ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • fg အခန်း ၁ မေးခွန်းများ ၁-၃
  • သတင်းကောင်းဆိုတာ ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သတင်းကောင်းဆိုတာ ဘာလဲ
  • လူမျိုးအားလုံးအတွက် သတင်းကောင်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်ဆီက ဘာကြောင့် သင်ယူရတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ကမ္ဘာမြေနဲ့ပတ်သက်ပြီး ဘုရားသခင်ရဲ့ရည်ရွယ်ချက်က ဘာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ကမ္ဘာကို ဘုရားသခင် ဖန်ဆင်းရတဲ့ ရည်ရွယ်ချက်က ဘာလဲ
    လူမျိုးအားလုံးအတွက် သတင်းကောင်း
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
လူမျိုးအားလုံးအတွက် သတင်းကောင်း
fg အခန်း ၁ မေးခွန်းများ ၁-၃

အခန်း ၁

သတင်းကောင်းဆိုတာ ဘာလဲ

၁။ ဘုရားသခင်ဆီကလာတဲ့ သတင်းက ဘာလဲ။

ကမ္ဘာပေါ်မှာ လူတွေ ပျော်နေပုံ

ဘုရားသခင်က လူတွေကို ဒီကမ္ဘာပေါ်မှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်စေချင်တယ်။ ကမ္ဘာအပါအဝင် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တာက လူတွေကို ချစ်လို့ဖြစ်တယ်။ မကြာခင် လူတွေအတွက် ကောင်းမွန်တဲ့ အနာဂတ်ကို ပြင်ဆင်ပေးပါတော့မယ်။ ဆင်းရဲဒုက္ခ ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေကို ဖယ်ရှားပေးပြီး လူတွေကို သက်သာရာရစေပါတော့မယ်။​—ယေရမိ ၂၉:၁၁ ကိုဖတ်ပါ။

ဘယ်လူ့အုပ်ချုပ်မှုကမှ အကြမ်းဖက်မှု၊ ရောဂါနဲ့ သေခြင်းတို့ကို မဖယ်ရှားပေးနိုင်ခဲ့ ပါဘူး။ ဒါပေမဲ့ သတင်းကောင်း ရှိပါတယ်။ မကြာခင် လူ့အုပ်ချုပ်မှုအားလုံးကို ဘုရားသခင့် အုပ်ချုပ်မှုနဲ့ အစားထိုးပါတော့မယ်။ ဘုရားသခင့်အုပ်ချုပ်မှုကို လက်အောက်ခံတဲ့သူ တွေဟာ ငြိမ်သက်အေးချမ်းပြီး ကျန်းမာနေကြပါလိမ့်မယ်။​—ဟေရှာယ ၂၅:၈။ ၃၃:၂၄။ ဒံယေလ ၂:၄၄၊ ၄၅ တို့ကိုဖတ်ပါ။

၂။ အခုချိန်မှာ သတင်းကောင်းကို ဘာကြောင့် အာရုံစိုက်သင့်သလဲ။

ဒီကမ္ဘာပေါ်ကနေ လူဆိုးတွေကို ဘုရားသခင် ဖယ်ရှားပြီးမှသာ ဆင်းရဲဒုက္ခတွေ အဆုံးတိုင်ပါလိမ့်မယ်။ (ဇေဖနိ ၂:၃) ဘယ်တော့ အဆုံးတိုင်မှာလဲ။ အခု လူတွေကို ခြိမ်းခြောက်နေတဲ့ အခြေအနေတွေအကြောင်း ကျမ်းစာမှာ ကြိုပြောထားပါတယ်။ အခု ကမ္ဘာပေါ်မှာ ဖြစ်နေတဲ့အရာတွေက ဘုရားသခင် အရေးယူလုပ်ဆောင်မယ့်အချိန် နီးကပ်လာပြီဆိုတာ ဖော်ပြနေတယ်။​—၂ တိမောသေ ၃:၁-၅ ကိုဖတ်ပါ။

၃။ ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။

ကျမ်းစာမှာပါတဲ့ ဘုရားသခင်အကြောင်း လေ့လာသင့်ပါတယ်။ ကျမ်းစာဟာ မေတ္တာပြည့်ဝတဲ့ဖခင်တစ်ဦး ပေးလိုက်တဲ့ စာတစ်စောင်နဲ့တူတယ်။ အခုအချိန်မှာ ကောင်းမွန်တဲ့အသက်တာနဲ့ အနာဂတ်မှာ ထာဝရအသက်ကို ဘယ်လိုရနိုင်တယ် ဆိုတာတွေကို ကျမ်းစာမှာ ဖော်ပြထားတယ်။ သင် ကျမ်းစာလေ့လာနေတာကို တချို့လူတွေ ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။ ဒါပေမဲ့ ကောင်းမွန်တဲ့အနာဂတ်ကို ကျွန်တော်တို့ ပိုင်ဆိုင်နိုင်တယ်ဆိုတာ ဘုရားသခင် ကတိပြုထားတဲ့အတွက် တခြားသူတွေကြောင့် မလေ့လာဘဲ မနေသင့်ပါဘူး။​—ပညာအလိမ္မာ ၂၉:၂၅။ ဗျာဒိတ် ၁၄:၆၊ ၇ တို့ကိုဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ