ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၉၆ စာ. ၇
  • သင်အလွန်အလုပ်များနေသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်အလွန်အလုပ်များနေသလော
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခွင့်သာသောအချိန်ကို ဝယ်ယူနည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • လုပ်ကိုင်စရာ အမြဲများနေ
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ဟောပြောရန်အတားအဆီးဖြစ်သလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • ယေဟောဝါ၏လုပ်ငန်းတော်ကိုဗဟိုပြု၍ သင့်အသက်တာကို တည်ဆောက်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နဓ ၅/၉၆ စာ. ၇

သင်အလွန်အလုပ်များနေသလော

၁ ကျွန်ုပ်တို့သည် ‘သခင်ဘုရား၏အမှုတော်၌ လုပ်ကိုင်စရာများစွာ အမြဲရှိနေ’ ရန် ပေါလုတိုက်တွန်းခဲ့သည်။ (၁ ကော. ၁၅:၅၈) ကိုယ်ပိုင်လေ့လာမှုအတွက် နေ့စဉ်လုပ်ရိုးလုပ်စဉ်တစ်ခုကို ဆက်မြဲစေရန်၊ ဓမ္မအမှုတွင် မှန်မှန်ပါဝင်ရန်၊ အစည်းအဝေးများကို စွဲစွဲမြဲမြဲတက်ရောက်ရန်နှင့် အသင်းတော်တာဝန်များကို ဝီရိယရှိရှိဆောင်ရွက်ရန် ကျွန်ုပ်တို့ တိုက်တွန်းခံရသည်။ ထို့အပြင် ကျွန်ုပ်တို့၏အကူအညီလိုအပ်သည့် အခြားသူများကို အထောက်အကူပေးရကြမည်။ လုပ်ဆောင်စရာအလွန်များသောကြောင့် ရံဖန်ရံခါ အလွန်ဝန်ပိနေသည်ဟု ခံစားလာရပြီး ကျွန်ုပ်တို့အလုပ်တာဝန်ကို လျှော့ချပစ်ဖို့ နည်းလမ်းများကို ရှာရမည်ဟု တွေးတောလာပေမည်။

၂ အချို့သောလှုပ်ရှားဆောင်ရွက်မှုများကို ဖယ်ရှားပစ်ခြင်း သို့မဟုတ် ယင်းတို့၏ပမာဏကို လျှော့ချပစ်ခြင်းကို ဉာဏ်ပညာနှင့် ဆင်ဆင်ခြင်ခြင်ဖြင့် လုပ်နိုင်ဖွယ်ရှိသည့် အခြေအနေများရှိပါသည်။ အချို့သူများအနေနှင့် အခြားသူများ မိမိတို့အား တောင်းဆိုထားသမျှကို လုပ်ဆောင်ပေးရမည်ဟု ယူဆထားကြသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မျှတမှုမရှိခြင်းသည် ဝမ်းနည်းပက်လက်ဖြစ်သွားနိုင်သည့် ဖိအားပေးမှုနှင့် စိတ်ဖိစီးမှုတို့ဖြစ်ပေါ်စေနိုင်သည်။

၃ မျှတမှုရှိပါ– မျှတမှုအတွက် သော့ချက်သည် “သာ၍အရေးကြီးသောအရာများကို သေချာစေ” ပါဟူသည့် ပေါလု၏သြဝါဒကို လိုက်နာခြင်းအပေါ်တွင် မူတည်သည်။ (ဖိ. ၁:၁၀၊ ကဘ) ယင်းသည် အမှန်အရေးကြီးသောအရာများကို အာရုံစိုက်ပါ၊ အချိန်အခါနှင့် အခြေအနေက ခွင့်ပြုမည်ဆိုလျှင် သိပ်အရေးမကြီးသောအရာတချို့ကို လုပ်ဆောင်ပါ ဟူသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။ မိသားစုတာဝန်ဝတ္တရားများသည် အရေးကြီးသည်ဟူသော အဆိုပါအရာများတွင် ထိပ်ဆုံးမှရှိသည်မှာ သေချာသည်။ အချို့သော ပုံမှန်လောကီတာဝန်များကို စီမံလုပ်ဆောင်ရမည်။ သို့သော် ကျွန်ုပ်တို့ဦးစားပေးရာများသည် နိုင်ငံတော်ကို ရှေးဦးရှာသည့် အခြေခံမူပေါ်တွင် အခြေပြုသင့်ကြောင်း ယေရှုသွန်သင်ပေးတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ယေဟောဝါထံ ဆက်ကပ်အပ်နှံမှုကို ပြည့်ပြည့်ဝဝလုပ်ဆောင်စေခွင့်ပြုမည့် အရာများကို ဦးဆုံးလုပ်ဆောင်ရမည်။—မ. ၅:၃; ၆:၃၃။

၄ ယင်းကို စိတ်တွင်ထားကာ ကျွန်ုပ်တို့သည် မလိုအပ်သည့် ကိုယ်ပိုင်လိုက်စားရာများ၊ အလွန်အကျွံအပျော်အပါးလှုပ်ရှားမှုများနှင့် အခြားသူများအား တာဝန်ခံထားသည့် အရေးမကြီးသောအရာ အဘယ်အရာကိုမဆို အလုပ်များသည့်ဇယားမှ ပယ်ဖျက်ရန် အသေအချာစီစဉ်ပါ။ အပတ်စဉ် ကျွန်ုပ်တို့၏လုပ်ဆောင်မှုအတွက် အစီအစဉ်ဆွဲရာတွင် ကိုယ်ပိုင်လေ့လာမှု၊ အမှုဆောင်ထွက်ခြင်း၊ အစည်းအဝေးများတက်ခြင်းနှင့် ကျွန်ုပ်တို့၏ဝတ်ပြုရေးနှင့် အနီးကပ်ဆက်စပ်နေသည့် အခြားမည်သည့်အရာများအတွက်မဆို အချိန်အလုံအလောက်ဖယ်ထားမည်။ နိုင်ငံတော်ကို ရှေးဦးဆက်ထားသည့် မျှတမှုရှိသောခရစ်ယာန်များဖြစ်ခြင်းနှင့်ပတ်သက်သည့် အဓိကပန်းတိုင်ကို အရောက်လှမ်းရာတွင် ယင်းတို့သည် မည်မျှအကူအညီဖြစ်စေသည်ဟူသော အချက်ပေါ်တွင် မူတည်ကာ ကျန်ရှိသောအချိန်ကို ကျွန်ုပ်တို့၏အခြားလိုက်စားရာများအတွက် ခွဲခန့်စီစဉ်ပေမည်။

၅ ဤသို့ပြုလျက်ပင် ကျွန်ုပ်တို့၏ဝန်သည် လေးလံနေသည်ဟု ခံစားရဆဲဖြစ်ပေမည်။ သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် ယေရှု၏ဤဖိတ်ခေါ်ချက်ကို တုံ့ပြန်ရန် လိုအပ်သည်– “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် လန်းဆန်းစေမည်။” (မ. ၁၁:၂၈၊ ကဘ) “ငါတို့ဝန်ကို နေ့စဉ်ထမ်းတော်မူ” ပြီး မောပန်းနွမ်းနယ်သူများအား အစွမ်းတန်ခိုးကို ပေးသနားတော်မူသော ယေဟောဝါကိုလည်း အားကိုးပါ။ ကိုယ်တော်သည် ဖြောင့်မတ်သောသူများကို ဒယိမ်းဒယိုင်ဖြစ်သွားရန် မည်သည့်အခါမျှ ခွင့်ပြုမည်မဟုတ်ကြောင်း ကတိထားတော်မူသည်။ (ဆာ. ၅၅:၂၂; ၆၈:၁၉၊ သမ; ဟေရှာ. ၄၀:၂၉) ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ဖြေကြားတော်မူမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်ပါသည်၊ သို့ဖြင့် သီအိုကရက်တစ်လုပ်ဆောင်မှုများတွင် ဆက်၍လှုပ်လှုပ်ရှားရှားနှင့် လုပ်ဆောင်နိုင်စေသည်။

၆ လုပ်သင့်လုပ်ထိုက်သည့် နိုင်ငံတော်အကျိုးစီးပွားများကို လုပ်ဆောင်မှုတွင် အမှန်ပင်ဆက်၍အလုပ်များနေစဉ် သခင်အရှင်နှင့် ပတ်သက်သည့် ကျွန်ုပ်တို့လုပ်ဆောင်မှုသည် အချည်းနှီးမဖြစ်သွားကြောင်း သိရခြင်းဖြင့် ပျော်ရွှင်ဝမ်းမြောက်နိုင်ကြပါသည်။—၁ ကော. ၁၅:၅၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ