ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၀/၉၂ စာ. ၂-၄
  • အောက်တိုဘာအတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အောက်တိုဘာအတွက်လုပ်ငန်းတော်စည်းဝေးများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • အောက်တိုဘာ ၁၂ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
  • အောက်တိုဘာ ၁၉ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
  • အောက်တိုဘာ ၂၆ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
  • နိုဝင်ဘာ ၂ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နဓ ၁၀/၉၂ စာ. ၂-၄

အောက်တိုဘာအတွက်လုပ်ငန်းတော်စည်းဝေးများ

အောက်တိုဘာ ၁၂ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်

သီချင်း ၈၄

၁၅ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှု မှကြေညာချက်များ။ “စိတ်ဝင်စားမှုကို ပြန်နှိုးဆွပေးနိုင်မည်လော” ဆောင်းပါးကိုဆွေးနွေးပြီး ဤသို့သောပြန်လည်ပတ်မှုကို မည်သို့ပြုလုပ်နိုင်ကြောင်း တိုတောင်းသောသရုပ်ပြ တင်ပြပါ။

၁၅ မိ– “ဖန်ဆင်းရှင်ဘုရားသခင်ကို ချီးမွမ်းထောမနာပြု။” အကြောင်းအရာတစ်ခုလုံး မေးဖြေရန်။ အပိုဒ် ၄ ပါတွေ့ကြုံမှုများကို ပုံသက်သေကောင်းသောလူငယ်များတင်ပြရန် ကြိုတင်စီစဉ်ထားပြီး အပိုဒ် ၅ ပါတွေ့ကြုံမှုကို အခြားကြေညာသူတစ်ဦး တင်ပြနိုင်သည်။ ဤတန်ဖိုးရှိစာအုပ်ကိုဝေငှာရာတွင် ထိုးထွင်းဉာဏ်အသုံးပြုရန်လိုကြောင်း အလေးအနက်ပေါ်လွင်စေပါ။

၁၅ မိ– “စိတ်ဝင်စားမှုကိုနှိုးဆွပေးသည့် တင်ဆက်ပုံများ။” သင့်ဒေသခံရပ်ကွက်တွင် အကြံပေးချက်များကို မည်သို့အသုံးပြုနိုင်ကြောင်း ပရိသတ်နှင့်ဆွေးနွေးပါ။ ယုတ္တိရှိ၊ ကောင်းစွာပြင်ဆင်ထားသော သရုပ်ပြခန်းနှစ်ခုသုံးခု စီစဉ်ပါ။

သီချင်း ၉၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

အောက်တိုဘာ ၁၉ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်

သီချင်း ၇၉

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေအတွက် ကျေးဇူးတင်စကားပါ တင်ပြ။ ဒေသခံအသင်းတော်နှင့် အသင်းမ၏ကမ္ဘာချီလုပ်ငန်းကိုပါ ငွေအင်အားဖြင့် ရက်ရောစွာထောက်ပံ့ပေးမှုကို ချီးမွမ်းပါ။ အချိန်ရလျှင် Creation စာအုပ်ဝေငှခြင်းနှင့်ဆိုင်သော ကောင်းစွာပြင်ဆင်ထားသည့်တွေ့ကြုံမှုများကို တင်ပြပြောဆိုစေပါ။

၂၀ မိ– “သင့်သားသမီးများကို သွေးအလွဲသုံးခြင်းမှ ကာကွယ်ပေးခြင်း။” အပိုဒ် ၁-၁၁ ကိုအကြီးအကဲဟော။ အပိုဒ် ၅-၇ ပါအခြေအနေအောက်တွင်ကလေးအား ဆရာဝန်ကုသပေးရန် မိဘများသဘောတူညီခြင်းကို သဘောလိုက်လျောခြင်းဟုမယူမှတ်သင့်ကြောင်း ဆွေးနွေးတင်ပြချက်ကို ရှင်းလင်းစွာနားလည်စေပါ။

၁၅ မိ– “မပျက်မကွက် ပြန်လည်ပတ်ပါ။” မေးဖြေဆွေးနွေးရန်။ အပိုဒ် ၆ ပါအကြောင်းကိုပေါ်လွင်စေသည့် ကောင်းစွာပြင်ဆင်ထားသောသရုပ်ပြခန်းတစ်ခု စီစဉ်ပါ။ လ၏အစောပိုင်းတွင်တွေ့ဆုံခဲ့သည့် စိတ်ဝင်စားသူများထံ ပြန်လည်ပတ်သွားရန်လိုကြောင်း ပေါ်လွင်စေပါ။

သီချင်း ၁၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

အောက်တိုဘာ ၂၆ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်

သီချင်း ၁၂၅

၅ မိ– ဒေသကြေညာချက်များ။ ဒေသခံ လယ်ကွင်းတွေ့ကြုံမှုတိုတစ်ခုကို ပြောပြပါ။ သို့မဟုတ် လယ်ကွင်းလုပ်ငန်း၌ ဤအပတ်အသုံးပြုနိုင်မည့် အချက်ကောင်းများကိုတင်ပြပါ။

၁၅ မိ– “သင့်သားသမီးများကို သွေးအလွဲသုံးခြင်းမှ ကာကွယ်ပေးခြင်း။” အပိုဒ် ၁၂-၂၈ ကိုမေးဖြေဆွေးနွေးရန်။ အပိုဒ် ၁၂ နှင့် ၂၀ ပါမေးခွန်းများ၏အဖြေကို အာရုံပြုစေပါ။ ကလေးအတွက် ဆေးဘက်ဆိုင်ရာပြုစုမှုကို မိဘများကြိုတင်ပြင်ဆင်ထားခြင်းအားဖြင့် သွေးသွင်းခြင်းကိုရှောင်နိုင်သည့်သော့ချက်ဖြစ်ကြောင်း အလေးအနက်ပေါ်လွင်စေပါ။

၁၅ မိ– “ပြန်လည်ပတ်မှုများပြုလုပ်ခြင်း၏စိန်ခေါ်ချက်။” မေးဖြေရန်။ အပိုဒ် ၅ နှင့် ၆ ကိုသုံးသပ်ပြီးနောက် သရုပ်ပြပွဲနှစ်ခုတင်ပြပါ။ (၁) ကျမ်းစာသင်အံမှုစရန် ဝေစာကိုမည်သို့အသုံးပြုနိုင်ကြောင်း နှင့် (၂) Reasoning စာအုပ်မှအကြောင်းတစ်ခုကိုရွေးချယ်ပြီး ပြန်လည်ပတ်မှုတွင် မေးခွန်းတစ်ခုကို ဖြေဆိုရန် ယင်းစာအုပ်ကို မည်သို့အသုံးပြုနိုင်ကြောင်း တင်ပြပါ။ ကြိုတင်လေ့ကျင့်ထားခြင်း၏ တန်ဖိုးကိုလည်း ပေါ်လွင်စေပါ။ စိတ်ဝင်စားသူအားလုံးထံ ပြန်လည်ပတ်သွားခြင်းကို အားပေးပါ။

၁၀ မိ– အသင်းတော်လုပ်ငန်းကို ပြန်လည်သုံးသပ်ခြင်း။ စက်တင်ဘာလက အသင်းမထံပို့ပေးလိုက်သည့် အသင်းတော်စစ်ချက်မှတ်တမ်း (အက်စ်-၁၀) ပါကိန်းဂဏန်းများကိုအသုံးပြုကာ ဦးစီးကြီးကြပ်မှူးနှင့်လုပ်ငန်းတော်ကြီးကြပ်မှူးတို့သည် လွန်ခဲ့သောနှစ် အသင်းတော်၏လုပ်ငန်းမှ ထူးခြားချက်များကို ဆွေးနွေးကြသည်။ လုပ်ငန်းတော်တွင် ကြေညာသူများနှင့်ရှေ့ဆောင်များ၏ ကိုယ်ကျိုးစွန့်မှုများအပြင် စည်းဝေးများကို မှန်မှန်တက်ကြသည့်အတွက် လှိုက်လှဲစွာချီးမွမ်းပေးပါ။ သူတို့ထူးချွန်သည့်အပိုင်းများကို အထူးဖော်ပြပေးပါ။ ဖိုင်တွဲ၌ မှတ်တမ်းများရှိပါက လွန်ခဲ့သောနှစ်အနည်းငယ်ကလုပ်ငန်းနှင့် နှိုင်းယှဉ်ပြပါ။ ၁၉၉၃ လုပ်ငန်းတော်နှစ်အတွင်း တိုးတက်ရန်ကြိုးစားသင့်သည့်ကဏ္ဍများကိုလည်း တင်ပြပေးပါ။

သီချင်း ၄၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

နိုဝင်ဘာ ၂ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်

သီချင်း ၅၁

၁၅ မိ– ဒေသကြေညာချက်များ။ သီအိုကရက်တစ်သတင်း။ လယ်ကွင်းလုပ်ငန်း၌အသုံးပြုရန် အဘယ်မဂ္ဂဇင်းများရှိကြောင်း ကြေညာပေးပြီး ဒေသအကြိုက်ဖြစ်နိုင်စရာအကြောင်းရှိသည့် အချက်ကောင်း တစ်ချက်နှစ်ချက် ဖော်ပြပေးပါ။ နောက်ဆုံးစာမျက်နှာအပေါ်ပိုင်းရှိဆောင်းပါးပါ ကျမ်းစာမှတင်ပြချက်ကဲ့သို့သော ဟောပြောနည်းကိုအသုံးပြုခြင်းဖြင့် နောက်ဆုံးထုတ်မဂ္ဂဇင်းများကို မည်သို့ဝေငှနိုင်ကြောင်း သရုပ်ပြပါ။ နောက်အပတ်လုပ်ငန်းတော်အစည်းအဝေးအတွက် အကြီးမြတ်ဆုံးလူသား စာအုပ်ကိုယူလာကြရန် သတိပေးပါ။

၁၅ မိ– “နှစ်ခြင်း၊” Reasoning စာအုပ်၊ စာမျက်နှာ ၅၄-၈။ “ရှင်းပြချက်” ကိုအခြေပြု၍ နိဒါန်းပျိုး ဟောပြောပါ။ နှစ်ခြင်းမခံသေးသူ တစ်ဦးအား အကြီးအကဲ မည်သို့ပြောဆိုနိုင်ကြောင်းသရုပ်ပြပါ။ စာမျက်နှာ ၅၄ ပါအကြောင်းကို အထူးပေါ်လွင်စေပါ။ ဆက်ကပ်အပ်နှံခဲ့ကြောင်းကို ရေ၌နှစ်ခြင်းယူခြင်းဖြင့် တင်ပြခြင်း၏အရေးကြီးမှုကို အထူးပေါ်လွင်စေပါ။ သန့်ရှင်းသောဝိညာဉ်တော်ဖြင့်နှစ်ခြင်းယူခြင်း၊ လူသေအတွက်နှစ်ခြင်း၊ မီးဖြင့်နှစ်ခြင်းတို့နှင့်ပတ်သက်သည့်အကြောင်းများကို အတိုချုပ်သုံးသပ်ခြင်းဖြင့် နိဂုံးချုပ်ပါ။ (Reasoning စာအုပ်မရှိလျှင် ဆွေးနွေးရန် ကျမ်းစာအကြောင်းများကိုအသုံးပြုနိုင်ပါသည်။)

၁၅ မိ– နိုဝင်ဘာလအတွင်း မဂ္ဂဇင်းများကိုအထူးဝေငှပါ။ နိုးလော့ နှင့် ကင်းမျှော်စင်၏တန်ဖိုးပေါ်လွင်စေရန်ဟောပြောချက်အတိုချုပ်ပေးပါ။ ယင်းတို့ကိုဖတ်ရှုကြရန် ထောက်ခံအားပေးသည့်အခါ အားတက်သရောပြောဆိုနိုင်ရန် မဂ္ဂဇင်းသစ်များ ထွက်လာသည်နှင့် ကြေညာသူများ ဖတ်ရှုသင့်သည်။ နှစ်စဉ်ကြေးမကမ်းလှမ်းမီ စိတ်ဝင်စားမှု ရှိမရှိအကဲခတ်ပါ။ မဂ္ဂဇင်းကိုဝေငှပြီး နောက်လထုတ်နှင့်ပြန်လည်ပတ်ရန် မည်သို့စီစဉ်နိုင်ကြောင်း ကြေညာသူ သရုပ်ပြမည်။ ဤနည်းဖြင့် မဂ္ဂဇင်းလမ်းကြောင်း စတင်နိုင်မည်ဖြစ်သည်။

သီချင်း ၄၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ