ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၂/၉၇ စာ. ၃-၅
  • အရန်ရှေ့ဆောင် ၁၀၀ အလိုရှိသည်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အရန်ရှေ့ဆောင် ၁၀၀ အလိုရှိသည်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • လုပ်ငန်းတော်နှစ်သစ်အတွက်မွန်မြတ်သောပန်းတိုင်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ကျွန်ုပ်တို့ ထပ်မံလုပ်ဆောင်ကြမည်လော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • သင်အရန်ရှေ့ဆောင်နိုင်သလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ယေဟောဝါ၏ဂုဏ်ကျေးဇူးများကို ဖော်ပြလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
နဓ ၂/၉၇ စာ. ၃-၅

အရန်ရှေ့ဆောင် ၁၀၀ အလိုရှိသည်

သင်သည် မတ်၊ ဧပြီ၊ မေလတို့တွင် အရန်ရှေ့ဆောင်နိုင်မည်လော

၁ “ဟောပြောသူ ၁,၀၀၀ အလိုရှိသည်” ဟူသည် ဧပြီလ၊ ၁၈၈၁ ခုနှစ်ထုတ်ကင်းမျှော်စင် [လိပ်] ပါဆောင်းပါးတစ်ခု၏ခေါင်းစဉ်ဖြစ်သည်။ ယင်းတွင် “သခင်က သမ္မာတရားအသိပညာကို လွှဲအပ်ခဲ့” သောဆက်ကပ်အပ်နှံပြီးအမျိုးသား၊ အမျိုးသမီးတို့ကို ကျမ်းစာသမ္မာတရားဖြန့်ချိရာတွင် မည်သည့်အချိန်၌မဆို ပါဝင်ရန် အရေးတကြီးဖိတ်ခေါ်ချက်ပါဝင်သည်။ သခင့်လုပ်ငန်းတော်တွင် မိမိတို့၏အချိန်တစ်ဝက် သို့မဟုတ် ထိုထက်ပို၍ အကြွင်းမဲ့ပေးနိုင်သူများကို ယနေ့ရှေ့ဆောင်များ၏ရှေ့ပြေးဖြစ်သော ကောလ်ပေါ်တီရာခေါ် သတင်းကောင်းဟောပြောသူများအဖြစ် စေတနာ့ဝန်ထမ်းရန် အားပေးခဲ့သည်။ ယင်းကား အမေရိကန်ပြည်ထောင်စုတွင်ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ပထမဆုံးအကြိမ်အဖြစ် အရန်ရှေ့ဆောင် ၁၀၀ ကိုကျွန်ုပ်တို့တောင်းဆိုပါသည်။

၂ အချိန်ကာလသည် ၁၈၀၀ ပြည့်လွန်နှစ်များကတည်းက ပြောင်းလဲလာခဲ့သော်လည်း ဆက်လက်တည်ရှိနေသည့်တူညီသောအချက်မှာ ဘုရားသခင့်ကျေးကျွန်များသည် သတင်းကောင်းဖြန့်ချိရာတွင် တတ်နိုင်သ၍အချိန်ကို ဆက်အသုံးပြုသွားလိုခြင်းဖြစ်သည်။ အရန်ရှေ့ဆောင်များအဖြစ်အမှုဆောင်ခြင်းသည် အသင်းတော်ကြေညာသူများအား သူတို့၏အချိန်ပိုကို နိုင်ငံတော်ဓမ္မအမှုတွင် အသုံးပြုသည်နှင့်အမျှ ထိရောက်မှုကိုတိုးတက်စေနိုင်သည်။—ကော. ၄:၁၇; ၂ တိ. ၄:၅။

၃ အစကတည်းက ထောင်ပေါင်းရာနှင့်ချီသောညီအစ်ကိုညီအစ်မများသည် အရန်ရှေ့ဆောင်ခြင်း၌ ပျော်မွေ့လာခဲ့ကြသည်။ ရှေ့ဆောင်ဓမ္မအမှု၏ဤကဏ္ဍတွင် အားတက်သရောရှိခြင်းကြောင့် တိုးပွားလာသော အများဆုံးအရန်ရှေ့ဆောင် ၁၀၀,၀၀၀ ထက်မကသောပမာဏကို ၁၉၈၅ ခုနှစ်၊ ဧပြီလတွင် အမေရိကန်ပြည်ထောင်စုဌာနခွဲရပ်ကွက်၌ရရှိခဲ့သည်! ထိုအချိန်မှစ၌ သုံးကြိမ်တိုင်တိုင် ၁၀၀,၀၀၀ ကျော်သောကြေညာသူများသည် ၁၉၈၈၊ ၁၉၈၉ နှင့် ၁၉၉၂—ဧပြီလအတွင်း အရန်ရှေ့ဆောင်များအဖြစ်ပါဝင်ကြသည်။ ၁၉၉၇ နွေဦးပေါက်ရာသီတွင် ဤသို့သောကောင်းမွန်သည့်ကြိုးစားအားထုတ်မှုကို ပြန်လုပ်ဆောင်ရန်အလားအလာ မလွဲဧကန်ရှိနေပါသည်။

၄ မတ်၊ ဧပြီနှင့် မေလတို့တွင် တစ်လ သို့မဟုတ် ထိုထက်ကြာသည့်အချိန်အတွင်း အရန်ရှေ့ဆောင်ပန်းတိုင်ထားရန် သင့်အား ကျွန်ုပ်တို့အားပေးပါသည်။ အဘယ်ကြောင့်မတ်လတွင်ပါဝင်ရသနည်း။ အကြောင်းမှာ ဤနှစ် ခရစ်တော်၏သေခြင်းဆိုင်ရာသတိရအောက်မေ့ပွဲသည် မတ် ၂၃ ရက်၊ တနင်္ဂနွေနေ့တွင်ကျရောက်သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့၏သခင်နှင့်ကယ်တင်ရှင်ဖြစ်သောယေရှုခရစ်အစပြုလုပ်ဆောင်ခဲ့သည့် နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းတွင် စိတ်အားထက်သန်စွာပါဝင်ရန် သတိရအောက်မေ့ပွဲမတိုင်မီ ရက်သတ္တပတ်များကိုအသုံးပြုခြင်းသည် အကောင်းဆုံးနည်းဖြစ်သည်။ မတ်လတွင် များများသက်သေခံခြင်းဖြင့် ခရစ်တော်၏သတိရအောက်မေ့ပွဲအခမ်းအနားတွင် ကျွန်ုပ်တို့နှင့်ပါဝင်ရန် စိတ်ဝင်စားသူများစွာကို ဖိတ်ခေါ်နိုင်သည်။ ပထမဆုံးအနေဖြင့် ထာဝရအသက်ရစေသောအသိပညာစာအုပ်သစ်ကို အထူးတင်ဆက်ခြင်းကလည်း မတ်လကို အထူးလဖြစ်စေမည်။ ထို့အပြင် မတ်လတွင် စနေငါးကြိမ်နှင့် တနင်္ဂနွေငါးကြိမ်ပါဝင်သောကြောင့် လယ်ကွင်းလုပ်ငန်းတွင် ရက်သတ္တပတ်အဆုံးပိုင်းလုပ်ဆောင်မှုကို အားသွန်ခွန်စိုက်ပါဝင်နိုင်စေသည်။ မှန်ပါသည်၊ ဧပြီနှင့်မေလများတွင် ဓမ္မအမှု၌ ဇွဲရှိရှိဆက်ကြိုးစားအားထုတ်ခြင်းဖြင့် ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း ဘရိုရှာကိုအသုံးပြု၍ စိတ်ဝင်စားသူများထံပြန်သွားပြီး အိမ်တွင်းကျမ်းစာသင်အံမှုအသစ်များကို အစပြုနိုင်ကြပေမည်။ ကျွန်ုပ်တို့သည် အထူးသဖြင့် ရက်သတ္တပတ်အဆုံးပိုင်းရက်များတွင် နောက်ဆုံးထုတ် အခန့်သင့်ဖြစ်သော ကင်းမျှော်စင်နှင့် နိုးလော့!တို့ဖြင့် ရပ်ကွက်ကို စေ့စေ့စပ်စပ်လုပ်ဆောင်ကြမည်။

၅ အရန်ရှေ့ဆောင်ရန် မည်သူအရည်အချင်းပြည့်မီသနည်း– ကျွန်ုပ်တို့၏ဓမ္မအမှုကို ပြီးမြောက်စေရန် ဖွဲ့စည်းထားခြင်းစာအုပ်စာမျက်နှာ ၁၁၄ ကဤသို့ရှင်းပြသည်– “သင့်ကိုယ်ပိုင်အခြေအနေသည်မည်သို့ပင်ရှိပါစေ နှစ်ခြင်းခံပြီး စာရိတ္တအခြေအနေကောင်းကာ လယ်ကွင်းလုပ်ငန်းတွင် တစ်လနာရီ ၆၀ အနည်းဆုံး တစ်လအမှုဆောင်နိုင်ပါက အရန်ရှေ့ဆောင်လျှောက်ထားနိုင်ပြီး အသင်းတော်အကြီးအကဲများက ဝမ်းမြောက်စွာနှင့်စဉ်းစားပေးပါလိမ့်မည်။” မတ်၊ ဧပြီ၊ မေ တစ်လလတွင် ဤအခွင့်ထူးအတွက် စီစဉ်နိုင်မည်လော။

၆ အကြီးအကဲများအဖွဲ့တွင်ရှိသည့် အပြုသဘောထားနှင့် ကျန်ကြေညာသူများ၏ လှိုက်လှိုက်လှဲလှဲကူညီထောက်ပံ့မှုက အရန်ရှေ့ဆောင် ၁၀၀ အတွက် ဤဖိတ်ခေါ်ချက်ကို အပြတ်အသတ်အောင်မြင်မှုဖြင့်တုံ့ပြန်စေသင့်သည်။ (ဟေဗြဲ ၁၃:၇) မိသားစုကိုဦးစီးသူတို့သည် မိမိတို့၏အိမ်ထောင်တွင် လာမည့်လ၌ တစ်လ သို့မဟုတ် ထိုထက်ကြာကြာ အရန်ရှေ့ဆောင်ရန် ဘယ်နှစ်ယောက်ပါဝင်နိုင်သည်ကို စိစစ်သင့်သည်။—ဆာ. ၁၄၈:၁၂၊ ၁၃; တမန်တော် ၂၁:၈၊ ၉ နှိုင်းယှဉ်။

၇ အချိန်ပြည့်လောကီအလုပ်၊ ကျောင်းအစီအစဉ်၊ မိသားစုတာဝန် သို့မဟုတ် အခြားကျမ်းပေးတာဝန်များရှိခြင်းကြောင့် အရန်ရှေ့ဆောင်နိုင်ချေမရှိပါဟု အဆောတလျင်မယူမှတ်ပါနှင့်။ တချို့သူတို့အတွက် ပါဝင်နိုင်ရန်မလွယ်ကူပါ; သို့ဖြစ်စေကာမူ ကောင်းမွန်သောအဖွဲ့အစည်းနှင့် ယေဟောဝါကောင်းချီးကြောင့် သူတို့ပါဝင်နိုင်သည်။ (ဆာ. ၃၇:၅; သု. ၁၆:၃) ရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်လိုသည့်ဆန္ဒက သင့်အခြေအနေများကို စီမံကွပ်ကဲခွင့်ပြုပါ; သင့်အခြေအနေများက သင့်ရှေ့ဆောင်လုပ်လိုသည့်ဆန္ဒကို စီမံကွပ်ကဲခွင့်မပြုပါနှင့်။ (သု. ၁၃:၁၉က) သို့ဖြစ်ရကား ယေဟောဝါနှင့်လုပ်ဖော်ဆောင်ဖက်များကို နှစ်နှစ်ကာကာချစ်သည့်မေတ္တာက များစွာသောသူတို့အား ဓမ္မအမှုတွင် တစ်လမျှတိုးချဲ့ပါဝင်နိုင်ရန် သူတို့၏ပတ်စဉ်လုပ်ငန်းအစီအစဉ်များကို ပြုပြင်ပြောင်းလဲနိုင်ကြသည်။ (လု. ၁၀:၂၇၊ ၂၈) နိုင်ငံတော်လုပ်ငန်းတွင် ကိုယ်တိုင်ကြိုးစားလုပ်ဆောင်သူများအတွက် ကောင်းချီးမြောက်မြားစွာသိုမှီးထားပါသည်။—၁ တိ. ၄:၁၀။

၈ အရန်ရှေ့ဆောင်ခြင်းက ပြီးမြောက်စေသည့်အရာ– အရန်ရှေ့ဆောင်ခြင်းတွင်ပါဝင်ကြသော ဘုရားသခင့်ကျေးကျွန်ထောင်ပေါင်းများစွာ၏ စိုးလ်အကြွင်းမဲ့ကြိုးစားအားထုတ်မှုသည် ယေဟောဝါအား အလွန်ကျယ်လောင်သောအသံဖြင့် ချီးမွမ်းထောမနာပြုရာရောက်စေသည်။ ဤနိုင်ငံတော်ကြွေးကြော်သူများသည် လူများများထံသတင်းကောင်းပျံ့နှံ့စေရန် ကိုယ်တိုင်ကြိုးစားလုပ်ဆောင်သည်နှင့်အမျှ ကိုယ်တော့်ဝိညာဉ်တော်နှင့်ကောင်းချီးရရန် ကိုယ်တော့်အပေါ်တွင် ပို၍မူတည်ကြောင်းသိလာရသဖြင့် ယေဟောဝါနှင့်နှစ်ကိုယ်ကြားရင်းနှီးမှုရှိရန် နီးနီးကပ်ကပ်နေကြသည်။

၉ ကျွန်ုပ်တို့အလယ်တွင် တက်ကြွလှုပ်ရှားသောအရန်ရှေ့ဆောင်၊ မှန်မှန်ရှေ့ဆောင်နှင့် အထူးရှေ့ဆောင်များရှိခြင်းသည် အသင်းတော်တွင် အားမာန်ပြည့်ဝတက်ကြွစေသောစိတ်ဓာတ် ကိုဖြစ်ပေါ်စေသည်။ သူတို့၏လယ်ကွင်းတွေ့ ကြုံမှုများကိုပြောပြစဉ် သူတို့၏စိတ်အားထက်သန်မှုသည်ကူးစက်သွားသည်။ ယင်းက အခြားသူများအား မိမိတို့၏ရှေးဦးထားရာများနှင့် ဓမ္မအမှု၏အရေးကြီးဆုံးလုပ်ငန်းတွင် တိုးချဲ့ပါဝင်နိုင်ရန်အလားအလာကို ပြန်ဝေဖန်သုံးသပ်ရန် လှုံ့ဆော်မှုဖြစ်စေသည်။ အသက် ၇၀ တွင်နှစ်ခြင်းခံသောညီအစ်မတစ်ဦးသည် ချက်ချင်းပင်စတင်ကာ ဆက်တိုက်အရန်ရှေ့ဆောင်ခဲ့သည်။ နှစ်အတော်အတန်ကြာပြီးနောက် သူမ၏အသက်အရွယ်နှင့် ဓမ္မအမှုတွင် လတိုင်းအရန်ရှေ့ဆောင်အဖြစ် အဘယ်ကြောင့် ဤမျှကြိုးစားလျက်ရှိကြောင်း အမေးခံရသောအခါ သူမ၏အသက်တာပထမပိုင်းအနှစ် ၇၀ ကိုဖြုန်းတီးပစ်သကဲ့သို့ ခံစားရကြောင်း၊ အသက်တာ၏ကျန်ရှိသောနှစ်များကို မဖြုန်းတီးလိုကြောင်းပြောပြသည်!

၁၀ အရန်ရှေ့ဆောင်လုပ်ငန်းတွင်ပါဝင်သူတိုင်းသည် ဓမ္မအမှုတွင် တိုးတက်ကျွမ်းကျင်မှု ကိုဖြစ်ပေါ်စေသည်။ သက်သေခံလူငယ်တစ်ဦးဤသို့ဝန်ခံသည်– ‘ကလေးဘဝက ကျွန်တော်ဟာ ဟောပြောခြင်းလုပ်ငန်းမှာ မိဘများနဲ့တွဲလေ့ရှိပါတယ်။ လယ်ကွင်းလုပ်ငန်းဟာ တကယ့်ကိုပျော်စရာဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းမှာ ကျွန်တော်ဟာ တခြားကျောင်းသားတွေနဲ့မတူဘူးဆိုတာ ချက်ချင်းသဘောပေါက်လာတယ်။ ကျောင်းသားဖော်တွေကို သမ္မာတရားအကြောင်းပြောဖို့ ကျွန်တော်အခက်တွေ့လာရတယ်။ တစ်အိမ်တက်ဆင်းဟောတဲ့အခါ ကျောင်းကကျွန်တော့်အသိတစ်ဦးဦးနဲ့တွေ့ရလိမ့်မယ်ဆိုတဲ့အတွေးကြောင့် စိုးရိမ်လာတယ်။ ကျွန်တော့်မှာ အခက်တွေ့ရတာကတော့ လူကိုကြောက်ရွံ့ ခြင်းပဲလို့ထင်ပါတယ်။ [သု. ၂၉:၂၅] ကျောင်းမှဘွဲ့ယူပြီးတဲ့နောက် ခေတ္တရှေ့ဆောင်စမ်းလုပ်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ ရလဒ်အနေနဲ့ တစ်ခါနဲ့မှမတူဘဲ ပျော်စရာဖြစ်လာပါတယ်။ လေးလံတဲ့ဝန်ထုပ်အဖြစ်မဟုတ်ဘဲ ပျော်စရာကောင်းတဲ့လုပ်ငန်းတစ်ခုအဖြစ်ယူမှတ်လာတယ်။ ကျွန်တော့်ရဲ့ကျမ်းစာသင်သားတွေ သမ္မာတရားမှာတိုးတက်နေတာမြင်ရတဲ့အခါ ယေဟောဝါဘုရားသခင်ဟာ ကျွန်တော့်ရဲ့ကြိုးစားမှုကို ကူညီထောက်ပံ့ပေးနေတယ်ဆိုတာမြင်ရတဲ့အတွက် အလွန်ပဲကျေနပ်မှုရရှိခဲ့ပါတယ်။’ ဤလူငယ်သည် မှန်မှန်ရှေ့ဆောင်တစ်ဦးအဖြစ် ဆက်အမှုဆောင်ခဲ့သည်။

၁၁ လက်တွေ့ကျရှုထောင့်မှကြည့်လျှင် အသင်းတော်တွင် များစွာသောသူတို့သည် အရန်ရှေ့ဆောင်များအဖြစ် အမှုဆောင်သောအခါ ရပ်ကွက်ကို နှံ့နှံ့စပ်စပ်ပြီးမြောက်စေသည်။ ရပ်ကွက်များတာဝန်ပေးခြင်းကိုကိုင်တွယ်သူညီအစ်ကိုသည် ရံဖန်ရံခါသာအမှုဆောင်သည့်အပိုင်းများကို ပြီးစီးစေရန် အရန်ရှေ့ဆောင်များ၏အကူအညီကို တောင်းဆိုနိုင်သည်။ နေ့လယ်စာကိုတစ်ပါတည်းယူဆောင်သွားပြီး တစ်နေ့လုံးအမှုဆောင်ခြင်းဖြင့် ရပ်ကွက်၏ဝေးလံသောအစွန်အဖျားများကိုပင် လုပ်ဆောင်နိုင်ပေမည်။

၁၂ အကြီးအကဲများကြိုတင်ပြင်ဆင်မှုများလုပ်ရန်လိုအပ်– လာမည့်သုံးလလုံး ကြေညာသူများစွာပါဝင်နိုင်ရန် မွန်းလွဲနှောင်းပိုင်းနှင့် ညနေစောင်းအပါအဝင် ရက်သတ္တပတ်ပေါင်းများစွာအတွင်း သက်သေခံခြင်းလုပ်ဆောင်မှုအမျိုးမျိုးအတွက် အစီအစဉ်များဆွဲသင့်သည်။ ပုံမှန်တစ်အိမ်မှတစ်အိမ်လုပ်ငန်းအပြင် လမ်းဘေးသက်သေခံခြင်း၊ စီးပွားရေးရပ်ကွက်တွင်အမှုဆောင်ခြင်းနှင့် လူမတွေ့ခဲ့ရသည့်အိမ်များသို့ပြန်သွားခြင်းအတွက် အချိန်ဇယားများပါဝင်စေပါ။ ဤသို့ကြိုတင်ပြင်ဆင်ခြင်းဖြင့် အသင်းတော်တွင် ရှေ့ဆောင်လုပ်နေသူများကို အကြီးအကဲများအကူအညီပေးခြင်းသည် ရှေ့ဆောင်များအတွက် လက်တွေ့အကျဆုံးနှင့်အဆင်အပြေဆုံးဖြစ်စေပေမည်။ အသင်းတော်သည် လယ်ကွင်းလုပ်ငန်းတော်အစီအစဉ်အားလုံးနှင့် အကျွမ်းတဝင်ရှိသင့်သည်။ လုပ်ငန်းတော်အတွက် စည်းဝေးခြင်းများကို စနစ်တကျကိုင်တွယ်သင့်သည်။ ထို့အပြင် ရပ်ကွက်အလုံအလောက်ရှိထားသင့်ပြီး မဂ္ဂဇင်းနှင့်အခြားစာပေများ အလုံအလောက်ရှိစေရန် ချက်ချင်းမှာယူသင့်သည်။

၁၃ သင့်ကိုယ်ပိုင်လုပ်ငန်းတော်ဇယားကိုရေးဆွဲပါ– အစပိုင်းတွင် အရန်ရှေ့ဆောင်ရန် စိုးရိမ်ခဲ့သည့်ညီအစ်ကိုတစ်ဦး ဤသို့ဆိုသည်– “အမှန်တကယ်ပဲ ကျွန်တော်ထင်တာထက်ကို အများကြီးပိုလွယ်ပါတယ်။ အစီအစဉ်ဇယားကောင်းတစ်ခုရှိဖို့ပါပဲ။” ဤကြားညှပ်စာရွက်နောက်ကျောတွင် သင့်အတွက်လက်တွေ့ကျမည့် အရန်ရှေ့ဆောင်အစီအစဉ်ဇယားနမူနာတစ်ခုကို သင်တွေ့ပါသလော။ ဓမ္မအမှုအတွက် ပတ်စဉ် တစ်ဆယ့်ငါးနာရီသည် အရန်ရှေ့ဆောင်များအား တောင်းဆိုထားသည့်အချိန်ဖြစ်သည်။

၁၄ အရန်ရှေ့ဆောင်အဖြစ်အမှုဆောင်နိုင်ရန် အိမ်ရှင်မများနှင့် ညအလုပ်ဆင်းရသူများသည် လယ်ကွင်းလုပ်ငန်းအတွက် နံနက်ပိုင်းကိုစီစဉ်နိုင်လေ့ရှိကြသည်။ ကျောင်းသူကျောင်းသားများနှင့် နံနက်အစောပိုင်းအချိန်အတွင်း အလုပ်ဆင်းရသူများသည် များသောအားဖြင့် ဟောပြောခြင်းလုပ်ငန်းတွင် မွန်းလွဲနှောင်းပိုင်း၌ပါဝင်နိုင်ကြသည်။ အချိန်ပြည့်လောကီအလုပ်လုပ်ရသူများသည် ဓမ္မအမှုအတွက် တစ်ပတ်လျှင်တစ်ရက်အလုပ်နားခြင်း သို့မဟုတ် စနေ၊ တနင်္ဂနွေနှစ်ရက်စလုံးအပြည့် ပေးဆက်လုပ်ဆောင်ခြင်းအပြင် ညနေပိုင်းသက်သေခံခြင်းကိုပါ လုပ်ဆောင်ခြင်းဖြင့် ပါဝင်နိုင်ကြောင်းတွေ့ရှိလာကြသည်။ များသောအားဖြင့် စနေ၊ တနင်္ဂနွေအမှုဆောင်ရာတွင် အကန့်အသတ်ဖြစ်ရသူများစွာသည် စနေတနင်္ဂနွေငါးကြိမ်ပါသောလများကိုရွေးကြသည်။ ဤနှစ်တွင် မတ်၊ ဩဂုတ်နှင့်နိုဝင်ဘာတို့သည် ထိုသို့သောလများဖြစ်သည်။ လမ်းညွှန်အဖြစ်စီစဉ်ထားသောစာမျက်နှာ ၆ ပါကွက်လပ်မဖြည့်ထားသည့်ဇယားကို အသုံးပြုကာ သင်တို့တစ်ဦးစီ၏အခြေအနေအတွက် မည်သည့်ဇယားက လက်တွေ့ကျသောကိုယ်ပိုင်လုပ်ငန်းတော်ဇယားဖြစ်မည်ကို ဂရုတစိုက်နှင့်ဆုတောင်းစဉ်းစားပြီးဖြည့်စွက်ပါ။

၁၅ အရန်ရှေ့ဆောင်ရန် စီစဉ်ခြင်း၏အကျိုးကျေးဇူးတစ်ခုမှာ ပြောင်းသာလဲသာရှိခြင်းဖြစ်သည်။ သင်ရှေ့ဆောင်မည့်လများကိုရွေးနိုင်သည်။ သင့်ဆန္ဒရှိသရွေ့လုပ်နိုင်သည်။ ဆက်တိုက်အရန်ရှေ့ဆောင်လုပ်လိုသော်လည်း မလုပ်နိုင်ပါက နှစ်တစ်လျှောက်လုံးတွင် တစ်လခြားလုပ်ဆောင်ရန် သင်စဉ်းစားမိသလော။ အခြားတစ်ဖက်တွင် အချို့သူတို့သည် အချိန်ကိုတိုးချဲ့ခြင်းဖြင့် အရန်ရှေ့ဆောင်များအဖြစ် ဆက်တိုက်အမှုဆောင်နိုင်ကြသည်။

၁၆ အချိန်ပြည့်ရှေ့ဆောင်ရန် စိတ်ထက်သန်ခြင်း– ရှေ့ဆောင်စိတ်ဓာတ်ရှိသူများစွာသည် မှန်မှန်ရှေ့ဆောင်အဖြစ်အမှုဆောင်လိုသော်လည်း ယင်းသို့လုပ်ဆောင်ရန် သူတို့တွင် အချိန်၊ အခြေအနေ သို့မဟုတ် ခံနိုင်ရည်ရှိမရှိ တွေးပူကြသည်။ ယခုမှန်မှန်ရှေ့ဆောင်နေသူအများစုသည် အစပထမက အချိန်ပြည့်လုပ်ငန်းကို စိတ်ထက်သန်သောကြောင့် အရန်ရှေ့ဆောင်အဖြစ်အသုံးခံခဲ့ကြသည်မှာ သံသယရှိစရာမလိုပါ။ နေ့စဉ်တစ်နာရီမျှ သို့မဟုတ် တစ်ပတ်လျှင်တစ်ရက်အပြည့် အရန်ရှေ့ဆောင်အစီအစဉ်ဇယားကိုတိုးချဲ့ပေးခြင်းဖြင့် မှန်မှန်ရှေ့ဆောင်အစီအစဉ်ဇယားကို ဖြည့်စွက်နိုင်သည်။ သင့်အတွက်ဖြစ်နိုင်ကြောင်းတွေ့ရှိပါက အရန်ရှေ့ဆောင်သည့်တစ်လ သို့မဟုတ် ထိုထက်ကြာသည့်အတောအတွင်းတွင် ဓမ္မအမှု၌ နာရီ ၉၀ ပေးဆက်နိုင်ရန် ကြိုးစားပါလေ။ တစ်ချိန်တည်းမှာပင် သင်သည် တိုးတက်မှုရှိသောပြန်လည်ပတ်မှုများနှင့် ကျမ်းစာသင်အံမှုများရရှိကာ ကောင်းမွန်မျှတသောရှေ့ဆောင်ဓမ္မအမှုကို ရရှိခံစားရပါလိမ့်မည်။

၁၇ ညီအစ်မတစ်ဦးသည် အရန်ရှေ့ဆောင်ခြင်း၌ ခြောက်နှစ်ဆက်တိုက်မွေ့လျော်ခဲ့သည်။ အချိန်တိုင်းတွင် သူမ၏ပန်းတိုင်သည် မှန်မှန်ရှေ့ဆောင်လုပ်ငန်းသို့ဝင်ရောက်ရန်ဖြစ်သည်။ ထိုရည်ရွယ်ချက်ဖြင့် သူမသည် မှန်မှန်ရှေ့ဆောင်များကိုတောင်းဆိုသောနာရီ ၉၀ ရရှိနိုင်မည့် အခြေအနေတစ်ခုကိုဖန်တီးယူမည်ဟူသည့် မျှော်လင့်ချက်ဖြင့် ခြားနားသောလောကီလုပ်ငန်းလေးခုကို စုံစမ်းခဲ့သည်။ ဖြစ်နိုင်မဖြစ်နိုင်တွက်ချက်နိုင်ရန် အစီအစဉ်ဇယား တစ်ခု သို့မဟုတ် နှစ်ခုကို လတိုင်းရေးဆွဲခဲ့သည်။ သို့သော် ယင်းတို့ကိုဆန်းစစ်ကြည့်ရာ အချိန်ပြည့်ဓမ္မအမှုနှင့်အလှမ်းကွာဝေးနေသည်ဟု သူမ ယူမှတ်ခဲ့သည်။ လမ်းပြညွှန်ကြားမှုအတွက် ယေဟောဝါထံ အစဉ်မပြတ်တောင်းဆိုခဲ့သည်။ သို့ဖြင့် လုပ်ငန်းတော်စည်းဝေးအတွက်ပြင်ဆင်နေစဉ်တစ်နေ့တွင် ၁၉၉၁ စက်တင်ဘာ၊ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ပါဆောင်းပါးတစ်ခုတွင် ဤသို့ဖော်ပြထားသည်ကို သူမဖတ်ရသည်– “ထည့်သွင်းရမည့်အချိန်နာရီကို အာရုံစိုက်မည့်အစား စုသိမ်းခြင်းလုပ်ငန်းတွင်ပါဝင်ခွင့်တိုးများလာခြင်းကို အာရုံပြုပါ။ (ယော. ၄:၃၅၊ ၃၆)” သူမဤသို့ပြောပြသည်– “ကျွန်မ အဲ့ဒီဝါကျကို ငါးကြိမ် သို့မဟုတ် ခြောက်ကြိမ်ပြန်ဖတ်ပြီး ဒါဟာ ယေဟောဝါရဲ့အဖြေပဲဆိုတာ လုံးဝစိတ်ချခဲ့တယ်။ မှန်မှန်ရှေ့ဆောင်လုပ်ငန်းကိုဝင်ရောက်ဖို့ တစ်ထိုင်တည်းဆုံးဖြတ်လိုက်တယ်။” သူမ၏အချိန်ပိုင်းလောကီလုပ်ငန်းအစီအစဉ်သည် အကောင်းဆုံးမဖြစ်ခဲ့သော်လည်း မှန်မှန်ရှေ့ဆောင်လျှောက်လွှာတင်သွင်းခဲ့သည်။ တစ်ပတ်ကြာပြီးနောက် သူမ၏အစီအစဉ်ဇယားကိုပြောင်းခဲ့ရပြီး သူမအတွက်သင့်တော်သောလောကီအချိန်ပိုင်းလုပ်ငန်းရရှိခဲ့သည်။ “ဒါဟာ ယေဟောဝါရဲ့ကောင်းချီးပဲလို့ သဘောမတူပေဘူးလား” ဟုသူမကောက်ချက်ချကာ ဤသို့ထပ်ပြောသည်– “လမ်းပြမှုကို ယေဟောဝါထံတောင်းခံပြီး ရတဲ့အခါ မငြင်းပယ်ဘဲလက်ခံပါ။” သင်သည် ဤမတ်၊ ဧပြီနှင့်မေ သုံးလလုံး အရန်ရှေ့ဆောင်လုပ်ပြီးနောက် မှန်မှန်ရှေ့ဆောင်လုပ်ရန် ထက်သန်သောဆန္ဒရှိပါက သင်လည်း အချိန်ပြည့်ဓမ္မအမှုတွင် အောင်မြင်မှုရနိုင်ကြောင်း ယုံကြည်လက်ခံပါလိမ့်မည်။

၁၈ ဤအထူးနွေဦးရာသီချိန်ခါ အမှုဆောင်ကာလအတွင်း ကယ်တင်ခြင်းသတင်းကောင်းကိုကြေညာစဉ် မိမိလူမျိုးတော်၏ဇွဲကိုကောင်းချီးပေးကာ ကြိုးစားအားထုတ်မှုများကို ကူညီထောက်ပံ့ပေးမည်ဟူ၍ ကျွန်ုပ်တို့ယုံကြည်ပါသည်။ (ဟေရှာ. ၅၂:၇; ရော. ၁၀:၁၅) မတ်၊ ဧပြီ၊ မေလတွင်ပါဝင်ခြင်းဖြင့် အရန်ရှေ့ဆောင် ၁၀၀ အတွက်ဖိတ်ခေါ်ချက်ကို သင်တုံ့ ပြန်မည်လော။

[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်]

အရန်ရှေ့ဆောင်တစ်ဦးအဖြစ် မည်သို့အောင်မြင်နိုင်

▪ သင့်အလားအလာများနှင့်စပ်လျဉ်း၍ အပြုသဘောရှိပါ

▪ သင့်ကြိုးစားအားထုတ်မှုများကို ကောင်းချီးပေးရန် ယေဟောဝါထံဆုတောင်းပါ

▪ သင်နှင့်အတူရှေ့ဆောင်ရန် အခြားကြေညာသူတစ်ဦးကို ဖိတ်ခေါ်ပါ

▪ လက်တွေ့ကျသော လုပ်ငန်းတော်အစီအစဉ်ဇယားကို ဆွဲပါ

▪ မဂ္ဂဇင်းအလုံအလောက်ရှိရန် မှာယူပါ

▪ လုပ်ငန်းတော်အတွက် အသင်းတော်အစီအစဉ်များကို ထောက်ခံပါ

▪ အလွတ်သဘောသက်သေခံရန် အခွင့်အလမ်းများရှာယူပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ