမှာ လူတွေ နေထိုင်ကြ။

သင်ခန်းစာ ၃၃

ဘုရားသခင့်နိုင်ငံတော် ဘာလုပ်ပေးမလဲ

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်နေပါပြီ။ မကြာခင် ကမ္ဘာပေါ် မှာ အပြောင်းအလဲကြီးတွေ လုပ်ဆောင်ပေးတော့မယ်။ နိုင်ငံတော်အုပ်ချုပ်မှုအောက် ရရှိမယ့် ကောင်းချီးတချို့အကြောင်း သုံးသပ်ကြစို့။

၁။ ဘုရားနိုင်ငံတော်က ကမ္ဘာပေါ်မှာ ငြိမ်သက်မှုနဲ့ တရားမျှတမှု ဘယ်လို ရှိစေမလဲ။

နိုင်ငံတော်ဘုရင် ယေရှုက ဆိုးညစ်တဲ့ လူတွေ၊ အစိုးရတွေကို အာမဂေဒုန်စစ်ပွဲမှာ ဖျက်ဆီးတော့မယ်။ (ဗျာဒိတ် ၁၆:၁၄၊ ၁၆ ) “မကြာခင် လူဆိုးတွေ လုံးဝ ရှိတော့မှာ မဟုတ်ဘူး” ဆိုတဲ့ ကျမ်းစကား အဲဒီအချိန်မှာ ပြည့်စုံလာမယ်။ (ဆာလံ ၃၇:၁၀) နိုင်ငံတော်အားဖြင့် ကမ္ဘာတစ်ခွင် ငြိမ်သက်မှုနဲ့ တရားမျှတမှု ရှိအောင် ယေရှု လုပ်ပေးတော့မယ်။—ဟေရှာယ ၁၁:၄ ကို ဖတ်ပါ။

၂။ ကမ္ဘာပေါ် ဘုရားအလိုတော် ပြည့်စုံလာချိန်မှာ ဘယ်လိုအသက်တာ ပိုင်ဆိုင်ကြမလဲ။

ဘုရားနိုင်ငံတော် အုပ်ချုပ်မှုအောက်မှာ “ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်။” (ဆာလံ ၃၇:၂၉) ဖြောင့်မတ်မှန်ကန်သူ၊ ယေဟောဝါကို ချစ်တဲ့သူ၊ အချင်းချင်း ချစ်တဲ့သူတွေပဲ ရှိနေတဲ့ ကမ္ဘာကို မြင်ယောင်ကြည့်ပါ။ ဖျားနာတဲ့သူ မရှိတော့ဘူး။ လူတိုင်း ထာဝစဉ် အသက်ရှင်ကြမယ်။

၃။ လူဆိုးတွေကို ဖျက်ဆီးပြီးတဲ့နောက် ဘုရားနိုင်ငံတော်က ဘာတွေ လုပ်ပေးမလဲ။

လူဆိုးတွေကို ဖျက်ဆီးပြီးတဲ့နောက် ယေရှုဟာ ဘုရင်အဖြစ် နှစ်ပေါင်း ၁,၀၀၀ အုပ်ချုပ်မယ်။ အဲဒီအချိန်အတွင်း ယေရှုနဲ့ တွဲဖက်အုပ်ချုပ်သူ ၁၄၄,၀၀၀ တို့ဟာ ကမ္ဘာပေါ်က လူတွေကို အပြစ်မရှိတဲ့ ပြည့်ဝစုံလင်သူတွေ ဖြစ်လာအောင် ကူညီပေးကြမယ်။ အနှစ်တစ်ထောင်အဆုံးမှာ ကမ္ဘာမြေဟာ သာယာလှပတဲ့ ပရဒိသု ဖြစ်လာမယ်။ လူတိုင်း ယေဟောဝါရဲ့ပညတ်တွေကို နာခံတဲ့အတွက် ပျော်ရွှင်နေကြမယ်။ ယေရှုက နိုင်ငံတော်ကို အဖဘုရား ယေဟောဝါဆီ ပြန်အပ်မယ်။ အဲဒီအခါ ယေဟောဝါရဲ့ “နာမတော် သန့်ရှင်းမြင့်မြတ်” သွားပါလိမ့်မယ်။ (မဿဲ ၆:၉၊ ၁၀) ယေဟောဝါသာ လက်အောက်ခံပြည်သားတွေကို အလွန်ဂရုစိုက်တဲ့ အုပ်စိုးရှင်ကောင်း ဖြစ်ကြောင်း သက်သေထူပြီး ဖြစ်ပါလိမ့်မယ်။ အဲဒီနောက် ယေဟောဝါက စာတန်နဲ့ နတ်ဆိုးတွေကိုရော မိမိရဲ့အုပ်ချုပ်မှု ငြင်းပယ်သူတွေကိုပါ ဖျက်ဆီးမယ်။ (ဗျာဒိတ် ၂၀:၇-၁၀) ဘုရားနိုင်ငံတော် လုပ်ပေးမယ့် ဒီကောင်းချီးတွေကို ထာဝစဉ် ခံစားရပါလိမ့်မယ်။

ရှာဖွေလေ တွေ့ရှိလေ

အနာဂတ်နဲ့ဆိုင်တဲ့ ကျမ်းစာကတိအားလုံးကို နိုင်ငံတော်အားဖြင့် ဘုရားပြည့်စုံစေမယ်လို့ ဘာကြောင့် စိတ်ချနိုင်သလဲ သုံးသပ်ကြည့်ပါ။

၄။ ဘုရားနိုင်ငံတော်က လူ့အစိုးရတွေကို အဆုံးတိုင်စေမယ်

“လူလူချင်း အုပ်ချုပ်တာဟာ ထိခိုက်နစ်နာစရာတွေပဲ ဖြစ်စေတယ်။” (ဒေသနာ ၈:၉) ယေဟောဝါဟာ နိုင်ငံတော်အားဖြင့် ဒီမတရားမှုကို တည့်မတ်ပေးတော့မယ်။

ဒံယေလ ၂:၄၄ နဲ့ ၂ သက်သာလောနိတ် ၁:၆-၈ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • လူ့အစိုးရတွေ၊ ထောက်ခံသူတွေကို ယေဟောဝါနဲ့ ယေရှု ဘာလုပ်မလဲ။

  • လေ့လာခဲ့ပြီးသလောက် ယေဟောဝါနဲ့ ယေရှုရဲ့ လုပ်ရပ်ဟာ တရားမျှတ၊ မှန်ကန်မယ်ဆိုတာ ဘယ်လို စိတ်ချနိုင်သလဲ။

ကောင်းကင်ဘုရင် ယေရှု ကမ္ဘာ့ပရဒိသုကို အုပ်ချုပ်နေ။

၅။ ယေရှုဟာ အကောင်းဆုံး ဘုရင်ဖြစ်

နိုင်ငံတော်ဘုရင် ယေရှုဟာ ကမ္ဘာပေါ်က လက်အောက်ခံ ပြည်သားတွေရဲ့ အကျိုးအတွက် များစွာ လုပ်ဆောင်ပေးမယ်။ လူတွေကို ကူညီချင်တဲ့ဆန္ဒ ရှိမှန်း၊ ကူညီနိုင်တဲ့တန်ခိုး ဘုရားပေးထားမှန်း ယေရှု ပြခဲ့ပုံကို သိနိုင်ဖို့ ဗီဒီယို ဖွင့်ပါ။

ဗီဒီယို။ နိုင်ငံတော်လုပ်ပေးမယ့် အရာကို ယေရှုဖော်ပြ (၁:၁၃)

ကမ္ဘာပေါ် ရှိချိန် ယေရှု လုပ်ပေးခဲ့တာတွေက နိုင်ငံတော် လုပ်ပေးမယ့်အရာတွေကို ဖော်ပြတယ်။ ဒီကောင်းချီးတွေထဲက ဘယ်တစ်ခုကို အလိုချင်ဆုံးလဲ။ ဒီကောင်းချီးတွေအကြောင်း ပိုသိဖို့ ပူးတွဲပါ ကျမ်းချက်တွေကို ဖတ်ပါ။

ကမ္ဘာပေါ် ရှိချိန် ယေရှုက

ကောင်းကင်မှာရှိတဲ့ ယေရှုက

  • သဘာဝဘေးတွေ ထိန်းချုပ်ခဲ့တယ်။—မာကု ၄:၃၆-၄၁။

  • ကမ္ဘာ့ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေကို ဖြေရှင်းပေးမယ်။—ဟေရှာယ ၃၅:၁၊ ၂။

  • လူထောင်နဲ့ချီကို အံ့ဖွယ်နည်းနဲ့ ကျွေးမွေးခဲ့တယ်။—မဿဲ ၁၄:၁၇-၂၁။

  • ကမ္ဘာမှာ အငတ်ဘေး မရှိအောင် လုပ်ပေးမယ်။—ဆာလံ ၇၂:၁၆။

  • ရောဂါသည်တွေကို ကျန်းမာစေခဲ့တယ်။—လုကာ ၁၈:၃၅-၄၃။

  • လူအားလုံး အပြည့်အဝ ကျန်းမာလာအောင် လုပ်ပေးမယ်။—ဟေရှာယ ၃၃:၂၄။

  • လူသေကို အသက်ပြန်ရှင်စေခဲ့တယ်။—လုကာ ၈:၄၉-၅၅။

  • လူသေတွေ အသက်ပြန်ရှင်လာအောင်၊ သေခြင်း မရှိတော့အောင် လုပ်ပေးမယ်။—ဗျာဒိတ် ၂၁:၃၊ ၄။

၆။ ဘုရားနိုင်ငံတော်က လှပတဲ့အနာဂတ် ရှိစေမယ်

နိုင်ငံတော်က လူတွေအတွက် ယေဟောဝါရဲ့ မူလရည်ရွယ်ချက်ကို ပြည့်စုံစေမယ်။ သာယာလှပတဲ့ ကမ္ဘာပေါ် လူတွေ ထာဝစဉ် နေထိုင်ရတော့မယ်။ ယေဟောဝါဟာ မိမိရည်ရွယ်ချက် ပြည့်စုံအောင် ယေရှုကတစ်ဆင့် လုပ်ဆောင်နေပုံကို သိဖို့ ဗီဒီယို ဖွင့်ပါ။

ဗီဒီယို။ လှပတဲ့အနာဂတ် အကြိုမြင်ကွင်း (၄:၃၈)

ဆာလံ ၁၄၅:၁၆ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ယေဟောဝါဟာ “သက်ရှိအားလုံးရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေး” မယ်ဆိုတာ သိရလို့ ဘယ်လို ခံစားရသလဲ။

လူတချို့ အဆို။ “ဝိုင်းဝန်းဖြေရှင်းရင် ကမ္ဘာ့ပြဿနာတွေ ပြေလည်နိုင်ပါတယ်။”

  • ဘုရားနိုင်ငံတော်က လူ့အစိုးရတွေ မတတ်နိုင်တဲ့ ဘယ်ပြဿနာတွေကို ဖြေရှင်းပေးမလဲ။

အနှစ်ချုပ်

ဘုရားနိုင်ငံတော်က အလိုတော် ပြည့်စုံအောင်၊ တစ်ကမ္ဘာလုံး သာယာလှပအောင် လုပ်ပေး တော့မယ်။ လူအားလုံး ယေဟောဝါကို ထာဝစဉ် ကိုးကွယ်ကြမယ်။

ပြန်လည်သုံးသပ်ခြင်း

  • ယေဟောဝါရဲ့ နာမတော် သန့်ရှင်းမြင့်မြတ်စေဖို့ ဘုရားနိုင်ငံတော်က ဘယ်လို လုပ်ပေးမလဲ။

  • ဘုရားနိုင်ငံတော်က ကျမ်းစာကတိတွေကို ပြည့်စုံစေမယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။

  • နိုင်ငံတော်လုပ်ပေးမယ့်အရာတွေထဲမှာ ဘယ်တစ်ခုကို အလိုချင်ဆုံးလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

အာမဂေဒုန်ဆိုတာ ဘာလဲ ဖတ်ကြည့်ပါ။

“အာမဂေဒုန်စစ်ပွဲဆိုတာ ဘာကို ပြောတာလဲ” (ဝက်ဘ်ဆိုက် ဆောင်းပါး)

ယေရှု ကြိုတင်ပြောခဲ့တဲ့ “ကြီးစွာသောဒုက္ခ” အတွင်း ဘာတွေ ဖြစ်ပျက်မလဲဆိုတာ လေ့လာကြည့်ပါ။—မဿဲ ၂၄:၂၁။

“ကြီးစွာသောဒုက္ခဆိုတာ ဘာလဲ” (ဝက်ဘ်ဆိုက် ဆောင်းပါး)

နိုင်ငံတော်လုပ်ပေးမယ့် ကောင်းချီးတွေကို မိသားစုလိုက် ခံစားနေရတယ်လို့ မြင်ယောင် ကြည့်ပါ။

ပရဒိသုမှာ ရောက်နေတယ်လို့ မြင်ယောင်ကြည့်ပါ (၁:၅၀)

နိုင်ငံရေးသမားတစ်ဦး ဖြေရှင်းနည်း တွေ့သွားပုံကို “မေးခွန်းပေါင်းများစွာ ကျွန်တော့်ခေါင်းထဲ ဝင်လာ” ဆောင်းပါးမှာ ဖတ်ကြည့်ပါ။

‘ကျမ်းစာက အသက်တာတွေကို ပြောင်းလဲပေး’ (ကင်းမျှော်စင် ဇန်နဝါရီ ၁၊ ၂၀၁၂)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ