ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၅/၁၃ စာ. ၃
  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်
  • နိုးလော့!—၂၀၁၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမေရိကန်ပြည်ထောင်စု
  • ဘရာဇီး
  • နော်ဝေး
  • ချက်ပြည်သူ့သမ္မတနိုင်ငံ
  • အိန္ဒိယ
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၂၀၁၃
  • အန္တရာယ်ပိုကင်းသော ဝေဟင်ခရီးလမ်း ရှာပုံတော်
    နိုးလော့!—၂၀၀၃
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၂၀၁၃
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၂၀၁၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၃
န ၅/၁၃ စာ. ၃

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

အမေရိကန်ပြည်ထောင်စု

လွန်ခဲ့တဲ့ဆယ်နှစ်ကျော်အတွင်းမှာ လေဆိပ်လုံခြုံရေးဝန်ထမ်းတွေဟာ တားမြစ်ပစ္စည်း သန်း ၅၀ လောက်ကို သိမ်းဆည်းခဲ့ရကြောင်း သတင်းရရှိတယ်။ (U.S. Department of Homeland Security) ၂၀၁၁ ခုနှစ် တစ်နှစ်တည်းမှာပဲ သေနတ် ၁၂၀၀ ကျော်ကို လေဆိပ်လုံခြုံရေးဝန်ထမ်းတွေ သိမ်းဆည်းရမိခဲ့တယ်။ မေ့ပြီးသယ်လာမိတာလို့ ပိုင်ရှင်အများစု ပြောကြတယ်။

ဘရာဇီး

ပညာရေးဌာနက တာဝန်ရှိသူတွေဟာ ကျောင်းပြေးတာကို တားဆီးဖို့အတွက် ကျောင်းယူနီဖောင်းတွေမှာ အီလက်ထရောနစ်ချိ(ပ်)ပြားတွေကို စတင်တပ်ဆင်ပေးခဲ့ကြတယ်။ ကလေးက ကျောင်းရောက်လာပြီဆိုရင် မိဘရဲ့ဖုန်းထဲမှာ စာတစ်စောင်ရောက်မယ်၊ မိနစ် ၂၀ ကျော်လို့မှ ကလေး မရောက်သေးဘူးဆိုရင် တခြားစာ တစ်စောင် ရောက်မယ်။

နော်ဝေး

လူသာရင်ချာ့ချ်ဟာ နော်ဝေးနိုင်ငံရဲ့ နိုင်ငံတော်ဘာသာ မဟုတ်တော့ဘူး။ နော်ဝေးပါလီမန်က ဦးဆုံးအကြိမ်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့၊ ဘာသာရေးနဲ့နိုင်ငံရေး ပေါင်းစပ်မှုကိုလျော့ချဖို့ မဲပေးခဲ့ ကြတယ်။

ချက်ပြည်သူ့သမ္မတနိုင်ငံ

စစ်တမ်းကောက်ချက်တစ်ခုအရ၊ ချက်အလုပ်သမား သုံးပုံနှစ်ပုံက အလုပ်မှာမရှိတာတောင် အလုပ်နဲ့ဆိုင်တဲ့ ဖုန်းတွေ၊ အီးမေးလ်တွေ၊ စာတိုတွေကို ပြန်ဖြေဖို့ တာဝန်ရှိကြောင်း၊ သုံးပုံတစ်ပုံကျော်က ချက်ချင်းပြန်မဖြေရင် ရိုင်းရာကျတယ်လို့ ခံစားရကြောင်း ပြောတယ်။

အိန္ဒိယ

အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်ကာလအတွင်း အစားအစာထုတ်လုပ်မှုက ၅၀ ရာခိုင်နှုန်းတိုးတက်ပြီး ဆန်နဲ့ဂျုံ တန်ချိန်ပေါင်း ၇၁ သန်းကို သိုလှောင်ထားတဲ့ကြားက ပြည်သူတွေဟာ အစားအစာခက်ခဲနေဆဲပဲ။ သိုလှောင်သိမ်းဆည်းထားတဲ့ ကောက်နှံတွေထဲက ၄၀ ရာခိုင်နှုန်းပဲ ပြည်သူတွေ လက်ထဲ ရောက်ရှိတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာ အကျင့်ပျက်ခြစားမှုနဲ့ အလေအလွင့်ဖြစ်မှုလည်း ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ