ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၀၃ စာ. ၆
  • “တလိုတလားရှိ” သူများကို ကူညီပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “တလိုတလားရှိ” သူများကို ကူညီပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပြန်လည်ပတ်မှုများက ကျမ်းစာသင်အံမှုများရရှိစေ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • ပြန်လည်ပတ်မှုများပြုရန်တာဝန်ကိုလက်ခံခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ပြင်ဆင်ခြင်း—ထိရောက်သောပြန်လည်ပတ်မှုများအတွက် သော့ချက်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • မလွဲမရှောင် ပြန်လည်ပတ်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
နဓ ၁၂/၀၃ စာ. ၆

“တလိုတလားရှိ” သူများကို ကူညီပါ

၁။ ကျွန်ုပ်တို့ခေတ်တွင် ယေဟောဝါသည် မည်သူတို့ကို မိမိထံစုသိမ်းနေသနည်း။

၁ လူတစ်ဦးစီတွင် ပုံဆောင်နှလုံး၌ အမြစ်တွယ်နေသည့် စိတ်ထားတစ်မျိုးစီရှိကြ၏။ (မ. ၁၂:၃၅) သမ္မာကျမ်းစာက “စိတ်နှလုံး၌ စစ်တိုက်ရန် ကြံစည်ခြင်းရှိ” သူတစ်ဦးအကြောင်း ဖော်ပြသည်။ (ဆာ. ၅၅:၂၁၊ သမ္မာ) အချို့သူများမှာ “ဒေါသပြင်းထန်သောသူ” များဖြစ်ကြသည်။ (သု. ၂၉:၂၂၊ သမ္မာ) သို့သော် “ထာဝရအသက်ကို တလိုတလားရှိသူ” များလည်းရှိ၏။ (တ. ၁၃:၄၈၊ ကဘ) ကျွန်ုပ်တို့ခေတ်တွင် ယေဟောဝါသည် ထိုကဲ့သို့တလိုတလားရှိသူများကို မိမိထံစုသိမ်းနေသည်။ (ဟဂ္ဂဲ ၂:၇) ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများဖြစ်လာရန် သူတို့ကို ကျွန်ုပ်တို့ မည်သို့ကူညီနိုင်သနည်း။

၂။ တပည့်များဖြစ်စေရန်ဟူသော ကျွန်ုပ်တို့၏တာဝန်ကို ကျေပွန်စေရာတွင် အဘယ်အရာပါဝင်ပတ်သက်သနည်း။

၂ တာဝန်သိစိတ်ဖြင့် ပြန်လည်ပတ်ပါ– ပြန်လည်ပတ်မှုများပြုလုပ်ခြင်းအပေါ် အမြင်မှန်ရှိခြင်းသည် တပည့်များဖြစ်စေရန်ဟူသော ကျွန်ုပ်တို့၏တာဝန်ကို ကျေပွန်စေရာတွင် အရေးပါ၏။ (မ. ၂၈:၁၉၊ ၂၀) ကျွန်ုပ်တို့သည် တွေ့ရသောစိတ်ဝင်စားမှုကို ပျိုးထောင်ပေးရန် ဝီရိယရှိကြသလော။ စာပေလက်ခံသူ သို့မဟုတ် သတင်းကောင်းကို စိတ်ဝင်စားမှုပြသူအားလုံးထံ ပြန်လည်ပတ်ကြသလော။ ကျွန်ုပ်တို့သည် သူတို့၏ဝိညာဉ်ရေးတိုးတက်ရန် ကူညီပေးဖို့ စွဲစွဲမြဲမြဲ ကြိုးစားကြသလော။ သေရေးရှင်ရေးနှင့်ပတ်သက်နေသောကြောင့် ကျွန်ုပ်တို့တွေ့ရသည့် စိတ်ဝင်စားမှုအားလုံးကို ပျိုးထောင်ပေးရန် ကြိုးပမ်းသင့်သည်။

၃။ ဓမ္မအမှုတွင် တစ်စုံတစ်ဦးနှင့် စကားပြောဆိုပြီးနောက် ကျွန်ုပ်တို့ဘာလုပ်သင့်သနည်း။

၃ စိတ်ဝင်စားသူတစ်ဦးနှင့်စကားပြောဆိုခဲ့ရသည်ကို သင်မှတ်မိနေတုန်း သူ၏အမည်နှင့် လိပ်စာကို ခဏလေးအချိန်ယူ၍ ရေးမှတ်ပါ။ ဆွေးနွေးခဲ့သောအကြောင်းအရာ၊ ဖတ်ခဲ့သည့် မည်သည့်ကျမ်းချက်မဆိုနှင့် ဝေငှခဲ့သောစာပေတို့ကို ရေးမှတ်ပါ။ ထို့နောက် အမြန်ဆုံးပြန်သွားရန် စိတ်ပိုင်းဖြတ်ပါ။

၄။ ထိရောက်သောပြန်လည်ပတ်မှုများကို မည်သို့ပြုလုပ်နိုင်သနည်း။

၄ ပြန်လည်ပတ်မှုတစ်ခု ပြုလုပ်ခြင်း– သင်သည် ပြန်လည်ပတ်မှုတစ်ခုပြုလုပ်သည့်အခါ လှိုက်လှဲပျူငှာမှုနှင့် ဖော်ရွေမှုရှိခြင်း၊ အိမ်ရှင်အား ရိုးသားသော ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြခြင်းက အကူအညီဖြစ်စေ၏။ ရိုးရိုးကလေးနှင့် ကျမ်းစာအခြေပြု ဆွေးနွေးခန်းဖြစ်စေပါ။ ဆွေးနွေးရန် စိတ်ဝင်စားစရာ ကျမ်းစာအကြောင်းအရာတစ်ခုကို ပြင်ဆင်ပါ၊ လည်ပတ်မှုအဆုံးတွင် နောက်တစ်ခါလည်ပတ်သည့်အခါ ဖြေဆိုပေးနိုင်သောမေးခွန်းတစ်ခုကို မေးပါ။ အိမ်ရှင်တင်ပြလာမည့် ကျမ်းစာနှင့်မညီညွတ်သည့် အယူအဆများနှင့်ပတ်သက်၍ မလိုအပ်ဘဲ အငြင်းပွားမှုမဖြစ်စေရန် ရှောင်ခြင်းသည် အကောင်းဆုံးဖြစ်၏။ အခြေခံသဘောထားချင်းတူညီရာများအပေါ် တည်ဆောက်ပေးရန်ကြိုးစားပါ။—ကော. ၄:၆။

၅။ ရှေ့ဆောင်တစ်ဦးသည် မည်သို့လုံ့လစိုက်ထုတ်ခဲ့သနည်း၊ အဘယ်အကျိုးကျေးဇူးခံစားရသနည်း။

၅ ပြန်လည်ပတ်မှုများပြုလုပ်ရန် လုံ့လစိုက်ထုတ်မှုလိုအပ်သော်လည်း အကျိုးကျေးဇူးများမှာ အားရဖွယ်ဖြစ်၏။ ဂျပန်နိုင်ငံရှိ ရှေ့ဆောင်တစ်ဦးသည် လတိုင်း ပြန်လည်ပတ်မှုများ ပိုမိုပြုလုပ်ရန် ပန်းတိုင်ထားခဲ့သည်။ သူသည် တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် တွေ့ခဲ့သူအားလုံးကို မှတ်တမ်းထားကာ ခုနစ်ရက်အတွင်း ပြန်လည်ပတ်ခဲ့သည်။ သူပြောမည့်အရာကို စေ့စေ့စပ်စပ်ပြင်ဆင်ကာ သူဟောပြောသောသတင်းတရားအပေါ် ယုံကြည်စိတ်ချမှုအပြည့်ဖြင့် အမှုတော်ဆောင်ခဲ့သည်။ သူ၏လည်ပတ်မှုတစ်ခုတွင် “ခင်ဗျားတို့ လာလည်တိုင်း ကျွန်တော်မောင်းထုတ်ခဲ့တယ်။ ဒါဟာ ပထမဆုံးအကြိမ်နားထောင်ခြင်းပဲ” ဟုပြောဆိုသူတစ်ဦးနှင့် သင်အံမှုစနိုင်ခဲ့သည်။ ရှေ့ဆောင်၏ မေတ္တာပါသောမဆုတ်မနစ်ဇွဲက အကျိုးကျေးဇူးခံစားရစေသည်။ သူသည် လကုန်သောအခါ ကျမ်းစာသင်အံမှုဆယ်ခု မှတ်တမ်းသွင်းခဲ့သည်။

၆။ ပြန်လည်ပတ်မှုများပြုလုပ်ရာတွင် အဘယ်ကြောင့် ဇွဲရှိရမည်နည်း။

၆ လူတို့၏အခြေအနေသည် အစဉ်ပြောင်းလဲနေသည်။ (၁ ကော. ၇:၃၁) ယင်းကြောင့် စိတ်ဝင်စားသူတစ်ဦးကို အိမ်တွင် ထပ်မံတွေ့ရှိရန် အကြိမ်ကြိမ်ကြိုးစားဖို့လိုသည်။ ကျွန်ုပ်တို့သည် တာဝန်သိစိတ်ဖြင့် ပြန်လည်ပတ်မှုများပြုလုပ်ခြင်းဖြင့် တလိုတလားရှိသူများအား ထာဝရအသက်လမ်းပေါ်ရောက်ရှိစေရန် ကူညီပေးနိုင်သည်။—မ. ၇:၁၃၊ ၁၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ