သီချင်း ၁၂
“ရက်ရောစွာပေးကမ်းသူကို ဘုရားသခင်နှစ်သက်”
၁။ ချစ်အဘ မှုတော်ဆောင်ရွက်၊ တို့စိတ်ထဲ စဉ်မြဲပိုက်လျက်
သူကား ရက်ရောလျက် ရွှင်ပျော်၊ ကြင်နာမေတ္တာတော်
ပေးကမ်းရာ ပြိုင်ဘက်ကင်းမဲ့၊ သားတော်ကိုပင် သူပေးခဲ့
ကယ်တင်ပါ လူမျိုးအပေါင်းအား၊ သူအမှန်လိုလား
၂။ ပေးကမ်းရာတွင် သူ့ပုံစံ၊ ထိုနည်းတူ လိုက်နာကျင့်ကြံ
ပျော်ရွှင်စွာ ပေးကမ်းသောခါ၊ စိတ်ကောင်းပျိုးထောင်ရာ
ချိန်အားလုံး ခြေမြစ်ဥစ္စာ၊ ရှင်ယေဟောဝါပိုင်သည်သာ
ပေးဆက်သရာ ကိုယ်တော်ကိုသာ၊ စဉ်မမှားနိုင်ပါ
၃။ အမှန်ပျော်ရွှင်စွာပေးက၊ ရှင်ယေဟောဝါဝမ်းမြောက်လှ
သူသင်ကြားသော ဒေသနာ၊ လှုံ့ဆော်ချစ်မေတ္တာ
တန်ဖိုးကား လွန်ကြီးမားလှ၊ နှလုံးတွင်းမှ ပြည့်လျှံကျ
ပျော်ရွှင်မှုနှင့် ကြီးစွာရွှင်ပျ၊ ထိုခါခွဲဝေရ
၄။ ဘုရားရှင်နှင့် ခရစ်ယေရှု၊ ကျေးဇူးတင်ရာ ပျော်ရွှင်မှု
ဝတ်ပြုမှန် ချီတက်စဉ်ခါ၊ စွမ်းအားစိုက်ထုတ်ပါ
တို့နှလုံးတွက် မြဲလှုပ်ရှား၊ ပေးကမ်းရာ ပျော်ရွှင်တအား
နှစ်သက်စေရှင်ယေဟောဝါဘုန်း၊ တွက် အသက်ထက်ဆုံး