ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၆ နိုဝင်ဘာ စာ. ၁၉-၂၀
  • “လုပ်ငန်းက ကြီးမား”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “လုပ်ငန်းက ကြီးမား”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • သူတို့ရဲ့ကြွယ်ဝမှုက ချို့တဲ့မှုကိုဖြည့်ဆည်းပေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • လိုအပ်နေသူတွေကို ကျွန်ုပ်တို့ ကူညီပေးနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ‘ရက်ရောတဲ့သူဟာ ကောင်းချီးခံစားရမယ်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • စေတနာစိတ်နှင့်ပေးလှူပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
က၁၆ နိုဝင်ဘာ စာ. ၁၉-၂၀
ဗိမာန်တော် ဗိသုကာပုံစံကို ဘုရင်ဒါဝိဒ် လူတစ်ယောက်ကို ပြနေစဉ်။ ဆောက်လုပ်ရေးပုံစံစာရွက်ကို ညီအစ်ကိုတစ်ယောက် ကြည့်နေစဉ်

‘လုပ်ငန်းက ကြီးမား’

ဂျေရုဆလင်မြို့မှာ အလွန်အရေးကြီးတဲ့ အစည်းအဝေးတစ်ခု ကျင်းပနေတယ်။ မင်းညီမင်းသားတွေ၊ နန်းတွင်းအရာရှိတွေ၊ ခွန်အားကြီးသူတွေကို ဘုရင်ဒါဝိဒ် ဆင့်ခေါ်တယ်။ အထူးကြေညာချက်တစ်ခု ကြားရလို့ သူတို့ စိတ်လှုပ်ရှားနေကြတယ်။ စစ်မှန်တဲ့ ဘုရားသခင်ကို ဝတ်ပြုဖို့ ဆက်ကပ်အပ်နှံမယ့် အဆောက်အဦကြီးတစ်ခု ဆောက်ဖို့ ဒါဝိဒ်ရဲ့ သားတော် ရှောလမုန်ကို ယေဟောဝါ တာဝန်ပေးတယ်။ သက်ကြီး အစ္စရေးဘုရင် ဒါဝိဒ်က စိတ်အာရုံကတစ်ဆင့် ရထားတဲ့ ဗိသုကာပုံစံကို ရှောလမုန်ဆီ ပေးအပ်လိုက်တယ်။ ‘လုပ်ရမယ့်လုပ်ငန်းက ကြီးမားလွန်းတယ်။ အခုဆောက်ရမယ့် ဗိမာန်တော်ဟာ လူအတွက် မဟုတ်ဘဲ ယေဟောဝါဘုရားအတွက် ဖြစ်တယ်’ လို့ ဒါဝိဒ် ပြောတယ်။—၅ ရာ. ၂၈:၁၊ ၂၊ ၆၊ ၁၁၊ ၁၂။ ၂၉:၁၊ ကဘ။

‘အခု ယေဟောဝါဘုရားအတွက် စေတနာစိတ်နဲ့ ပေးလှူချင်တဲ့သူ ဘယ်သူ ရှိသလဲ’ လို့ ဒါဝိဒ် မေးတယ်။ (၅ ရာ. ၂၉:၅၊ ကဘ) သင်သာ အဲဒီမှာ ရှိနေရင် ဘယ်လို ဖြေမလဲ။ ဒီလုပ်ငန်းကို ထောက်ပံ့ဖို့ လှုံ့ဆော်ခံရမလား။ အစ္စရေးတွေ ချက်ချင်း တုံ့ပြန်ခဲ့ကြတယ်။ ‘စေတနာအလျောက် အဲဒီလိုလှူဒါန်းရတာကို လူတွေ ဝမ်းသာပီတိ ဖြစ်ကြတယ်။ ယေဟောဝါအတွက် စိတ်နှလုံး အကြွင်းမဲ့ စေတနာရှိရှိ ပေးလှူကြလို့ပဲ။’—၅ ရာ. ၂၉:၉၊ ကဘ။

ရာစုနှစ်တွေ ကြာပြီးတဲ့နောက် ဗိမာန်တော်ထက် ပိုကြီးမြတ်တဲ့အရာတစ်ခုကို ယေဟောဝါ တည်ထောင်တယ်။ ကြီးမြတ်တဲ့ ပုံဆောင်ဗိမာန်တော်ပဲ။ ယေရှုရဲ့ ရွေးနုတ်ဖိုးကို အခြေခံပြီး ဘုရားသခင်ကို ဝတ်ပြုနိုင်စေတဲ့ အစီအစဉ် ဖြစ်တယ်။ (ဟေဗြဲ ၉:၁၁၊ ၁၂) မိမိနဲ့ ပြန်လည်သင့်မြတ်အောင် လူတွေကို ယေဟောဝါ ဘယ်လို ကူညီပေးနေသလဲ။ တပည့်ဖြစ်စေခြင်းလုပ်ငန်းနဲ့ပါပဲ။ (မ. ၂၈:၁၉၊ ၂၀) အဲဒီလုပ်ငန်းကြောင့် နှစ်တိုင်း ကျမ်းစာသင်အံမှု သန်းနဲ့ချီ ကျင်းပနေပြီး တပည့်ထောင်ပေါင်းများစွာ နှစ်ခြင်းခံလာကြတယ်။ အသင်းတော်သစ် ရာပေါင်းများစွာ ဖြစ်ပေါ်လာတယ်။

အဲဒီလို တိုးတက်မှုကြောင့် ကျမ်းစာစာပေတွေကို ပုံနှိပ်ဖို့၊ နိုင်ငံတော်ခန်းမတွေ ဆောက်လုပ်ထိန်းသိမ်းဖို့၊ အစည်းအဝေးကြီးနေရာတွေ ရဖို့ ပိုလိုအပ်လာတယ်။ သတင်းကောင်း ပျံ့နှံ့စေတဲ့ လုပ်ငန်းဟာ ကြီးမားပြီး အကျိုးဖြစ်ထွန်းနေတယ်ဆိုတာ သဘောတူပါသလား။—မ. ၂၄:၁၄။

ဘုရားသခင်နဲ့ လူသားချင်းကို ချစ်တဲ့မေတ္တာ၊ ဘုရားနိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းရဲ့ အရေးကြီးမှုတို့ကြောင့် ဘုရားသခင့် လူမျိုးဟာ ‘ယေဟောဝါဘုရားအတွက် စေတနာစိတ်နဲ့ ပေးလှူ’ နေကြတယ်။ ‘ကိုယ့်မှာရှိတဲ့ အဖိုးတန်ဥစ္စာတွေ . . . ဆက်သပြီး ယေဟောဝါကို ဂုဏ်တင်’ နေတာ၊ လူ့သမိုင်းမှာ အကြီးမားဆုံး လုပ်ငန်းကို လုပ်ဆောင်ဖို့ အဲဒီဥစ္စာတွေကို ပညာရှိရှိ အသုံးပြုနေတာကို မြင်ရတာ စိတ်လှုပ်ရှားစရာပါပဲ။—သု. ၃:၉၊ ကဘ။

ကမ္ဘာချီလုပ်ငန်းအတွက် တချို့သူတွေ လှူဒါန်းတဲ့ နည်းလမ်းများ

ယနေ့ လူများစွာက “ကမ္ဘာချီလုပ်ငန်း” လို့ရေးထားတဲ့ အလှူငွေသေတ္တာမှာ ထည့်ဖို့ မိမိတို့ရဲ့ ငွေကြေးတွေကို “သီးသန့်ဖယ်ထား” ကြတယ်။ (၁ ကော. ၁၆:၂) အသင်းတော်တွေက ဒီအလှူငွေတွေကို မိမိတို့နဲ့သက်ဆိုင်တဲ့ နိုင်ငံမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးကို လစဉ်ပေးပို့ကြတယ်။ သင်လည်း သင့်နိုင်ငံမှာရှိတဲ့ ယေဟောဝါသက်သေတွေ တရားဝင် အသုံးပြုတဲ့ နည်းလမ်းကနေတစ်ဆင့် တိုက်ရိုက် လှူဒါန်းနိုင်ပါတယ်။ သင့်နိုင်ငံက ယေဟောဝါသက်သေတွေ အသုံးပြုတဲ့ တရားဝင်နည်းလမ်းကို သိရှိဖို့အတွက် ကျေးဇူးပြု၍ သင့်နိုင်ငံကို ကြီးကြပ်နေတဲ့ ဌာနခွဲရုံးကို ဆက်သွယ်ပါ။ ဌာနခွဲရုံးရဲ့ လိပ်စာကို www.pr2711.com မှာ တွေ့နိုင်ပါတယ်။ စေတနာအလျောက် ထည့်ဝင်တဲ့ အလှူငွေတွေကို ယေဟောဝါသက်သေ (ကင်းမျှော်စင်) အသင်း၊ အမှတ် ၉၄-ခ၊ အင်းယားလမ်း၊ ကမာရွတ်၊ ရန်ကုန်မြို့ ဒါမှမဟုတ် သင့်နိုင်ငံကို ကြီးကြပ်တဲ့ ဌာနခွဲရုံးကို တိုက်ရိုက် ပေးပို့နိုင်ပါတယ်။ စာတိုက်ကနေ ငွေပေးပို့လိုတယ်ဆိုရင် အထက်ပါ ကင်းမျှော်စင်အသင်း လိပ်စာနဲ့ ပေးပို့သင့်တယ်။ ကျောက်မျက်ရတနာနဲ့ တခြားအဖိုးတန်ပစ္စည်းတွေကိုလည်း လှူဒါန်းနိုင်ပါတယ်။ ဒီလိုပေးပို့လှူဒါန်းရာမှာ လုံးလုံးလျားလျား လှူဒါန်းကြောင်း ဖော်ပြတဲ့ စာတိုလေးပါ ထည့်ပေးသင့်တယ်။

ထပ်သိချင်ရင် jw.org ပင်မ စာမျက်နှာရဲ့ အောက်ခြေမှာ ရှိတဲ့ “ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေ ထည့်ဝင်နိုင်ပါတယ်” ဆိုတဲ့ link ကို နှိပ်ပါ၊ ဒါမှမဟုတ် ဌာနခွဲရုံးကို ဆက်သွယ်ပါ။[1]

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ