ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • wt အခန်း ၁၆ စာ. ၇၆-၇၉
  • “အချင်းချင်း အားကြီးသော ချစ်ခြင်းမေတ္တာ ရှိကြလော့”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “အချင်းချင်း အားကြီးသော ချစ်ခြင်းမေတ္တာ ရှိကြလော့”
  • စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပြဿနာများ ပေါ်ပေါက်လာသော်
  • ‘ကျယ်ဝန်းစေ’ ရန် နည်းလမ်းများ ရှာကြံပါ
  • “မေတ္တာတရား၌ ကျင်လည်ကြလော့”
    ယေဟောဝါထံ ချဉ်းကပ်လော့
  • “အခြားသောအမှုအရာထက်မက အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာ ရှိကြလော့”
    စောင့်နေကြလော့!
  • ညီရင်းအစ်ကိုချစ်ခြင်းမေတ္တာကို ဆက်လက်တိုးပွားနေစေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • အချင်းချင်း ချစ်မြဲ ချစ်ပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
နောက်ထပ် ကြည့်ပါ
စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
wt အခန်း ၁၆ စာ. ၇၆-၇၉

အခန်း တစ်ဆယ့်ခြောက်

“အချင်းချင်း အားကြီးသော ချစ်ခြင်းမေတ္တာ ရှိကြလော့”

၁။ ယေဟောဝါသက်သေများ၏ အစည်းအဝေးများတွင် လူသစ်တို့သည် အဘယ်အရာကြောင့် လေးစားသွားတတ်ကြသနည်း။

ယေဟောဝါ သက်သေများ၏ အစည်းအဝေးများသို့ လူတို့ ပထမဦးဆုံးအကြိမ် တက်ရောက်လာကြသည့်အခါ ထိုတွင်တွေ့ရှိရသည့် မေတ္တာကြောင့် အထင်ကြီး လေးစားမိကြသည်။ သူတို့အား ဝမ်းပန်းတသာ ကြိုဆိုပုံ၊ အချင်းချင်း လှိုက်လှဲပျူငှာစွာ ပေါင်းဖော်ပုံ၌ ထိုမေတ္တာကို သူတို့ တွေ့မြင်ကြရသည်။ ကျွန်ုပ်တို့၏ စည်းဝေးကြီးများကို တက်ရောက်လာကြသည့် ဧည့်သည်များလည်း ဤမေတ္တာကို သတိပြုမိကြသည်။ စည်းဝေးကြီး တစ်ခုနှင့်ပတ်သက်၍ သတင်းထောက်တစ်ဦးက ဤသို့ရေးသားခဲ့သည်– ‘မူးယစ်ဆေးဝါး၊ အရက်သေစာ သောက်သုံးထားသူ တစ်ဦးမျှမရှိ။ အော်ဟစ်ကြိမ်းမောင်းခြင်းမရှိ။ တွန်းထိုးတိုးဝှေ့ခြင်းမရှိ။ ဆဲရေးတိုင်းထွာသူမရှိ။ မဖွယ်ရာသော ရယ်စရာပျက်လုံးများ၊ ညစ်ညမ်းသော စကားများ မကြားရ။ ဆေးလိပ်ငွေ့မရှိ။ ခိုးဝှက်ခြင်းမရှိ။ မြက်ခင်းပေါ် ဘူးခွံများ လွှင့်ပစ်သူ တစ်ဦးမျှမတွေ့ရ။ တကယ့်ကို တစ်မူထူးခြားလှပေသည်။’ ဤသည်တို့မှာ “မလျောက်ပတ်စွာ မကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်” သော မေတ္တာမျိုး၏ လက္ခဏာသက်သေ ပင်ဖြစ်သည်။—၁ ကောရိန္သု ၁၃:၄-၈။

၂။ (က) အချိန်တန်သောအခါ ကျွန်ုပ်တို့ မေတ္တာပြခြင်းနှင့်ပတ်သက်၍ အဘယ်စိတ်သဘော ပေါ်လွင်ထင်ရှားလာသင့်သနည်း။ (ခ) ခရစ်တော်ကို တုပရာတွင် အဘယ်မေတ္တာမျိုးကို ကျွန်ုပ်တို့ မွေးမြူပြုစုရမည်နည်း။

၂ ညီအစ်ကိုရင်းချာ မေတ္တာသည် စစ်မှန်သော ခရစ်ယာန်များ၏ ထင်ရှားသော အမှတ်လက္ခဏာဖြစ်သည်။ (ယောဟန် ၁၃:၃၅) ဝိညာဉ်ရေးဘက်တွင် တိုးတက်လာသည်နှင့်အမျှ ကျွန်ုပ်တို့သည် ပို၍ပြည့်ပြည့်ဝဝ မေတ္တာပြတတ်လာကြသည်။ တမန်တော်ပေါလုက ခရစ်ယာန်ချင်းတို့၏ မေတ္တာ “တိုးပွားသည်ထက် တိုးပွားလာစေရန်” ဆုတောင်းပေးခဲ့သည်။ (ဖိလိပ္ပိ ၁:၉၊ ကဘ) တမန်တော်ယောဟန်က ကျွန်ုပ်တို့၏မေတ္တာသည် ကိုယ်ကျိုးစွန့်မေတ္တာ ဖြစ်သင့်သည်ဟုဖော်ပြသည်။ “[ဘုရားသခင့် သားတော်] သည် ငါတို့အဖို့အလို့ငှာ အသက်စွန့်တော်မူသည်အရာကို ထောက်၍၊ ချစ်ခြင်းမေတ္တာကို သိရကြပြီ။ ငါတို့သည်လည်း ညီအစ်ကိုတို့ အဖို့အလိုငှာ အသက်ကို စွန့်သင့်ကြ၏။” (၁ ယောဟန် ၃:၁၆၊ သမ္မာ; ယောဟန် ၁၅:၁၂၊ ၁၃) ညီအစ်ကိုတို့အဖို့ ကိုယ့်အသက်ကို ကျွန်ုပ်တို့ တကယ်ပင် ပေးနိုင်ပါမည်လော။ အခြေအနေအများ၌ ထိုသို့ပြုရန် မလိုအပ်သော်လည်း အဆင်မပြေသည့်ကြားမှ ယခုအချိန်၌ပင် ညီအစ်ကိုများကို အကူအညီပေးရန် ကျွန်ုပ်တို့ မည်သည့်အတိုင်းအတာထိ ကြိုးပမ်းအားထုတ်နေကြသနည်း။

၃။ (က) အဘယ်နည်းဖြင့် မေတ္တာကို ပို၍ ပြည့်ပြည့်ဝဝ တင်ပြနိုင်သနည်း။ (ခ) ယခုအခါ တစ်ဦးကိုတစ်ဦး အားကြီးသောမေတ္တာရှိရန် အဘယ်ကြောင့် အရေးကြီးလှသနည်း။

၃ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို ထင်ရှားစေသည့် လုပ်ရပ်များနှင့်အတူ ညီအစ်ကိုများအပေါ် အမှန်တကယ် ခင်မင်တွယ်တာသည့် သဘောလည်း ရှိရပေမည်။ “ညီအစ်ကိုရင်းချာ ချစ်ခြင်းအရာ၌ သနားကြင်နာ၍ တစ်ဦးကိုတစ်ဦး ချစ်ခင်စုံမက်ခြင်း ရှိကြလော့” ဟူ၍ ဘုရားသခင့် နှုတ်ကပါဌ်တော်က တိုက်တွန်းထားသည်။ (ရောမ ၁၂:၁၀၊ ကဘ) ကျွန်ုပ်တို့အားလုံး လူ အချို့ ကို ထိုသို့ ချစ်ခင်စုံမက်တတ်ကြသည်။ သို့သော် နောက်ထပ် အခြားသူတို့ကိုလည်း ထိုသို့ ချစ်ခင်စုံမက်တတ်အောင် သင်ယူနိုင်ပါသလော။ ဤစနစ်ဟောင်း၏အဆုံး နီးကပ်လာသည်နှင့်အမျှ ခရစ်ယာန်ချင်းတို့နှင့် ပိုမိုခင်မင်ရင်းနှီးရန် အထူးအရေးကြီးလှပေသည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ခပ်သိမ်းသော အမှုအရာတို့သည် အဆုံးသို့ ရောက်လုသည်ဖြစ်သောကြောင့်၊ . . . အခြားသော အမှုအရာထက်မက၊ အချင်းချင်း အားကြီးသော ချစ်ခြင်းမေတ္တာရှိကြလော့။ ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်၏။”—၁ ပေတရု ၄:၇၊ ၉။

ပြဿနာများ ပေါ်ပေါက်လာသော်

၄။ (က) အသင်းတော်ထဲ၌ အဘယ်ကြောင့် အချင်းချင်း ပြဿနာများ ပေါ်လာနိုင်သနည်း။ (ခ) သမ္မာကျမ်းစာ၏ အကြံပေးချက်သည် ကျွန်ုပ်တို့ အမြဲတမ်း လက်ခံလိုသောအရာ မဟုတ်သော်လည်း ၎င်းကို လိုက်နာကျင့်ဆောင်မည်ဆိုပါက အဘယ်ကောင်းကျိုး ဖြစ်ထွန်းနိုင်သနည်း။

၄ ကျွန်ုပ်တို့ မစုံလင်သမျှ ကာလပတ်လုံး အခြားသူတို့ကို ထိပါးစေတတ်သည့် လုပ်ရပ်များကို လုပ်မိသည့်အခါမျိုး ရှိတတ်သည်။ ညီအစ်ကိုများကလည်း နည်းအမျိုးမျိုးဖြင့် ကျွန်ုပ်တို့ကို ပြစ်မှားမိကြမည်သာ။ (၁ ယောဟန် ၁:၈) ထိုသို့သော အခြေအနေမျိုး ကြုံရပါက သင်မည်သို့ ပြုလုပ်သင့်သနည်း။ သမ္မာကျမ်းစာက လိုအပ်သည့်လမ်းညွှန်ကို ပေးထားသည်။ သို့သော် ကျမ်းစာ၏ ဖော်ပြချက်များသည် မစုံလင်သော ကျွန်ုပ်တို့လူသားများ လုပ်လိုသည့်အရာများနှင့် ကိုက်ညီချင်မှ ကိုက်ညီမည်။ (ရောမ ၇:၂၁-၂၃) သို့ရာတွင် သမ္မာကျမ်းစာမှ အကြံဉာဏ်ပေးချက်အတိုင်း စိတ်ပါလက်ပါ လိုက်နာကျင့်ဆောင်မည်ဆိုပါက ယေဟောဝါ၏ စိတ်တော်နှင့်တွေ့လိုသည့် ဆန္ဒအစစ်အမှန်ရှိကြောင်း သက်သေပြရာရောက်မည်။ ဤသို့ပြုခြင်းဖြင့် အခြားသူတို့အပေါ် ထားရှိသည့် ကျွန်ုပ်တို့၏ မေတ္တာအရည်အသွေးကိုပါ တိုးတက်ကောင်းမွန်စေမည်ဖြစ်သည်။

၅။ တစ်ယောက်ယောက်က ကျွန်ုပ်တို့ကို ထိပါးမိပါက အဘယ်ကြောင့် တုံ့ပြန်လက်စားချေခြင်း မပြုသင့်သနည်း။

၅ လူတို့သည် ထိပါးခံရသည့်အခါ တစ်ခါတစ်ရံတွင် ထိပါးလာသူအား တုံ့ပြန်လက်စားချေရန် နည်းလမ်းရှာတတ်ကြသည်။ သို့သော် ထိုသို့ပြုလျှင် အခြေအနေကို ပို၍ဆိုးရွားစေပါသည်။ အကျိုးအပြစ် ပေးဆပ်ရန် လိုအပ်သည်ဆိုပါက ဘုရားသခင်၌ လွှဲအပ်လိုက်သင့်သည်။ (သုတ္တံ ၂၄:၂၉; ရောမ ၁၂:၁၇-၂၁) အချို့တို့သည် ထိပါးလာသူတို့ကို အဆက်အသွယ်မလုပ်ဘဲ ရှောင်နေတတ်ကြသည်။ သို့သော် ဘာသာတူ ဝတ်ပြုကိုးကွယ်သူချင်းကို ထိုသို့မပြုသင့်ပေ၊ အကြောင်းမှာ ကျွန်ုပ်တို့၏ ကိုးကွယ်မှုကို ဘုရားသခင် လက်ခံရန်မှာ ညီအစ်ကိုများကို ကျွန်ုပ်တို့ချစ်ခြင်းပေါ်တွင် တစ်စိတ်တစ်ဒေသအားဖြင့် မူတည်နေ၍ဖြစ်သည်။ (၁ ယောဟန် ၄:၂၀) သို့ဖြစ်သောကြောင့် ပေါလုက “တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ [ယေဟောဝါ] သည် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူပြုကြလော့” ဟူ၍ ရေးသားခဲ့သည်။ (ကောလောသဲ ၃:၁၃) ထိုအတိုင်း သင်ပြုနိုင်သလော။

၆။ (က) ကျွန်ုပ်တို့၏ ညီအစ်ကိုအား အကြိမ်မည်မျှ ခွင့်လွှတ်သင့်သနည်း။ (ခ) အဘယ်အကြောင်းကို သိရှိထားလျှင် ကျွန်ုပ်တို့အား ပြုမိသည့် အပြစ်တစ်ခုကို ကိုင်တွယ်ဖြေရှင်းစေနိုင်မည်နည်း။

၆ လူတစ်ဦးက သင့်ကို အထပ်ထပ် ပြစ်မှားသော်လည်း အသင်းတော်မှ နှင်ထုတ်လောက်သည်အထိ ကြီးလေးသည့်အပြစ်မျိုး မကျူးလွန်လျှင် မည်သို့ပြုမည်နည်း။ ထိုသို့သော သေးငယ်သည့်အပြစ်များနှင့် ပတ်သက်၍ တမန်တော် ပေတရုက “ခုနစ်ကြိမ်မြောက်အောင်” လွှတ်သင့်သည်ဟု အကြံပြုခဲ့သည်။ သို့သော် ယေရှုက “ခုနစ်ကြိမ်မြောက်အောင် လွှတ်ရမည် ငါမဆို။ အကြိမ်ခုနစ်ဆယ် ခုနစ်လီမြောက်အောင် လွှတ်ရမည်” ဟုဆို၏။ ကိုယ်တော်က ဘုရားသခင်၌ ကျွန်ုပ်တို့ တင်သောကြွေးသည် ကျွန်ုပ်တို့အပေါ် လူသားများ တင်ရှိသည့် မည်သည့်ကြွေးနှင့်မဆို နှိုင်းယှဉ်လိုက်လျှင် အလွန် ကြီးမားများပြားကြောင်းကို မီးမောင်းထိုးပြခဲ့သည်။ (မဿဲ ၁၈:၂၁-၃၅) နေ့စဉ်နှင့်အမျှ ကျွန်ုပ်တို့သည် ဘုရားသခင်အား ပြစ်မှားလျက်ရှိမှန်းပင် မသိလိုက်ဘဲ နည်းမျိုးစုံဖြင့် ပြစ်မှားလျက်ရှိကြသည်။ တစ်ခါတစ်ရံတွင် တစ်ကိုယ်ကောင်းဆန်သည့် လုပ်ရပ်ဖြင့်လည်းကောင်း၊ ပြောဆိုစဉ်းစားပုံအားဖြင့်လည်းကောင်း၊ လုပ်သင့်လုပ်အပ်ရာများကို လုပ်ရန်ပျက်ကွက်ခြင်းဖြင့်လည်းကောင်း ပြစ်မှားနေကြသည်။ (ရောမ ၃:၂၃) သို့နှင့်ပင်၊ ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ် ဆက်လက်၍ ကရုဏာထားတော်မူ၏။ (ဆာလံ ၁၀၃:၁၀-၁၄; ၁၃၀:၃၊ ၄) တစ်ယောက်နှင့်တစ်ယောက် ထိုနည်းတူ ဆက်ဆံရန် ဘုရားသခင် တောင်းဆိုတော်မူ၏။ (မဿဲ ၆:၁၄၊ ၁၅; ဧဖက် ၄:၁-၃) သို့ပြုလျှင် ကျွန်ုပ်တို့သည် “နစ်နာမှုကို အမှုမထား” တတ်သောမေတ္တာမျိုးကို လက်တွေ့ကျင့်သုံးရာ ရောက်ပေမည်။—၁ ကောရိန္သု ၁၃:၄၊ ၅၊ ကဘ; ၁ ပေတရု ၃:၈၊ ၉။

၇။ ညီအစ်ကိုတစ်ဦးက ကျွန်ုပ်တို့အပေါ် မလိုမုန်းထားသည့်သဘော ထားရှိပါက အဘယ်အရာပြု လုပ်သင့်သနည်း။

၇ ညီအစ်ကိုတစ်ဦးအပေါ် ကျွန်ုပ်တို့က မကောင်းစိတ် မထားသော်လည်း သူက ကျွန်ုပ်တို့အပေါ် မလိုမုန်းထားသည့်သဘော ထားရှိသည်ကို တွေ့ရှိရသည့်အခါများ ရှိတတ်ပေသည်။ ထိုအခါ ၁ ပေတရု ၄:၈ အကြံပေးထားသည့်အတိုင်း ‘မေတ္တာဖြင့် ဖုံးအုပ်’ လိုက်နိုင်သည်။ သို့တည်းမဟုတ် ကျွန်ုပ်တို့က အစပြု၍ သူနှင့်ပြောဆိုဆွေးနွေးပြီး ငြိမ်သက်သော မိတ်သဟာယ ပြန်လည်ရရှိအောင် ကြိုးပမ်းနိုင်သည်။—မဿဲ ၅:၂၃၊ ၂၄။

၈။ ယုံကြည်သူချင်းတစ်ဦးက ကျွန်ုပ်တို့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် တစ်ခုခုလုပ်မိပါက မည်သို့ပြုလုပ်နိုင်သနည်း။

၈ ယုံကြည်သူချင်းတစ်ဦးက သင့်အားသာမက အခြားသူများကိုပါ စိတ်အနှောင့်အယှက်ဖြစ်စေသည့် အရာတစ်ခုခု လုပ်နေပေမည်။ သူနှင့်သွားဆွေးနွေးလျှင် အကျိုးရှိမည်မဟုတ်လော။ အကျိုးရှိနိုင်ကောင်းသည်။ သင်ကိုယ်တိုင်က ပြဿနာအကြောင်းကို ကြင်ကြင်နာနာနှင့် ရှင်းပြမည်ဆိုလျှင် ကောင်းကျိုးဖြစ်နိုင်ပေသည်။ သို့သော် ‘ကျမ်းစာနဲ့ မညီတာကို သူတကယ် လုပ်နေသလား။ ဒါမှမဟုတ် ငါရဲ့ဘဝနောက်ခံနဲ့ ပြုစုပျိုးထောင်မှုဟာ သူနဲ့ကွာခြားတဲ့အတွက်ကြောင့် အဓိက ပြဿနာ ဖြစ်နေရတာလား’ ဟူ၍ မိမိကိုယ်ကို ဦးစွာ ဆန်းစစ်ကြည့်ပါ။ ကိုယ်ပိုင်စံနှုန်းများ ချမှတ်၍ ယင်းစံနှုန်းများနှင့်အညီ စီရင်ဆုံးဖြတ်ခြင်း မပြုမိရန် ဂရုပြုပါ။ (ယာကုပ် ၄:၁၁၊ ၁၂) ယေဟောဝါသည် ဘဝနောက်ခံအမျိုးမျိုးမှ လူတို့ကို မျက်နှာမလိုက်ဘဲ လက်ခံကာ သူတို့ ဝိညာဉ်ရေးဘက် တိုးတက်ကြီးပွားနေစဉ် သူတို့အပေါ် စိတ်ရှည်သည်းခံတော်မူ၏။

၉။ (က) အသင်းတော်တွင် ကြီးလေးသောပြစ်မှုများကို မည်သူတို့က အရေးယူဆောင်ရွက်သနည်း။ (ခ) မည်သည့်အချိန်တွင် ပြစ်မှားခံရသူက ပထမဦးစွာ စတင်လုပ်ဆောင်ရန် တာဝန်ရှိသနည်း။ အဘယ် ရည်မှန်းချက်ဖြင့်နည်း။

၉ အသင်းတော်ထဲမှ တစ်ဦးဦးက ကိုယ်ကျင့်တရား ဖောက်ပြန်ခြင်းကဲ့သို့သော ကြီးလေးသည့်ပြစ်မှု ကျူးလွန်မိပါက ချက်ချင်း အရေးယူဆောင်ရွက်သင့်သည်။ မည်သူတို့က အရေးယူရမည်နည်း။ အကြီးအကဲများဖြစ်သည်။ (ယာကုပ် ၅:၁၄၊ ၁၅) သို့သော်၊ ပုဂ္ဂိုလ်ရေး ပြစ်မှားမိသည့်အပြစ်မျိုး၊ ဥပမာ စီးပွားရေးကိစ္စမျိုး၊ သို့မဟုတ် ထိခိုက်နစ်နာလောက်အောင် လျှာကို အလွဲသုံးခြင်းကိစ္စမျိုး ဖြစ်လျှင် ပြစ်မှားခံရသူသည် ပြစ်မှားသူအား သီးသန့်တွေ့ဆုံရန် ဦးစွာ ကြိုးစားသင့်သည်။ (မဿဲ ၁၈:၁၅) ထိုသို့ကြိုးစားသည့်တိုင် ပြဿနာ မပြေလည်ပါက မဿဲ ၁၈:၁၆၊ ၁၇ ၌ဖော်ပြထားသည့်အတိုင်း ထပ်ဆင့်ခြေလှမ်းများ လှမ်းရတော့မည်။ ပြစ်မှားမိသော ညီအစ်ကိုကိုချစ်ခြင်းနှင့် သူ့အား ပြန်လည် ‘ရ’ လိုသည့်ဆန္ဒက သူ့နှလုံးကို ထိမိသည့်နည်းဖြင့် ထိုသို့ပြုရန် ထောက်ကူပေမည်။—သုတ္တံ ၁၆:၂၃။

၁၀။ ပြဿနာတစ်ခု ပေါ်လာသည့်အခါ ထိုကိစ္စကို မှန်ကန်စွာ ရှုမြင်တတ်အောင် အဘယ်အရာက ကူညီပေးမည်နည်း။

၁၀ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ပြဿနာ ပေါ်လာသည့်အခါ ၎င်းကို ယေဟောဝါ မည်သို့ရှုမြင်ကြောင်း နားလည်အောင် ကြိုးစားပါက အကျိုးများပေမည်။ ကိုယ်တော်သည် အပြစ်ဆိုလျှင် မည်သည့်ပုံစံမျိုးကိုမှ လက်မခံပေ။ အချိန်တန်လျှင် ကြီးလေးသည့်အပြစ်ကို နောင်တမရဘဲ ပြုကျင့်သူတို့ကို အဖွဲ့အစည်းတော်မှ ကိုယ်တော် ပယ်ရှင်းတော်မူမည်။ သို့ရာတွင်၊ ကျွန်ုပ်တို့ရှိသမျှလည်း ထိုမျှမကြီးလေးသည့် နည်းများဖြင့် ပြစ်မှားလျက်ရှိကြသဖြင့် ကိုယ်တော်၏ စိတ်ရှည်မှုနှင့် ကရုဏာကို လိုလျက်ရှိကြသည်။ သို့နှင့် အခြားသူတို့၏အပြစ်များနှင့် ရင်ဆိုင်ရသည့်အခါ၌ ကျွန်ုပ်တို့တုပရန် စံနမူနာတော်ကို ယေဟောဝါ ထားတော်မူ၏။ ကျွန်ုပ်တို့ သနားကရုဏာထားကြမည်ဆိုပါက ကိုယ်တော်၏ မေတ္တာတော်ကို ရောင်ပြန်ဟပ်ရာကျသည်။—ဧဖက် ၅:၁၊ ၂။

‘ကျယ်ဝန်းစေ’ ရန် နည်းလမ်းများ ရှာကြံပါ

၁၁။ ကောရိန္သုမြို့သားများအား “ကျယ်ဝန်း” ကြရန် ပေါလုက အဘယ်ကြောင့် အားပေးခဲ့သနည်း။

၁၁ ပေါလုသည် ဂရိပြည်၊ ကောရိန္သုမြို့တွင် အသင်းတော်ကို တည်ထောင်ရန်အတွက် လပေါင်းများစွာ အချိန်ပေးခဲ့သည်။ ထိုတွင်ရှိသည့် ညီအစ်ကိုများကို ပင်ပန်းကြီးစွာဖြင့် ကူညီပေးခဲ့သည့်အပြင် သူတို့ကို ချစ်လည်းချစ်၏။ သို့သော် ထိုသူတို့ထဲမှ အချို့တို့သည် သူ့အပေါ် လှိုက်လှဲပျူငှာခြင်း မရှိကြချေ။ အလွန်အမင်း အပြစ်ရှာတတ်ကြသည်။ ချစ်ခင်စုံမက်ခြင်း ဖော်ပြရာတွင် ‘ကျယ်ဝန်းစေ’ ရန် သူတို့အား သူတိုက်တွန်းခဲ့သည်။ (၂ ကောရိန္သု ၆:၁၁-၁၃; ၁၂:၁၅) ကျွန်ုပ်တို့အားလုံး မည်သည့်အတိုင်းအတာထိ မေတ္တာပြနေကြကြောင်း သုံးသပ်ပြီးနောက် ကျယ်ဝန်းစေရန် နည်းလမ်းများ ရှာကြံသွားလျှင် အလွန်ကောင်းပေမည်။—၁ ယောဟန် ၃:၁၄။

၁၂။ အသင်းတော်၌ရှိသူ အားလုံးအပေါ် ထားရှိသည့် ကျွန်ုပ်တို့၏မေတ္တာကို မည်သို့ တိုးပွားစေနိုင်သနည်း။

၁၂ အသင်းတော်တွင် ခင်မင်ရင်းနှီးရန် ခက်ခဲသူအချို့ ရှိပါသလော။ မည်သည့်စရိုက်လက္ခဏာ ကွဲပြားမှုမျိုးကိုမဆို သူတစ်ဖက်သားအား ဥပေက္ခာပြုစေလိုသကဲ့သို့ ကျွန်ုပ်တို့လည်း ဥပေက္ခာပြုနိုင်အောင် တကူးတက ကြိုးစားမည်ဆိုလျှင် နှစ်ကိုယ်ကြား ဆက်ဆံရေးကို ရင်းနှီးနွေးထွေးစေနိုင်ပေသည်။ သူတို့၏ ကောင်းသောအရည်အသွေးများကို မြင်တတ်အောင်ကြိုးစားပြီး ၎င်းတို့ကို အာရုံစိုက်မည်ဆိုလျှင်လည်း သူတို့အပေါ် ခင်တွယ်မှု တိုးလာစေနိုင်သည်။ သို့ပြုလျှင် သူတို့အပေါ်ထားရှိသည့် ကျွန်ုပ်တို့၏မေတ္တာသည် ဧကန် တိုးပွားလာပေမည်။—လုကာ ၆:၃၂၊ ၃၃၊ ၃၆။

၁၃။ အသင်းတော်၌ ရှိသူတို့ကို မေတ္တာပြရာတွင် မည်သို့ ကျယ်ဝန်းစေနိုင်သနည်း။

၁၃ သူတစ်ပါးအဖို့ ကျွန်ုပ်တို့ လုပ်ဆောင်ပေးနိုင်သည့်အရာ၌ အကန့်အသတ်ရှိသည်မှာ မငြင်းသာပေ။ စည်းဝေးတိုင်းတွင် လူတိုင်းကို နှုတ်ဆက်နိုင်ချင်မှ နှုတ်ဆက်နိုင်မည်။ မိတ်ဆွေများကို ထမင်းစားဖိတ်သည့်အခါ လူတိုင်းကို ဖိတ်နိုင်ချင်မှ ဖိတ်နိုင်မည်။ သို့သော် အသင်းတော်ရှိ တစ်ယောက်ယောက်နှင့် ပိုမိုကျွမ်းဝင်ရင်းနှီးစေရန် မိနစ်အနည်းငယ်မျှ အချိန်ပေးခြင်းအားဖြင့် ကျွန်ုပ်တို့ ကျယ်ဝန်းစေနိုင်ပါသလော။ ကောင်းစွာမသိသူ တစ်ဦးဦးအား လယ်ကွင်းဓမ္မအမှုတွင် အတူလုပ်ဆောင်ရန် ရံဖန်ရံခါ ဖိတ်ခေါ်နိုင်မည်လော။

၁၄။ တစ်ခါမှ မတွေ့ဖူးသည့် ခရစ်ယာန်များကြားတွင် ရောက်ရှိနေသည့်အခါ၌ တစ်ဦးကိုတစ်ဦး အားကြီးသည့်မေတ္တာ မည်သို့ပြသနိုင်သနည်း။

၁၄ ခရစ်ယာန် စည်းဝေးကြီးများတွင် ကျွန်ုပ်တို့၏ မေတ္တာကို ကျယ်ဝန်းစေရန် အခွင့်အလမ်းကောင်းများ ရရှိနိုင်သည်။ ညီအစ်ကို ညီအစ်မများ ထောင်နှင့်ချီ၍ တက်ရောက်တတ်သည်။ အားလုံးနှင့် မိတ်ဆက်နိုင်မည် မဟုတ်သော်လည်း မိမိတို့၏ အဆင်ပြေမှုထက် သူတို့၏ကောင်းကျိုးကို ဦးစားပေးကြောင်း ထင်ရှားစေသည့်နည်းများဖြင့် ပြုမူကျင့်ကြံနိုင်ကြသည်။ စည်းဝေးကြီးအားလပ်ချိန်များတွင် အနီးအနားရှိသူများနှင့် ကိုယ်ကစ၍ မိတ်ဆက်ခြင်းအားဖြင့် ပုဂ္ဂိုလ်ရေး စိတ်ဝင်စားကြောင်း ပြသနိုင်ပေသည်။ တစ်နေ့သောအခါ ကမ္ဘာပေါ် နေထိုင်သူရှိသမျှသည် မှန်သောဘုရားသခင်နှင့် လူခပ်သိမ်းတို့၏ ခမည်းတော်အား စည်းလုံးစွာ ကိုးကွယ်ကြသည့် ညီအစ်ကို ညီအစ်မများ ဖြစ်လာကြမည်။ တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းခွင့်ရခြင်းသည် ဝမ်းမြောက်စရာပါတကား! အားကြီးသောမေတ္တာက ထိုသို့ပြုလုပ်လိုစိတ်ရှိအောင် လှုံ့ဆော်ပေးပါလိမ့်မည်။ ယခုပင် စတင်လျှင် မကောင်းပေလော။

ပြန်လည်သုံးသပ်ဆွေးနွေးခြင်း

• ခရစ်ယာန်ချင်းတို့အကြား ပြဿနာများ ပေါ်လာသည့်အခါ မည်သို့ ဖြေရှင်းသင့်သနည်း။ အဘယ်ကြောင့်နည်း။

• ကျွန်ုပ်တို့ ဝိညာဉ်ရေးဘက်တွင် တိုးတက်လာသည်နှင့်အမျှ ကျွန်ုပ်တို့၏ မေတ္တာလည်း မည်သည့်နည်းများဖြင့် တိုးပွားလာသင့်သနည်း။

• ရင်းနှီးသောမိတ်ဆွေ အသိုင်းအဝိုင်းလောက်သာ မဟုတ်ဘဲ ထိုထက်မကသောသူတို့ကို အားကြီးသောမေတ္တာ မည်သို့ ပြနိုင်သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ