အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—ဒေါသထွက်နေတဲ့ အိမ်ရှင်ကို လိမ္မာပါးနပ်စွာတုံ့ပြန်ပါ
ဘာကြောင့်အရေးကြီး– အမှုဆောင်လုပ်ငန်းမှာတွေ့ရတဲ့ လူအများစုဟာ ယဉ်ကျေးကြပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ကို မုန်းတဲ့သူတွေရှိမယ်လို့ ယေရှု ကြိုပြောခဲ့တယ်။ (ယော. ၁၇:၁၄) ဒါကြောင့် ဒေါသထွက်နေတဲ့ အိမ်ရှင်နဲ့ ပက်ပင်းတိုးမိတယ်ဆိုရင် မအံ့သြသင့်ပါဘူး။ အဲဒီလိုဖြစ်လာရင် ကျွန်ုပ်တို့ဟာ ယေဟောဝါဘုရား နှစ်သက်တဲ့အတိုင်း လိမ္မာပါးနပ်စွာ တုံ့ပြန်ချင်ကြတယ်။ (ရော. ၁၂:၁၇-၂၁; ၁ ပေ. ၃:၁၅) အဲဒီလိုလုပ်မယ်ဆိုရင် အိမ်ရှင်ရဲ့ဒေါသ ပြေပျောက်သွားနိုင်ပါတယ်။ ဒါ့အပြင် အိမ်ရှင်နဲ့ အိမ်နီးနားချင်းအတွက် စွဲမှတ်စရာဖြစ်သွားနိုင်ပါတယ်။ ဒါဆို သက်သေခံတစ်ယောက်ယောက် သူတို့ဆီ နောက်တစ်ခေါက် ရောက်သွားတဲ့အခါ နားထောင်ပေးပါလိမ့်မယ်။—၂ ကော. ၆:၃။
ဒီလအတွင်း ကြိုးစားကြည့်ပါ–
မိသားစုဝတ်ပြုမှုမှာ လက်တွေ့လေ့ကျင့်ပါ။
ဒေါသထွက်နေတဲ့ အိမ်ရှင်ဆီကနေ ပြန်ထွက်လာပြီးနောက် အိမ်ရှင်ကို လိမ္မာပါးနပ်စွာ ဘယ်လိုတုံ့ပြန်နိုင်မလဲဆိုတဲ့အကြောင်း တွဲဖက်နဲ့ ဆွေးနွေးပါ။