ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ပက သင်ခန်းစာ ၄၁ စာ. ၂၂၆-စာ. ၂၂၉ ပိုဒ်. ၁
  • အခြားသူများအား နားလည်သဘောပေါက်စေခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အခြားသူများအား နားလည်သဘောပေါက်စေခြင်း
  • သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိအပ်သောအကြောင်းအရာ၊ ရှင်းလင်းစွာတင်ပြခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • တခြားသူတွေကို နားလည်သဘောပေါက်စေခြင်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • သင့်ပရိသတ်အတွက် သိမှတ်ဖွယ်
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • လယ်ကွင်းဓမ္မအမှုအတွက် အံဝင်သောအကြောင်းအရာ
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
ပက သင်ခန်းစာ ၄၁ စာ. ၂၂၆-စာ. ၂၂၉ ပိုဒ်. ၁

သင်ခန်းစာ ၄၁

အခြားသူများအား နားလည်သဘောပေါက်စေခြင်း

သင်ဘာပြုလုပ်ဖို့ လိုအပ်သနည်း။

သင်ပြောဆိုနေသောအကြောင်း၏ အဓိပ္ပာယ်ကို အခြားသူများ အလွယ်တကူသဘောပေါက်နိုင်စေရန် ပြောဆိုပါ။

ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

သင့်အကြောင်းအရာသည် နားလည်ရ လွယ်ကူလေ ယင်းမှ ပရိသတ်ပြည့်ပြည့်ဝဝ အကျိုးရရှိလေဖြစ်မည်။

သင်ဟောပြောသည့်အခါ အချက်အလက်တင်ဆက်ရုံထက်မကပြုပါ။ သင်ပြောဆိုသည့်အကြောင်းကို နားထောင်နေသူများ နားလည်သဘောပေါက်စေရန် ကြိုးပမ်းပါ။ ယင်းက အသင်းတော်ကိုဖြစ်စေ၊ သက်သေခံမဟုတ်သူတို့ကိုဖြစ်စေ ဟောပြောနေသည့်အခါ ထိရောက်စွာဆက်သွယ်ရန် ကူညီပေးနိုင်ပါသည်။

နားလည်သဘောပေါက်အောင်ပြောဆိုနည်း အသွင်များစွာရှိသည်။ ယင်းတို့မှအချို့ကို သင်ခန်းစာ ၂၆၊ “အကြောင်းအရာကို ကျိုးကြောင်းဆီလျော်စွာ အဆင့်ဆင့်တည်ဆောက်ခြင်း” တွင် ခြုံငုံတင်ပြထားသည်။ အခြားအရာတို့ကိုကား သင်ခန်းစာ ၃၀၊ “အခြားသူအား စိတ်ဝင်စားမှုပြခြင်း” တွင် သုံးသပ်ထားပါသည်။ ဤသင်ခန်းစာတွင်မူ နောက်ထပ်အချက်အနည်းငယ်ကို ဆွေးနွေးသွားပါမည်။

ရိုးရှင်းသောစကားလုံးများ၊ လွယ်ကူရှင်းလင်းသောပြောဟန်။ ရိုးရှင်းသောစကားလုံးများနှင့် ဝါကျတိုများသည် ဆက်သွယ်ရေးတွင် အစွမ်းထက်သောကိရိယာများဖြစ်ကြသည်။ ယေရှု၏ တောင်ပေါ်ဒေသနာသည် ဟောပြောချက်တစ်ခု၏ ထိပ်တန်းနမူနာတစ်ခုဖြစ်၍ သူတို့မည်သူမည်ဝါဖြစ်ပါစေ၊ အဘယ်နေရာတွင်နေထိုင်ကြပါစေ လူတို့နားလည်သဘောပေါက်နိုင်သည်။ ခံယူချက်များသည် သူတို့အတွက် အသစ်ဖြစ်ပေမည်။ သို့တိုင်၊ ယေရှုပြောဆိုခဲ့ရာကို သူတို့နားလည်သဘောပေါက်ကြသည်၊ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့အားလုံးနှင့်သက်ဆိုင်သည့် ကိစ္စရပ်များဖြစ်ကြသည့်– မည်သို့ပျော်ရွှင်နိုင်ပုံ၊ အခြားသူများနှင့်ဆက်ဆံရာတွင် မည်သို့တိုးတက်စေနိုင်ပုံ၊ စိုးရိမ်ပူပန်မှုကို မည်သို့ဖြေရှင်းနိုင်ပုံနှင့် ဘဝအဓိပ္ပာယ်ကို မည်သို့ရှာတွေ့နိုင်ပုံတို့အကြောင်းကို ကိုယ်တော်ကိုင်တွယ်ဖြေရှင်းသောကြောင့်ပင်။ ထို့အပြင် ကိုယ်တော်သည် မိမိ၏အယူအဆများကို လက်တွေ့ကျကျ ဖော်ပြပေးခဲ့သည်။ (မ.၊ အခန်းကြီး ၅-၇) မှန်ပါသည်၊ ကျမ်းစာတွင် ဝါကျအရှည်အတို၊ တည်ဆောက်ပုံအမျိုးမျိုးတို့၏ နမူနာများစွာကို ဖော်ပြထားသည်။ သင်၏အဓိကရည်မှန်းချက်သည် အယူအဆများကို ရှင်းလင်း၍နားလည်နိုင်သည့်နည်းဖြင့် ဖော်ပြရန်ဖြစ်သင့်သည်။

နက်နဲသောအကြောင်းအရာကို ဆွေးနွေးရသည့်တိုင် လွယ်ကူရှင်းလင်းသောပြောဟန်က နားလည်ရန် သာ၍လွယ်ကူစေနိုင်သည်။ လွယ်ကူရှင်းလင်းသောပြောဟန်ကို မည်သို့ဖန်တီးရယူနိုင်သနည်း။ ပရိသတ်ကို မလိုအပ်သော အသေးစိတ်အချက်အလက်များဖြင့် မလွှမ်းမိုးစေပါနှင့်။ အဓိကအချက်များကို ခြုံငုံမိစေရန် သင့်အကြောင်းအရာကို ဖွဲ့စည်းပါ။ သင်၏သော့ချက်ကျမ်းချက်များကို သေသေချာချာ ရွေးချယ်ပါ။ ကျမ်းချက်တစ်ချက်မှနောက်တစ်ချက်သို့ အလျင်စလိုသွားမည့်အစား ယင်းတို့ကိုဖတ်ကာဆွေးနွေးပါ။ စကားများများပြောခြင်းဖြင့် ယူဆချက်ကောင်းများကို မြုပ်မသွားစေပါနှင့်။

အိမ်တွင်းကျမ်းစာသင်အံမှု ကျင်းပသည့်အချိန်တွင် ထိုထပ်တူမူများကို လက်တွေ့သုံးပါ။ အသေးစိတ်အချက်အလက်အားလုံးကို ရှင်းပြဖို့ မကြိုးစားပါနှင့်။ အဓိကယူဆချက်များအား သင်သား ရှင်းရှင်းလင်းလင်း နားလည်ရန် ကူညီပေးပါ။ နောက်ပိုင်း ကိုယ်ပိုင်လေ့လာမှုနှင့် အသင်းတော်အစည်းအဝေးများ၌ အသေးစိတ်အချက်အလက်များကို သူသင်ယူနိုင်မည်။

အကြောင်းအရာကို ရိုးရိုးကလေးတင်ဆက်နိုင်ရန် ပြင်ဆင်မှုကောင်း လိုအပ်သည်။ အခြားသူများနားလည်နိုင်အောင် ပြင်ဆင်ဖို့ဆိုလျှင် အကြောင်းအရာကို သင်ကိုယ်တိုင် ရှင်းရှင်းလင်းလင်း နားလည်ထားရမည်။ တစ်စုံတစ်ရာကို သင် အမှန်တကယ်နားလည်သောအခါ ထိုသို့အဘယ်ကြောင့်ဖြစ်ရသည့် အကြောင်းရင်းများကို ဖော်ပြပေးနိုင်သည်။ သင့်ကိုယ်ပိုင်စကားဖြင့်လည်း ယင်းကို ဖော်ပြပေးနိုင်ပါသည်။

အကျွမ်းမဝင်သောစကားအသုံးအနှုန်းများကို ရှင်းပြပါ။ အကြောင်းအရာကို နားလည်အောင်ရှင်းပြရာတွင် သင့်ပရိသတ်နှင့်အကျွမ်းမဝင်သော စကားအသုံးအနှုန်းများ၏အဓိပ္ပာယ်ကို ရှင်းပြဖို့လိုသည့်အခါများရှိသည်။ သင့်ပရိသတ်၏အသိပညာကို ပို၍တွက်မထားနှင့်၊ သို့သော် သူတို့၏သိရှိနားလည်နိုင်စွမ်းကို လျှော့မတွက်လေနှင့်။ ကျမ်းစာလေ့လာမှု၏ရလဒ်အနေနှင့် အခြားသူတို့နှင့် မရင်းနှီးပုံရသည့် စကားအသုံးအနှုန်းအချို့ကို သင်အသုံးပြုပေမည်။ ယေဟောဝါသက်သေများနှင့် မပေါင်းသင်းသူတို့သည် “အကြွင်းအကျန်၊” “သစ္စာနှင့်သတိပညာရှိကျေးကျွန်၊” “အခြားသိုး၊” နှင့် လူအုပ်စုကို သတ်သတ်မှတ်မှတ် ခွဲခြားဖော်ပြသည့် “လူအုပ်ကြီး” ဟူသည့် အသုံးအနှုန်းတို့ကို မရှင်းပြဘဲ နားလည်ကြမည်မဟုတ်။ (ရော. ၁၁:၅; မ. ၂၄:၄၅; ယော. ၁၀:၁၆; ဗျာ. ၇:၉) ထိုနည်းထပ်တူ၊ လူတစ်ဦးသည် ယေဟောဝါသက်သေများ၏အဖွဲ့အစည်းနှင့် ရင်းနှီးမှုမရှိလျှင် “ကြေညာသူ၊” “ရှေ့ဆောင်၊” “တိုက်နယ်ကြီးကြပ်မှူး၊” နှင့် “သတိရအောက်မေ့ပွဲ” အစရှိသည့်အသုံးအနှုန်းများက ဘာကိုဆိုလိုကြောင်း ထိုသူနားလည်နိုင်စရာအကြောင်း ရှိမည်မဟုတ်။

သက်သေခံမဟုတ်သူများပင် တွင်တွင်အသုံးပြုကြသည့် အချို့သော ကျမ်းစာအသုံးအနှုန်းများကို ရှင်းပြချက်အချို့ပေးဖို့လိုပေမည်။ လူများစွာတို့အတွက် “အာမဂေဒုန်” ဟူသည် နျူကလီးယား မီးလောင်တိုက်သွင်းခြင်းဟု မှတ်ယူကြသည်။ သူတို့က “ဘုရားသခင့်နိုင်ငံတော်” ကို အစိုးရတစ်ခုနှင့်မဆက်စပ်မိဘဲ လူတစ်ဦး၏နှလုံးထဲရှိရာအခြေအနေ သို့မဟုတ် ကောင်းကင်ဘုံနှင့် ဆက်စပ်နားလည်ထားပေမည်။ “ဝိညာဉ်စိုးလ်” ဟုပြောလိုက်သည့်အခါ ခန္ဓာကိုယ်သေပြီးနောက် အသက်ရှင်ကျန်သော လူ့နာမ်ဝိညာဉ်အစိတ်အပိုင်း ဟုခေါ်ဆိုကြသည့် အယူအဆမျိုး ပေါ်လာပေမည်။ “သန့်ရှင်းသောဝိညာဉ်တော်” သည် ပုဂ္ဂိုလ်တစ်ပါး၊ သုံးပါးတစ်ဆူ၏အဝင်ဖြစ်သည်ဟု သန်းပေါင်းများစွာသောလူတို့ သွန်သင်ခံခဲ့ရကြသည်။ လူများစွာတို့သည် ကျမ်းစာ၏ကျင့်ဝတ်စံနှုန်းကို စွန့်ခဲ့ကြသောကြောင့် ကျမ်းစာက “မတရားသောမေထုန်ကို ကြဉ်ရှောင်ကြ” ဟုပြောဆိုသည့်အခါ ဘာကိုဆိုလိုကြောင်း နားလည်ဖို့ပင် အကူအညီလိုအပ်ပေမည်။—၁ ကော. ၆:၁၈။

လူတို့သည် ပုံမှန်ကျမ်းစာဖတ်ရှုသူများမဟုတ်လျှင်၊ “ပေါလုက . . . ဟုရေးသားခဲ့သည်” သို့မဟုတ် “လုကာက . . . ဟုပြောဆိုခဲ့သည်” ဟူ၍ သင်ပြောဆိုမည်ဆိုပါက အဓိကအချက်ကို သူတို့တလွဲထင်သွားပေမည်။ သူတို့တွင် ထိုအမည်များရှိကြသော မိတ်ဆွေသူငယ်ချင်းများ သို့မဟုတ် အိမ်နီးချင်းများ ရှိနိုင်မည်။ ထိုသူသည် ခရစ်ယာန်တမန်တော်တစ်ပါးလော၊ ကျမ်းရေးသူတစ်ဦးလောဆိုသည်ကို ခွဲခြားသိမြင်စေရန် ထပ်ဆင့်အတိုချုပ်ရှင်းပြချက်အချို့ လိုအပ်ပေမည်။

မျက်မှောက်ခေတ်ပရိသတ်များသည် မကြာခဏဆိုသလိုပင် ရှေးအချိန်က အတိုင်းအတာများ သို့မဟုတ် ဓလေ့ထုံးစံများပါဝင်သည့် ကျမ်းချက်များကို နားလည်ရန် အကူအညီလိုအပ်ပေမည်။ ဥပမာ၊ နောဧသင်္ဘောသည် အလျား ကုဗ ၃၀၀၊ အနံ ကုဗ ၅၀ နှင့် အမြင့် ကုဗ ၃၀ ရှိသည် ဟူသောဖော်ပြချက်က သူတို့အတွက် သိပ်အဓိပ္ပာယ်ရှိမည်မဟုတ်ချေ။ (က. ၆:၁၅) သို့သော် သင်သည် ထိုအတိုင်းအတာများကို ယင်းနှင့်ညီမျှသော ရင်းနှီးပြီးသားဒေသသုံး နယ်နိမိတ်အတိုင်းအတာများဖြင့် ဖော်ပြပေးမည်ဆိုလျှင် သင်္ဘော၏အရွယ်အစားကို ပရိသတ်က ချက်ချင်းရုပ်လုံးဖော်ကြပေမည်။

လိုအပ်သောရှင်းပြချက်ကို ပေးပါ။ အကြောင်းအရာတစ်ခုကို ပရိသတ်အား ရှင်းလင်းသွားစေရန် ဝေါဟာရတစ်ခုကို မှန်မှန်ကန်ကန် အဓိပ္ပာယ်ဖွင့်ဆိုပြခြင်းထက်မက ပိုမိုလိုအပ်ပေမည်။ ဧဇရခေတ်က ယေရုရှလင်မြို့တွင် ပညတ္တိကျမ်းဖတ်ရှုခြင်းကို ရှင်းပြခြင်းနှင့်တွဲ၍ လုပ်ဆောင်ခဲ့သည်။ ၎င်း၏အဓိပ္ပာယ်ကို လူတို့နားလည်သဘောပေါက်စေရန် အကူအညီအဖြစ် လေဝိသားများက အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့်တကွ ထိုအချိန်က လူတို့ရင်ဆိုင်နေကြရသည့် အခြေအနေများအပေါ် ပညတ္တိကျမ်း၏သက်ဆိုင်ပုံကိုပါ ဖော်ပြပေးခဲ့သည်။ (နေ. ၈:၈၊ ၁၂) အလားတူပင် သင်ဖတ်ရှုသော ကျမ်းချက်များကို အချိန်ယူရှင်းပြကာ သက်ဆိုင်ပုံကိုတင်ပြပါ။

ကိုယ်တော်သေဆုံး၍ ရှင်ပြန်ထမြောက်ပြီးနောက် ယေရှုက ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှသည် ကျမ်းစာပြည့်စုံချက်ဖြစ်ကြောင်း မိမိတပည့်တော်များအား ရှင်းပြခဲ့သည်။ ထိုအခြင်းအရာတို့၏ မျက်မြင်သက်သေများအနေနှင့် သူတို့၏တာဝန်ကိုလည်း ကိုယ်တော်အလေးပေးမိန့်ကြားခဲ့သည်။ (လု. ၂၄:၄၄-၄၈) သူတို့သင်ယူခဲ့ပြီးသားအရာက မိမိတို့ဘဝအသက်တာတွင် မည်သို့သြဇာလွှမ်းမိုးသင့်ကြောင်း လူတို့မြင်ရန် သင်ကူညီပေးသည့်အခါ ယင်းက ဘာကိုအမှန်တကယ်ဆိုလိုကြောင်း သူတို့ပို၍ လွယ်လွယ်ကူကူ နားလည်ကြပေမည်။

နှလုံးပါဝင်ပတ်သက်ပုံ။ မှန်ပါသည်၊ သင်၏ရှင်းပြချက်များက ရှင်းလင်းနေသည့်တိုင် သူတစ်ပါးနားလည်မလည်ဟူသည် အခြားအချက်များအပေါ်တွင်လည်းမူတည်နိုင်သည်။ လူတစ်ဦး၏နှလုံးသည် မခံယူလျှင် ယင်းသည် ပြောဆိုခဲ့သည့်အကြောင်းကို နားလည်သဘောပေါက်ရန် အတားအဆီးတစ်ခုဖြစ်နေသည်။ (မ. ၁၃:၁၃-၁၅) ကိစ္စရပ်များကို ရုပ်ပိုင်းရှုထောင့်တစ်ခုတည်းမှ ရှုမြင်ရန် ဆုံးဖြတ်ထားသူတို့အတွက် ဝိညာဉ်ရေးကိစ္စရပ်များသည် မိုက်မဲရာဖြစ်သည်။ (၁ ကော. ၂:၁၄) လူတစ်ဦး ထိုစိတ်ထားပြသလာလျှင် ဆွေးနွေးခန်းကို ယုတ်စွအဆုံး လောလောဆယ်တွင် အဆုံးသတ်လိုက်ခြင်းသည် ပညာရှိရာရောက်ပေမည်။

သို့တိုင်၊ အချို့ကိစ္စများ၌မူ ဘဝ၏ ခက်ခဲသောအခြေအနေများကြောင့် နှလုံးသားသည် တုံ့ပြန်မှုမဲ့နေခြင်းဖြစ်သည်။ အချိန်အတိုင်းအတာတစ်ခုအတွင်း ကျမ်းစာအမှန်တရားကြားနာခွင့်ပေးခြင်းက ထိုကဲ့သို့သောသူ၏နှလုံးသားသည် လက်ခံတတ်သောနှလုံး ဖြစ်လာနိုင်စရာအကြောင်းရှိမည်။ မိမိသည် ရိုက်နှက်ခံရပြီး အသေသတ်ခြင်းခံရမည်ဖြစ်ကြောင်း သူ၏တမန်တော်များအား ယေရှုပြောပြသည့်အခါ သူတို့နားမလည်ခဲ့ကြချေ။ အဘယ်ကြောင့်နည်း။ ဤသို့ဖြစ်ရန် သူတို့မမျှော်လင့်ခဲ့ကြသည့်အပြင် ယင်းသို့လည်းမလိုလားခဲ့ကြပေ! (လု. ၁၈:၃၁-၃၄) သို့ရာတွင် အချိန်တန်သော် ၁၁ ပါးသောတမန်တော်တို့ နားလည်ခဲ့ကြပြီး ယေရှုသွန်သင်ပေးခဲ့ရာနှင့်အညီ လုပ်ဆောင်ခြင်းအားဖြင့် သူတို့ပြသခဲ့ကြသည်။

ပုံသက်သေကောင်း၏အကျိုးအာနိသင်။ လူတို့သည် ကျွန်ုပ်တို့၏စကားများဖြင့်သာမက ကျွန်ုပ်တို့၏အပြုအမူများအားဖြင့်လည်း နားလည်ရန် ကူညီပေးခံရသည်။ နိုင်ငံတော်ခန်းမသို့ မိမိတို့၏ဦးဆုံး လည်ပတ်ခြင်းနှင့်စပ်လျဉ်း၍ လူများစွာတို့က အပြောသာမဟုတ်ဘဲ ထင်ရှားပေါ်လွင်ခဲ့သော မေတ္တာကို သူတို့သတိရကြောင်း ပြောဆိုကြသည်။ အလားတူပင် ကျွန်ုပ်တို့ထင်ရှားဖော်ပြသည့် ပျော်ရွှင်မှုက အိမ်ရှင်မြောက်မြားစွာတို့အား ကျမ်းစာသမ္မာတရားအတွက် သူတို့၏စိတ်တံခါးဖွင့်ပေးရန် အကူအညီပေးခဲ့ပေပြီ။ ဆင်းရဲဒုက္ခများနှင့် ရင်ဆိုင်တွေ့ကြုံရသည့်အခါ ယေဟောဝါ၏လူတို့ တစ်ဦးကိုတစ်ဦး ပြသကြသည့် မေတ္တာကရုဏာနှင့် အခြားသူများအတွက် ကြင်နာသောထောက်ထားစာနာမှုတို့ကို တွေ့ မြင်ရခြင်းက သက်သေခံများတွင် စစ်မှန်သည့်ဘာသာရှိကြောင်း အချို့သူများအား သဘောထိုင်စေခဲ့ပြီ။ ထို့ကြောင့် လူတို့သမ္မာတရားနားလည်ရန် ကူညီပေးဖို့ အသင်ကြိုးပမ်းစဉ် သင့်ရှင်းပြပုံနှင့် သင့်ပုံသက်သေကို စဉ်းစားပါလေ။

ယင်းကိုလုပ်ဆောင်နိုင်ပုံ

  • ရိုးရိုးရှင်းရှင်းစကားကို အသုံးပြုပါ။ အဓိကယူဆချက်များအတွက် ဝါကျတိုများကို ရွေးချယ်ပါ။

  • အဓိကအချက်အနည်းငယ်ကိုသာ အလေးပေးပြောဆိုပါ။

  • ပရိသတ်နှင့်မရင်းနှီးသည့် အသုံးအနှုန်းများကို ရှင်းပြပါ။

  • ကျမ်းချက်များကိုရှင်းပြရန်နှင့် သက်ဆိုင်ပုံ တင်ပြရန် အချိန်ယူပါ။

  • သင်စကားပြောဆိုနေသူတို့ကို သင့်ပုံသက်သေက မည်သို့အကျိုးသက်ရောက်စေနိုင်ပုံကို သုံးသပ်ပါ။

လေ့ကျင့်ခန်း– ဤအပတ် အသင်းတော်အစည်းအဝေး၌ သင်နှစ်သက်ခဲ့ရာတစ်ခုခုအကြောင်းကို သက်သေခံမဟုတ်သည့်ဆွေမျိုးသားချင်း၊ အိမ်နီးချင်း၊ အလုပ်ဖော် သို့မဟုတ် ကျောင်းနေဖက်တစ်ဦးအား ပြောပြဖို့ ကြိုးပမ်းပါ။ ထိုသူ နားလည်နိုင်မည်မဟုတ်သည့် ဝေါဟာရများကို ရှင်းပြဖို့ သေချာစေပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ