ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lffi သင်ခန်းစာ ၂
  • ကျမ်းစာထဲက မျှော်လင့်ချက်ရောင်ခြည်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာထဲက မျှော်လင့်ချက်ရောင်ခြည်
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာသင်ခန်းစာ မိတ်ဆက်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • ကျမ်းစာထဲက မျှော်လင့်ချက်ရောင်ခြည်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာသင်ခန်းစာ မိတ်ဆက်
  • စစ်မှန်တဲ့ အနာဂတ် မျှော်လင့်ချက်
    ထပ်ဆင့် အကြောင်းအရာများ
  • ၂၀၂၃ ခုနှစ်ကို မျှော်လင့်ချက် ရှိစေတဲ့ အကြောင်းရင်း—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • ၂၀၂၄ ခုနှစ်မှာ မျှော်လင့်ချက် ရှာဖွေခြင်း—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာသင်ခန်းစာ မိတ်ဆက်
lffi သင်ခန်းစာ ၂
သင်ခန်းစာ ၂။ ဂျုံခင်းပေါ် နေထွက်လာ။

သင်ခန်းစာ ၀၂

ကျမ်းစာထဲက မျှော်လင့်ချက်ရောင်ခြည်

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ကမ္ဘာတစ်ဝန်းက လူတွေဟာ ဒုက္ခပြဿနာတွေကြောင့် ဝမ်းနည်းမှု၊ စိတ်ပူပန်မှု၊ နာကျင်မှုတွေ ခံစားနေကြတယ်။ သင်ကော အဲဒီလို ခံစားဖူးပါသလား။ ရောဂါဝေဒနာတစ်မျိုး ခံစားရလို့၊ ချစ်ရသူ သေဆုံးသွားလို့ စိတ်ဆင်းရဲနေတာ ဖြစ်နိုင်တယ်။ ‘ဘဝကြီးက ပိုကောင်းလာပါဦးမလား’ ဆိုပြီး တွေးမိမှာပဲ။ ဒီမေးခွန်းရဲ့ အဖြေ ကျမ်းစာမှာ ပါတယ်။

၁။ ကျမ်းစာက ဘယ်နည်းနဲ့ မျှော်လင့်ချက် ရှိစေသလဲ။

ကမ္ဘာပေါ် ဒုက္ခပြဿနာတွေ ပြည့်နေရတဲ့ အကြောင်းရင်းကို ကျမ်းစာမှာ ရှင်းပြထားတယ်။ မကြာခင် ဒုက္ခတွေ ပျောက်ကွယ်သွားမယ်ဆိုတဲ့ သတင်းကောင်းကိုလည်း ဖော်ပြပါတယ်။ ကျမ်းစာမှာပါတဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ ကတိက မျှော်လင့်ချက် ရှိစေတယ်။ (ယေရမိ ၂၉:၁၁၊ ၁၂ ကိုဖတ်ပါ။) အဲဒီကျမ်းစာကတိတွေက လက်ရှိပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်အောင်၊ အကောင်းမြင်စိတ် ရှိအောင်၊ တည်မြဲတဲ့ ပျော်ရွှင်မှု ခံစားနိုင်အောင် ကူညီပေးတယ်။

၂။ ဘယ်လို အနာဂတ်မျိုး ရှိမယ်လို့ ကျမ်းစာ ကတိပေးသလဲ။

အနာဂတ်မှာ “သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး” လို့ ကျမ်းစာ ကတိပေးတယ်။ (ဗျာဒိတ် ၂၁:၄ ကို ဖတ်ပါ။) လူတွေကို မျှော်လင့်ချက်မဲ့စေတဲ့ ဆင်းရဲမွဲတေမှု၊ မတရားမှု၊ ဖျားနာမှု၊ သေခြင်း စတာတွေ လုံးဝ ကွယ်ပျောက်တော့မယ်။ လူတွေဟာ သာယာလှပတဲ့ ကမ္ဘာပေါ်မှာ ဘဝကို ထာဝစဉ် ပျော်မွေ့နိုင်ကြမယ်လို့ ကျမ်းစာ ကတိပေးတယ်။

၃။ ကျမ်းစာကတိကို ယုံကြည်စိတ်ချလာအောင် ဘာလုပ်နိုင်သလဲ။

လူများစွာက ကောင်းမွန်တဲ့ အနာဂတ်ကို မျှော်လင့်ကြတယ်။ ဒါပေမဲ့ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာမယ်ဆိုတာ မသေချာကြဘူး။ ကျမ်းစာကတိတွေကတော့ အဲဒီလို မဟုတ်ဘူး။ ‘ကျမ်းစာကို အသေအချာ ဆန်းစစ်’ မယ်ဆိုရင် ကျမ်းစာကတိတွေကို ယုံကြည်စိတ်ချလာနိုင်တယ်။ (တမန်တော် ၁၇:၁၁) ကျမ်းစာ လေ့လာမယ်ဆိုရင် အနာဂတ်နဲ့ပတ်သက်တဲ့ ကျမ်းစာကတိတွေကို ယုံကြည်စိတ်ချသင့်မသင့် သိလာပါလိမ့်မယ်။

ရှာဖွေလေ တွေ့ရှိလေ

အနာဂတ်နဲ့ပတ်သက်တဲ့ ကျမ်းစာကတိ တချို့ကို လေ့လာကြည့်ပါ။ ကျမ်းစာမှာပါတဲ့ မျှော်လင့်ချက်က ဒီနေ့အချိန်မှာ လူတွေကို ဘယ်လို ကူညီပေးသလဲဆိုတာ ကြည့်လိုက်ပါ။

ပုံ- လူတွေ လက်ရှိကြုံနေရတာနဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ ကျမ်းစာကတိ ကွာခြားပုံ။

၄။ ဆင်းရဲဒုက္ခ မရှိဘဲ ထာဝစဉ် အသက်ရှင်နိုင်တယ်လို့ ကျမ်းစာ ကတိပေး

အောက်ပါ ကျမ်းစာကတိတွေကို သုံးသပ်ကြည့်ပါ။ ဘယ်ကတိတွေကို အကြိုက်ဆုံးလဲ။ ဘာကြောင့်လဲ။

ညွှန်းထားတဲ့ ကျမ်းချက်တွေကို ဖတ်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ။

  • ဒီကျမ်းချက်တွေက သင့်ကို မျှော်လင့်ချက် ရှိစေသလား။ မိသားစုနဲ့ မိတ်ဆွေတွေကိုရော မျှော်လင့်ချက် ရှိစေမလား။

ဒီလိုကမ္ဘာမျိုးမှာ နေထိုင်ရတယ်လို့ ကိုယ့်ကိုယ်ကိုယ် မြင်ယောင်ကြည့်ပါ။

ဘယ်သူမှ ဒါတွေ မကြုံရတော့ဘူး

လူတိုင်း ဒါတွေ ခံစားရမယ်

  • နာကျင်ခြင်း၊ အိုမင်းမစွမ်းဖြစ်ခြင်း၊ သေခြင်း။ —ဟေရှာယ ၂၅:၈။

  • သေဆုံးခဲ့တဲ့ ချစ်ရသူတွေ ကမ္ဘာပေါ် အသက်ပြန်ရှင်လာတာကို မြင်တွေ့ကြရမယ်။—ယောဟန် ၅:၂၈၊ ၂၉။

  • ဖျားနာခြင်း၊ မသန်မစွမ်းဖြစ်ခြင်း။ —ဟေရှာယ ၃၃:၂၄။ ၃၅:၅၊ ၆။

  • ဒေါင်ဒေါင်မြည် ကျန်းမာလာကြမယ်။ လူငယ့်အားအင်တွေ ပြည့်လာကြမယ်။—ယောဘ ၃၃:၂၅။

  • မတရားမှု ကြုံရခြင်း။ —ဟေရှာယ ၃၂:၁၆၊ ၁၇။

  • အစားအသောက် ပေါကြွယ်မယ်။ အိမ်ကောင်းရာကောင်း ပိုင်ဆိုင်မယ်။ ကျေနပ်စရာ အလုပ်အကိုင် ရှိမယ်။—ဆာလံ ၇၂:၁၆။ ဟေရှာယ ၆၅:၂၁၊ ၂၂။

  • စစ်ဒဏ်ခံရခြင်း။ —ဆာလံ ၄၆:၉။

  • ငြိမ်သက်အေးချမ်းလာမယ်။—ဆာလံ ၃၇:၁၁။

  • အတိတ်က နာကျင်စရာတွေကြောင့် စိတ်ဒုက္ခရောက်ခြင်း။—ဟေရှာယ ၆၅:၁၇။

  • ပြီးပြည့်စုံတဲ့ အခြေအနေမှာ ထာဝစဉ် အသက်ရှင်ကြရမယ်။ —ဆာလံ ၃၇:၂၉။

ဖျားနေတဲ့ကလေး ပြန်ကျန်းမာလာပြီး မိခင်ကို ပွေ့ဖက်နေ။ သက်ကြီးရွယ်အိုတစ်ဦး ပြန်နုပျိုလာပြီး သီးနှံထည့်ထားတဲ့တွန်းလှည်းကို တွန်းလာ။ အတင်း ခိုင်းစားခံရပြီး ဆာငတ်နေတဲ့ ကလေးတွေ အပင်တွေစိုက်ပြီး ဘောလုံးကန်နေ။ စိတ်ဓာတ်ကျမှိုင်တွေနေတဲ့ အမျိုးသမီး မတ်မတ်ရပ်ပြီး ပြုံးနေ။

၅။ ကျမ်းစာကတိတွေက ဘဝကို ပြောင်းလဲပေးနိုင်

လူများစွာက ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ ပြဿနာတွေကြောင့် စိတ်ဓာတ်ကျနေတဲ့အပြင် ဒေါသထွက်လာကြတယ်။ ပြုပြင်ပြောင်းလဲရေး အတွက် အသည်းအသန် ကြိုးစားကြတယ်။ အခြေအနေ ပိုကောင်းလာမယ်ဆိုတဲ့ ကျမ်းစာကတိတွေက လောလောဆယ် ကူညီပေးပုံကို လေ့လာကြည့်ပါ။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းတွေကို သုံးသပ်ပါ။

ဗီဒီယို။ မတရားမှုကို တိုက်ထုတ်ချင်ခဲ့ (၄:၀၇)

ပုံများ- ‘မတရားမှုကို တိုက်ထုတ်ချင်ခဲ့’ ဗီဒီယိုထဲက ပြကွက်များ။ ၁။ ရာဖီကာ ငယ်ငယ်တုန်းက လူမျိုးတူတွေနဲ့ ဝါဂွမ်းဆွတ်နေ။ ၂။ ဦးဆုံးအကြိမ် တက်ရောက်တဲ့ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးကြီးမှာ လူမျိုးမတူသူတွေကြား ရာဖီကာ ပျော်ရွှင်နေ။
  • ဒီဗီဒီယိုမှာ ဘယ်မတရားမှုကြောင့် ရာဖီကာ စိတ်အနှောင့်အယှက် ဖြစ်ခဲ့သလဲ။

  • မတရားမှုတွေ ဆက်ရှိနေပေမဲ့ ကျမ်းစာက ရာဖီကာကို ဘယ်လို ကူညီပေးသလဲ။

ကျမ်းစာမှာပါတဲ့ အနာဂတ်မျှော်လင့်ချက်က စိတ်ဓာတ်ကျတာကို တိုက်လှန်ဖို့၊ ပြဿနာတွေကို အောင်မြင်စွာ ဖြေရှင်းနိုင်ဖို့ ကူညီပေးတယ်။ ပညာအလိမ္မာ ၁၇:၂၂ နဲ့ ရောမ ၁၂:၁၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းတွေကို သုံးသပ်ပါ။

  • မျှော်လင့်ချက်ရှိစေတဲ့ ကျမ်းစာသတင်းစကားက အခုအချိန်မှာတောင် သင့်ဘဝကို တိုးတက်ကောင်းမွန်စေနိုင်တယ်လို့ ထင်ပါသလား။ ဘာကြောင့်လဲ။

လူတချို့ အဆို။ “အနာဂတ်နဲ့ပတ်သက်တဲ့ ကျမ်းစာကတိတွေဟာ စိတ်ကူးယဉ်ဆန်လွန်းပါတယ်။”

  • ကိုယ်တိုင် အဖြေရှာဖို့ အရေးကြီးတယ်လို့ ဘာကြောင့် ထင်ပါသလဲ။

အနှစ်ချုပ်

ပျော်ရွှင်စရာ အနာဂတ်ရှိမယ်လို့ ကျမ်းစာ ကတိပေးထားတယ်။ ဒါဟာ ကျွန်တော်တို့ကို မျှော်လင့်ချက် ရှိစေတယ်။ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်စေတယ်။

ပြန်လည်သုံးသပ်ခြင်း

  • လူတွေ ဘာကြောင့် မျှော်လင့်ချက်ရှိဖို့ လိုသလဲ။

  • အနာဂတ်အကြောင်း ကျမ်းစာမှာ ဘာပြောထားသလဲ။

  • အနာဂတ် မျှော်လင့်ချက်က အခုအချိန်မှာ သင့်ကို ဘယ်လို ကူညီပေးသလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

မျှော်လင့်ချက်ရဲ့ အစွမ်းထက်ပုံကို လေ့လာကြည့်ပါ။

“မျှော်လင့်ချက်ကို ဘယ်မှာ ရှာတွေ့နိုင်မလဲ” (နိုးလော့! စာစောင်)

နာတာရှည်ရောဂါ ခံစားနေရသူတွေကို အနာဂတ်မျှော်လင့်ချက်က ကူညီပေးပုံအကြောင်း လေ့လာကြည့်ပါ။

“နာတာရှည်ရောဂါကို ရင်ဆိုင်ဖြေရှင်းရာမှာ သမ္မာကျမ်းစာက ကူညီပေးနိုင်သလား” (ဝက်ဘ်ဆိုက် ဆောင်းပါး)

ဒီတေးဗီဒီယိုကို ကြည့်တဲ့အခါ ကျမ်းစာကတိပေးထားတဲ့ ပရဒိသုမှာ ကိုယ့်မိသားစုနဲ့အတူ ဘဝကို ပျော်မွေ့နေတယ်လို့ မြင်ယောင်ကြည့်ပါ။

မြင်ယောင်ကြည့်ပါ (၃:၃၇)

ကျမ်းစာထဲက အနာဂတ်မျှော်လင့်ချက်အကြောင်း သိလာတဲ့အခါ လူတစ်ဦး ပြောင်းလဲလာပုံကို ဖတ်ကြည့်ပါ။

“ကမ္ဘာကြီးကို ကျွန်တော် ပြောင်းလဲရမယ်လို့ မခံစားရတော့ပါဘူး” (ကင်းမျှော်စင်၊ ဇူလိုင် ၁၊ ၂၀၁၃)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ