ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၉/၁၂ စာ. ၂၉
  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်
  • နိုးလော့!—၂၀၁၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အာရှမှာ လာရောက်ဆေးကုသခြင်း တိုးများလာ
  • အလုပ်တစ်ခုမက တစ်ပြိုင်တည်းလုပ်ခြင်းရဲ့ ဆိုးကျိုး
  • ဂျော်ဂျီယာ–ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းထားရာ
    နိုးလော့!—၁၉၉၉
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၂၀၁၄
  • ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း—တစ်ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းတစ်ရပ်
    နိုးလော့!—၂၀၀၃
  • အာရှတိုက်နဲ့ပတ်သက်ပြီး သတိပြုမိရာ
    နိုးလော့!—၂၀၁၅
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၂
န ၉/၁၂ စာ. ၂၉

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

“၂၀၁၁ ခုနှစ် အစပိုင်းမှာ ကမ္ဘာတစ်ဝန်း မိုဘိုင်းလ်ဖုန်းလိုင်း ၅.၄ ဘီလီယံရှိခဲ့တယ်။”—UN CHRONICLE, U.S.A.

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလအတွင်း “သဘာဝဘေးကြောင့် လူပေါင်း ၇၈၀,၀၀၀ ကျော် သေဆုံးခဲ့တယ်။ ဒီကိန်းဂဏန်းရဲ့ ၆၀% နီးပါးဟာ မြေငလျင်ကြောင့် ဖြစ်တယ်။”

“လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ရုရှားနိုင်ငံသား ၈၀၀,၀၀၀ လောက်က ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြတယ်။”—THE LANCET, BRITAIN.

ကွာရှင်းမှုကို ခွင့်မပြုတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ဒေသထုံးစံအရပဲ လက်ထပ်တဲ့ ဒါမှမဟုတ် “လက်မထပ်ဘဲအတူနေတဲ့” ၁၅ နှစ်ကနေ ၄၉ နှစ်ကြား အမျိုးသမီးအရေအတွက်ဟာ “၁၉၉၃ ကနေ ၂၀၀၈ ခုနှစ်အတွင်း နှစ်ဆကျော် ဖြစ်လာတယ်။”—THE PHILIPPINE STAR, PHILIPPINES.

ဂျော်ဂျီယာ[သမ္မတနိုင်ငံ] မှာ “လူဦးရေရဲ့ ၇၉.၂ ရာခိုင်နှုန်းလောက်က တခြားသူသောက်တဲ့ ဆေးလိပ်ငွေ့ကြောင့် ဆိုးကျိုးခံနေရတယ်။” မြို့တော် တဘီလစီ မှာ “ကလေးငယ် ၈၇.၇ ရာခိုင်နှုန်း ထိခိုက်နေတယ်။”—TABULA, GEORGIA.

အာရှမှာ လာရောက်ဆေးကုသခြင်း တိုးများလာ

အရည်အသွေးပြည့်မီတဲ့ ဆေးဝါးကုသမှုကို ခံယူဖို့ ကိုယ့်နိုင်ငံထက် ဆေးကုသစရိတ် တော်တော်လေး နည်းတဲ့ နိုင်ငံရပ်ခြားကို သွားရောက်ကုသတဲ့ လူနာတွေ ကမ္ဘာတစ်ဝန်းမှာ တိုးများလာနေပါတယ်။ ဖိလစ်ပိုင် သတင်းစာတစ်စောင်ရဲ့ မှတ်တမ်းအရ ၂၀၁၅ ခုနှစ် ရောက်ရင် ဖိလစ်ပိုင်နိုင်ငံမှာ တစ်နှစ်ကို “ဆေးကုခံ ကမ္ဘာလှည့်ခရီးသည်” တစ်သန်းလောက် ရောက်မယ်လို့ ခန့်မှန်းထားပြီး အဲဒီအရေအတွက်ကို တောင်ကိုးရီးယားနိုင်ငံက ၂၀၂၀ ပြည့်နှစ်မှာ ပြည့်မီနိုင်တယ်။ အိန္ဒိယ၊ မလေးရှား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတွေကလည်း လူကြိုက်များလာတဲ့ နိုင်ငံတွေ ဖြစ်ကြတယ်။ အနောက်နိုင်ငံသားတွေက အရိုး၊ နှလုံး စတဲ့ရောဂါတွေကို ကုဖို့ ရောက်လာကြတယ်။ အဲဒီအပြင် ငွေကြေးချမ်းသာလာတဲ့ တရုတ်နိုင်ငံသားတွေလည်း “သူတို့တူချင်တဲ့ အကျော်အမော်တွေ” ရဲ့ဓာတ်ပုံတွေနဲ့အတူ မျက်နှာခွဲစိတ်ပြုပြင်ဖို့ ရောက်လာနေကြတယ်လို့ မှတ်တမ်းက ဖော်ပြတယ်။

အလုပ်တစ်ခုမက တစ်ပြိုင်တည်းလုပ်ခြင်းရဲ့ ဆိုးကျိုး

နည်းပညာကြောင့် အလုပ်သမားတွေဟာ တစ်ချိန်တည်းမှာ ခက်ခဲရှုပ်ထွေးတဲ့ တာဝန်တစ်ခုထက်မကကို လုပ်ရလေ့ရှိပြီး မေးမြန်းလာတာတွေကိုလည်း ချက်ခြင်း ပြန်ဖြေနေရတယ်။ “တစ်ချိန်တည်း အလုပ်တစ်ခုထက်မက လုပ်သူတွေရဲ့ စွမ်းဆောင်ရည်ဟာ ကျဆင်းတတ်တယ်” လို့ အမေရိကန်နိုင်ငံ စတန်းဖော့ဒ် တက္ကသိုလ်ရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ခလစ်ဖော့ဒ် နက်စ်က ဆိုတယ်။ မှတ်တမ်းတွေအရ၊ အလုပ်အများကြီးကို တစ်ပြိုင်တည်းလုပ်တဲ့သူတွေဟာ စိတ်ဖိစီးတတ်ကြတယ်၊ ဘာမဟုတ်တာလေးနဲ့ အာရုံပြောင်းလွယ်တယ်၊ ကောင်းကောင်း မစဉ်းစားနိုင် ဖြစ်တတ်တယ်။ ဒါကြောင့် အရေးကြီးတဲ့ အသေးစိတ် အချက်အလက်တွေကို လွတ်သွားတတ်တယ်။ နက်စ်က ခုလိုအကြံပြုတယ်– “သင် တစ်ခုခုကို လုပ်တဲ့အခါ မိနစ် ၂၀ လောက် အဲဒါကိုပဲလုပ်ပြီး တခြားဘာကိုမှ မလုပ်ပါနဲ့။ ဒါက အာရုံစိုက်နိုင်ဖို့၊ ကောင်းကောင်း စဉ်းစားနိုင်ဖို့ လေ့ကျင့်ခန်းဖြစ်တယ်။”

အလုပ်တစ်ခုမက တစ်ပြိုင်တည်းလုပ်နေတဲ့ အလုပ်သမားပုံ ကာတွန်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ