ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၆ အမှတ် ၄ စာ. ၁၀-၁၁
  • အပြောင်းအလဲတွေနဲ့အညီ လိုက်လျောညီထွေနေနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အပြောင်းအလဲတွေနဲ့အညီ လိုက်လျောညီထွေနေနိုင်ပုံ
  • နိုးလော့!—၂၀၁၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခက်အခဲ
  • သိသင့်သိထိုက်ရာ
  • လုပ်ဆောင်နိုင်ရာ
  • ငါ ဘယ်လောက် စိတ်ဓာတ်ကြံ့ခိုင်သလဲ
    လူငယ်များအမေး
  • စိတ်ဓာတ်ကြံ့ခိုင်သူ ဖြစ်နိုင်ပုံ
    နိုးလော့!—၂၀၁၉
  • ၁ အခြေအနေတွေ ပြောင်းလဲသွားနိုင်တဲ့အတွက်
    နိုးလော့!—၂၀၁၄
  • အခြေအနေတွေ ပြောင်းလဲပေမဲ့ ဝတ်ပြုရေးဘက်မှာ နိုးကြားနေပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၆
န၁၆ အမှတ် ၄ စာ. ၁၀-၁၁
သူငယ်ချင်း ပြောင်းသွားလို့ ဝမ်းနည်းနေတဲ့ မိန်းကလေးတစ်ယောက်

မိသားစုအတွက် အကူအညီ | လူငယ်များ

အပြောင်းအလဲတွေနဲ့အညီ လိုက်လျောညီထွေနေနိုင်ပုံ

အခက်အခဲ

  • အဖေရဲ့အလုပ်ကြောင့် မိသားစုလိုက် ပြောင်းရွှေ့ရတယ်။

  • အချစ်ဆုံးသူငယ်ချင်းက အဝေးကို ပြောင်းရွှေ့သွားတယ်။

  • အကိုကြီး/အမကြီးက အိမ်ထောင်ပြုပြီး အိမ်ခွဲသွားတယ်။

ဒီလိုအပြောင်းအလဲတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် သင် ဘယ်လိုလုပ်နိုင်မလဲ။

လေတိုက်ရာ ယိမ်းနေတဲ့သစ်ပင်

လေတိုက်တဲ့အတိုင်း အလိုက်သင့်ယိမ်းတဲ့သစ်ပင်ဟာ မုန်တိုင်းဒဏ်ကို ခံနိုင်တယ်။ သင်လည်း မထိန်းချုပ်နိုင်တဲ့ အပြောင်းအလဲတွေ ကြုံရတဲ့အခါ အဲဒီသစ်ပင်လို “အလိုက်သင့်ယိမ်း” တတ်အောင် ကြိုးစားရမယ်။ အဲဒီအကြောင်း မသုံးသပ်ခင် အပြောင်းအလဲနဲ့ပတ်သက်ပြီး သိထားသင့်တဲ့အရာတချို့ကို ဆွေးနွေးပါမယ်။

သိသင့်သိထိုက်ရာ

အပြောင်းအလဲဆိုတာ ရှောင်လွှဲလို့ မရနိုင်ဘူး။ လူတွေဟာ ‘မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ ကြုံရတတ်’ တယ်ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဒေသနာ ၉:၁၁၊ ကဘ) တစ်ချိန်ချိန်မှာ ဒီကျမ်းစကားတွေအတိုင်း သင် ကြုံရနိုင်တယ်။ ဒါပေမဲ့ မျှော်လင့်မထားတဲ့ဖြစ်ရပ်အားလုံးဟာ အဆိုးတွေကြီးပဲတော့ မဟုတ်ပါဘူး။ တချို့အခြေအနေတွေက အစပိုင်းမှာ ဆိုးတယ်လို့ထင်ရပေမဲ့ နောက်ပိုင်းမှာ ကောင်းသွားတတ်တယ်။ ဒါပေမဲ့ လူအများစုအတွက်တော့ ကြုံလာတဲ့အပြောင်းအလဲနဲ့ နေသားတကျဖြစ်ဖို့ ခက်တယ်။

ဆယ်ကျော်သက်အရွယ်မှာ အပြောင်းအလဲကြုံရင် ပိုခက်ခဲတယ်။ အကြောင်းအရင်းတစ်ခုက– “ခန္ဓာကိုယ် အပြောင်းအလဲကို ရင်ဆိုင်နေရပါတယ်ဆိုမှ အပြင်ပန်း အပြောင်းအလဲတွေ ထပ်ကြုံရတော့ ပိုခက်တာပေါ့” လို့လူငယ်အဲလက်စ်a ရှင်းပြတယ်။

နောက်ထပ်အကြောင်းအရင်း– လူကြီးတွေက အပြောင်းအလဲတွေကို ကြုံခဲ့ဖူးလို့ အတွေ့အကြုံအရ ဖြေရှင်းနိုင်ပေမဲ့ လူငယ်တွေအတွက်တော့ အပြောင်းအလဲက အသစ်အဆန်းဖြစ်နေတယ်။

လိုက်လျောညီထွေနေထိုင်ပါ။ အလိုက်သင့်ပြောင်းလဲတယ်ဆိုတာ အပြောင်းအလဲတွေနဲ့အညီ နေတတ်တာ၊ မကောင်းတဲ့အခြေအနေကို ပြန်ကောင်းအောင်လုပ်တာ ဖြစ်တယ်။ အလိုက်သင့်ပြောင်းလဲတတ်သူဟာ အပြောင်းအလဲသစ်ကို လက်ခံနိုင်တာလောက်ပဲမဟုတ်ဘူး၊ အခက်အခဲနဲ့ အကျိုးဖြစ်မယ့်အရာကိုလည်း တွဲမြင်တတ်တယ်။ အဲဒီလိုစိတ်ထားရှိတဲ့လူငယ်တွေဟာ အပြောင်းအလဲတွေကို အကြောင်းပြပြီး မူးယစ်ဆေးနဲ့ အရက်သေစာ သုံးစွဲကြမှာမဟုတ်ဘူး။

လုပ်ဆောင်နိုင်ရာ

အရှိကိုအရှိအတိုင်း လက်ခံပါ။ အပြောင်းအလဲမှန်သမျှကို သင် ထိန်းချုပ်ချင်မှာ သေချာပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ မဖြစ်နိုင်ပါဘူး။ သူငယ်ချင်းတွေ ပြောင်းရွှေ့သွားလို့၊ မောင်နှမတွေ အရွယ်ရောက်လာပြီး အိမ်ခွဲသွားလို့၊ သင်က မိသားစုနဲ့အတူ ပြောင်းရွှေ့သွားရလို့၊ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေနဲ့ ဝေးရတယ်။ အပြောင်းအလဲတွေကြောင့် စိတ်ရှုပ်နေမယ့်အစား အရှိကိုအရှိအတိုင်း လက်ခံတာက ပိုကောင်းပါတယ်။—ကျမ်းစာအကြံပြုချက်– ဒေသနာ ၇:၁၀။

အနာဂတ်ကို ကြည့်ပါ။ ဖြစ်ခဲ့ပြီးတာတွေကို ပြန်စဉ်းစားနေတာက အဝေးပြေးလမ်းမမှာ နောက်ကြည့်မှန်ကိုပဲကြည့်ပြီး ကားမောင်းနေတာနဲ့တူတယ်။ တစ်ခါတလေ နောက်ကိုကြည့်တာကောင်းပေမဲ့ တကယ်အာရုံစိုက်ကြည့်ရမှာက အရှေ့ကိုပဲ။ အပြောင်းအလဲတွေကို ရင်ဆိုင်ဖြေရှင်းတဲ့အခါလည်း အဲဒီလိုပဲ ဖြစ်ရမယ်။ အနာဂတ်ကိုပဲ အာရုံစူးစိုက်ကြည့်ပါ။ (သုတ္တံ ၄:၂၅) ဥပမာ၊ နောက်လ ဒါမှမဟုတ် နောက်ခြောက်လအတွက် ငါ ဘာပန်းတိုင်ချမှတ်နိုင်မလဲ။

အကောင်းမြင်စိတ်ရှိပါ။ “အလိုက်သင့်ပြောင်းလဲတတ်တယ်ဆိုတာ သဘောထားနဲ့ဆိုင်တယ်။ သင်ကြုံရတဲ့ အပြောင်းအလဲကို အကောင်းဘက်က မြင်ကြည့်ပါ” လို့ အမျိုးသမီးငယ်လော်ရာ ပြောတယ်။ သင်ကြုံရတဲ့ အပြောင်းအလဲအသစ်ကနေ ရရှိတဲ့အကျိုးတစ်ခုကို ပြောပြနိုင်မလား။—ကျမ်းစာအကြံပြုချက်– ဒေသနာ ၆:၉။

ဗစ်တိုးရီးယားဆိုတဲ့အမျိုးသမီးငယ်က သူဆယ်ကျော်သက်အရွယ်မှာ အချစ်ဆုံးသူငယ်ချင်းအားလုံး အဝေးကို ပြောင်းသွားကြတယ်။ သူခံစားခဲ့ရတာကို အခုလိုပြန်ပြောပြတယ်– “အဲဒီတုန်းက ကျွန်မ အရမ်းအထီးကျန်ခဲ့တာ။ သူတို့နဲ့ မဝေးချင်ဘူး။ ဒါပေမဲ့ အဲဒီအကြောင်းတွေကို ပြန်တွေးကြည့်တော့ အရွယ်ရောက်လာတဲ့အချိန်မှာ အပြောင်းအလဲဆိုတာ လိုအပ်မှန်း ကျွန်မ နားလည်လာတယ်။ အခုဆိုရင် ကျွန်မမှာ သူငယ်ချင်းအသစ်တွေ ရှိနေပြီ။”—ကျမ်းစာအကြံပြုချက်– သုတ္တံ ၂၇:၁၀။

ဖြစ်ခဲ့ပြီးတာတွေကို ပြန်စဉ်းစားနေတာက အဝေးပြေးလမ်းမမှာ နောက်ကြည့်မှန်ကိုပဲကြည့်ပြီး ကားမောင်းနေတာနဲ့တူ

သူများ အကျိုးဆောင်ပါ။ ‘ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ’ လို့ ကျမ်းစာပြောတယ်။ (ဖိလိပ္ပိ ၂:၄) သင်ကြုံရတဲ့အပြောင်းအလဲတွေအတွက် အကောင်းဆုံးဖြေဆေးကတော့ တခြားသူတွေကို ကူညီပေးခြင်းပဲ။ အသက် ၁၇ နှစ်အရွယ်၊ အန်နာက “ကျွန်မ အရွယ်ရောက်လာတော့ ကိုယ့်လိုမျိုး အခက်အခဲကြုံရသူတွေ၊ အဲဒီထက် ဆိုးတဲ့အခက်အခဲကြုံရသူတွေကို ကူညီပေးတာက အကျိုးရှိမှန်း သိလာတယ်။”

a ဒီဆောင်းပါးမှာ နာမည်တချို့ကို ပြောင်းထားပါတယ်။

ကျမ်းစာအကြံပြုချက်များ

  • ‘“အရင်ခေတ်က အခုခေတ်ထက် ပိုကောင်းတယ်” လို့မပြောပါနဲ့။’—ဒေသနာ ၇:၁၀ ကဘ။

  • ‘မရနိုင်တဲ့အရာကို လိုချင်နေတာထက်စာရင် မြင်နေရတဲ့အရာကို ခံစားကျေနပ်နေတာ ပိုကောင်းတယ်။’—ဒေသနာ ၆:၉၊ ကဘ။

  • ‘အနားမှာရှိတဲ့ မိတ်ဆွေရင်းချာဟာ အဝေးမှာရှိတဲ့ညီအစ်ကိုထက် ပိုကောင်းတယ်။’—သုတ္တံ ၂၇:၁၀၊ ကဘ။

ဟွန်

ဟွန်

“လူငယ်တွေဟာ အပြောင်းအလဲတွေကို လက်ခံပြီး ကြိုးစားဖြေရှင်းမယ်ဆိုရင် အလိုက်သင့်ပြောင်းလဲတတ်သူ ဖြစ်လာမယ်။ အရှိကိုအရှိအတိုင်း လက်ခံတဲ့သူက ဘဝကို ရှေ့ဆက်လျှောက်လှမ်းဖို့ ပိုလွယ်ကူသွားလိမ့်မယ်။”

ကာရီစာ

ကာရီစာ

‘ပြဿနာတစ်ခုကို ဖြေရှင်းနိုင်ပြီဆိုရင် အဲဒီအကြောင်းကို ထပ်ပြီးစဉ်းစားမနေတော့ဘူး။ နောက်ပြဿနာကို ဖြေရှင်းဖို့ပဲ အာရုံစိုက်တော့တယ်။ ရှေ့မှာကြုံရမယ့်အရာတွေကို အာရုံစိုက်တာကလည်း အလိုက်သင့်ပြောင်းလဲတတ်သူပဲလို့ ကျွန်မထင်တယ်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ