မတ် ၁ မှာစမယ့် အောက်မေ့ရာပွဲဖိတ်ခေါ်ခြင်းကင်ပိန်း
၁။ အောက်မေ့ရာပွဲဖိတ်ခေါ်တဲ့ကင်ပိန်း ဘယ်အချိန်မှာစမလဲ၊ ဘာကြောင့် ဒီနှစ်ကင်ပိန်းအချိန် ပိုကြာရတာလဲ။
၁ အောက်မေ့ရာပွဲကို ကျွန်ုပ်တို့နဲ့အတူတက်ရောက်ဖို့ တခြားသူတွေကို ဖိတ်ခေါ်တဲ့ နှစ်စဉ်ပြုလုပ်နေကျ ကင်ပိန်းကို မတ် ၁၊ သောကြာနေ့မှာ စတင်ပါမယ်။ အောက်မေ့ရာပွဲက မတ် ၂၆ ရက်မှာဖြစ်တဲ့အတွက် ကင်ပိန်းကာလက အရင်နှစ်တွေထက် နည်းနည်းပိုကြာပါလိမ့်မယ်။ အဲဒီအတွက် လူများများကို ဖိတ်ခေါ်နိုင်မယ်၊ အထူးသဖြင့် ရပ်ကွက်အရမ်းကျယ်တဲ့ အသင်းတော်တွေအတွက် အဆင်ပြေပါလိမ့်မယ်။
၂။ ဖိတ်စာတွေရဖို့နဲ့ ရပ်ကွက်ပြီးစီးဖို့ ဘယ်လိုအစီအစဉ်တွေရှိသလဲ။
၂ စနစ်တကျရှိစေခြင်း– အိမ်ရှင်မရှိတဲ့အိမ်တွေမှာ ဖိတ်စာထားသင့်၊ မထားသင့်ဆိုတဲ့အချက်အပါအဝင် ရပ်ကွက်ပြီးစီးအောင် ဘယ်လိုလုပ်မလဲဆိုတာကို အကြီးအကဲတွေက ညွှန်ကြားပေးပါလိမ့်မယ်။ ရပ်ကွက်တွေကို တစ်အိမ်မှတစ်အိမ် အမှုဆောင်ပြီးနောက် ဖိတ်စာကျန်နေမယ်ဆိုရင် လမ်းတွေ၊ ဈေးတွေစသဖြင့် လူအများရှိတဲ့နေရာတွေမှာ ဝေငှနိုင်တယ်။ လုပ်ငန်းတော်ကြီးကြပ်မှူးက လိပ်စာတပ်ထားတဲ့ ဖိတ်စာတွေကို ကြေညာသူတွေယူနိုင်ဖို့ စာအုပ်စာတမ်း ဒါမှမဟုတ် မဂ္ဂဇင်းကောင်တာမှာ ထားပေးမှာဖြစ်တယ်။ ဒါပေမဲ့ ဖိတ်စာတွေကို တစ်ခါတည်းအပြီးမထားပေးသင့်ပါဘူး။ ကျွန်ုပ်တို့ဟာ တစ်ပတ်စာအတွက် လိုသလောက်ပဲ ယူသင့်ပါတယ်။
၃။ ဖိတ်စာဝေငှချိန်မှာ ဘယ်အချက်တွေကို မှတ်ထားသင့်သလဲ။
၃ ဘယ်လိုပြောကြမလဲ– လူများနိုင်သမျှများများဆီ ရောက်နိုင်ဖို့ အတိုချုပ်တင်ဆက်မှုက အကောင်းဆုံးဖြစ်ပါတယ်။ စာမျက်နှာ ၆ မှာ နမူနာတင်ဆက်နည်း ပါရှိပြီး အဲ့ဒါကို ကျွန်ုပ်တို့ရဲ့ရပ်ကွက်နဲ့ကိုက်ညီမှုရှိအောင် ပြုပြင်နိုင်ပါတယ်။ အိမ်ရှင်က ဖော်ဖော်ရွေရွေရှိမယ်၊ မေးခွန်းတွေမေးနေမယ်ဆိုရင်တော့ လောစရာမလိုပါဘူး။ စနေ၊ တနင်္ဂနွေမှာ သင့်တော်တဲ့အခါတိုင်း မဂ္ဂဇင်းတွေကိုလည်း တွဲဝေငှသင့်ပါတယ်။ မတ် ၂ ရက်နေ့မှာ ကျမ်းစာသင်အံမှုစဖို့မဟုတ်ဘဲ ဖိတ်စာဝေငှဖို့ အာရုံစိုက်သင့်တယ်။
၄။ ကင်ပိန်းမှာ ဘာကြောင့် စိတ်ထက်ထက်သန်သန်နဲ့ ပါဝင်သင့်သလဲ။
၄ အောက်မေ့ရာပွဲကို ကျွန်ုပ်တို့နဲ့အတူ လူအများကြီးလာတက်ဖို့ မျှော်လင့်ပါတယ်။ အဲဒီမှာကြားရမယ့်ဟောပြောချက်က ယေရှုဘယ်သူလဲဆိုတာကို ရှင်းပြပေးပါလိမ့်မယ်။ (၁ ကော. ၁၁:၂၆) ယေရှုရဲ့သေခြင်းက ကျွန်ုပ်တို့ကို ဘယ်လိုအကူအညီဖြစ်တယ်ဆိုတာကိုလည်း ရှင်းပြပေးပါလိမ့်မယ်။ (ရော. ၆:၂၃) ယေရှုကိုသတိရဖို့ ဘာကြောင့်အရေးကြီးတယ်ဆိုတာကိုလည်း ပေါ်လွင်စေပါလိမ့်မယ်။ (ယော. ၁၇:၃) ဒီကင်ပိန်းမှာ စိတ်ထက်ထက်သန်သန်နဲ့ ပါဝင်နိုင်ကြပါစေ။