ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lmd သင်ခန်းစာ ၃
  • ကြင်နာပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြင်နာပါ
  • လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှု ဘာလုပ်သလဲ
  • ယေရှုဆီကနေ ဘာသင်ယူရသလဲ
  • ယေရှုကို အတုယူပါ
  • တခြားသူတွေကို စိတ်ဝင်စားပါ
    လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ
  • “အကြင်နာတရား” က လှုံ့ဆော်ပေးပါစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ရန်လိုသောလောကတွင် ကြင်နာမှုကို ကြိုးစားတင်ပြခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ကြင်နာမှုပြခြင်းဖြင့် ယေဟောဝါအားပျော်ရွှင်စေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ
lmd သင်ခန်းစာ ၃

စကားစမြည် စပြောခြင်း

မျက်မမြင်ကို ကုပေးဖို့ ယေရှု ဖြည်းဖြည်းချင်း အနားကပ်သွား။

ယော. ၉:၁-၇

သင်ခန်းစာ ၃

ကြင်နာပါ

ကျမ်းစာမူ။ “မေတ္တာဟာ . . . ကြင်နာတတ်တယ်။”—၁ ကော. ၁၃:၄။

ယေရှု ဘာလုပ်သလဲ

မျက်မမြင်ကို ကုပေးဖို့ ယေရှု ဖြည်းဖြည်းချင်း အနားကပ်သွား။

ဗီဒီယို။ မျက်မမြင်တစ်ယောက်ကို ယေရှု ကုပေး

၁။ ဗီဒီယို ကြည့်ပါ။ ဒါမှမဟုတ် ယောဟန် ၉:၁-၇ ကို ဖတ်ပါ။ အဲဒီနောက် ဒီမေးခွန်းတွေ သုံးသပ်ပါ–

  1. က။ ယေရှု ဘာအရင် လုပ်သလဲ။ မျက်မမြင်ကို အရင် ကုပေးသလား။ သတင်းကောင်း အရင် ပြောသလား။—ယောဟန် ၉:၃၅-၃၈ ကို ကြည့်ပါ။

  2. ခ။ ယေရှု သတင်းကောင်း ပြောတာကို အဲဒီလူ ဘာကြောင့် နားထောင်ချင်တာ ဖြစ်မလဲ။

ယေရှုဆီကနေ ဘာသင်ယူရသလဲ

၂။ ကျွန်တော်တို့ စိတ်ဝင်တစား ရှိတယ်ဆိုတာ တစ်ဖက်လူ ခံစားရရင် သတင်းစကား ပိုနားထောင်ချင်နိုင်တယ်။

ယေရှုကို အတုယူပါ

၃။ တစ်ဖက်လူနေရာကနေ ဝင်ခံစားပေးပါ။

  1. က။ ဒီလို စဉ်းစားကြည့်ပါ– ‘သူ့မှာ ဘာစိုးရိမ်စရာတွေများ ရှိနေမလဲ။ ဘာအကြောင်း ပြောရင် စိတ်ဝင်စားလောက်မလဲ၊ သူ့အတွက် အကူအညီ ဖြစ်မလဲ။’ အဲဒီလို စဉ်းစားတာက စိတ်ရင်းမှန်နဲ့ ကြင်နာမှု ပြဖို့ ကူညီပေးပါလိမ့်မယ်။

  2. ခ။ သူ အလေးထားတာကို ကိုယ် အလေးထားကြောင်း ပြဖို့ နားထောင်ပေးပါ။ သူ့ခံစားချက် ဒါမှမဟုတ် ကြုံနေရတဲ့ ပြဿနာအကြောင်း ပြောလာတဲ့အခါ စကားစ မဖြတ်ပါနဲ့။

၄။ လေးလေးစားစား၊ ကြင်ကြင်နာနာ ပြောပါ။ ကိုယ့်ပြောဆိုပုံက တခြားသူတွေကို စာနာတယ်၊ တကယ် ကူညီပေးချင်တယ်ဆိုတာ ဖော်ပြတယ်။ ဒါကြောင့် စကား အသုံးအနှုန်း၊ လေယူလေသိမ်း ဂရုစိုက်ပါ။ စိတ်အနှောင့်အယှက် ဖြစ်စေမယ့် စကားတွေ ရှောင်ပါ။

၅။ ကူညီချင်စိတ် ရှိပါ။ လိုအပ်ရင် လိုအပ်သလို လက်တွေ့ကျကျ ကူညီဖို့ အခွင့်အရေး ရှာပါ။ ကြင်နာမှု လုပ်ရပ်လေးတွေကြောင့် စကားဖောင်ဖွဲ့ဖို့ လမ်းပွင့်သွားနိုင်တယ်။

ဒီကျမ်းပိုဒ်တွေကိုလည်း ကြည့်ပါ

ရော. ၁၂:၁၅၊ ၁၆။ ဂလ. ၆:၁၀။ ဟီ. ၁၃:၁၆

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ