ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၉ အမှတ် ၃ စာ. ၈-၉
  • မိသားစုဘဝနဲ့ မိတ်ဆွေအသိုင်းအဝိုင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိသားစုဘဝနဲ့ မိတ်ဆွေအသိုင်းအဝိုင်း
  • နိုးလော့!—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အတ္တမဆန်ပါနဲ့
  • လုပ်ဆောင်နိုင်ရာ–
  • မိတ်ဆွေတွေကို ကောင်းစွာ ရွေးချယ်ပါ
  • တခြား ကျမ်းစာ အခြေခံမူများ
  • ကိုယ်ချင်းစာနာစိတ်—ကြင်နာသနားဖို့ စေ့ဆော်ပေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • စာနာမှု ပြပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
  • ကိုယ်ချင်းစာပါ
    နိုးလော့!—၂၀၂၀
  • သင့်ကို ဘုရား စာနာပေးသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၉
န၁၉ အမှတ် ၃ စာ. ၈-၉
မိသားစုနဲ့ မိတ်ဆွေတွေ စုဆုံပျော်ရွှင်နေကြစဉ်

မိသားစုဘဝနဲ့ မိတ်ဆွေအသိုင်းအဝိုင်း

ခင်မင်ရင်းနှီးမှုကို ခိုင်မြဲစေဖို့ လူအများ အခက်တွေ့ကြတယ်။ လူမှုဘဝ တိုးတက်စေနိုင်တဲ့ ကျမ်းစာအခြေခံမူတချို့ကို သုံးသပ်ကြည့်ပါ။

အတ္တမဆန်ပါနဲ့

ကျမ်းစာ အခြေခံမူ။ “ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ။” —ဖိလိပ္ပိ ၂:၄။

အဓိပ္ပာယ်။ ရယူဖို့ထက် ပေးကမ်းဖို့ အာရုံစိုက်မယ်ဆိုရင် ဆက်ဆံရေးကောင်း ရှိနေမယ်။ အတ္တဆန်ရင်တော့ မိတ်ပျက်သွားနိုင်တယ်။ ဥပမာ၊ အတ္တဆန်တဲ့သူတွေက ကိုယ့်အိမ်ထောင်ဖက်ကို သစ္စာဖောက်တတ်ကြတယ်။ ဒီ့အပြင် သိတယ်၊ တတ်တယ်၊ ရှိတယ် ဆိုပြီး ဝါကြွားတတ်တဲ့သူတွေနဲ့ ဘယ်သူမှ မပေါင်းချင်ကြဘူး။ ဒါကြောင့် “ကိုယ်ကျိုးရှာခြင်းက ပြဿနာမျိုးစုံ ကြုံတွေ့စေတယ်” လို့ The Road to Character စာအုပ်မှာ ဆိုထားတယ်။

လုပ်ဆောင်နိုင်ရာ–

  • တခြားသူတွေကို ကူညီပါ။ မိတ်ဆွေကောင်းတွေဟာ အချင်းချင်း ယုံကြည်စိတ်ချပြီး ကူညီပေးဖို့ အသင့်ရှိကြတယ်။ သူတစ်ပါးကို ကူညီပေးတတ်သူတွေဟာ စိတ်ကျရောဂါ အဖြစ်နည်းပြီး ကိုယ့်ကိုယ်ကိုယ် လေးစားမှု တိုးစေတယ်လို့ လေ့လာမှုတချို့က ဖော်ပြတယ်။

  • စာနာတတ်ပါ။ စာနာမှုဆိုတာ သူတစ်ပါးရဲ့ နာကျင်မှုကို ခံစားပေးခြင်း ဖြစ်တယ်။ စာနာတတ်မယ်ဆိုရင် ထေ့ငေါ့တဲ့ စကား၊ စိတ်ထိခိုက်နာကျင်စေတဲ့ စကားတွေ ပြောမှာ မဟုတ်ဘူး။

    စာနာတတ်တဲ့သူက သူတစ်ပါးကိုလည်း သည်းခံတတ်တယ်။ ဒါကြောင့် စာနာမှုက တစ်ဖက်သတ်အစွဲ မရှိဘဲ ယဉ်ကျေးမှု နောက်ခံအသီးသီးက လူတွေနဲ့လည်း ခင်မင်ရင်းနှီးစေနိုင်တယ်။

  • အချိန်ပေးပါ။ တခြားသူတွေကို အချိန်ပေးပေါင်းလေ ပိုသိကျွမ်းခင်မင်လာလေပဲ။ မိတ်ဆွေစစ် ရဖို့ အကျိုးရှိတဲ့စကားတွေ ပြောဖို့ လိုတယ်။ ဒါကြောင့် ကောင်းစွာ နားထောင်ပေးပါ။ တစ်ဖက်သားရဲ့ အရေးကိစ္စတွေကို စိတ်ဝင်စားပါ။ “အကျိုးရှိတဲ့စကားတွေ ပြောဆိုခြင်းက ပိုပျော်ရွှင်စေတယ်” လို့ လေ့လာမှုတစ်ခုက ဖော်ပြတယ်။

မိတ်ဆွေတွေကို ကောင်းစွာ ရွေးချယ်ပါ

ကျမ်းစာ အခြေခံမူ။ “မကောင်းတဲ့ အပေါင်းအသင်းဟာ ကောင်းတဲ့ကိုယ်ကျင့်တရားကို ပျက်စီးစေတတ်တယ်။”—၁ ကောရိန္သု ၁၅:၃၃၊ အောက်ခြေမှတ်ချက်။

အဓိပ္ပာယ်။ ကိုယ်အချိန်ပေးပေါင်းသင်းတဲ့သူတွေက ကိုယ့်အပေါ် အကောင်းအဆိုး ဩဇာလွှမ်းမိုးနိုင်တယ်။ အဲဒီလွှမ်းမိုးမှုက ကိုယ့်အသက်တာအပေါ် သက်ရောက်မှု ရှိနိုင်တယ်ဆိုတာ လူမှုဗေဒပညာရှင်တွေ သဘောတူကြတယ်။ ဥပမာ၊ ဆေးလိပ်သောက်တဲ့သူ၊ ကွာရှင်းပြတ်စဲထားသူနဲ့ ပေါင်းမယ်ဆိုရင် ကိုယ်လည်း ဆေးလိပ်သောက်တတ်လာမယ်၊ ကွာရှင်းချင်စိတ် ပေါ်လာနိုင်တယ်လို့ ပြောကြတယ်။

လုပ်ဆောင်နိုင်ရာ။ ကိုယ်လေးစားရသူတွေနဲ့ မိတ်ဖွဲ့ပြီး သူတို့ရဲ့ အရည်အသွေးတွေ၊ စံနှုန်းတွေကို အတုယူပါ။ ဥပမာ၊ လိမ္မာပါးနပ်သူ၊ လေးစားတတ်သူ၊ ရက်ရောသူ၊ ဧည့်ဝတ်ပြုတတ်သူတွေနဲ့ ပေါင်းသင်းပါ။

တခြား ကျမ်းစာ အခြေခံမူများ

အမျိုးသမီးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ကျမ်းစာအခြေပြုဗီဒီယို ပြနေစဉ်

အိမ်ထောင်သည်တွေ၊ ဆယ်ကျော်သက်တွေ၊ လူငယ်လေးတွေ မိသားစုဘဝ တိုးတက်စေဖို့ ရည်ရွယ်ထားတဲ့ ကျမ်းစာအခြေပြုဗီဒီယိုတွေကို ကြည့်ပါ။

ထိခိုက်နာကျင်စေတဲ့စကားတွေ ရှောင်ပါ။

“မစဉ်းစားဘဲပြောတဲ့ စကားဟာ ဓားနဲ့ထိုးသလိုပဲ။”—ပညာအလိမ္မာ ၁၂:၁၈။

ရက်ရောပါ။

“ရက်ရောတဲ့သူဟာ ကြီးပွားလိမ့်မယ်။”—ပညာအလိမ္မာ ၁၁:၂၅။

ကိုယ့်ကို ဆက်ဆံစေချင်သလို သူတစ်ပါးကို ဆက်ဆံပါ။

“ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့အတိုင်း သူတစ်ပါးကို ပြုမူဆက်ဆံပါ။”—မဿဲ ၇:၁၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ