ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၃/၁၅ စာ. ၁၈-၂၃
  • ဘုရားပေးလွတ်လပ်မှုသည်ရွှင်လန်းမှုကိုဖြစ်စေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားပေးလွတ်လပ်မှုသည်ရွှင်လန်းမှုကိုဖြစ်စေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ယေဟောဝါ၏ရွှင်လန်းခြင်းသည် သင့်အကာအကွယ်ဖြစ်သည်။”—နေဟမိ ၈:၁၀၊ ကဘ။
  • ယေဟောဝါ၏ရွှင်လန်းမှုသည်ကျွန်ုပ်တို့၏ခိုလှုံရာဖြစ်
  • ဘုရားပေးလွတ်လပ်မှုကိုတန်ဖိုးထားခြင်း
  • မေတ္တာအားဖြင့်အချင်းချင်း၏အမှုကိုဆောင်ရွက်ကြ
  • ဆန့်ကျင်ဘက်အသီး
  • ရွှင်လန်းစေသောအခြားအကြောင်းများ
  • အမြဲတည်သောအကူအညီဖြင့်ကောင်းချီးခံစားရ
  • သင့်ဘုရားပေးလွတ်လပ်မှုကိုမြတ်နိုးပါ
  • ယေဟောဝါ၌ ရွှင်လန်းခြင်းသည် ကျွန်ုပ်တို့ခိုလှုံရာဖြစ်သည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ဘုရားပေးလွတ်လပ်မှု၏ရည်ရွယ်ချက်ကို လက်မလွတ်နှင့်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ရွှင်လန်းသောနှလုံးနှင့် ယေဟောဝါအမှုတော်ကို ဆောင်ရွက်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ဘုရားပေးလွတ်လပ်မှုအတွက်ခိုင်မြဲစွာရပ်တည်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၃/၁၅ စာ. ၁၈-၂၃

ဘုရားပေးလွတ်လပ်မှုသည်ရွှင်လန်းမှုကိုဖြစ်စေ

“ယေဟောဝါ၏ရွှင်လန်းခြင်းသည် သင့်အကာအကွယ်ဖြစ်သည်။”—နေဟမိ ၈:၁၀၊ ကဘ။

၁။ ရွှင်လန်းမှုသည်အဘယ်နည်း။ ဘုရားသခင်ထံဆက်ကပ်အပ်နှံထားသူများအဘယ်ကြောင့်ရွှင်လန်းမှုကိုခံစားကြရသနည်း။

ယေဟောဝါသည် မိမိလူများ၏နှလုံးကို ရွှင်လန်းမှုဖြင့်ဖြည့်ထားပေးသည်။ ဤကြီးမားသောပျော်ရွှင်မှု သို့မဟုတ် အားရရွှင်လန်းမှုသည် ကောင်းသောအရာကိုဆည်းပူးခြင်း သို့မဟုတ် မျှော်မှန်းခြင်း၏ရလဒ်ဖြစ်သည်။ ဘုရားသခင်ထံဆက်ကပ်အပ်နှံသည့်လူသားများသည် ဤခံစားချက်ကိုတွေ့ကြုံခံစားကြရခြင်းမှာ ရွှင်လန်းမှုသည် ဘုရားသခင်၏လှုပ်ရှားတတ်သောစွမ်းအားဖြစ်သည့် ဝိညာဉ်တော်၏အသီးတစ်လုံးဖြစ်သောကြောင့်တည်း။ (ဂလာတိ ၅:၂၂၊ ၂၃) ထို့ကြောင့် စိတ်ဓာတ်ကျဖွယ်စုံစမ်းနှောင့်ယှက်မှုများကို ကျွန်ုပ်တို့ကြုံတွေ့ရစေကာမူ ဝိညာဉ်တော်ဖြင့်လမ်းပြခံရသောယေဟောဝါ၏ကျေးကျွန်များအဖြစ် ကျွန်ုပ်တို့ဝမ်းသာသင့်သည်။

၂။ ဧဇရခေတ်တွင် အထူးအချိန်အခါ၌ ဂျူးများအဘယ်ကြောင့်ရွှင်လန်းခဲ့ကြသနည်း။

၂ ဘီစီအီးငါးရာစုတွင် အထူးအချိန်တစ်ချိန်၌ ဂျူးတို့သည် ဘုရားပေးလွတ်လပ်မှုကိုအသုံးပြုပြီး ယေရုရှလင်မြို့တွင် ရွှင်လန်းသောသကေနေပွဲတော်ကိုကျင်းပကြသည်။ ဧဇရနှင့်အခြားသောလေဝိသားတို့က ဘုရားသခင်၏ပညတ်တော်ကိုဖတ်ပြီးရှင်းလင်းပြသောအခါ “လူအပေါင်းတို့သည် ဟောပြောသောစကားများကို နားလည်သောကြောင့် စားသောက်ခြင်း၊ သူတစ်ပါးတို့အားဝေမျှခြင်း၊ အလွန်ပျော်မွေ့ခြင်းကိုပြုအံ့သောငှာသွားကြ၏။”—နေဟမိ ၈:၅-၁၂။

ယေဟောဝါ၏ရွှင်လန်းမှုသည်ကျွန်ုပ်တို့၏ခိုလှုံရာဖြစ်

၃။ မည်သည့်အခြေအနေအောက်တွင် “ယေဟောဝါ၏ရွှင်လန်းမှု” သည် ကျွန်ုပ်တို့၏ခိုလှုံရာဖြစ်နိုင်သနည်း။

၃ ထိုပွဲတော်အတွင်း ဂျူးများသည် နှုတ်ကပါဌ်တော်၏မှန်ကန်မှုကို သဘောပေါက်ကြသည်။ “ယေဟောဝါ၏ရွှင်လန်းမှုသည် ကျွန်ုပ်တို့၏ခိုလှုံရာဖြစ်၏။” (နေဟမိ ၈:၁၀၊ ကဘ ) ကျွန်ုပ်တို့သည် ယေဟောဝါ၏ဆက်ကပ်အပ်နှံပြီးနှစ်ခြင်းခံပြီးသောသက်သေများအနေနှင့် ဘုရားပေးလွတ်လပ်မှုတွင် ခိုင်မြဲစွာရပ်တည်ကြပါက ထိုရွှင်လန်းမှုသည် ကျွန်ုပ်တို့အတွက်လည်းခိုလှုံရာဖြစ်သည်။ ကျွန်ုပ်တို့ထဲမှလူနည်းစုသည် ဘုရားသခင့်ဝိညာဉ်တော်ဘိသိက်ပေးခြင်းကိုခံရကြပြီး ခရစ်တော်နှင့်အတူကောင်းကင်အမွေခံဖက်များအဖြစ် ဘုရားသခင်၏မိသားစုအဝင်ဖြစ်လာကြသည်။ (ရောမ ၈:၁၅-၂၃) ယနေ့ ကျွန်ုပ်တို့အများစုမှာ မြေကြီးပရဒိသုတွင်အသက်ရှင်ရန် မျှော်လင့်ကြသည်။ (လုကာ ၂၃:၄၃) ကျွန်ုပ်တို့မည်မျှဝမ်းမြောက်သင့်ပါသည်တကား။

၄။ ခရစ်ယာန်များသည် ဆင်းရဲဒုက္ခနှင့်ညှဉ်းဆဲနှိပ်စက်ခြင်းကို အဘယ်ကြောင့်ခံရပ်နိုင်ကြသနည်း။

၄ ကျွန်ုပ်တို့သည် အံ့ဖွယ်မျှော်လင့်ချက်ရှိသော်လည်း နာကျင်မှုနှင့်နှိပ်စက်ညှဉ်းပန်းမှုကို ခံနိုင်ရန်မလွယ်ကူပေ။ သို့သော်၊ ဘုရားသခင်က ကျွန်ုပ်တို့အားသန့်ရှင်းသောဝိညာဉ်တော်ပေးသောကြောင့် ခံရပ်နိုင်ကြသည်။ ယင်းအားဖြင့် ကျွန်ုပ်တို့ရွှင်လန်းနိုင်ကြပြီး ကျွန်ုပ်တို့၏မျှော်လင့်ချက် သို့မဟုတ် ဘုရားသခင့်မေတ္တာတော်ကို မည်သည့်အရာကမျှလုယူမသွားနိုင်ဟူသော စိတ်ချမှုကိုရရှိနိုင်သည်။ ကျွန်ုပ်တို့သည် ယေဟောဝါကို ကျွန်ုပ်တို့၏နှလုံး၊ စိုးလ်၊ ခွန်အား၊ စိတ်အကြွင်းမဲ့ဖြင့်ချစ်နေသရွေ့ ကိုယ်တော်သည် ကျွန်ုပ်တို့၏ခိုလှုံရာဖြစ်တော်မူမည်ကို စိတ်ချနိုင်သည်။—လုကာ ၁၀:၂၇။

၅။ ရွှင်လန်းစေသည့်အကြောင်းများကို မည်သည့်နေရာတွင်ကျွန်ုပ်တို့တွေ့နိုင်သနည်း။

၅ ယေဟောဝါ၏လူများသည် ကြွယ်ဝသောကောင်းချီးများစွာကိုခံစားရပြီး ဝမ်းမြောက်ရန်အကြောင်းများစွာရှိလေသည်။ ရွှင်လန်းစေသည့်အကြောင်းအချို့ကို ဂလာတိမြို့သားများထံတမန်တော်ပေါလုရေးသည့်စာတွင် ဖော်ပြထားသည်။ အခြားအကြောင်းများကို ကျမ်းစာရှိအခြားနေရာများတွင်ဖော်ပြထားသည်။ ဤရွှင်လန်းစေသည့်ကောင်းချီးများအကြောင်းကိုသုံးသပ်ခြင်းသည် ကျွန်ုပ်တို့၏စိတ်ဓာတ်ကိုမြှင့်တင်ပေးမည်။

ဘုရားပေးလွတ်လပ်မှုကိုတန်ဖိုးထားခြင်း

၆။ ဂလာတိခရစ်ယာန်များကို ခိုင်မြဲစွာရပ်တည်ရန် ပေါလုအဘယ်ကြောင့်တိုက်တွန်းရသနည်း။

၆ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အတူရပ်တည်ခွင့်တည်းဟူသော ရွှင်လန်းဖွယ်ကောင်းချီးကို ခံစားရသည်။ ခရစ်တော်သည် မိမိ၏နောက်တော်လိုက်များအား မောရှေပညတ်အောက်မှလွတ်မြောက်စေခဲ့သဖြင့် ဂလာတိမြို့သားများသည် ထို “ကျွန်ခံရာထမ်းပိုး” အောက်ပြန်သွားရန်မဟုတ်ဘဲ ခိုင်မြဲစွာရပ်တည်ရန်အားပေးခံရကြသည်။ ကျွန်ုပ်တို့ကောမည်သို့နည်း။ ကျွန်ုပ်တို့လည်း ပညတ်တရားကိုကျင့်ခြင်းအားဖြင့် ဖြောင့်မတ်ကြောင်းကြေညာခံရရန်ကြိုးစားလျှင် ခရစ်တော်နှင့်သီးခြားဖြစ်နေမည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်ဝိညာဉ်တော်အကူအညီဖြင့်၊ ပကတိအရေဖျားလှီးခြင်းနှင့်အခြားပညတ်တရား၏အကျင့်များအားဖြင့်မဟုတ်ဘဲ မေတ္တာလှုံ့ဆော်သောယုံကြည်ခြင်းတို့အားဖြင့်ဖြစ်လာမည့် မျှော်လင့်နေသောဖြောင့်မတ်ခြင်းကို စောင့်ဆိုင်းနေကြသည်။ —ဂလာတိ ၅:၁-၆။

၇။ ယေဟောဝါအားမြင့်မြတ်သောဝတ်ပြုခြင်းကို ကျွန်ုပ်တို့မည်သို့သဘောထားသင့်သနည်း။

၇ “ယေဟောဝါကိုရွှင်လန်းစွာဝတ်ပြုရန်” ကျွန်ုပ်တို့၏ဘုရားပေးလွတ်လပ်မှုကိုအသုံးပြုခြင်းသည် ကောင်းချီးတစ်ရပ်ဖြစ်သည်။ (ဆာလံ ၁၀၀:၂) “ထာဝရဘုရင်” ဖြစ်တော်မူသော “အနန္တတန်ခိုးရှင်ယေဟောဝါဘုရားသခင်” ကို ဝတ်ပြုရခြင်းသည် အတိုင်းအဆမရှိသည့်အခွင့်ထူးကြီးပါတကား။ (ဗျာဒိတ် ၁၅:၃) အမြဲလိုလိုကိုယ်ကိုကိုယ်ယုံကြည်စိတ်ချမှုကျဆင်းနေပါက ဘုရားသခင်သည် သင့်ကို ယေရှုခရစ်အားဖြင့် မိမိထံဆွဲဆောင်ပြီး “သတင်းကောင်းဆိုင်ရာသန့်ရှင်းသောလုပ်ငန်း” တွင်ပါဝင်ခွင့်ပေးထားသည်ကိုသိရှိထားခြင်းက သင့်အားအကူအညီဖြစ်စေမည်။ (ရောမ ၁၅:၁၆။ ယောဟန် ၆:၄၄။ ၁၄:၆) ရွှင်လန်းရန်နှင့် ဘုရားသခင်ကိုကျေးဇူးတင်ရန်အကြောင်းကောင်းများပါတကား။

၈။ ဘုရားသခင့်လူများသည် မဟာဗာဗုလုန်နှင့်ပတ်သက်၍ မည်သည့်ရွှင်လန်းစရာအကြောင်းရှိကြသနည်း။

၈ ကျွန်ုပ်တို့ရွှင်လန်းရသည့်အခြားအကြောင်းတစ်ခုမှာ မဟာဗာဗုလုန်မှလွတ်မြောက်စေသည့် ဘုရားပေးလွတ်လပ်မှုကြောင့်ဖြစ်သည်။ (ဗျာဒိတ် ၁၈:၂၊ ၄၊ ၅) ဤမဟာဗာဗုလုန်သည် “အသီးသီးသောဘာသာစကားကိုပြောသောလူအမျိုးမျိုး” ကိုပုံဆောင်သည့် “ရေများပေါ်တွင်ထိုင်” သော်လည်း ယေဟောဝါ၏ကျေးကျွန်များအပေါ် ဘာသာရေးအရ လွှမ်းမိုးချုပ်ကိုင်မှုတည်းဟူသောထိုင်ခြင်းကိုမပြုပါ။ (ဗျာဒိတ် ၁၇:၁၊ ၁၅) မဟာဗာဗုလုန်ကိုထောက်ခံသူများသည် ဝိညာဏမှောင်မိုက်တွင်ရှိစဉ် ကျွန်ုပ်တို့သည် ဘုရားသခင့်အံ့ဖွယ်အလင်းတော်အတွင်း ရွှင်လန်းနေကြသည်။ (၁ ပေတရု ၂:၉) “ဘုရားသခင့်နက်နဲသောအရာ” အချို့ကို ကျွန်ုပ်တို့နားလည်ရန်ခက်ကောင်းခက်မည်တော့မှန်ပါသည်။ (၁ ကောရိန္သု ၂:၁၀) သို့သော် ဉာဏ်ပညာရရန်ဆုတောင်းခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်အကူအညီအားဖြင့် ဝိညာဏလွတ်မြောက်မှုပေးသောကျမ်းစာသမ္မာတရားကို နားလည်လာရန်အထောက်အကူဖြစ်စေပါလိမ့်မည်။—ယောဟန် ၈:၃၁၊ ၃၂။ ယာကုပ် ၁:၅-၈။

၉။ ကျွန်ုပ်တို့သည် ဘာသာရေးအရမှားယွင်းမှုများမှ လွတ်မြောက်လာသည့်ကောင်းချီးများကိုခံစားလိုပါက ဘာလုပ်ရမည်နည်း။

၉ မဟာဗာဗုလုန်မှ လွတ်မြောက်လာသည့်ကောင်းချီးများတွင် ကျွန်ုပ်တို့ရွှင်လန်းကြသော်လည်း၊ ထိုလွတ်လပ်မှုကိုဆက်လက်ထိန်းသိမ်းရန် အယူဖောက်ပြန်မှုကို ကျွန်ုပ်တို့ငြင်းပယ်ရမည်။ ဂလာတိမြို့သားများသည် ခရစ်ယာန်ပြေးပွဲကို ကောင်းမွန်စွာပြေးခဲ့ကြသော်လည်း အချို့တို့သည် သမ္မာတရားကိုသူတို့နာမခံရန် အနှောင့်အယှက်ပေးခဲ့ကြသည်။ ထိုကဲ့သို့သောဆိုးညစ်သည့်သွေးဆောင်မှုများသည် ဘုရားသခင်ထံတော်မှမဟုတ်သဖြင့် ဆန့်ကျင်ရန်လိုသည်။ အနည်းငယ်သောတဆေးသည် မုန့်စိမ်းတစ်ပုံလုံးကိုဖောင်းကြွစေသကဲ့သို့ မှားယွင်းသောဆရာများ သို့မဟုတ် အယူဖောက်ပြန်ခြင်းသို့တိမ်းယိမ်းခြင်းတို့သည် အသင်းတော်တစ်ခုလုံးကို ပျက်စီးစေနိုင်သည်။ ဂလာတိမြို့သားများ၏ယုံကြည်ခြင်းကိုဖျက်ဆီးသော အရေဖျားလှီးခြင်းကိုထောက်ခံသူများသည် အရေဖျားလှီးရန်သာမက မိမိတို့၏လိင်ဆိုင်ရာများကိုပါဖြတ်တောက်ပစ်လိုက်ရန် ပေါလုဆန္ဒရှိခဲ့သည်။ ရင့်ရင့်သီးသီးပါတကား။ သို့ရာတွင် မှောက်မှားမှုမှလွတ်မြောက်စေသည့် ဘုရားပေးလွတ်လပ်မှုကို ကျွန်ုပ်တို့ဆက်လက်ထိန်းသိမ်းလိုပါက ထိုသို့ပင် အယူဖောက်ပြန်မှုကို ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ရမည်။—ဂလာတိ ၅:၇-၁၂။

မေတ္တာအားဖြင့်အချင်းချင်း၏အမှုကိုဆောင်ရွက်ကြ

၁၀။ ခရစ်ယာန်ညီအစ်ကိုအသင်းအဖွဲ့ဝင်အနေနှင့် ကျွန်ုပ်တို့၏တာဝန်ကားအဘယ်နည်း။

၁၀ ဘုရားပေးလွတ်လပ်မှုသည် ကျွန်ုပ်တို့အား မေတ္တာရှိညီအစ်ကိုအသင်းအဖွဲ့နှင့်ပေါင်းသင်းရန် ပို့ဆောင်းပေးသည်မှန်သော်လည်း ယင်းအဖွဲ့ဝင်အနေနှင့် မေတ္တာကိုတင်ပြရမည်။ ဂလာတိမြို့သားများသည် မိမိတို့၏လွတ်လပ်မှုကို “သွေးသားတပ်မက်မှု” သို့မဟုတ် မေတ္တာမဲ့စွာတစ်ကိုယ်ကောင်းဆန်ရန်အခွင့်အရေးအနေနှင့် အသုံးမပြုကြချေ။ သူတို့သည် မေတ္တာအားဖြင့် အချင်းချင်း၏အမှုကိုဆောင်ရွက်ကြရန် အားပေးခံရကြသည်။ (ဝတ်ပြုရာ ၁၉:၁၈။ ယောဟန် ၁၃:၃၅) ကျွန်ုပ်တို့လည်း ဆိုးကျိုးနှင့်မုန်းတီးမှုကိုဖြစ်စေသည့် အချင်းချင်းဖျက်ဆီးခြင်းကို ရှောင်ရမည်။ ကျွန်ုပ်တို့ညီအစ်ကိုချင်းမေတ္တာတင်ပြမည်ဆိုလျှင် ယင်းသို့ဖြစ်မည်မဟုတ်ပေ။—ဂလာတိ ၅:၁၃-၁၅။

၁၁။ ကျွန်ုပ်တို့သည် မည်သည့်နည်းဖြင့် သူတစ်ပါးအတွက်ကောင်းချီးဖြစ်နိုင်ပြီး ကျွန်ုပ်တို့ကို သူတို့ မည်သို့ချီးမွမ်းနိုင်ကြသနည်း။

၁၁ ဘုရားသခင့်ဝိညာဉ်တော်လမ်းညွှန်မှုနှင့်အညီ ကျွန်ုပ်တို့၏ဘုရားပေးလွတ်လပ်မှုကိုအသုံးပြုခြင်းအားဖြင့် အခြားသူများကိုကျွန်ုပ်တို့မေတ္တာပြမည်ဖြစ်ပြီး ကောင်းချီးဖြစ်စေမည်။ မိမိကိုယ်ကို သန့်ရှင်းသောဝိညာဉ်တော်ထိန်းချုပ်ပြီးဦးဆောင်ခွင့်ပြုခြင်းကို အလေ့အထဖြစ်စေသင့်သည်။ သို့မှသာ “ဝိညာဉ်ပကတိအလိုနှင့်ဆန့်ကျင်ဘက်” ဖြစ်သော ကျွန်ုပ်တို့၏အပြစ်ပြုလိုသည့် ဇာတိပကတိတွင်တိမ်းညွှတ်ခြင်းကို မေတ္တာမဲ့စွာကျေနပ်နေခြင်းမရှိဘဲနေမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်ဝိညာဉ်တော်ဦးဆောင်မှုကိုခံယူလျှင် အမှားပြုသူကိုခွင့်လွှတ်ရန်၊ ပြစ်ဒဏ်ပေးရန် ဥပဒေသက တောင်းဆိုမှုများကြောင့်မဟုတ်ဘဲ မေတ္တာပါသောလုပ်ရပ်ကို ကျွန်ုပ်တို့ပြုလုပ်မည်ဖြစ်သည်။ ဥပမာ၊ ဥပဒေသအားဖြင့်သာမဟုတ်ဘဲ မေတ္တာက သူတစ်ပါးကိုကဲ့ရဲ့ရှုတ်ချပြောဆိုခြင်းမှ ကျွန်ုပ်တို့ကိုကာကွယ်မည်ဖြစ်သည်။ (ဝတ်ပြုရာ ၁၉:၁၆) ကျွန်ုပ်တို့ကြင်နာစွာပြောဆိုပြုမူရန် မေတ္တာကလှုံ့ဆော်ပေးမည်။ မေတ္တာတည်းဟူသောဝိညာဉ်တော်၏အသီးကို ကျွန်ုပ်တို့တင်ပြခြင်းအားဖြင့် သူတစ်ပါးကကျွန်ုပ်တို့ကိုချီးမွမ်းပြီး အကောင်းပြောမည်ဖြစ်သည်။ (သု၊ ၁၀:၆) ထို့အပြင် ကျွန်ုပ်တို့နှင့်ပေါင်းသင်းခြင်းသည် သူတို့အတွက်ကောင်းချီးဖြစ်မည်။—ဂလာတိ ၅:၁၆-၁၈။

ဆန့်ကျင်ဘက်အသီး

၁၂။ အပြစ်ရှိသည့် “ဇာတိအကျင့်များ” ကိုရှောင်ခြင်းနှင့်ဆက်နွယ်နေသော ကောင်းချီးအချို့ကား အဘယ်နည်း။

၁၂ ကျွန်ုပ်တို့၏ဘုရားပေးလွတ်လပ်မှုနှင့်ဆိုင်သောကောင်းချီးများသည် အပြစ်ရှိသော “ဇာတိအကျင့်” များကိုရှောင်ခြင်း၏ရလဒ်ဖြစ်သည်။ ဘုရားသခင့်လူများသည်၊ မတရားမေထုန်၊ ညစ်ညမ်းမှု၊ အကျင့်လျော့ရဲမှုတို့ကိုရှောင်သဖြင့် ပြင်းထန်သည့်ဒုက္ခဝေဒနာများမှ လွတ်ကင်းကြသည်။ ၁ ယောဟန် ၅:၂၁ ကိုကျင့်သုံးခြင်းအားဖြင့်လည်း ယေဟောဝါအားနှစ်သက်စေသည့်ရွှင်လန်းမှုကို ကျွန်ုပ်တို့ခံစားရသည်။ နတ်ဝိဇ္ဇာအတတ်ပညာများကိုကျွန်ုပ်တို့မလိုက်စားသဖြင့် နတ်ဆိုးတို့၏သြဇာလွှမ်းမိုးမှုမှကင်းလွတ်ကြသည်။ ကျွန်ုပ်တို့၏ခရစ်ယာန်ပေါင်းသင်းမှုသည် ရန်ငြိုး၊ ခိုက်ရန်ဒေါသ၊ ဝန်တိုမှု၊ ဒေါသပေါက်ကွဲမှု၊ ပြိုင်ဆိုင်မှု၊ ကွဲပြားမှု၊ သင်းခွဲမှု၊ မနာလိုမှုတို့ကြောင့် ပျက်ပြားသွားမည်မဟုတ်ချေ။ ကျွန်ုပ်တို့၏ရွှင်လန်းမှုသည် သေသောက်ကြူး၍ပျော်ပါးခြင်း၊ ပေါက်လွတ်ပဲစားကခုန်မြူးထူးခြင်းတို့တွင် ဆုံးရှုံးသွားမည်မဟုတ်ပါ။ ဇာတိအကျင့်များကိုကျင့်သောသူတို့သည် ဘုရားသခင့်နိုင်ငံတော်ကိုအမွေမခံရကြောင်း တမန်တော်ပေါလုသတိပေးထားသည်။ သူ့စကားများကို ကျွန်ုပ်တို့လိုက်လျှောက်သဖြင့် ရွှင်လန်းစေသောဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်ကို ကျွန်ုပ်တို့တန်းတန်းစွဲနိုင်သည်။—ဂလာတိ ၅:၁၉-၂၁။

၁၃။ ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်သည် မည်သည့်အသီးများကိုသီးစေသနည်း။

၁၃ ခရစ်ယာန်များသည် ယေဟောဝါ၏ဝိညာဉ်တော်အသီးများကို သီးကြသောကြောင့် ဘုရားပေးလွတ်လပ်မှုသည် ကျွန်ုပ်တို့ကိုရွှင်လန်းစေသည်။ ဂလာတိမြို့သားများကို ပေါလုပြောသည့်စကားများတွင် အပြစ်ရှိသောဇာတိအကျင့်များသည် ဆူးများနှင့်တူပြီး ဘုရားရေးရာနှလုံးထဲ၌ပေါက်နေသော ဘုရားသခင့်ဝိညာဉ်တော်၏ထည်ဝါသောအသီးများဖြစ်ကြသည့် ချစ်ခြင်း၊ ဝမ်းမြောက် (ရွှင်လန်း၊ ကဘ )ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြု (ကြင်နာ၊ ကဘ )ခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့် (ယုံကြည်၊ ကဘ )ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း နှင့် . . . ချုပ်တည်းခြင်း တို့နှင့် လားလားကြီးဆန့်ကျင်ကြောင်းသိသာသည်။ ကျွန်ုပ်တို့သည် အပြစ်ရှိသောဇာတိပကတိအကျင့်များနှင့်ဆန့်ကျင်၍အသက်ရှင်ရန် စိတ်ပိုင်းဖြတ်ခြင်းအားဖြင့် ဘုရားသခင့်ဝိညာဉ်တော်လမ်းညွှန်မှုကိုခံယူပြီး ယင်းနှင့်အညီအသက်ရှင်သွားလိုကြသည်။ ဝိညာဉ်တော်သည် ကျွန်ုပ်တို့အား နှိမ့်ချမှုနှင့်ငြိမ်သက်မှုကိုဖြစ်စေပြီး “အချင်းချင်းကျော်ဇောကိတ္တိကိုတပ်မက်ခြင်း၊ အချင်းချင်းချုပ်ချယ်နှောင့်ယှက်ခြင်း၊ အချင်းချင်းငြူစူခြင်း” တို့နှင့်ကင်းစေသည်။ ဝိညာဉ်တော်အသီးများကိုသီးပွင့်နေသူတို့နှင့် ပေါင်းသင်းရခြင်းသည် ရွှင်လန်းဖွယ်ဖြစ်သည်မှာ အံ့ဩစရာမဟုတ်ပေ။—ဂလာတိ ၅:၂၂-၂၆။

ရွှင်လန်းစေသောအခြားအကြောင်းများ

၁၄။ နတ်ဆိုးများနှင့်ကျွန်ုပ်တို့ဆိုင်ပြိုင်တိုက်ခိုက်ရာတွင် မည်သည့်လက်နက်များလိုအပ်သနည်း။

၁၄ ဘုရားသခင်ပေးသောဝိညာဏလွတ်လပ်မှုနှင့်ကျွန်ုပ်တို့ဆက်ဆံခြင်းသည် စာတန်နှင့်နတ်ဆိုးများရန်မှကာကွယ်မှုရသည့် ကောင်းချီးဖြစ်သည်။ နာမ်ဝိညာဉ်ဆိုးများနှင့်ကျွန်ုပ်တို့ဆိုင်ပြိုင်တိုက်လှန်ရာတွင် အောင်နိုင်ရန် “ဘုရားသခင်ပြင်ဆင်ပေးသောဝိညာဏလက်နက်စုံ” ကိုကျွန်ုပ်တို့ဝတ်ဆင်ထားရမည်။ ကျွန်ုပ်တို့သည် သမ္မာတရားခါးပန်းနှင့် ဖြောင့်မတ်ခြင်းရင်အုပ်တန်ဆာတို့လိုအပ်သည်။ ကျွန်ုပ်တို့၏ခြေထောက်သည် ငြိမ်သက်ခြင်းသတင်းကောင်းဟောပြောခြင်းဖြင့် တန်ဆာဆင်ထားရမည်။ နတ်ဆိုးကြီး၏မီးစက်လက်နက်ကိုကာကွယ်ရန် ယုံကြည်ခြင်းဒိုင်းကြီးလည်း လိုအပ်သည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းသံခမောက်လုံးကိုဆောင်းထားပြီး ဘုရားသခင့်နှုတ်ကပါဌ်တော်ဖြစ်သော “ဝိညာဉ်တော်ဓား” ကိုကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနေရမည်။ ‘စိတ်နှလုံးပါလျက် အမြဲတမ်းဆုတောင်းနေ’ ကြစို့။ (ဧဖက် ၆:၁၁-၁၈) ကျွန်ုပ်တို့သည် ဝိညာဏလက်နက်စုံကို ယူတင်ဝတ်ဆင်ထားကြပြီး၊ နတ်ဆိုးသြဇာများကိုခုခံတွန်းလှန်ပါက ကြောက်ရွံ့ခြင်းကင်းပြီးရွှင်လန်းကြမည်။—တမန်တော် ၁၉:၁၈-၂၀ နှင့်နှိုင်းယှဉ်။

၁၅။ ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့်အညီပြုမူကျင့်ကြံခြင်းကြောင့် ကျွန်ုပ်တို့သည် မည်သည့်ရွှင်လန်းဖွယ်ကောင်းချီးများခံစားရကြသနည်း။

၁၅ ကျွန်ုပ်တို့၏အကျင့်အကြံသည် ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့်ကိုက်ညီသောကြောင့် ကျွန်ုပ်တို့သည် ရွှင်လန်းကြပြီး အပြစ်ပြုသောအခြားသူများစွာကဲ့သို့ မကောင်းမှုကြောင့်စိတ်အနှောင့်အယှက်ဖြစ်ခြင်းမှကင်းဝေးကြသည်။ ကျွန်ုပ်တို့သည် ‘ဩတ္တပ္ပစိတ်မကြည်လင်စေသည့် ဘုရားသခင်နှင့်လူများကိုပြစ်မှားခြင်းကိုမပြုမိရန် အမြဲကြိုးစားနေကြသည်။’ (တမန်တော် ၂၄:၁၆။ ကဘ) ထို့ကြောင့် နောင်တမယူသောစိတ်လိုကိုယ်လျောက်အပြစ်ပြုသူများကို ဘုရားသခင်ပြစ်ဒဏ်ပေးခြင်းကို ကျွန်ုပ်တို့ကြောက်စရာမလိုပေ။ (မဿဲ ၁၂:၂၂-၃၂။ ဟေဗြဲ ၁၀:၂၆-၃၁) သု၊ ၃:၂၁-၂၆ ပါအကြံပေးချက်ကိုလိုက်လျှောက်ခြင်းအားဖြင့် ဤစကားများပြည့်စုံချက်ကို ကျွန်ုပ်တို့သဘောပေါက်လာကြပေမည်။ “ပညာရတနာ [လက်တွေ့ကျဉာဏ်ပညာ] နှင့် သမ္မာသတိ [စဉ်းစားဆင်ခြင်နိုင်သည့်အရည်အချင်း] ကို သင့်မျက်မှောက်မှမကွာစေဘဲ အစဉ်စောင့်ရှောက်လော့။ သို့ပြုလျှင် ထိုရတနာတို့သည် သင်၏ဝိညာဉ်၌အသက်၊ သင်၏လည်ပင်း၌ဂုဏ်အသရေဖြစ်လိမ့်မည်။ သင်သည်ခရီးသွားရာ၌ဘေးမရှိ၊ ခြေမတိုက်မိဘဲသွားလိမ့်မည်။ အိပ်သောအခါ ကြောက်စရာမရှိရ။ ကောင်းမွန်စွာအိပ်ပျော်လိမ့်မည်။ လျင်မြန်သောဘေးနှင့် လူဆိုးတွေ့တတ်သောပျက်စီးရာဘေးကိုကြောက်စရာမရှိရ။ အကြောင်းမူကား၊ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် သင်ယုံကြည်ကိုးစားရာဖြစ်၍ သင်၏ခြေကိုမကျော့မိစေခြင်းငှာ စောင့်မတော်မူလိမ့်မည်။”

၁၆။ ဆုတောင်းခြင်းသည် မည်သည့်နည်းဖြင့် ရွှင်လန်းစေသည့်အကြောင်းရင်းတစ်ခုဖြစ်သနည်း။ ဤကိစ္စတွင် ယေဟောဝါ၏ဝိညာဉ်တော်သည် မည်သို့လုပ်ဆောင်သနည်း။

၁၆ ရွှင်လန်းစေသည့်အခြားအကြောင်းတစ်ခုမှာ ယေဟောဝါကိုဆုတောင်းခြင်းဖြင့်ချဉ်းကပ်လျှင် ကိုယ်တော်နားထောင်တော်မူမည်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည့် ဘုရားပေးလွတ်လပ်မှုပင်ဖြစ်သည်။ ကျွန်ုပ်တို့၏ဆုတောင်းခြင်းကို ဘုရားသခင်ဖြေကြားတော်မူရခြင်းမှာ ခန့်ညားရိုသေသောသဘောဖြင့် “ယေဟောဝါကိုကြောက်ရွံ့” ကြသောကြောင့်ဖြစ်သည်။ (သု၊ ၁:၇) ထို့ပြင်၊ ဘုရားသခင့်မေတ္တာတော်၌ကျွန်ုပ်တို့တည်နေရန် “သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ဆုတောင်းခြင်း” က အကူအညီဖြစ်စေသည်။ (ယုဒ ၂၀၊ ၂၁) ယေဟောဝါလက်ခံတော်မူသော နှလုံးအခြေအနေကို ကျွန်ုပ်တို့တင်ပြပြီး၊ သန့်ရှင်းသောဝိညာဉ်တော်လွှမ်းမိုးမှုအောက်တွင် ဘုရားသခင့်အလိုတော်၊ မည်သို့နှင့်မည်သည့်အရာများဆုတောင်းရမည်ကိုညွှန်ပြသော ကိုယ်တော့်နှုတ်ကပါဌ်တော်တို့နှင့်ညီသောအရာများကို တောင်းလျှောက်ခြင်းအားဖြင့် ယင်းကိုတင်ပြကြသည်။ (၁ ယောဟန် ၅:၁၃-၁၅) ကျွန်ုပ်တို့သည် စုံစမ်းမှုအပြင်းအထန်ခံနေရပြီး မည်သည့်အရာဆုတောင်းရမည်ကိုမသိသောအခါ ‘နှုတ်မမြွက်နိုင်သောညည်းတွားခြင်းအားဖြင့် မတတ်နိုင်သောအရာများကို ဝိညာဉ်တော်သည် စောင့်မတော်မူ၏။’ ထိုသို့သောဆုတောင်းချက်များကိုဘုရားသခင်ဖြေကြားတော်မူသည်။ (ရောမ ၈:၂၆၊ ၂၇) ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို တောင်းလျှောက်ကြပြီး ကျွန်ုပ်တို့ကြုံတွေ့ရသောစုံစမ်းခြင်းကိုရင်ဆိုင်နိုင်ရန် အထူးလိုအပ်သောဝိညာဉ်တော်အသီးများကိုသီးနိုင်ဖို့ ဝိညာဉ်တော်လုပ်ဆောင်ခွင့်ပြုကြစို့။ (လုကာ ၁၁:၁၃) ဝိညာဉ်တော်အားဖြင့်မှုတ်သွင်းခံရသောဘုရားသခင့်နှုတ်ကပါဌ်တော်နှင့် ဝိညာဉ်တော်လမ်းညွှန်မှုအောက်ပြင်ဆင်ထားသောခရစ်ယာန်စာပေများကို ဆုတောင်းခြင်းနှင့်တကွ ဇွဲရှိရှိကြိုးစားလေ့လာမည်ဆိုလျှင် ကျွန်ုပ်တို့၏ရွှင်လန်းမှုတိုးပွားလာမည်။

အမြဲတည်သောအကူအညီဖြင့်ကောင်းချီးခံစားရ

၁၇။ ယေဟောဝါသည် မိမိ၏လူများနှင့်အတူရှိတော်မူကြောင်း မောရှေ၏တွေ့ကြုံမှုနှင့် ဒါဝိဒ်၏စကားများက မည်သို့တင်ပြသနည်း။

၁၇ ကျွန်ုပ်တို့၏ဘုရားပေးလွတ်လပ်မှုကို မှန်ကန်စွာအသုံးပြုခြင်းအားဖြင့် ကျွန်ုပ်တို့နှင့်အတူယေဟောဝါရှိတော်မူကြောင်းသိရသည့်ရွှင်လန်းမှုကို ခံစားကြရသည်။ မောရှေသည် အီဂျစ်ပြည်မှထွက်သွားရန် မလိုလားအပ်သောအခြေအနေကဖန်တီးလာသောအခါ ယုံကြည်ခြင်းအားဖြင့် “မျက်မြင်မရသောဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏။” (ဟေဗြဲ ၁၁:၂၇) မောရှေသည် တစ်ယောက်တည်းမသွားခဲ့ပါ။ ယေဟောဝါ သူနှင့်အတူရှိကြောင်းသူသိခဲ့သည်။ ထိုနည်းတူ ကောရ၏သားများက ဤသို့သီဆိုခဲ့ကြသည်။ “ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍ ခွန်အားကိုပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့်ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏။ ထို့ကြောင့် ပထဝီမြေကြီးသည်ရွေ့သွား၍ တောင်များတုန်လှုပ်လျက် သမုဒ္ဒရာသို့ကျသော်လည်း ငါတို့သည်ကြောက်လန့်ခြင်းမရှိ။ သမုဒ္ဒရာရေသည် ဟုန်းဟုန်းမြည်၍မွှေနှောက်ပါလေစေ။ လှိုင်းတံပိုးထသဖြင့် တောင်များတုန်လှုပ်ပါလေစေ။” (ဆာလံ ၄၆:၁-၃) ထိုယုံကြည်ခြင်းမျိုးသင်၌ရှိလျှင် ကိုယ်တော်သင့်ကိုဘယ်တော့မျှစွန့်မသွားပါ။ ဒါဝိဒ်က “ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုကိုစွန့်ပစ်သော်လည်း ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် အကျွန်ုပ်ကိုချီယူတော်မူမည်။” (ဆာလံ ၂၇:၁၀) ဘုရားသခင်သည် မိမိ၏ကျေးကျွန်များကို အလွန်ဂရုစိုက်တော်မူကြောင်းသိရသည်မှာ မည်မျှရွှင်လန်းဖွယ်ပါတကား။—၁ ပေတရု ၅:၆၊ ၇။

၁၈။ ယေဟောဝါ၏ရွှင်လန်းမှုကိုရရှိထားသူများသည် သောကမွှေနှောက်ခြင်းမှလွတ်မြောက်သည့် ဘုရားပေးလွတ်လပ်မှုကို အဘယ်ကြောင့်ပိုင်ဆိုင်ကြသနည်း။

၁၈ ယေဟောဝါ၏ရွှင်လန်းမှုရရှိထားခြင်းအားဖြင့် သောကမွှေနှောက်ခြင်းမှလွတ်မြောက်သည့် ဘုရားပေးလွတ်လပ်မှုကို ကျွန်ုပ်တို့ပိုင်ဆိုင်ကြသည်။ တမန်တော်ပေါလုက “အဘယ်အမှုကိုမျှစိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာပြုသောအားဖြင့် သင်တို့တောင်းပန်လိုသောအရာများကို ဘုရားသခင်အားတောင်းလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သောဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးကို စောင့်မလိမ့်မည်။” (ဖိလိပ္ပိ ၄:၆၊ ၇) စုံစမ်းမှုအပြင်းထန်ဆုံးအခြေအနေ၌ပင် ဘုရားသခင်၏ငြိမ်သက်ခြင်းသည် နှိုင်းမရနိုင်သောတည်ငြိမ်မှုကိုဖြစ်စေသည်။ ယင်းအားဖြင့် ကျွန်ုပ်တို့၏ဝိညာဉ်ရေး၊ စိတ္တရေး၊ ကာယရေးအတွက် ကောင်းကျိုးပေးသော ငြိမ်သက်သည့်နှလုံးကိုဖြစ်စေသည်။ (သု၊ ၁၄:၃၀) ယင်းသည် ကျွန်ုပ်တို့၏စိတ်ပိုင်းဆိုင်ရာမျှတမှုရှိရန် ကူညီပေးသည်။ အကြောင်းမှာ ဘုရားသခင်ခွင့်ပြုထားသောအရာများသည် ကျွန်ုပ်တို့ကိုအစဉ်အမြဲဘေးဖြစ်စေမည်မဟုတ်ကြောင်းကို ကျွန်ုပ်တို့သိထားသောကြောင့်ဖြစ်သည်။ (မဿဲ ၁၀:၂၈) ကျွန်ုပ်တို့သည် ခရစ်တော်အားဖြင့်ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးရှိသဖြင့် ဤငြိမ်သက်ခြင်းကိုရရှိကြသည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် ယေဟောဝါထံဆက်ကပ်အပ်နှံထားကြပြီး ရွှင်လန်းခြင်းနှင့်ငြိမ်သက်ခြင်းအသီးများကိုသီးစေသော ကိုယ်တော့်ဝိညာဉ်တော်လမ်းညွှန်မှုကို ကျွန်ုပ်တို့လက်အောက်ခံကြသောကြောင့်ဖြစ်သည်။

၁၉။ ကျွန်ုပ်တို့၏နှလုံးကို မည်သည့်အရာတွင်စွဲမြဲနေစေခြင်းအားဖြင့် ရွှင်လန်းရန်အကူအညီဖြစ်စေမည်နည်း။

၁၉ ကျွန်ုပ်တို့၏နှလုံးကို ဘုရားပေးလွတ်လပ်မှုနှင့် ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်တွင် စွဲမြဲနေစေခြင်းသည် ကျွန်ုပ်တို့ရွှင်လန်းမှုရှိရန်ကူညီပေးသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့၏ချို့တဲ့သောကျန်းမာရေးအတွက် ဘာမျှမလုပ်နိုင်သောအခါမျိုးတွင် ဉာဏ်ပညာနှင့်ခံနိုင်ရည်စွမ်းအားကို ကျွန်ုပ်တို့ဆုတောင်းနိုင်ပြီး ယခုကျွန်ုပ်တို့ခံစားနေရသောဝိညာဏကျန်းမာမှုအခြေအနေနှင့် ဘုရားသခင့်နိုင်ငံတော်အောက်တွင် ခံစားရမည့်ကာယရေးကုသမှုများအကြောင်းကို ကျွန်ုပ်တို့စဉ်းစားခြင်းဖြင့် ဆောက်တည်မှုဖြစ်စေနိုင်သည်။ (ဆာလံ ၄၁:၁-၃။ ဟေရှာယ ၃၃:၂၄) ယနေ့ ချို့တဲ့မှုများစွာကို ကျွန်ုပ်တို့ရင်ဆိုင်နေကြရသော်လည်း မကြာမီရောက်လာတော့မည့်မြေကြီးပရဒိသုတွင် အသက်တာအတွက်လိုအပ်ရာများပြတ်လပ်မှုရှိတော့မည်မဟုတ်ပါ။ (ဆာလံ ၇၂:၁၄၊ ၁၆။ ဟေရှာယ ၆၅:၂၁-၂၃) မှန်ပါသည်။ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် ယခုကျွန်ုပ်တို့ကိုထောက်ပံ့တော်မူမည်ဖြစ်ပြီး အဆုံး၌လည်း ကျွန်ုပ်တို့၏ရွှင်လန်းမှုကိုပြည့်စုံစေလိမ့်မည်ဖြစ်သည်။—ဆာလံ ၁၄၅:၁၄-၂၁။

သင့်ဘုရားပေးလွတ်လပ်မှုကိုမြတ်နိုးပါ

၂၀။ ဆာလံ ၁၀၀:၁-၅ အရ ယေဟောဝါ၏ရှေ့တော်သို့ ကျွန်ုပ်တို့မည်သို့ဝင်ရမည်နည်း။

၂၀ ယေဟောဝါ၏လူများအနေနှင့် ကျွန်ုပ်တို့အားရွှင်လန်းမှုနှင့်ကောင်းချီးများစွာဖြစ်ထွန်းစေသော ဘုရားပေးလွတ်လပ်မှုကို ကျွန်ုပ်တို့အမှန်မြတ်နိုးသင့်သည်။ ဆာလံ ၁၀၀:၁-၅ တွင် “ရွှင်လန်းသောအသံ” ဖြင့် ဘုရားသခင့်အထံတော်သို့ဝင်ရန် ကျွန်ုပ်တို့ကိုနှိုးဆော်ထားသည်မှာ အဆန်းမဟုတ်ပါ။ ယေဟောဝါသည် မေတ္တာရှိသိုးထိန်းတစ်ပါးကဲ့သို့ ကျွန်ုပ်တို့ကိုပိုင်ဆိုင်ပြီး ဂရုစိုက်တော်မူသည်။ မှန်သည်။ “ကျွန်ုပ်တို့သည် ကိုယ်တော်၏ လူဖြစ်ကြပြီး အထံတော်၌ကျက်စားသောသိုးစုလည်းဖြစ်ကြ၏။” ကိုယ်တော့်ဖန်ဆင်းခြင်းနှင့် အရည်အချင်းတော်များက ကျွန်ုပ်တို့အား တံတိုင်းတော်ရင်ပြင်သို့ ကျေးဇူးတော်ဂုဏ်တော်ချီးမွမ်း၍ဝင်ရန် လှုံ့ဆော်မှုပေးသည်။ ကျွန်ုပ်တို့သည် “ကိုယ်တော်၏နာမတော်ကိုချီးမွမ်း” ရန်၊ ကောင်းမြတ်တော်မူကြောင်းကိုကြားပြောရန် လှုံ့ဆော်ခံရကြသည်။ ထို့အပြင် ကျွန်ုပ်တို့သည် ကိုယ်တော်၏ချစ်ခင်ကြင်နာခြင်း၊ ကရုဏာသက်သည့်စောင့်ရှောက်မှုတို့အပေါ် အမြဲအမှီပြုနိုင်သည်။ အလိုတော်ဆောင်သောသူများအပေါ် ယေဟောဝါသည် ‘လူမျိုးအဆက်ဆက်တိုင်အောင်’ သစ္စာရှိတော်မူပြီး စွဲစွဲမြဲမြဲမေတ္တာပြတော်မူသည်။

၂၁။ ဤမဂ္ဂဇင်း၏ပထမဆုံးအကြိမ်ထုတ်စာစောင်တွင် မည်သည့်အားပေးချက်ကိုဖော်ပြခဲ့ပြီး ဘုရားပေးလွတ်လပ်မှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့ဘာလုပ်သင့်သနည်း။

၂၁ မစုံလင်သောလူသားများအနေနှင့် ယခုကျွန်ုပ်တို့သည် စုံစမ်းနှောင့်ယှက်ခြင်းအားလုံးမှ မလွတ်မြောက်နိုင်ကြသေးချေ။ ဘုရားသခင့်အကူအညီအားဖြင့် ကျွန်ုပ်တို့သည် သတ္တိရှိရှိနှင့် ရွှင်လန်းသော ယေဟောဝါ၏သက်သေများဖြစ်နိုင်ကြသည်။ ဤကိစ္စနှင့်ပတ်သက်၍ ဤဂျာနယ်၏ပထမဆုံးအကြိမ်ထုတ် (၁၈၇၉၊ ဇူလိုင်) တွင် ဤသို့မှတ်သားဖွယ်စကားများကို တွေ့ရသည်။ “အားယူကြလော့ . . . ပင်ပန်းသောခြေလှမ်းဖြင့် ကျဉ်းမြောင်းသောလမ်းကိုပြေးရန်ကြိုးစားနေကြသော ကျွန်ုပ်၏ခရစ်ယာန်ညီအစ်ကို သို့မဟုတ် ညီအစ်မများတို့ ကြမ်းတမ်းခက်ထန်မှုကို အမှုမထားကြနှင့်။ ဤလမ်းသည် သခင်၏ဆက်ကပ်အပ်နှံထားပြီး သန့်ရှင်းစေတော်မူသော ကောင်းချီးခံရသည့်ခြေတော်ရာများဖြစ်သည်။ ဆူးတိုင်းကိုပန်း၊ ကျောက်ချွန်ကျောက်ဆောင်တိုင်းကိုမိုင်တိုင်ဟုယူမှတ်ပြီး ပန်းတိုင်သို့အမြန်လှမ်းပါလေ။ . . . ဆုလာဘ်ကိုမျက်ခြည်မပြတ်စေကြနှင့်။” ယခုယေဟောဝါကိုဝတ်ပြုနေကြသူသန်းပေါင်းများစွာသည် ဆုလာဘ်ကိုမျက်ခြည်အပြတ်မခံဘဲ အားရှိစရာနှင့်ရွှင်လန်းစရာအကြောင်းများစွာရှိသည်။ သူတို့နှင့်အတူ ဘုရားပေးလွတ်လပ်မှုတွင် ခိုင်မြဲစွာရပ်တည်ပါ။ ယင်း၏ရည်ရွယ်ချက်ကိုလက်မလွတ်ပါနှင့်။ ယေဟောဝါ၏ရွှင်လန်းမှုသည် သင့်ခိုလှုံရာအစဉ်အမြဲဖြစ်ပါစေ။

သင်မည်သို့ဖြေဆိုမည်နည်း

▫ “ယေဟောဝါ၏ရွှင်လန်းခြင်း” သည် ကျွန်ုပ်တို့၏ခိုလှုံရာမည်သို့ဖြစ်နိုင်သနည်း။

▫ ဝတ်ပြုရေးအရပြောရလျှင် ဘုရားပေးလွတ်လပ်မှုသည် ယေဟောဝါ၏လူများအား မည်သည့်ကောင်းချီးများဖြစ်ထွန်းစေသနည်း။

▫ အဘယ်ကြောင့် တစ်ယောက်ကိုတစ်ယောက် မေတ္တာနှင့်အစေခံကြရမည်နည်း။

▫ ဘုရားပေးလွတ်လပ်မှုနှင့်ဆက်နွယ်နေသော အခြားကောင်းချီးများကားအဘယ်နည်း။

▫ ဘုရားသခင့်လူများသည် မည်သို့ဆက်၍ရွှင်လန်းနေနိုင်ကြသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ