သီချင်း ၁၄၅
စိတ်ရှည်ကြပါ
၁။ အိုပုံပြကောင်း ယေဟောဝါဘုရင်ကား၊
စိတ်ရှည်ခြင်းဖြင့် တင်ပြထား
ရှုတ်ချပြောဆိုညည်းတွား ခံရသော်ငြား၊
ဘယ်ခါမှ သူ မညည်းတွား
ရှေးဣသရေလပေါ်
သည်းခံမြဲစဉ်လူများနှင့်လည်း ထိုနည်းပင်
ကိုယ်တော်သိုးခြံတွင်းရှိ ယခု “သိုးများ”
ကိုယ်တော် စိတ် ရှည်ကြောင်းသိထား
၂။ ဘုရင်ယေဟောဝါရှင်စဉ်မြဲကျော်ကြား၊
တို့ရှေ့ မှာ သည်းခံစိတ်ထား
ပြစ်လွှတ်ခြင်းခံရသူကျွန်တော်များပင်၊
ထိုသီလကျင့်ပြအစဉ်
ဝိညာဉ်အသီးမှုဆောင်ရာများစွာလို၊
ကြင်နာကင်းပြောမိမှာစိုး
စဉ်းစားမဲ့လုပ်ကိုင်ခြင်းကင်းရှင်းစေပါ၊
စိတ်နှိမ့်ချသက်သေ ပြမှာ
၃။ စိတ်ရှည်စွာစည်းလုံးမျှတနေတတ်ကြ၊
ချင်းချင်းဆောက်တည် ဝတ်ပြုကြ
မိမိအတွင်း သင်းတော်နှင့်အိမ်ထောင်သား၊
“ကောင်းလေစွ” ခေါ်သံတော်ကြား
ကိုယ်တော်မေတ္တာနှင့် ပညာစင်ကြယ်လှ၊
စိတ်ရှည်ခြင်းကို စဉ်ဖော်ပြ
လိုအပ် ဤမွန်မြတ် ရည်ချင်း တို့ထားရှိ၊
စုံလင်နေ့သို့ ရောက်သည်ထိ