ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၉၂ စာ. ၁-၂
  • ကင်းမျှော်စင် ဖြင့်သတင်းကောင်းကြေညာခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကင်းမျှော်စင် ဖြင့်သတင်းကောင်းကြေညာခြင်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • မှောင်မိုက်မှအလင်းသို့ လူတို့အားကူးမြောက်စေခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
  • ကင်းမျှော်စင်—အချိန်တန် ဝိညာဉ်အစာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • သမ္မာတရားကိုသက်သေခံသော မဂ္ဂဇင်းများကို ဝေငှပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နဓ ၅/၉၂ စာ. ၁-၂

ကင်းမျှော်စင် ဖြင့်သတင်းကောင်းကြေညာခြင်း

၁ ကင်းမျှော်စင် သည် အမှန်ပင်ထူးခြားသည်။ အကြောင်းမှာ ယင်းသည် သတင်းကောင်းကိုသယ်ဆောင်ပေးသောကြောင့်ဖြစ်သည်။ ဆန့်ကျင်ဘက်အနေနှင့် လောကစာစောင်အများစုသည် သတင်းဆိုးများ၊ စိတ်ပျက်ဖွယ်သတင်းများကိုတင်ပြကြသည်။ ကင်းမျှော်စင် သည် အမှန်အားတက်လန်းဆန်းဖွယ်သတင်းများဖြင့် ထူးခြားကြောင်းကို အခြားသူများအား မည်သို့တင်ပြမည်နည်း။

၂ မဂ္ဂဇင်း၏စာမျက်နှာ ၂ တွင်ပါသော “ကင်းမျှော်စင် ၏ရည်မှန်းချက်” ကို အာရုံစိုက်စေနိုင်သည်။ ယင်း၏ရည်မှန်းချက်မှာ ယေဟောဝါဘုရားသခင်ကို စကြဝဠာပိုင်သအုပ်စိုးရှင်အဖြစ် ချီးမြှင့်ဂုဏ်တင်ရန်ဖြစ်ကြောင်းကို ထောက်ပြပါ။ ကျမ်းစာပရောဖက်ပြုချက်များကိုပြည့်စုံစေသည့် ကမ္ဘာ့အချင်းအရာများကိုမှတ်သားဖော်ပြပြီး ဖိစီးမှုခံနေရသူများအား နှစ်သိမ့်မှုသတင်းကိုပေးကာ ကျွန်ုပ်တို့ကိုကယ်တင်ရန်ဘုရားသခင်၏အစီအစဉ်အားဖြင့် သူတို့၏ယုံကြည်ခြင်းကို အားရှိစေပါ။

၃ ကင်းမျှော်စင် မှကျွန်ုပ်တို့၏မှတ်ချက်များသည် ထိုအချက်များကို သဘောပေါက်စေသလော။ ကျွန်ုပ်တို့၏အပြောသည် ကောက်ရိုးမီးကဲ့သို့သောစိတ်ဝင်စားမှုမျိုးကိုဖြစ်စေရန်လောက်သာမဟုတ်ဘဲ ပို၍ထပ်မံသိနားလည်လိုသည့်ဆန္ဒကိုနှိုးဆွသည့် တက်ကြွသောယုံကြည်စိတ်ချမှုမျိုးကိုလည်းဖြစ်စေရမည်။

၄ ပြင်ဆင်မှုလိုအပ်။ ကျွန်ုပ်တို့သည် မဂ္ဂဇင်းတစ်စောင်စီကို ဂရုတစိုက်ဖတ်ပြီး ကျွန်ုပ်တို့ရပ်ကွက်တွင် မည်သည့်နည်းအမျိုးမျိုးဖြင့်တင်ပြနိုင်ကြောင်းကို စိတ်ထဲတွင်ပိုင်းခြားကြည့်နိုင်သည်။ ရည်ညွှန်းထားသောကျမ်းချက်များကိုဖတ်ကြည့်ခြင်းသည် ကျွန်ုပ်တို့၏နားလည်မှုကို ပိုမိုတိုးပွားစေသည်။ ယင်းသည် ကျွန်ုပ်တို့၏သမ္မာတရားလေးမြတ်စိတ်ကို ပိုမိုလေးနက်စေပြီး အခြားသူများအားသမ္မာတရားပြောပြရန် လှုံ့ဆော်ပေးသည်။ ကျွန်ုပ်တို့၏နှလုံးထဲတွင်သမ္မာတရားမရှိပါက ထုတ်ဖော်ပြောဆိုရန်သိပ်တက်ကြွမည်မဟုတ်ပေ။

၅ လူတစ်ဦးစီတင်ပြသောစိတ်ဝင်စားမှုအပေါ်မူတည်၍ ကျွန်ုပ်တို့မည်သည့်စာစောင်ဝေငှမည်ကိုဆုံးဖြတ်နိုင်သည်။ ငြင်းဆန်မည် သို့မဟုတ် အေးတိအေးစက်တုံ့ပြန်မည်ဆိုလျှင် ကျွန်ုပ်တို့၏ဟောပြောခြင်းဖြင့်လုံလောက်ပေပြီ။ စိတ်ဝင်စားသော်လည်း အကန့်အသတ်နှင့်သာဆိုလျှင် နောက်ဆုံးထုတ်မဂ္ဂဇင်း သို့မဟုတ် ဘရိုရှာကိုဝေငှခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ စစ်မှန်သောလေးမြတ်မှုနှင့် ထပ်မံသိလိုသောသဘောကိုတင်ပြလျှင် နှစ်စဉ်ကြေးကောက်ခံရန်သင့်ပေသည်။ ပုံမှန်အားဖြင့် နှစ်စဉ်ကြေးယူသူကို ခြောက်လနှစ်စဉ်ကြေးဖြင့်စတင်ပြီး ဆက်လက်စိတ်ဝင်စားပါက ထပ်မံဆက်ပေးနိုင်သည်။

၆ နောက်ဆုံးထုတ် ကင်းမျှော်စင် ပါဆောင်းပါးများကိုသင်ဖတ်သောအခါ အိမ်ရှင်များနှင့်ယခင်တစ်ခေါက်သင်ဆွေးနွေးခဲ့စဉ် ဤဆောင်းပါး၏မည်သည့်အချက်က အိမ်ရှင်စိတ်ဝင်စားမှုနှိုးဆွပေးကြောင်းကို ပြန်သတိရပါ။ ဤမဂ္ဂဇင်းဖြင့် အခြားအကြောင်းအရာများကိုထပ်မံဆွေးနွေးရန် ပြန်လည်ပတ်ဖို့စီစဉ်ပါ။

၇ မည်မျှကြာကြာ၊ မည်သည့်အတိုင်းအတာဖြင့် သတင်းကောင်းကြေညာခြင်းခံနေရမည်ကို ကျွန်ုပ်တို့မသိပါ။ သေချာသည်မှာ ကင်းမျှော်စင် သည် အောင်မြင်မှုများ၏အဓိကကဏ္ဍမှပါဝင်သည်။ ဤပြင်ဆင်ပေးမှုကိုကျွန်ုပ်တို့အသုံးပြုရာတွင် ဇွဲရှိစွာဖြင့် “သွန်သင်ခြင်းနှင့် ယေဟောဝါနှုတ်ကပါဌ်တော်၏သတင်းကောင်းကြေညာ” ခဲ့ကြသည့်တမန်တော်များကို ကျွန်ုပ်တို့တုပသင့်သည်။​—တမန်တော် ၁၅:၃၅၊ ကဘ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ