ပုံဆောင်စားသောက်ပွဲကြီးတက်ရောက်ရန် သင်ပြင်ဆင်ထားသလော
၁။ စားသောက်ပွဲကြီးတစ်ခုအတွက် အဘယ်ပြင်ဆင်မှုများ ပြုလုပ်ရသနည်း။
၁ စားသောက်ပွဲကြီးတစ်ခု တည်ခင်းရန်အတွက် ပြင်ဆင်မှုများစွာ လိုအပ်သည်။ ချက်ပြုတ်စရာများရှိရမည်၊ အရသာရှိရှိ ပြင်ဆင်ချက်ပြုတ်ရမည်၊ ထို့နောက် တည်ခင်းရမည်။ အစားအစာတည်ခင်းကျွေးမွေးရာတွင် အစီအစဉ်တကျရှိဖို့လိုသည်။ ထို့ပြင် ကျွေးမွေးမည့်နေရာကို အသင့်ပြင်ဆင်ထားရမည်။ ဧည့်သည်များလည်း ကြိုတင်ပြင်ဆင်ဖို့လိုသည်၊ အထူးသဖြင့် အတော်အတန်ဝေးသည့် နေရာမှလာရမည်ဆိုလျှင်ဖြစ်သည်။ များစွာလုပ်ဆောင်ရသော်လည်း မိတ်ဆွေများ၊ မိသားစုဝင်များနှင့်အတူ အရသာရှိပြီး အာဟာရရှိသော အစားအစာများကို တပျော်တပါးစားသောက်ရခြင်းက လုပ်ဆောင်ရကျိုးနပ်စေသည်။ မကြာမီ မြန်မာပြည်တစ်ဝန်းရှိ ယေဟောဝါသက်သေများသည် အလွန်မျှော်လင့်စောင့်စားခဲ့ရသော “စောင့်နေကြလော့” ပြည်လုံးကျွတ်စည်းဝေးကြီးဖြစ်သည့် ပုံဆောင်စားသောက်ပွဲတွင် ပါဝင်စားသောက်ရန် စုရုံးကြမည်။ အစီအစဉ်ပြင်ဆင်ရန်နှင့် ကိစ္စရပ်များအသင့်ဖြစ်စေရန် အလုပ်များစွာ လုပ်ဆောင်နေပြီဖြစ်သည်။ ကျွန်ုပ်တို့အားလုံး ဖိတ်ခေါ်ခံရပါသည်။ တက်ရောက်ရန်နှင့် အကျိုးအများဆုံးရရှိရန် ကျွန်ုပ်တို့ တစ်ဦးစီလည်း ပြင်ဆင်ရမည်ဖြစ်သည်။—သု. ၂၁:၅။
၂။ စည်းဝေးကြီး၏ အစီအစဉ်ပိုင်းတစ်ခုစီကို တက်ရောက်ရန် အဘယ်အရာ ပြုလုပ်ဖို့လိုအပ်သနည်း။
၂ အကျိုးအများဆုံးရယူပါ– ဤစည်းဝေးကြီး၏ အစီအစဉ်ပိုင်းတစ်ခုစီကို တက်ရောက်နိုင်ရန် သင်စီစဉ်ပြီးပြီလော။ လိုအပ်မည်ဆိုလျှင် သင်သည် စည်းဝေးကြီး၏ ပထမနေ့အပါအဝင် အစီအစဉ်ပိုင်းအားလုံးကို တက်ရောက်မည်ဟု သင့်အလုပ်ရှင်အား အသိပေးပြောပြပါ။ သွားလာရေးနှင့် တည်းခိုရေးအတွက် အစီအစဉ်များ ပြုလုပ်ပြီးပြီလော။ အကြီးအကဲများသည် အသက်ကြီးသူများနှင့် မသန်စွမ်းသူများအပါအဝင် အကူအညီလိုအပ်မည့်သူများ အကူအညီရရှိရန် စီစဉ်ထားပြီးဖြစ်ကြောင်း သေချာစေသင့်သည်။—ယေ. ၂၃:၄; ဂလ. ၆:၁၀။
၃။ ပြည်လုံးကျွတ်စည်းဝေးကြီးအတွက် မည်သည့်အထူးအစီအစဉ်များကို အုပ်ချုပ်ရေးအဖွဲ့မှ စီစဉ်ပေးထားသနည်း။
၃ ကျွန်ုပ်တို့၏ ပြည်လုံးကျွတ်စည်းဝေးကြီးတွင် အခြားနိုင်ငံများမှဧည့်သည်များ တက်ရောက်နိုင်ရန် အုပ်ချုပ်ရေးအဖွဲ့က စီစဉ်ပေးထားကြောင်း သိရသည့်အတွက် ကျွန်ုပ်တို့ အလွန်ဝမ်းမြောက်ကြသည်။ ဤစည်းဝေးကြီးကို တက်ရောက်ရန် သတ်မှတ်ထားသော တိုင်းတစ်ပါးမှ ကိုယ်စားလှယ်များကို ဖိတ်ခေါ်ပြီးဖြစ်ကြောင်း မှတ်သားပါ။ ဤအစီအစဉ်ကို ပြုလုပ်ရာတွင် ဌာနခွဲရုံးသည် ထိုင်ခုံအရေအတွက်နှင့် ရရှိနိုင်သည့် ဟိုတယ်အခန်းများကို သုံးသပ်ပြီး မည်မျှဖိတ်ခေါ်မည်ကို သေချာတွက်ချက်ထားသည်။
၄။ နေ့စဉ် အစီအစဉ်စတင်ချိန်တွင် အသင့်ဖြစ်နေဖို့ အဘယ်သတိပေးချက်များက အထောက်အကူပြုမည်နည်း။
၄ အစီအစဉ်မစတင်မီ နေရာရဖို့ စည်းဝေးကြီးသို့ နေ့စဉ် အချိန်မီရောက်ရန် ပြင်ဆင်ပါ။ အစီအစဉ်မစတင်မီ မိနစ်အနည်းငယ်အချိန်ယူ၍ ပုံနှိပ်အစီအစဉ်စာရွက်ကို အကြမ်းဖျင်းကြည့်ပါ။ ယင်းက တင်ဆက်မည့်အကြောင်းအရာအတွက် သင့်နှလုံးကို ပြင်ဆင်ရန် အထောက်အကူပြုပါလိမ့်မည်။ (ဧဇ. ၇:၁၀၊ ကဘ) အစီအစဉ်ပိုင်းသဘာပတိက ပဏာမတေးသံကို မိတ်ဆက်ပေးသောအခါ ယင်းကို ကောင်းစွာနားထောင်ပြီး အဖွင့်သီချင်းနှင့် ဆုတောင်းချက်တွင်ပါဝင်ရန် အသင့်ဖြစ်နေပါ။
၅။ ကျွန်ုပ်တို့၏မိသားစုသည် မည်သို့အားဖြင့် အစီအစဉ်မှ အကျိုးအများဆုံးရနိုင်သနည်း။
၅ စည်းဝေးကြီးအတွင်း မိသားစုဝင်များ အတူထိုင်ပါက အစီအစဉ်ကို မိမိတို့ကလေးများ အာရုံစိုက်နားထောင်နေမနေ မိဘများက ကြည့်ရှုပေးနိုင်မည်။ (တရား. ၃၁:၁၂) ကျမ်းချက်များကို မိမိတို့၏ကျမ်းစာမှ လိုက်ဖွင့်ဖတ်ရန် ကျွန်ုပ်တို့အားလုံး အားပေးခံရပါသည်။ မှတ်စုတိုများယူခြင်းက အစီအစဉ်ကို အာရုံစိုက်ရန် အထောက်အကူပြုပေမည်။ နောက်ပိုင်းတွင် သင့်မှတ်စုများက ဟောပြောချက်များ၏ အဓိကအချက်များကို ပြန်မှတ်မိရန် အကူအညီဖြစ်စေပါလိမ့်မည်။ အစီအစဉ်အတွင်း မလိုအပ်ဘဲစကားပြောဆိုခြင်း သို့မဟုတ် နေရာမှထသွားခြင်းကို ရှောင်ပါ။ သင်၌ ဆဲလ်ဖုန်းရှိပါက ယင်းကြောင့် အစီအစဉ်အတွင်း သင်နှင့်အခြားသူများကို အနှောင့်အယှက်မဖြစ်ပါစေနှင့်။ တစ်ရက်တာအစီအစဉ် ပြီးသွားသောအခါ အစီအစဉ်မှ သင်နှစ်သက်သည့် အကြောင်းအရာများကို အခြားသူများနှင့် ဆွေးနွေးပါလေ။
၆။ ကျွန်ုပ်တို့စည်းဝေးကြီးများ၏ ထူးခြားသော အသွင်အပြင်တစ်ရပ်မှာ အဘယ်နည်း၊ ယင်းမှ အကျိုးအပြည့်အဝရရန် မည်သို့လုပ်ဆောင်နိုင်သနည်း။
၆ ကျွန်ုပ်တို့သည် ပြည်လုံးကျွတ်စည်းဝေးကြီးတွင် လောကရှိ မည်သည့်နေရာ၌မျှ မရနိုင်သည့် ညီအစ်ကိုညီအစ်မများနှင့် ရင်းနှီးသောဆက်ဆံရေးကို ရရှိကြပါလိမ့်မည်။ (ဆာ. ၁၃၃:၁-၃; မာ. ၁၀:၂၉၊ ၃၀) သင့်ထိုင်ခုံအနီးအနားရှိသူများနှင့် မိတ်ဆက်ကာ နေ့လယ်စာစားချိန်တွင် သူတို့နှင့် စကားစမြည်ပြောဆိုပါ။ ယင်းသည် အပြင်ထွက်ပြီး စားသောက်ဆိုင်တွင် စားမည့်အစား ရိုးရှင်းသည့်နေ့လယ်စာယူလာပြီး စည်းဝေးကြီးအဆောက်အအုံတွင် ရှိနေခြင်း၏ အကျိုးကျေးဇူးများထဲမှ တစ်ခုဖြစ်သည်။ အပြန်အလှန်အားပေးနိုင်သည့် ဤသို့သောအခွင့်အရေးကို လက်လွတ်မခံပါနှင့်။—ရော. ၁:၁၁၊ ၁၂။
၇။ ကျွန်ုပ်တို့ဝတ်မည့် အဝတ်အစားများနှင့်ပတ်သက်၍ အဘယ်ပြင်ဆင်မှုများ ပြုလုပ်သင့်သနည်း။
၇ အဝတ်အစား– ယေဟောဝါသည် အစ္စရေးလူတို့အား မိမိတို့ဝတ်ရုံ၏အစွန်းတွင် ပန်းပွားများတပ်ပြီး ယင်းပန်းပွားအထက်တွင် ပြာသောကြိုးချည်တွဲရမည်ဟု မိန့်မှာခဲ့သည်မှာ မှတ်သားထိုက်ပါသည်။ (တော. ၁၅:၃၇-၄၁) ယင်းက သူတို့သည် ယေဟောဝါအားဝတ်ပြုရန် သီးသန့်ခွဲထားခံရသည့် လူမျိုးဖြစ်ကြောင်း မြင်သာသည့် သတိပေးချက်ဖြစ်သည်။ ယနေ့လည်း စည်းဝေးကြီးတွင် ဣန္ဒြေသိက္ခာရှိသော အဝတ်အစားများဝတ်ဆင်ခြင်းဖြင့် ကျွန်ုပ်တို့ကို လောကနှင့် သီးခြားဖြစ်စေသည်။ အစီအစဉ်ပြီးနောက် အပြင်ထွက်၍ စားသောက်သည့်အခါ၌ပင် ကျွန်ုပ်တို့ကို ကြည့်ရှုနေသူများအတွက် ယင်းသည် ထိရောက်သော သက်သေခံချက်တစ်ခုဖြစ်၏။ ထို့ကြောင့် သင်ဝတ်မည့်အဝတ်အစားများကို သေချာစွာ ကြိုတင်စဉ်းစားထားပါ။
၈။ စည်းဝေးကြီးကျင်းပသည့်မြို့တွင်ရှိနေစဉ် ကျွန်ုပ်တို့သည် အခြားသူများအား မည်သို့သက်သေခံနိုင်သနည်း။
၈ သက်သေခံပါ– ကျွန်ုပ်တို့သည် အနည်းငယ်ကြိုတင်စဉ်းစားထားခြင်းဖြင့် စည်းဝေးကြီးကျင်းပသည့်မြို့တွင်ရှိနေစဉ် လူများကို သက်သေခံနိုင်ပေမည်။ အစီအစဉ်ပြီးနောက် မိမိဇနီးနှင့်အတူ စားသောက်ဆိုင်သို့ သွားခဲ့သည့် ညီအစ်ကိုတစ်ဦးသည် သူ၏စည်းဝေးကြီးရင်ထိုးကတ်ကိုပြ၍ စားပွဲထိုးအား “ဒီကတ်မျိုးတပ်ထားတဲ့လူတွေကို ခင်ဗျား တွေ့သလား” ဟုမေးခဲ့သည်။ စားပွဲထိုးက သူတို့ကို သတိထားမိကြောင်းနှင့် အဘယ်ကြောင့်တပ်ဆင်ထားသည်ကို သူသိလိုကြောင်းပြောသည်။ ဤသို့ဖြင့် စကားလက်ဆုံကျသွားပြီး ညီအစ်ကိုက စားပွဲထိုးအား စည်းဝေးကြီးသို့ ဖိတ်ခေါ်ခဲ့သည်။
၉။ ကျွန်ုပ်တို့အားဖိတ်ခေါ်သည့် ယေဟောဝါအား ကျေးဇူးတင်လေးမြတ်ကြောင်း မည်သို့ဖော်ပြနိုင်ကြသနည်း။
၉ ကျွန်ုပ်တို့၏ ညီအစ်ကိုများသည် ဟောပြောချက်များ၊ လူတွေ့မေးမြန်းခန်များနှင့် သရုပ်ပြများကို တင်ဆက်မည်ဖြစ်သော်လည်း ဤနှစ်စဉ်ပုံဆောင်စားသောက်ပွဲကြီးကို မေတ္တာပါစွာပြင်ဆင်ပေးသူမှာ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော် ယေဟောဝါဖြစ်သည်။ (ဟေရှာ. ၆၅:၁၃၊ ၁၄) နေ့စဉ်တက်ရောက်ပြီး တင်ဆက်သည့်အကြောင်းအရာတိုင်းကို လက်မလွတ်စေခြင်းဖြင့် ကျွန်ုပ်တို့အားဖိတ်ခေါ်သည့် ယေဟောဝါအား ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြကြသည်။ ထိုသို့ပြုလုပ်ရန် သင် အသင့်ပြင်ဆင်ပြီးပြီလော။
ပြည်လုံးကျွတ်စည်းဝေးကြီး သတိပေးချက်များ
◼ အစီအစဉ်အချိန်များ– အစီအစဉ်ကို ကြာသပတေးနေ့ မွန်းလွဲ ၁:၂၀ နာရီတွင် စတင်မည်ဖြစ်ပြီး သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့တို့တွင်မူ နံနက် ၉:၂၀ နာရီတွင် စတင်ပါမည်။ အစီအစဉ်ကို စနစ်တကျစတင်နိုင်ရန် အဖွင့်တေးသံသာ ကြေညာချိန်တွင် ကျွန်ုပ်တို့အားလုံးသည် မိမိတို့၏ထိုင်ခုံတွင် ရှိနေသင့်သည်။ အစီအစဉ်ကို ကြာသပတေးနေ့တွင် ညနေ ၄:၅၅ နာရီ၊ သောကြာနေ့တွင် ညနေ ၅:၁၅ နာရီ၊ စနေနေ့တွင် ညနေ ၄:၅၀ နာရီနှင့် တနင်္ဂနွေနေ့တွင် ညနေ ၄:၃၀ နာရီတွင် နိဂုံးချုပ်ပါမည်။
◼ ကားရပ်နားခြင်း– စည်းဝေးကြီးကျင်းပရာနေရာတွင် ကားရပ်မည့်နေရာများကို ကျွန်ုပ်တို့ ကြီးကြပ်ပေးပါမည်၊ တက်ရောက်လာသူများ၏ကားများ ရပ်နားရန် နေရာများကို စီစဉ်ပေးထားမည်ဖြစ်ပြီး အခကြေးငွေ ပေးစရာမလိုဘဲ ဦးရာလူစနစ်ဖြင့် ရပ်နားနိုင်သည်။ ကားရပ်နားရန်နေရာများသည် များသောအားဖြင့် အကန့်အသတ်ရှိသောကြောင့် အတတ်နိုင်ဆုံး စုပေါင်း စီးသင့်သည်။
◼ ထိုင်ခုံဦးခြင်း– သင်နှင့်အတူ ကားတစ်စီးတည်းစီးလာသူများ သို့မဟုတ် သင်နှင့်အတူ တစ်အိမ်တည်းနေသူများအတွက်သာ ထိုင်ခုံများဦးထားနိုင်သည်။
◼ အစားအစာ– စည်းဝေးကြီးသို့ ကိုယ်ပိုင်အစားအစာ ယူလာနိုင်သည်၊ သို့မဟုတ် ဆန္ဒရှိမည်ဆိုလျှင် စည်းဝေးကြီးကျင်းပသည့်နေရာတွင် ဝယ်ယူနိုင်သည်။ နေ့လယ်စာစားချိန်တွင်နှင့် စည်းဝေးကြီးပြီး၍ အိမ်သို့မပြန်မီ ရိုးရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့်အစားအစာကို ဝယ်ယူသွားနိုင်သည်။ ဤအစားအစာအစီအစဉ်နှင့်ပတ်သက်သည့် နောက်ထပ်အသေးစိတ်အချက်အလက်များကို သင့်အသင်းတော်သို့ စာတစ်စောင်ပေးပို့ပါမည်။ သို့သော် လုကာ ၁၀:၄၂ ပါ “အနည်းငယ်သာလျှင်၊ တစ်မည်သာလျှင်လို၏” ဟူသော ယေရှု၏စကားများနှင့်အညီ အစားအစာအစီအစဉ်များသည် အလွန်ရိုးရှင်းသင့်ကြောင်း ကျေးဇူးပြု၍ စိတ်စွဲမှတ်ထားပါ။ သို့မှသာ စည်းဝေးကြီးတွင် တင်ဆက်ရာများကို ကျွန်ုပ်တို့အားလုံး အာရုံစိုက်နိုင်မည်ဖြစ်သည်။
◼ အလှူငွေများ– နိုင်ငံတော်ခန်းမတွင် သို့မဟုတ် စည်းဝေးကြီးတွင် ကမ္ဘာချီလုပ်ငန်းအတွက် စေတနာအလျောက် အလှူငွေများထည့်ဝင်ခြင်းဖြင့် စည်းဝေးကြီးအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ ကျေးဇူးတင်လေးမြတ်မှုကို ဖော်ပြနိုင်သည်။ စည်းဝေးကြီးတွင် ချက်လက်မှတ်ဖြင့် အလှူငွေပေးလိုပါက “ယေဟောဝါသက်သေများ၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ ရန်ကုန်” သို့ ပေးလှူသင့်သည်။
◼ မတော်တဆထိခိုက်မှုများနှင့် အရေးပေါ်အခြေအနေများ– စည်းဝေးကြီးကျင်းပသည့်နေရာတွင် ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် ရှေးဦးသူနာပြုဌာနသို့ ချက်ချင်းအကြောင်းကြားပေးမည့် အနီးအနားရှိ ဧည့်ကြိုတစ်ဦးနှင့် ကျေးဇူးပြု၍ ဆက်သွယ်ပါ၊ သို့မှသာ ကျွန်ုပ်တို့၏ အရည်အချင်းရှိ ရှေးဦးသူနာပြုများက အခြေအနေသည် စိုးရိမ်စရာရှိမရှိ အကဲဖြတ်ကာ အကူအညီပေးနိုင်ပါလိမ့်မည်။
◼ ဖိနပ်များ– ဖိနပ်ကြောင့် နှစ်စဉ် ထိခိုက်ဒဏ်ရာအတော်များများ ရရှိခဲ့ကြသည်။ လှေကားများ၊ သံဘားတန်းများ အစရှိသည့်နေရာများတွင် ဘေးကင်းစွာ လျှောက်နိုင်သည့် သင့်တော်သောဖိနပ်ကို ရွေးချယ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။
◼ အသံသွင်းခြင်း– မည်သည့်အသံသွင်းစက်မျိုးကိုမျှ အဆောက်အအုံ၏ လျှပ်စစ် သို့မဟုတ် အသံချဲ့စက်များနှင့် မဆက်သွယ်သင့်ပါ၊ အခြားသူများအား အနှောင့်အယှက်မဖြစ်စေသည့်နည်းဖြင့်သာ ယင်းတို့ကို အသုံးပြုနိုင်သည်။
◼ ဆက်လိုက်ပေးပါပုံစံ– စည်းဝေးကြီးအတွင်း အလွတ်သဘောသက်သေခံသည့်အခါ စိတ်ဝင်းစားမှုပြသူများ၏ အချက်အလက်များကို မှတ်သားရန် ကျေးဇူးပြု၍ ဆက်လိုက်ပေးပါ (S-43) ပုံစံကို အသုံးပြုသင့်သည်။ ကြေညာသူများသည် ဆက်လိုက်ပေးပါပုံစံ တစ်ရွက်နှစ်ရွက်ကို စည်းဝေးကြီးသို့ ယူလာသင့်သည်။ ဖြည့်စွက်ပြီးသောပုံစံများကို စာအုပ်စာတမ်းကောင်တာ သို့မဟုတ် သင့်အသင်းတော်သို့ပြန်ရောက်သည့်အခါ အတွင်းရေးမှူးကို ပေးနိုင်သည်။—၂၀၀၅၊ ဖေဖော်ဝါရီလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စ. ၆ တွင်ကြည့်ပါ။
◼ စားသောက်ဆိုင်များ– စားသောက်ဆိုင်များတွင် သင်၏အမူအကျင့်ကောင်းများဖြင့် ယေဟောဝါ၏နာမတော်ကို ဂုဏ်တင်ပါ။
◼ ဟိုတယ်များ– (၁) အခန်းတစ်ခန်းတွင် ခွင့်ပြုထားသည့်လူဦးရေထက် ပိုမနေပါနှင့်။ (၂) ကြိုတင်စာရင်းသွင်းထားခြင်းကို ပယ်ဖျက်လိုလျှင် ဟိုတယ်သို့ ချက်ချင်း အကြောင်းကြားပါ။ (၃) ခရီးဆောင်အိတ်တင်သည့် လက်တွန်းလှည်းများကို သင်အသုံးပြုတော့မည်ဆိုမှ ယူပါ၊ ထို့နောက် အခြားသူများ သုံးနိုင်ရန် ချက်ချင်းပြန်ထားပါ။ (၄) ချက်ပြုတ်ခွင့်မပြုသောအခန်းများတွင် မချက်ပြုတ်ပါနှင့်။ (၅) ဟိုတယ်တွင်တည်းခိုစဉ် ဧည့်သည်များအတွက် စီစဉ်ပေးသည့် အခမဲ့ကျွေးသော နံနက်စာ၊ ကော်ဖီတို့ကို ပိုမယူပါနှင့်။ (၆) ဟိုတယ်ဝန်ထမ်းနှင့် ဆက်ဆံသောအခါ ခရစ်ယာန်အရည်အသွေးများကို အမြဲတင်ပြပါ။ သူတို့သည် ဧည့်သည်များစွာကို ဂရုစိုက်ကြည့်ရှုနေရ၍ ကျွန်ုပ်တို့၏ ထောက်ထားစာနာမှု၊ စိတ်ရှည်မှုနှင့် အကျိုးသင့်အကြောင်းသင့်ရှိမှုတို့အတွက် ကျေးဇူးတင်လေးမြတ်ကြပါသည်။ (၇) နေရာထိုင်ခင်းဌာနမှ စီစဉ်ပေးသည့် အခန်းခနှုန်းထားများသည် တစ်ရက်စာအခန်းခအပြည့်ဖြစ်သည်။ သင်မတောင်းဆိုသော သို့မဟုတ် သင်အသုံးမပြုသော အရာများအတွက် အပိုကောက်ခံပါက သို့မဟုတ် ကုန်ကျစရိတ်တောင်းခံပါက ယင်းတို့ကိုမပေးဘဲ နေရာထိုင်ခင်းဌာနသို့ ချက်ချင်းအကြောင်းကြားပါ။ (၈) စည်းဝေးကြီးကျင်းပစဉ်အတွင်း သင့်ဟိုတယ်အခန်းနှင့်ပတ်သက်၍ ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်ပါက နေရာထိုင်ခင်းဌာနသို့ အကြောင်းကြားရန် သေချာစေပါ၊