ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၀/၉၂ စာ. ၅-၆
  • မပျက်မကွက် ပြန်လည်ပတ်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မပျက်မကွက် ပြန်လည်ပတ်ပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆင့်ကဲအယူအဆနှင့် သမ္မာကျမ်းစာ ကိုက်ညီပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ဖန်ဆင်းရှင်ဘုရားသခင်ကို ချီးမွမ်းထောမနာပြု
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • လူ့ဖန်ဆင်းရှင်၌ ယုံကြည်အားထားမှု တည်ဆောက်ပေး
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်ကို အခြားသူများပါ ဂုဏ်တင်ကြရန် ကူညီပေးခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နဓ ၁၀/၉၂ စာ. ၅-၆

မပျက်မကွက် ပြန်လည်ပတ်ပါ

၁ “လွန်ခဲ့သောနှစ်နှစ်အတွင်း [Creation စာအုပ်] ကိုလေးကြိမ်ဖတ်ပြီးခဲ့၍ ဤကဲ့သို့သောစာအုပ်မျိုးတစ်အုပ်ကိုထုတ်ဝေနိုင်ရန် လေ့လာမှု၊ စာပေတတ်ကျွမ်းမှု၊ စည်းစနစ်ကျနစွာ မှတ်တမ်းတင်ခြင်း မည်မျှတိုင်ပြုလုပ်ခဲ့ရသည်ကို ချီးမွမ်းရဆဲပါ။ ဆက်ထုတ်ဝေပေးပါ။ ကမ္ဘာသားတိုင်းလက်ထဲ ဤကဲ့သို့သောစာအုပ်မျိုးရောက်သင့်သည်။ ထိုသို့သာဆိုလျှင် ကျွန်ုပ်တို့၏ဇာစ်မြစ်ကိုအပြစ်ရှာခြင်း၊ မသေမချာဖြစ်ခြင်း နှင့် ဘုရားမယုံကြည်သည့် အယူအဆအားလုံး ပျောက်လွင့်ကုန်မည်။” ဤသို့အငြိမ်းစားရှေ့နေတစ်ဦးရေးသားခဲ့ကြောင်း (g 92 4/22 p. 32) ပြီတွင်တင်ပြထားပါသည်။

၂ ဤမျှကောင်းသောထောက်ခံချက်ရထားသောစာအုပ်ကို ကျွန်ုပ်တို့လည်း စိတ်နှလုံးအကြွင်းမဲ့ထောက်ခံပြီး စိတ်ဝင်စားသူများလက်ထဲ Creation စာအုပ်ကိုရောက်စေရန် မကြိုးစားသင့်ပေလော။ ထိုသို့ဆိုလျှင် ဤထူးခြားလှသောစာအုပ်ကို အမြဲစိတ်ဝင်စားနေစေရန် ပြန်လည်ပတ်မှုများ အမှန်ပြုလုပ်သင့်သည်။

၃ ဆင့်ကဲအယူဝါဒီတို့သွန်သင်သည့် သီအိုရီများကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာခဲ့သူများ ကျွန်ုပ်တို့တွင် မရှိလှပါ။ သို့ရာတွင် ဆင့်ကဲအယူသည် လူ့ဖန်ဆင်းရှင်၊ ယေဟောဝါဘုရားသခင်ကို စာတန်ရှုတ်ချသည့် နောက်တစ်နည်းသာဖြစ်ကြောင်း စိတ်နှလုံးရိုးသားသူတို့အား သာဓကများနှင့်ထောက်ပြရန် ထိုသို့လေ့လာထားစရာမလိုပါ။ အိမ်ရှင်အချို့မေးမြန်းမည့်မေးခွန်းအချို့ မဖြေတတ်မည်မှာစိုးရိမ်၍ ပြန်သွားရန်တွန့်ဆုတ်မနေပါနှင့်။ ဤစာအုပ်က အကြောင်းပြချက်တိုင်းအတွက် သက်သေအထောက်အထားအလုံအလောက်ကို တင်ပြထားပါသည်။

၄ ထို့ပြင်အခန်း ၁၆ မှစ၍အခန်း ၂၀ အထိ လူ့ဇာစ်မြစ်အကြောင်း၊ ဤကမ္ဘာနှင့်လူသားအတွက် ဘုရားသခင်၏ရည်ရွယ်ချက်အကြောင်း၊ ယနေ့လူသားတို့ရွေးချယ်ရသည့်အရာများအကြောင်း ကျမ်းစာမှခိုင်လုံသည့်သွန်သင်ချက် အမြောက်အမြားပါရှိပါသည်။ ထိုကြောင့် ပြန်လည်ပတ်မှုများပြုလုပ်ရန် အသုံးပြုနိုင်စရာအကြောင်း များစွာရှိပါသည်။

၅ စာအုပ်ဝေငှထားသည့်အိမ်အချို့သို့ပြန်သွားရန် သင်တွန့်ဆုတ်နေမည်ဆိုလျှင် အတွေ့အကြုံရင့်ကျက်သူ၊ အသင်းတော်သားတစ်ဦး သို့မဟုတ် ဆင့်ကဲအယူကိုရှင်းပြနိုင်သူတစ်ဦးကို ခေါ်သွားနိုင်ပါသည်။ ဤအကြောင်းကိုကျောင်းတွင်လေ့လာထားသည့် ကျောင်းသား၊ ကျောင်းသူ ညီအစ်ကို၊ ညီအစ်မတစ်ဦးဖြစ်နိုင်သည်။ သူတို့အနေနှင့် ဆင့်ကဲအယူဆိုင်ရာ နောက်ဆုံးသွန်သင်ချက်များကိုပါ ဖော်ပြတတ်ပေမည်။ သို့မဟုတ်လျှင်လည်း တစ်ချိန်ကဆင့်ကဲအယူဝါဒီတစ်ဦးဖြစ်ခဲ့၍ သမ္မာကျမ်းစာပညာကို ယခုရရှိပြီး ဆင့်ကဲအယူ၏မှားယွင်းချက်များကို ချေပပြောဆိုနိုင်သူကို ခေါ်သွားနိုင်ပါမည်။

၆ Creation စာအုပ်၊ အခန်း ၁၉ ကိုအာရုံပြုစေ၍ သင့်ပြန်လည်ပတ်မှုအတွက်အခြေခံအဖြစ် အနာဂတ်အတွက် ကျမ်းစာ၏မျှော်လင့်ချက်ကိုအသုံးပြုရန် မတွန့်ဆုတ်ပါနှင့်။ ထိုအခန်းတွင် အနာဂတ်အတွက် ကျမ်းစာ၏ကတိပြုချက်များကိုအာရုံပြုစေရန် အကြောင်းကောင်းများစွာပါရှိသည်။ စာမျက်နှာ ၂၃၆ တွင်စသည့် “ပြောင်းလဲခဲ့သောကမ္ဘာ” ခေါင်းစဉ်ငယ်မှစ၍ စာမျက်နှာ ၂၃၈-၉ ရှိ “ဆင်းရဲချို့ငဲ့မှုမရှိတော့” ပြီးနောက် “ဖျားနာခြင်း၊ သေခြင်းမရှိတော့” တို့ကိုအသုံးပြုလိုပေမည်။

၇ ဤပြောင်မြောက်သောစာအုပ်ကြောင့် အသက်လမ်းကိုရှာတွေ့ခဲ့သူ များစွာရှိပါသည်။ အသက်အကြောင်း၊ ယင်းသည် ဤအရပ်သို့ မည်သို့ရောက်ရှိလာကြောင်းနှင့်စပ်လျဉ်း၍ Creation စာအုပ်မည်သို့ပြောဆိုထားသည်ကို ဖတ်ရှုသုံးသပ်ကြည့်ရန် အားပေးခြင်းဖြင့် ထပ်ဆင့်အခြားသူများကိုပါကူညီပေးနိုင်ပေမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ