ခရစ်ယာန်အသက်တာလမ်းစဉ်
သင် ဟောပြောသွန်သင်နိုင်
မောရှေဟာ ယေဟောဝါဘုရားပေးတဲ့တာဝန်ကို ထမ်းဆောင်ဖို့ အရည်အချင်း မရှိဘူးလို့ အစပိုင်းမှာ ယူဆခဲ့တယ်။ (ထွ ၄:၁၀၊ ၁၃) သင်ကော အဲဒီလို ခံစားဖူးသလား။ သင်ဟာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ လေ့လာနေသလား။ တစ်အိမ်တက်ဆင်း ဟောပြောနိုင်ပါ့မလားလို့ စိုးရိမ်နေသလား။ သင်ဟာ လူငယ်တစ်ယောက်ဖြစ်ပြီး ကျောင်းမှာ သက်သေခံဖို့ ကြောက်နေနိုင်တယ်။ ဒါမှမဟုတ် တယ်လီဖုန်းနဲ့ သက်သေခံခြင်း၊ လူအများရှေ့ သက်သေခံခြင်းမှာ ပါဝင်ဖို့ ကြောက်နေနိုင်တယ်။ သန့်ရှင်းသောစွမ်းအားတော်ရဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ (၁ပ ၄:၁၁) ဘုရားပေးတဲ့ ဘယ်တာဝန်ကိုမဆို ထမ်းဆောင်နိုင်ဖို့ သင့်ကို ကူညီပေးမယ်ဆိုတာ ယုံကြည်စိတ်ချပါ။—ထွ ၄:၁၁၊ ၁၂။
ရဲစွမ်းသတ္တိရှိသူ ဖြစ်ပါ . . . ကြေညာသူတို့ ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
ညီအစ်မ အာအိုးယာမ ဘယ်အခက်အခဲ ကြုံခဲ့ရသလဲ။
ခွန်အားနဲ့ ရဲစွမ်းသတ္တိကို သူ ဘယ်က ရခဲ့သလဲ။—ယေ ၂၀:၇-၉
ယေဟောဝါရဲ့ အမှုတော်မှာ တိုးချဲ့ပါဝင်လို့ သူ ဘာအကျိုးတွေ ခံစားခဲ့ရသလဲ။
အမှုဆောင်လုပ်ငန်းမှာ ဘယ်အခက်အခဲတွေကို ကျော်လွှားဖို့ သင့်ကို ယေဟောဝါ ကူညီပေးနိုင်သလဲ။