ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၃ ၆/၁ စာ. ၁၆
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • စစ်မှန်သော ငြိမ်သက်ခြင်း—အဘယ်ဇာစ်မြစ်မှနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • “ဘုရားသခင်၏ငြိမ်သက်ခြင်း” သည် သင်၏စိတ်နှလုံးကို စောင့်မစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ငြိမ်းချမ်းရေးရအောင် လူတွေ ဘာလို့ မလုပ်နိုင်တာလဲ—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • စစ်မှန်သောငြိမ်သက်ခြင်းကိုရှာ၍ မီအောင်လိုက်စေ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
က၁၃ ၆/၁ စာ. ၁၆

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ကမ္ဘာ့ငြိမ်းချမ်းရေး ဘာကြောင့် မရရှိတာလဲ

လူတွေရဲ့သဘောထားကို ပြောင်းလဲပေးနိုင်တဲ့ အစိုးရတစ်ခုကသာ ကမ္ဘာ့ငြိမ်းချမ်းရေး ရရှိအောင် လုပ်ဆောင်ပေးမှာဖြစ်

အဓိကအကြောင်းရင်း နှစ်ခုကို သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ ပထမ၊ လူသားတွေဟာ အံ့ဩစရာကောင်းတဲ့အရာတွေကို လုပ်ဆောင်နိုင်ပေမဲ့လည်း ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းမရှိကြဘူး။ ဒုတိယ၊ “တစ်လောကလုံးသည် ဆိုးညစ်သူ” စာတန်မာရ်နတ်ရဲ့ “ဩဇာအောက်တွင် ရှိနေ” တဲ့အတွက် လူ့အကြံအစည်တွေက မအောင်မြင်ခဲ့ကြဘူး။ ဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးရရှိအောင် လူတွေ မလုပ်ဆောင်နိုင်ကြပါဘူး။—ယေရမိ ၁၀:၂၃; ၁ ယောဟန် ၅:၁၉ တို့ကိုဖတ်ပါ။

လူတွေရဲ့ အတ္တစိတ်တွေ၊ ရည်မှန်းချက်ကြီးမှုတွေကြောင့်လည်း ကမ္ဘာ့ငြိမ်းချမ်းရေး မရရှိတာဖြစ်တယ်။ မှန်ရာကိုမြတ်နိုးပြီး အချင်းချင်း ချစ်ဖို့သင်ပေးနိုင်မယ့် ကမ္ဘာ့အစိုးရတစ်ခုကသာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်မှာဖြစ်တယ်။—ဟေရှာယ ၃၂:၁၇; ၄၈:၁၈၊ ၂၂ ကိုဖတ်ပါ။

ကမ္ဘာ့ငြိမ်းချမ်းရေးရရှိအောင် ဘယ်သူက လုပ်ဆောင်ပေးမှာလဲ

လူသားအားလုံးကို အုပ်ချုပ်မယ့် အစိုးရတစ်ခုကို တည်ထောင်ပေးမယ်လို့ အနန္တတန်ခိုးရှင် ဘုရားသခင် ကတိပေးထားပါတယ်။ အဲဒီအစိုးရက လူ့အစိုးရတွေကို ဖယ်ရှားပါတော့မယ်။ (ဒံယေလ ၂:၄၄၊ ၄၅) ဘုရားသခင့်သားတော် ငြိမ်းချမ်းရေးမင်းသားဖြစ်တဲ့ ယေရှုဟာ ကမ္ဘာပေါ်ကနေ မကောင်းမှုအားလုံးကို ဖယ်ရှားပြီး လူသားတွေကို ငြိမ်းချမ်းရေးလမ်းစဉ် သင်ပေးပါလိမ့်မယ်။—ဟေရှာယ ၉:၆၊ ၇; ၁၁:၄၊ ၉ ကိုဖတ်ပါ။

အခု ယေရှုရဲ့ ညွှန်ကြားမှုအောက်မှာ ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့လူတွေဟာ သမ္မာကျမ်းစာကိုအသုံးပြုပြီး လူတွေကို သင့်မြတ်ငြိမ်းချမ်းစွာ နေထိုင်တတ်ဖို့ သင်ပေးနေပါပြီ။ မကြာခင် ကမ္ဘာ့ငြိမ်းချမ်းရေး အစစ်အမှန် ရရှိပါတော့မယ်။—ဟေရှာယ ၂:၃၊ ၄; ၅၄:၁၃ ကိုဖတ်ပါ။

ထပ်သိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၃ ကိုဖတ်ကြည့်ပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ