ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၁/၁၂ စာ. ၁၀
  • ၆ ဘုရားသခင်ဆီက အကူအညီယူပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၆ ဘုရားသခင်ဆီက အကူအညီယူပါ
  • နိုးလော့!—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဖြေရဖို့ ဘယ်လို ဆုတောင်းနိုင်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • မိမစုံဖမစုံမိသားစုများလည်း အောင်မြင်နိုင်ပါသည်!
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • ဆုတောင်းခြင်း အခွင့်ထူး
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ဆုတောင်းခြင်းအားဖြင့် ယေဟောဝါနဲ့ ရင်းနှီးအောင် ကြိုးစားပါ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၂
န ၁၁/၁၂ စာ. ၁၀

၆ ဘုရားသခင်ဆီက အကူအညီယူပါ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ ဘုရားသခင်ကို သင် အကူအညီတောင်းသလား

“ကျွန်မအမျိုးသား ကျွန်မနဲ့ ကလေးတွေကို ထားခဲ့တုန်းက အကူအညီရဖို့ ဘုရားသခင်ကို ဆုတောင်းခဲ့တယ်။ ကျွန်မရဲ့ ဆုတောင်းချက်ကို ကိုယ်တော် ဖြေကြားခဲ့ပါတယ်။ ကျွန်မတို့အတွက် မရှိမဖြစ်တဲ့အရာ လိုအပ်နေတယ်ဆိုတာမျိုး တစ်ခါမှ မရှိဘူး။ ကိုယ်တော် ကျွန်မတို့ကို ကူညီပေးတယ်၊ လမ်းပြပေးတယ်။”—ဂျပန်မှ မာကီ။

ငွေကြေးကို အဓိကထားလာတဲ့ လောကမှာ လူတွေဟာ ဘုရားသခင်ကို အာရုံစိုက်မှု နည်းလာကြတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ကို ဖန်ဆင်းခဲ့တဲ့အရှင်က ကျွန်ုပ်တို့ကို စိတ်ဝင်စားပြီး ဘဝမှာ ပျော်မွေ့စေချင်ပါတယ်။ ကိုယ်တော်ရဲ့ ခံစားချက်ကို ဟေရှာယ ၄၁:၁၀ မှာ ခုလို ဖော်ပြထားတယ်– “မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ . . . သင့်ကိုစောင့်မမည်။”

သမ္မာကျမ်းစာမှာတွေ့ရတဲ့ စံနှုန်းတွေအားဖြင့် ဘုရားသခင်က ကျွန်ုပ်တို့ကို ဘယ်လို ကူညီပေးနေသလဲဆိုတာ ရှေ့ဆောင်းပါးတွေမှာ သုံးသပ်ခဲ့ကြတယ်။ (၂ တိမောသေ ၃:၁၆) ဒါပေမဲ့ ကျမ်းစာက လမ်းညွှန်ပေးရုံသက်သက်တော့ မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ နှစ်သက်ဖွယ် ကိုယ်ရည်ကိုယ်သွေးတွေနဲ့ ကျွန်ုပ်တို့အပေါ်ထားတဲ့ မေတ္တာကိုလည်း ဖော်ပြထားတယ်။ ဒါကြောင့် ကြင်ဖော်မဲ့မိဘပဲဖြစ်ဖြစ်၊ မိစုံဖစုံပဲဖြစ်ဖြစ် ကျမ်းစာသွန်သင်ချက်အတိုင်း လိုက်လျှောက်တဲ့အခါ ဘုရားသခင့်ကောင်းမြတ်ခြင်းကို ခံစားရကြတယ်။

သြစတြီးယားနိုင်ငံမှ ရောဘတ်– “ယေဟောဝါဘုရားသခင်က ဘယ်အဖေ၊ အမေထက်မဆို ပိုကောင်းတဲ့ဖခင် ဖြစ်တယ်။ ကျွန်တော်တို့ကလေးတွေ ဘာလိုအပ်တယ်၊ သူတို့ကို ဘယ်လို ကာကွယ်ရမလဲဆိုတာ ကိုယ်တော် သိတယ်။ ဒါကြောင့် သမီးနဲ့အတူ ကျွန်တော် ဆုတောင်းလေ့ရှိတယ်။”

ဂျပန်မှ အာယူဆာ– “ယေဟောဝါရဲ့ ကူညီထောက်မမှုကို ကျွန်မသား ယုံကြည်စိတ်ချတယ်ဆိုတာ တွေ့ရတော့ ကျွန်မ အရမ်းဝမ်းသာတယ်။ ‘ယေဟောဝါ ကျွန်တော်တို့နဲ့ အတူရှိနေတဲ့အတွက် အားလုံး အဆင်ပြေမှာပါ’ လို့ သူပြောတတ်တယ်။”

အီတလီမှ ခရစ္စတီးနား– “ပြဿနာတစ်ခုကို ကျွန်မ,မဖြေရှင်းနိုင်ဘူးလို့ သိရတဲ့အခါ ယေဟောဝါကို ဆုတောင်းပြီး အကူအညီ တောင်းလိုက်တယ်။ အဲဒီအခါ အကောင်းဆုံးနည်းနဲ့ ပြေလည်သွားမယ်ဆိုတဲ့ ယုံကြည်စိတ်ချမှု ဖြစ်ပေါ်လာတဲ့အတွက် ကျွန်မ စိတ်ငြိမ်သက်မှု ခံစားရတယ်။

ပြင်သစ်မှ လိုရာတန်– “ကြင်ဖော်မဲ့မိခင်ဖြစ်တဲ့ ကျွန်မကို ယေဟောဝါ ကောင်းချီးပေးတယ်ဆိုတာ ကျွန်မ အခိုင်အမာ ပြောနိုင်တယ်။ ကိုယ်တော်ဟာ ဆင်းရဲခက်ခဲမှု ကြုံနေရသူတွေ၊ မိတဆိုး၊ ဖတဆိုးတွေကို ကယ်တင်တယ်။”

ဂျပန်မှ ကာကို– “ဘုရားသခင်က မျက်နှာမလိုက်ဘူး။ မိဘတစ်ယောက်ပဲရှိတဲ့ မိသားစုကိုဖြစ်ဖြစ်၊ နှစ်ယောက်စလုံးရှိတဲ့ မိသားစုကိုဖြစ်ဖြစ် ကိုယ်တော် ဂရုစိုက်တယ်။”—တမန်တော် ၁၀:၃၄။

ဘုရားသခင်ရဲ့ ကြင်နာမှုနဲ့ ဂရုစိုက်စောင့်ရှောက်မှုကို ရောင်ပြန်ဟပ်တဲ့အနေနဲ့ ယေရှုခရစ် ဒီလိုပြောတယ်– “ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့ လာကြလော့။ သင်တို့ကို ငါလန်းဆန်းစေမည်။ . . . အကြောင်းမူကား ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏။” (မဿဲ ၁၁:၂၈-၃၀) ယေရှုနဲ့ ကိုယ်တော်ရဲ့ ကောင်းကင်ဖခင် ယေဟောဝါဘုရားသခင်က မေတ္တာအတောင်တော် အရိပ်အောက်မှာ ကျွန်ုပ်တို့ကို ခိုလှုံစေချင်တယ်။ ဆာလံ ၃၄:၈ မှာ ခုလိုပြောထားတယ်– ‘ယေဟောဝါ ကောင်းမြတ်တော်မူသည် အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့။’ ကိုယ်တော်ရဲ့ အကြံဉာဏ်တွေက အကျိုးရှိတယ်၊ သင်နဲ့ သင့်မိသားစုရဲ့ အကောင်းဆုံးအကျိုးကို အမှန်တကယ် လိုလားတယ်ဆိုတာ ဘုရားသခင်က သင့်ကို သိစေချင်တယ်။ မေတ္တာနဲ့ ဖိတ်ခေါ်တဲ့ ဘုရားသခင့် ဖိတ်ခေါ်ချက်ကို သင် လက်ခံမလား။

အမေ့ရဲ့ပုံသက်သေက ကျွန်မကို လှုံ့ဆော်ပေး

အမေက ဘယ်လောက်ပဲ အလုပ်များနေပါစေ လုပ်နေတာတွေကို ခဏရပ်ပြီး ကျွန်မနဲ့အတူ လာဆုတောင်းတတ်တယ်။ အမေ့ရဲ့ ဆုတောင်းချက်တွေကြောင့် ယေဟောဝါဘုရားသခင်နဲ့ တကယ်ပဲ ရင်းနှီးနိုင်တယ်ဆိုတာ ကျွန်မ သဘောပေါက်လာတယ်။—အမေရိကန်မှ အမန်ဒါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ