ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၁ ၂/၁ စာ. ၂၇
  • ယေဟောဝါသက်သေတွေ ဆေးဝါးကုသမှု ခံယူကြသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသက်သေတွေ ဆေးဝါးကုသမှု ခံယူကြသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆေးကုသမှုကို သင်တို့ လက်ခံသလား
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • သင်ရွေးချယ်သော ဆေးဝါးကုသနည်း—ယင်းသည် အရေးကြီးသလော
    နိုးလော့!—၂၀၀၂
  • ခရစ်ယာန်တွေ ဆေးကုသမှု ခံယူလို့ရသလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ကာကွယ်ဆေးထိုးတာကို ယေဟောဝါသက်သေတွေ လက်ခံသလား
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
က၁၁ ၂/၁ စာ. ၂၇

စာရှုသူများအမေး . . .

ယေဟောဝါသက်သေတွေ ဆေးဝါးကုသမှု ခံယူကြသလား

“ကျန်းမာသူတို့သည် သမားတော်ကို မလိုကြ။ ဖျားနာသူတို့သာ လိုကြ၏” ဆိုပြီး ယေရှုပြောခဲ့တယ်။ (မဿဲ ၉:၁၂) ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေဆီကနေ အကူအညီ တောင်းခံတာကို ကျမ်းစာက မကန့်ကွက်ဘူးဆိုတာ ယေရှုပြောခဲ့တဲ့စကားက ဖော်ပြတယ်။ ဒါကြောင့် ယေဟောဝါသက်သေတွေဟာ ဆေးဝါးကုသမှုတွေကို ဝမ်းမြောက်ဝမ်းသာ ခံယူကြပါတယ်။ သူတို့ဟာ ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေထိုင်ချင်ကြပါတယ်။ တကယ်ဆိုရင် ပထမရာစုက ခရစ်ယာန် လုကာလိုပဲ ကနေ့ခေတ် ယေဟောဝါသက်သေ တချို့လည်း သမားတော်တွေ ဖြစ်ကြပါတယ်။—ကောလောသဲ ၄:၁၄။

ဒါပေမဲ့ ယေဟောဝါသက်သေတွေဟာ ကျမ်းစာမူတွေနဲ့ ဆန့်ကျင်တဲ့ ဆေးဝါးကုသမှုတွေကိုတော့ မခံယူကြပါဘူး။ ဥပမာ၊ သွေးသွင်းခြင်းကို သူတို့ လက်မခံကြဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်ခန္ဓာ ဆက်အသက်ရှင်နေဖို့ သွေးအသုံးပြုခြင်းကို ကျမ်းစာက တားမြစ်ထားလို့ပါ။ (ကမ္ဘာဦး ၉:၄; ဝတ်ပြုရာ ၁၇:၁-၁၄; တမန်တော် ၁၅:၂၈၊ ၂၉) ဒါ့အပြင် နတ်ဝိဇ္ဇာအတတ်၊ “လျှို့ဝှက်ဆန်းကြယ်သောအတတ်” ကိုအသုံးပြုတဲ့ ဆေးဝါးကုထုံးတွေကိုလည်း ကျမ်းစာက တားမြစ်ထားတယ်။—ဟေရှာယ ၁:၁၃၊ ကဘ; ဂလာတိ ၅:၁၉-၂၁။

ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ အတော်များများဟာ ကျမ်းစာစံနှုန်းတွေနဲ့ မဆန့်ကျင်တဲ့ ကုသမှုတွေကို အသုံးပြုပြီး အသက်ကယ်ပေးနေကြပါတယ်။ ယေဟောဝါသက်သေ အတော်များများ လက်ခံကြတဲ့ ကုသမှုတွေဟာ ဘုရားသခင့် တောင်းဆိုချက်နဲ့ ဆန့်ကျင်တဲ့ ကုသမှုတွေထက် ပိုပြီး ထိရောက်တတ်ပါတယ်။

ကျန်းမာရေးနဲ့ပတ်သက်လာရင် ယူဆချက် အတော်များများ ရှိနေတာ မှန်ပါတယ်။ လူတစ်ယောက်အတွက် အကျိုးရှိစေမယ့်အရာက တခြားတစ်ယောက်အတွက် အကျိုးရှိချင်မှရှိမှာ ဖြစ်တယ်။ ဒါကြောင့် တိကျမှန်ကန်တဲ့ ရောဂါစစ်တမ်းနဲ့ ကုသမှုကို ရှာဖွေနေသူတွေဟာ ဆရာဝန်တစ်ဦးထက်မက တိုင်ပင်ဆွေးနွေးနိုင်တယ်။—သု. ၁၄:၁၅။

ယေဟောဝါသက်သေတိုင်း ဆေးဝါးကုသမှုကို တစ်ပုံစံတည်း ရွေးချယ်ကြမှာ မဟုတ်ပါဘူး။ ကျမ်းစာပညတ်ကို မချိုးဖောက်တဲ့ ကိစ္စရပ်တွေမှာ ခရစ်ယာန်တွေရဲ့ ကိုယ်ကိုယ်ကိုယ်သိစိတ်က တူညီကြမှာ မဟုတ်ဘူးလို့ ကျမ်းစာက ဖော်ပြပါတယ်။ (ရောမ ၁၄:၂-၄) ဒါကြောင့် ကုသမှုကို စုံစမ်းစစ်ဆေးသင့်ပြီး အဲဒီကုသမှုက ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ ကိုယ်ကိုယ်ကိုယ်သိစိတ်နဲ့ မဆန့်ကျင်ဘူးဆိုတာ သေချာစေသင့်ပါတယ်။—ဂလာတိ ၆:၅; ဟေဗြဲ ၅:၁၄။

သက်သေခံတစ်ယောက်ဟာ ယာဉ်သွားယာဉ်လာ ရှုပ်ထွေးနေတဲ့ ကားလမ်းမကြီးတစ်ခုကို ဖြတ်ကူးမယ့် လူတစ်ယောက်လိုပဲ ဆုံးဖြတ်ချက် ချရပါတော့မယ်။ အကယ်၍ သူ့ရှေ့က တခြားလမ်းသွားလမ်းလာတွေရဲ့ နောက်ကိုလိုက်ပြီး လမ်းဖြတ်ကူးမယ်ဆိုရင် အန္တရာယ်ရှိနိုင်ပါတယ်။ ပညာရှိတဲ့သူကတော့ လမ်းမဖြတ်ကူးခင် ကိုယ်ရှိန်သတ်လိုက်ပြီး (လိုအပ်ရင် ရပ်လိုက်မယ်) ကားအသွားအလာကို အရင် ကြည့်မှာဖြစ်တယ်။ အဲဒီလိုပါပဲ၊ ယေဟောဝါသက်သေတွေဟာ ဆေးဝါးကုသမှုအတွက် အလျင်စလို ဆုံးဖြတ်ချက်ချမှာ မဟုတ်သလို ခေတ်စားနေတဲ့ ကုထုံးတွေကိုလည်း မျက်စိစုံမှိတ် လက်ခံမှာ မဟုတ်ပါဘူး။ အဲဒီအစား ရွေးချယ်စရာတွေကို ချင့်ချင့်ချိန်ချိန် လေ့လာစစ်ဆေးပြီး ဆုံးဖြတ်ချက် မချခင် ကျမ်းစာမူတွေကို ဆန်းစစ်ကြတယ်။

ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဟာ အလုပ်ကြိုးစားတဲ့အပြင် စိတ်ရောကိုယ်ပါ နစ်မြှုပ်ပြီး တာဝန်ထမ်းဆောင်နေတာကို ယေဟောဝါသက်သေတွေက တန်ဖိုးထား လေးမြတ်ကြပါတယ်။ သူတို့ရဲ့ ကုသပေးမှုကြောင့် ပြန်လည် ကျန်းမာလာတဲ့အတွက်လည်း ကျေးဇူးတင်ကြပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ