အထူးဖိတ်စာ
၁။ ၂၀၁၄ မှာကျင်းပမယ့် စည်းဝေးတွေအတွက် ဖိတ်စာဝေငှတဲ့ အစီအစဉ်ကို ဘယ်အချိန်မှာ စတင်မှာလဲ။
၁ သင်ဟာ မိသားစု ဒါမှမဟုတ် မိတ်ဆွေတွေအတွက် အထူးစားသောက်ပွဲကို အများကြီး အကုန်အကျခံ၊ အပင်ပန်းခံပြီး ပြင်ဆင်ထားမယ်ဆိုရင် သူတို့ကို ထက်ထက်သန်သန် ဖိတ်ခေါ်မှာဖြစ်တယ်။ အလားတူ၊ ပုံဆောင်စားသောက်ပွဲကြီးဖြစ်တဲ့ ၂၀၁၄ မှာကျင်းပမယ့် ခရိုင်စည်းဝေးနဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးတွေကိုလည်း အများကြီး အကုန်အကျခံ၊ အပင်ပန်းခံပြီး ပြင်ဆင်ပေးထားပါတယ်။ စည်းဝေးအစီအစဉ်မစခင် သုံးပတ်အလိုမှာ တခြားသူတွေ စည်းဝေးလာတက်ဖို့ ဖိတ်ခေါ်မယ့်အစီအစဉ်မှာ ကျွန်ုပ်တို့ ပါဝင်ခွင့်ရပါလိမ့်မယ်။ အဲဒီဖိတ်ခေါ်မှုမှာ ထက်ထက်သန်သန် ပါဝင်နိုင်ဖို့ ဘာကကူညီပေးနိုင်သလဲ။
၂။ ကင်ပိန်းအစီအစဉ်မှာ အပြည့်အဝပါဝင်နိုင်ဖို့ ဘယ်အချက်တွေက လှုံ့ဆော်ပေးမလဲ။
၂ စည်းဝေးတွေကနေတစ်ဆင့် ယေဟောဝါဘုရား ပြင်ဆင်ပေးချက်တွေက တစ်ဦးစီအတွက် ဘယ်လောက်အကျိုးဖြစ်စေတယ်ဆိုတာကို စဉ်းစားမယ်ဆိုရင် ကင်ပိန်းအစီအစဉ်မှာ အပြည့်အဝပါဝင်ဖို့ လှုံ့ဆော်ခံရပါလိမ့်မယ်။ (ဟေရှာ. ၆၅:၁၃၊ ၁၄) ကျွန်ုပ်တို့ရဲ့ နှစ်စဉ် ကင်ပိန်းအစီအစဉ်က အကျိုးရှိတယ်ဆိုတာကိုလည်း သတိရပါ။ ဖိတ်ခေါ်လိုက်တဲ့ လူတချို့ဟာ စည်းဝေးကို လာတက်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ ဖိတ်ခေါ်ချက်ကြောင့် လာတက်ရောက်သူ ရှိရှိ မရှိရှိ၊ ကင်ပိန်းအစီအစဉ်အတွင်း ကျွန်ုပ်တို့ရဲ့ ကြိုးစားလုပ်ဆောင်မှုတွေက ယေဟောဝါဘုရားကို ချီးမွမ်းရာရောက်ပြီး ကိုယ်တော့်ရဲ့ ရက်ရောမှုကို တုပရာလည်းရောက်ပါတယ်။—ဆာ. ၁၄၅:၃၊ ၇; ဗျာ. ၂၂:၁၇။
၃။ ဖိတ်စာတွေကို ဘယ်လို ဝေငှကြမလဲ။
၃ ဖိတ်စာကို ဘယ်လိုနည်းနဲ့ အများဆုံးဝေငှနိုင်မလဲ၊ လူမရှိတဲ့အိမ်တွေမှာ ထားခဲ့ရမလား၊ လူထုရှေ့ သက်သေခံခြင်းမှာ ဝေငှသင့်သလားဆိုတာတွေကို အကြီးအကဲအဖွဲ့က ဆုံးဖြတ်ရမှာဖြစ်တယ်။ စနေ၊ တနင်္ဂနွေနေ့တွေမှာလည်း ဖိတ်စာတွေကို ဦးစားပေး ဝေငှပါ။ သင့်တော်တဲ့အခါတိုင်း မဂ္ဂဇင်းတွေကိုပါ တွဲဝေငှပါ။ လရဲ့ ပထမအပတ် စနေနေ့ဟာ ကင်ပိန်းကာလနဲ့ တိုက်နေတယ်ဆိုရင် ကျမ်းစာသင်အံမှုစဖို့ ကြိုးစားမယ့်အစား ဖိတ်စာကိုပဲ ဦးစားပေး ဝေငှသင့်ပါတယ်။ ကင်ပိန်းကာလ ပြီးသွားတဲ့အခါ ကျွန်ုပ်တို့ ထက်ထက်သန်သန် ပါဝင်ခဲ့တာ၊ ယေဟောဝါဘုရား ပြင်ဆင်ပေးထားတဲ့ ပုံဆောင်စားသောက်ပွဲကြီးကို ကျွန်ုပ်တို့နဲ့အတူ တက်ရောက်ဖို့ အတတ်နိုင်ဆုံး ဖိတ်ခေါ်ခဲ့တာတွေကြောင့် ဘယ်လောက်တောင် ဝမ်းသာပီတိဖြစ်လိုက်မလဲ။