ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၀/၁၅ စာ. ၈-၉
  • ဆင့်ကဲဖြစ်စဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆင့်ကဲဖြစ်စဉ်
  • နိုးလော့!—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဖန်ဆင်းခြင်းလား၊ ဆင့်ကဲဖြစ်စဉ်လား—အပိုင်း ၂
    လူငယ်များအမေး
  • ကမ္ဘာမြေကြီး ဘယ်လို ဖြစ်ပေါ်လာတာလဲ
    နိုးလော့!—၂၀၁၄
  • ဖန်ဆင်းခြင်း
    နိုးလော့!—၂၀၁၄
  • သက်ရှိ ဘယ်လို အစပြုခဲ့သလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၅
န ၁၀/၁၅ စာ. ၈-၉

သမ္မာကျမ်းစာရှုထောင့် | ဆင့်ကဲဖြစ်စဉ်

ဆင့်ကဲဖြစ်စဉ်

တချို့တွေက အသက်ဆိုတာ ဆင့်ကဲဖြစ်လာတယ်လို့ ပြောကြတယ်။ တချို့ကျပြန်တော့၊ ဘုရားက အသက်ကို အရင်ဆုံး ဖန်ဆင်းတယ်၊ ပြီးတော့ ဆင့်ကဲဖြစ်စဉ်ကို သုံးတယ်လို့ ဆိုကြတယ်။ သမ္မာကျမ်းစာမှာကော ဘယ်လို ဖော်ပြထားသလဲ။

သမ္မာကျမ်းစာပါ ဖန်ဆင်းခြင်းမှတ်တမ်းဟာ မဟာပေါက်ကွဲမှုကြီးကြောင့် စကြဝဠာ ဖြစ်ပေါ်လာတယ်ဆိုတဲ့ အဆိုနဲ့ ဆန့်ကျင်ကွဲလွဲနေပါသလား

ကျမ်းစာမှာတော့ “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏” လို့ ရိုးရိုးလေး ဖော်ပြထားတယ်။ (ကမ္ဘာဦး ၁:၁) ဖန်ဆင်းပုံဖန်ဆင်းနည်း အသေးစိတ်ကိုတော့ မပြောထားဘူး။ အာကာသ ပေါက်ကွဲမှုကြီးကြောင့် စကြဝဠာကြီး ဖြစ်ပေါ်လာတယ်ဆိုရင်တောင် ကျမ်းစာအဆိုနဲ့ မဆန့်ကျင်ပါဘူး။ အဲဒီမဟာပေါက်ကွဲမှုကြီးကို ဘယ်သူ ဖြစ်ပေါ်စေသလဲဆိုတဲ့ မေးခွန်းကို ကမ္ဘာဦး ၁:၁ က ဖြေပေးထားတယ်။

မဟာပေါက်ကွဲမှုကြီးဟာ မတော်တဆ၊ ရည်ရွယ်ချက်မဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီး အဲဒါကြောင့်ဖြစ်လာတဲ့ ဒြပ်အမှုန်တွေ စုဖွဲ့ပြီး အချိန်ကြာလာတဲ့အခါ ကြယ်တွေ၊ ဂြိုဟ်တွေ ဖြစ်လာတယ်လို့ သိပ္ပံပညာရှင်တွေ ယုံကြည်ကြတယ်။ ကျမ်းစာက အဲဒီအဆိုကို မထောက်ခံဘူး၊ ဘုရားသခင်က အာကာသပေါက်ကွဲမှုမျိုးကိုသုံးတာပဲဖြစ်စေ၊ တခြား ဖန်ဆင်းနည်းကိုသုံးတာပဲဖြစ်စေ စကြဝဠာကြီးကို ရည်ရွယ်ချက်ရှိရှိ ဖန်ဆင်းခဲ့တယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။

“အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။”—ကမ္ဘာဦး ၁:၁။

အချိန်ကြာလာတာနဲ့အမျှ၊ သက်ရှိတွေဟာ ပြောင်းလဲလာတယ်ဆိုတဲ့ အဆိုကို ကျမ်းစာက ထောက်ခံပါသလား

ထောက်ခံပါတယ်။ ဘုရားသခင်က သက်ရှိတွေကို “အမျိုးအလိုက်” ဖန်ဆင်းခဲ့တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ကမ္ဘာဦး ၁:၁၁၊ ၁၂၊ ၂၁၊ ၂၄၊ ၂၅၊ သမ္မာ) အမျိုးတစ်မျိုးထဲမှာ ပြောင်းလဲမှု ဖြစ်နိုင်သလား။ ဖြစ်နိုင်ပါတယ်။ အမျိုးတစ်မျိုးထဲမှာ အပြောင်းအလဲတွေရှိတာကို တွေ့ရတာနဲ့ပဲ နောက်ဆုံးမှာ အမျိုးအစားသစ်တွေ ဖြစ်သွားနိုင်တယ်လို့ ဆိုနိုင်မလား။ မဆိုနိုင်ပါဘူး။

လူခေါင်း ဘေးတစ်စောင်းပုံအပေါ်မှာ မျောက်ဝံခေါင်း ဘေးတစ်စောင်းပုံ ဖော်ပြထား

ဥပမာ– ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ သုတေသီတွေက ဂါလာပါဂို့စ်ကျွန်းတွေမှာရှိတဲ့ စာမျိုးဝင်ငှက်ငယ်တွေကို လေ့လာခဲ့ကြတယ်။ ရာသီဥတုအပြောင်းအလဲကြောင့် ဆက်လက်ရှင်သန်ဖို့အတွက် စာငှက်တွေဟာ မသိမသာ နှုတ်သီးပိုကြီးလာကြတာကို သတိပြုမိခဲ့ကြတယ်။ တချို့က ဒါဟာ ဆင့်ကဲဖြစ်စဉ်ရဲ့ အထောက်အထားပဲလို့ ကောက်ချက်ချကြတယ်။ အဲဒါဟာ ဆင့်ကဲဖြစ်စဉ်ရဲ့ အထောက်အထားလား၊ အခြေအနေနဲ့အညီ အလိုက်သင့် ပြောင်းလဲတာလား။ နှစ်ချီကြာပြီးနောက်၊ နှုတ်သီးပိုသေးတဲ့ စာငှက် အရေအတွက် ပိုများလာပြန်တယ်။ အဲဒီလိုအလိုက်သင့် ပြောင်းလဲခြင်းဟာ မျိုးစိတ်တစ်ခုကို အခြေအနေအပြောင်းအလဲတွေအောက်မှာ ဆက်ရှင်သန်နိုင်အောင် ကူညီ ပေးတယ်၊ “အဲဒါဟာ အမျိုးအသစ်တစ်ခု ဖြစ်ပေါ်လာတာမဟုတ်ဘူး” လို့ မနုဿဗေဒပညာရှင် ဂျက်ဖရီ အိပ်ချ် ရှာဝက်ဇ်က ကောက်ချက်ချခဲ့တယ်။

သမ္မာကျမ်းစာနဲ့ ဆင့်ကဲသီအိုရီဟာ သဟဇာတဖြစ်နိုင်ပါ့မလား

ဘုရားသခင်က “အရာခပ်သိမ်းကို ဖန်ဆင်းတော်မူ” တယ်လို့ ကျမ်းစာကဆိုတယ်။ (ဗျာဒိတ် ၄:၁၁) ဖန်ဆင်းတဲ့အလုပ်အားလုံး မပြီးမချင်း ‘အနားယူ’ ခြင်းမပြုခဲ့ပါ။ (ကမ္ဘာဦး ၂:၂၊ ကဘ) ဘုရားသခင်က ရိုးရှင်းတဲ့ သက်ရှိလေးကို ဖန်ဆင်းပြီးနောက် အဲဒီသက်ရှိလေး နှစ်သန်းနဲ့ချီကြာတဲ့ ကာလအတွင်း ငါး၊ မျောက်ဝံ၊ လူဖြစ်လာတဲ့အထိ အဆင့်ဆင့် ပြောင်းလဲနေချိန်မှာ ဘုရားသခင်ကတော့ အနားယူနေတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးမဟုတ်ဘူးဆိုတာ ရှင်းနေပါတယ်။a မျိုးစိတ်လွန် ဆင့်ကဲဖြစ်စဉ်လို့ခေါ်ကြတဲ့ အဲဒီအယူအဆဟာ ကျမ်းစာမှာ ဖော်ပြထားတဲ့ “မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ ရှိသမျှတို့ကို . . . ဖန်ဆင်းတော်မူ” သောအရှင်ရဲ့ အခန်းကဏ္ဍကို ငြင်းဆန်တာ ဖြစ်တယ်။—ထွက်မြောက်ရာ ၂၀:၁၁; ဗျာဒိတ် ၁၀:၆။

“ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါ၊ ကိုယ်တော်သည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူ . . . သည့်အတွက် ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်ကို ရထိုက်တော်မူသည်။”—ဗျာဒိတ် ၄:၁၁။

ထပ်ဆင့်လေ့လာပါ– “ဖန်ဆင်းထားရာများကို ထောက်ရှုသဖြင့် . . . ဘုရားသခင်၏ ဂုဏ်ရည်တော်များသည် လောကဖန်ဆင်းချိန်မှစ၍ ထင်ရှားစွာ သိမြင်ရ၏” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ရောမ ၁:၂၀) ဘုရားသခင်ကို စိတ်ရင်းမှန်နဲ့ ရှာဖွေသူတွေအပါအဝင် လူအားလုံးအတွက် ကိုယ်တော့်မှာ အလွန်ကောင်းတဲ့ ရည်ရွယ်ချက်ရှိတာကြောင့် ဘုရားအကြောင်း လေ့လာသင်ယူခြင်းက ဘဝကို အမှန်တကယ် အဓိပ္ပာယ်ရှိစေနိုင်တယ်။ (ဒေသနာ ၁၂:၁၃; ဟေဗြဲ ၁၁:၆) ထပ်ဆင့်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေနဲ့ ဆက်သွယ်ပါ၊ www.pr2711.com/mya မှာ ဝင်ကြည့်ပါ။ ဒီခေါင်းစဉ်အောက်မှာ ကြည့်ပါ– သမ္မာကျမ်းစာ သွန်သင်ချက်များ > သမ္မာကျမ်းစာမေးခွန်းတွေရဲ့အဖြေ။

a ၂၄ နာရီစီရှိတဲ့ ခြောက်ရက်အတွင်း ဘုရားသခင်က ကမ္ဘာမြေကို ဖန်ဆင်းတယ်လို့ ပြောတဲ့ ဖန်ဆင်းခြင်းဝါဒီတွေရဲ့ အဆိုကို သမ္မာကျမ်းစာက မထောက်ခံပါ။ ထပ်ဆင့်သိလိုပါက ယေဟောဝါသက်သေတွေ ထုတ်ဝေထားတဲ့ သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော စာစောင်ရဲ့ စာမျက်နှာ ၂၄-၂၇ ကို ကြည့်ပါ။ အဲဒီစာစောင်ကို www.pr2711.com/mya ကနေ အခမဲ့ ကူးယူရရှိနိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ