ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၈ အမှတ် ၃ စာ. ၆-၁၃
  • ဝမ်းနည်းပူဆွေးမှုကို ရင်ဆိုင်ဖြေရှင်းခြင်း—ယခု လုပ်ဆောင်နိုင်ရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဝမ်းနည်းပူဆွေးမှုကို ရင်ဆိုင်ဖြေရှင်းခြင်း—ယခု လုပ်ဆောင်နိုင်ရာ
  • နိုးလော့!—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ၁ မိသားစုနဲ့ မိတ်ဆွေများရဲ့ အကူအညီကို လက်ခံပါ
  • ၂ အာဟာရရှိရှိ စားပါ။ ကိုယ်လက်လှုပ်ရှားပါ
  • ၃ အိပ်ရေး ဝဝအိပ်ပါ
  • ၄ ပြောင်းသာလဲသာရှိပါ
  • ၅ ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေတဲ့အကျင့်တွေကို ရှောင်ပါ
  • ၆ အချိန်ကို မျှမျှတတသုံးပါ
  • ၇ လုပ်စရာရှိတာ ဆက်လုပ်သွားပါ
  • ၈ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချက်ချင်း မချပါနဲ့
  • ၉ ချစ်ရသူကို အောက်မေ့ပါ
  • ၁၀ ခေတ္တ အနားယူပါ
  • ၁၁ တခြားသူတွေကို ကူညီပါ
  • ၁၂ ဦးစားထားရာများကို ပြန်သုံးသပ်ပါ
  • ပူဆွေးသောကနှင့် ကျွန်ုပ်မည်သို့ စခန်းသွားရမည်နည်း
    သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ
  • ဝမ်းနည်းပူဆွေးမှုကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ
    လူငယ်များအမေး
  • ဒီစာစောင်မှာ– ဝမ်းနည်းပူဆွေးသူများအတွက် အကူအညီ
    နိုးလော့!—၂၀၁၈
  • ဝမ်းနည်းပူဆွေး နေသူတို့အတွက် အကူအညီ
    နိုးလော့!—၂၀၁၁
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၈
န၁၈ အမှတ် ၃ စာ. ၆-၁၃
ကမ်းခြေမှာ လူတွေ စွန်လွှတ်နေကြ၊ ဓာတ်ပုံ ရိုက်နေကြစဉ်

ဝမ်းနည်းပူဆွေးသူများအတွက် အကူအညီ

ဝမ်းနည်းပူဆွေးမှုကို ရင်ဆိုင်ဖြေရှင်းခြင်း ယခု လုပ်ဆောင်နိုင်ရာ

ဝမ်းနည်းပူဆွေးမှုကို ဖြေရှင်းဖို့ အကြံပြုချက်တွေ ရှာမယ်ဆိုရင် အယူအဆများစွာ တွေ့ရမယ်။ တချို့အကြံပြုချက်တွေက ပိုကောင်းတတ်တယ်။ အကြောင်းကတော့ အစောပိုင်းမှာ ဖော်ပြခဲ့သလိုပဲ ဝမ်းနည်းပူဆွေးပုံချင်း မတူကြလို့ပါပဲ။ တစ်ယောက်အတွက် လက်တွေ့ကျပေမဲ့ နောက်တစ်ယောက်အတွက် လက်တွေ့ကျချင်မှကျပါမယ်။

ဒါပေမဲ့ အများစုအတွက် လက်တွေ့ကျတဲ့ အခြေခံလမ်းညွှန်ချက်တချို့ ရှိပါတယ်။ ဝမ်းနည်းပူဆွေးမှုဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တွေ မကြာခဏ ကိုးကားလေ့ရှိတဲ့၊ ဒီနေ့အထိ အသုံးဝင်နေဆဲ အခြေခံမူတွေကို ရှေးကျတဲ့ ပညာရှိကျမ်းဂန် သမ္မာကျမ်းစာမှာ တွေ့ရတယ်။

၁ မိသားစုနဲ့ မိတ်ဆွေများရဲ့ အကူအညီကို လက်ခံပါ

  • ကမ်းခြေမှာ လူတွေ စွန်လွှတ်နေကြ၊ ဓာတ်ပုံ ရိုက်နေကြစဉ်

    ပူဆွေးသောက ရောက်နေချိန်မှာ အကူအညီ ရယူဖို့ အရေးကြီးဆုံးပဲလို့ ကျွမ်းကျင်သူတချို့ ယူဆကြတယ်။ ဒါပေမဲ့ တစ်ယောက်တည်း နေချင်တဲ့အခါတွေ ရှိနိုင်တယ်။ ကူညီပေးဖို့ ကြိုးစားတဲ့သူတွေကို စိတ်အနှောင့်အယှက် ဖြစ်မိတဲ့အခါမျိုး ရှိနိုင်တယ်။ ဒါဟာ မထူးဆန်းပါဘူး။

  • လူတောထဲ အမြဲနေရမယ်လို့ မယူဆပါနဲ့။ ဒါပေမဲ့ လူတွေနဲ့ လုံးဝ ကင်းကွာမနေသင့်ဘူး။ နောင်တစ်ချိန်မှာ သူတို့ရဲ့ အကူအညီ လိုအပ်လာနိုင်တယ်။ လောလောဆယ် ကိုယ်ဖြစ်ချင်တာ၊ မဖြစ်ချင်တာကို ပြောပြပါ။

  • လူတောထဲ နေတဲ့အချိန်နဲ့ တစ်ယောက်တည်း နေတဲ့အချိန် ဟန်ချက်ညီပါ။

အခြေခံမူ။ “လူတစ်ယောက်ထက် နှစ်ယောက်က ပိုကောင်းတယ်။ . . . တစ်ယောက် လဲရင် ကျန်တဲ့တစ်ယောက်က ပြန်ထူပေးလိမ့်မယ်။”—ဒေသနာ ၄:၉၊ ၁၀။

၂ အာဟာရရှိရှိ စားပါ။ ကိုယ်လက်လှုပ်ရှားပါ

  • သင့်တင့်မျှတစွာ စားခြင်းက ဝမ်းနည်းပူဆွေးမှုကြောင့် ဖြစ်ပေါ်တဲ့ စိတ်ဖိစီးမှုကို ပြေလျော့စေတယ်။ သစ်သီးဝလံတွေ၊ အသီးအရွက်တွေ၊ အဆီနည်းတဲ့ အသားဓာတ်တွေ စားပါ။

  • ရေများများသောက်ပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဖျော်ရည်တွေ သောက်ပါ။

  • ခံတွင်း ပျက်နေရင် နည်းနည်းနဲ့ မကြာမကြာ စားပေးပါ။ အာဟာရဖြည့်စွက်စာတွေအကြောင်း ဆရာဝန်ကို မေးကြည့်ပါ။a

  • ခပ်သွက်သွက် လမ်းလျှောက်ခြင်းနဲ့ တခြားကိုယ်လက်လှုပ်ရှားမှုတွေက အပျက်သဘော ခံစားချက်တွေကို ပြေလျော့စေနိုင်တယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက ဆုံးရှုံးမှုကို စဉ်းစားဖို့ အချိန်ရစေတယ်။ မတွေးမိအောင်လည်း ကူညီပေးနိုင်တယ်။

အခြေခံမူ။ “အဘယ်သူမျှ မိမိကိုယ်ခန္ဓာကို မုန်းသည်ဟူ၍ မရှိ။ မုန်းမည့်အစား သူသည် မိမိကိုယ်ကို ကျွေးမွေးပြုစု၏။”—ဧဖက် ၅:၂၉၊ ခေတ်သုံးမြန်မာ သမ္မာကျမ်း။

၃ အိပ်ရေး ဝဝအိပ်ပါ

  • အိပ်ရာ

    ပူဆွေးသောက ရောက်နေသူတွေဟာ ပင်ပန်းနွမ်းလျနိုင်တဲ့အတွက် အိပ်ရေးဝဖို့ အထူးအရေးကြီးတယ်။

  • ကဖိန်းနဲ့ အရက် များများ သုံးဆောင်တာကို ရှောင်ပါ။ နှစ်မျိုးစလုံးက အိပ်ရေး ပျက်စေ နိုင်တယ်။

အခြေခံမူ။ “လက်တစ်ဆုပ်စာ အနားယူရတာဟာ လက်နှစ်ဆုပ်စာ တပင်တပန်း လုပ်ဆောင်ပြီး လေကိုဖမ်းဆုပ်ဖို့ အားထုတ်နေတာထက် ပိုကောင်းတယ်။”—ဒေသနာ ၄:၆။

၄ ပြောင်းသာလဲသာရှိပါ

  • ဝမ်းနည်းပူဆွေးနေသူ အမျိုးသမီးက မိတ်ဆွေကို ရင်ဖွင့်နေစဉ်

    ဝမ်းနည်းပူဆွေးပုံ တစ်ယောက်နဲ့ တစ်ယောက် မတူကြောင်း အသိအမှတ်ပြုပါ။ ကိုယ့်အတွက် အကောင်းဆုံးနည်းကို ဆုံးဖြတ်ရမယ်။

  • တချို့က ဝမ်းနည်းပူဆွေးမှုကို ရင်ဖွင့်ပြောတာ အကျိုးရှိတယ်လို့ ဆိုကြတယ်။ တချို့ကျတော့ မျိုသိပ်ထား တတ်ကြတယ်။ ဝမ်းနည်းပူဆွေးမှုကို ရင်ဆိုင်ဖြေရှင်းရာမှာ ရင်ဖွင့်ပြောဆိုတာ အရေးကြီးမကြီးနဲ့ပတ်သက်လို့ အမျိုးမျိုး ယူဆကြတယ်။ တစ်ယောက်ယောက်ကို ရင်ဖွင့်ပြောချင်ပေမဲ့ မပြောရဲဘူးဆိုရင် ရင်းနှီးတဲ့မိတ်ဆွေတစ်ယောက်ကို နည်းနည်းလောက် ပြောပြကြည့်ပါ။

  • တချို့အတွက် ငိုချလိုက်တာက ဝမ်းနည်းပူဆွေးမှုကို သက်သာစေတယ်။ တချို့ကျတော့ မငိုတတ်ကြဘူး။

အခြေခံမူ။ “ကိုယ့်စိတ်ဒုက္ခကို ကိုယ်ပဲ သိတယ်။”—ပညာအလိမ္မာ ၁၄:၁၀။

၅ ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေတဲ့အကျင့်တွေကို ရှောင်ပါ

  • လူတစ်ယောက် အရက်သောက်နေစဉ်

    ပူဆွေးသောက ရောက်နေသူတချို့က အရက်၊ မူးယစ်ဆေးဝါးတွေနဲ့ နာကျင်မှုကို ဖြေဖျောက်ကြတယ်။ ဒီလို “ထွက်ပေါက်” ရှာခြင်းက ကိုယ့်ကိုယ်ကိုယ် ထိခိုက် နစ်နာစေတယ်။ ခဏတော့ စိတ်သက်သာရာရတယ်လို့ ထင်ရပေမဲ့ ကြီးမားတဲ့ဆိုးကျိုးတွေပဲ ဖြစ်ပေါ်စေနိုင်တယ်။ ပူပင်သောကတွေကို အန္တရာယ်ကင်းတဲ့ နည်းတွေနဲ့ ဖြေဖျောက်ပါ။

အခြေခံမူ။ “ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေတဲ့အရာ ရှိသမျှနဲ့ ကင်းစင်နေကြစို့။”—၂ ကောရိန္သု ၇:၁။

၆ အချိန်ကို မျှမျှတတသုံးပါ

  • တစ်ချိန်လုံး ဝမ်းနည်းပူဆွေးမနေဘဲ စိတ်ပြေလက်ပျောက် ဖြစ်စေမယ့်အရာတွေကို မကြာခဏ လုပ်ဆောင်ပါ။

  • မိတ်ဖွဲ့ခြင်း၊ ခင်မင်ရင်းနှီးမှု တိုးပွားစေခြင်း၊ အတတ်ပညာသစ် သင်ယူခြင်း၊ အပန်းဖြေခြင်းတို့ကနေ ခေတ္တ စိတ်သက်သာရာရနိုင်ပါတယ်။

  • တဖြည်းဖြည်းနဲ့ ပုံမှန် ဖြစ်လာနိုင်တယ်။ စိတ်ပြေလက်ပျောက် ဖြစ်စေမယ့်အရာတွေကို လုပ်ရင်းလုပ်ရင်းနဲ့ နဂို အခြေအနေ တဖြည်းဖြည်း ပြန်ရောက်လာနိုင်တယ်။

အခြေခံမူ။ “အရာအားလုံးအတွက် အချိန်အခါဆိုတာ ရှိတယ်။ . . . ငိုရတဲ့အချိန် နဲ့ ရယ်ရတဲ့အချိန် ရှိတယ်။ မြည်တမ်းတဲ့အချိန်နဲ့ ကခုန်တဲ့အချိန် ရှိတယ်။”—ဒေသနာ ၃:၁၊ ၄။

၇ လုပ်စရာရှိတာ ဆက်လုပ်သွားပါ

  • အမျိုးသမီးတစ်ယောက် ပြက္ခဒိန် သုံးပြီး လုပ်စရာတွေ စီစဉ်နေစဉ်

    နေ့စဉ် လုပ်ငန်းဆောင်တာတွေကို အမြန်ဆုံး ပြန်စပါ။

  • အိပ်ချိန်၊ အလုပ်ချိန်၊ တခြားလုပ်ဆောင်မှုတွေကို ပုံမှန် လုပ်ဆောင်ရင် နဂိုအခြေအနေ ပြန်ရောက်လာနိုင်တယ်။

  • အကျိုးပြုတဲ့ လုပ်ဆောင်မှုတွေမှာ အလုပ်များနေရင် စိတ်နာကျင်မှု လျော့ပါးလာနိုင်တယ်။

အခြေခံမူ။ “ဘုရားသခင်က လူ့စိတ်ထဲမှာ ပျော်ရွှင်စရာတွေကိုပဲ စွဲလမ်းနေစေတယ်။ ဒါကြောင့် လူဟာ သက်တမ်းတိုလေးအတွင်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို သတိမထားမိတော့ဘူး။”—ဒေသနာ ၅:၂၀။

၈ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချက်ချင်း မချပါနဲ့

  • ချစ်ရသူတစ်ဦး ဆုံးပါးခါစမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချသူများစွာဟာ နောက်ပိုင်း နောင်တရတတ်ကြတယ်။

  • ဖြစ်နိုင်မယ်ဆိုရင် ပြောင်းရွှေ့ခြင်း၊ အလုပ်ပြောင်းခြင်း၊ သေဆုံးသူရဲ့ ပစ္စည်းတွေ စွန့်ပစ်ခြင်းတို့ကို အလောတကြီး မလုပ်ပါနဲ့။

အခြေခံမူ။ “ဝီရိယရှိသူရဲ့ အစီအစဉ်တွေ ကျိန်းသေ အောင်မြင်လိမ့်မယ်။ အလျင်စလို လုပ်တဲ့သူကတော့ ကျိန်းသေ ဆင်းရဲလိမ့်မယ်။”—ပညာအလိမ္မာ ၂၁:၅။

၉ ချစ်ရသူကို အောက်မေ့ပါ

  • အမျိုးသားတစ်ယောက် မိတ်ဆွေတွေကို ကွယ်လွန်သူ ဇနီးသည်ရဲ့ ဓာတ်ပုံတွေ ပြနေစဉ်

    သေဆုံးသွားသူကို အမှတ်ရနေစေမယ့်အရာတွေ လုပ်ဆောင်ခြင်းဟာ အကျိုးရှိတယ်လို့ ပူဆွေးကျန်ရစ်သူများစွာ ယူဆကြတယ်။

  • ဓာတ်ပုံတွေ၊ အမှတ်တရပစ္စည်းတွေ စုဆောင်းတာ၊ အမှတ်တရ ဖြစ်ရပ်တွေ မှတ်တမ်းရေးတာဟာ နှစ်သိမ့်မှု ဖြစ်စေတယ်။

  • အမှတ်တရ ပစ္စည်းတွေကို သိမ်းထားပြီး နောက်ပိုင်း ပြန်ထုတ်ကြည့်ပါ။

အခြေခံမူ။ “အတိတ်ကို ပြန်သတိရပါ။”—တရားဟောရာ ၃၂:၇။

၁၀ ခေတ္တ အနားယူပါ

  • အားလပ်ခွင့် ယူနိုင်တယ်။

  • ခွင့်ရက်ရှည် ယူဖို့ မဖြစ်နိုင်ရင် တစ်ရက်နှစ်ရက် ခွင့်ယူပြီး ခြေကျင်ခရီးထွက်ပါ။ ပြတိုက်ကို လည်ပတ်ပါ။ ကားမောင်းထွက်ပါ။

  • ခဏတစ်ဖြုတ် အနားယူလိုက်ခြင်းက ပူဆွေးမှုကို ရင်ဆိုင်ဖြေရှင်းဖို့ ထောက်ကူပေးနိုင်တယ်။

အခြေခံမူ။ “လူသူမရှိတဲ့နေရာဆီ သွားပြီး ခဏတစ်ဖြုတ် နားရအောင်။”—မာကု ၆:၃၁။

၁၁ တခြားသူတွေကို ကူညီပါ

  • အမျိုးသမီးငယ်တစ်ယောက် သက်ကြီးအမျိုးသမီးကို ဈေးကူဝယ်ပေးနေစဉ်

    တခြားသူတွေကို ကူညီဖို့ အချိန်ပေးရင် ပေးသလောက် ကိုယ်တိုင် အကျိုးခံစားရ နိုင်တယ်။

  • ချစ်ရသူ ဆုံးပါးလို့ စိတ်ထိခိုက်နေတဲ့ တခြားသူတွေ၊ မိတ်ဆွေတွေ၊ ဆွေမျိုးတွေကို ကူညီပေးပြီး သူတို့နဲ့အတူ ဝမ်းနည်းပူဆွေးပါ။

  • တခြားသူတွေကို ကူညီနှစ်သိမ့်ပေးတဲ့အခါ ကိုယ်တိုင် လိုအပ်နေတဲ့ ပျော်ရွှင်ကျေနပ်မှု ပြန်ရနိုင်တယ်။

အခြေခံမူ။ “ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်။”—တမန်တော် ၂၀:၃၅။

၁၂ ဦးစားထားရာများကို ပြန်သုံးသပ်ပါ

  • ဝမ်းနည်းပူဆွေးမှုက အမှန်တကယ် အရေးကြီးတဲ့အရာတွေနဲ့ပတ်သက်ပြီး အသိအမြင်သစ်တွေ ရစေနိုင်တယ်။

  • ကိုယ့်အသက်ရှင်နေထိုင်ပုံကို ပြန်သုံးသပ်ပါ။

  • ဦးစားထားရာတွေကို လိုအပ်သလို ပြုပြင်ပါ။

အခြေခံမူ။ “အသုဘအိမ်ကို သွားတာက ပွဲခံတဲ့အိမ်ကို သွားတာထက် ပိုကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူသားအားလုံးဟာ သေခြင်းမှာ လမ်းဆုံးရလို့ပဲ။ ဒါကို အသက်ရှင်နေသူတွေ နှလုံးသွင်းသင့်တယ်။”—ဒေသနာ ၇:၂။

ဝမ်းနည်းပူဆွေးမှုကို ရင်ဆိုင်ဖြေရှင်းခြင်း| အကျဉ်းချုပ်

  • ၁ မိသားစုနဲ့ မိတ်ဆွေများရဲ့ အကူအညီကို လက်ခံပါ

    လူတောထဲ နေတဲ့အချိန်နဲ့ တစ်ယောက်တည်း နေတဲ့အချိန် ဟန်ချက်ညီပါ။

  • ၂ အာဟာရရှိရှိ စားပါ။ ကိုယ်လက်လှုပ်ရှားပါ

    အာဟာရရှိရှိ စားပါ။ ရေများများ သောက်ပါ။ ကိုယ်လက်လှုပ်ရှားမှု အတော်အတန် လုပ်ပါ။

  • ၃ အိပ်ရေး ဝဝအိပ်ပါ

    ဝမ်းနည်းပူဆွေးမှုကြောင့် နွမ်းလျနေရင် အိပ်ရေးဝဖို့ အရေးကြီးကြောင်း သိမှတ်ပါ။

  • ၄ ပြောင်းသာလဲသာရှိပါ

    ဝမ်းနည်းပူဆွေးပုံ တစ်ယောက်နဲ့ တစ်ယောက် မတူတဲ့အတွက် ကိုယ့်အတွက် အကောင်းဆုံးနည်းကို ဆုံးဖြတ်ပါ။

  • ၅ ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေတဲ့ အကျင့်တွေကို ရှောင်ပါ

    ပြဿနာတွေ ပိုဆိုးစေမယ့် အရက်၊ မူးယစ်ဆေးဝါး တလွဲသုံးခြင်းကို ရှောင်ပါ။

  • ၆ အချိန်ကို မျှမျှတတသုံးပါ

    တစ်ချိန်လုံး ဝမ်းနည်းပူဆွေးမနေဘဲ လူတွေနဲ့ ပေါင်းသင်းပါ။ အပန်းဖြေပါ။

  • ၇ လုပ်စရာရှိတာ ဆက်လုပ်သွားပါ

    အကျိုးပြုတဲ့အရာတွေမှာ အလုပ်များနေရင်း နဂိုအခြေအနေ ပြန်ရအောင် လုပ်ပါ။

  • ၈ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချက်ချင်း မချပါနဲ့

    နောက်မှ နောင်တမရအောင် ဖြစ်နိုင်ရင် တစ်နှစ်၊ နှစ်နှစ် စောင့်ပြီးမှ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချပါ။

  • ၉ ချစ်ရသူကို အောက်မေ့ပါ

    ဓာတ်ပုံတွေ၊ အမှတ်တရပစ္စည်းတွေ စုဆောင်းပါ။ သေဆုံးသူကို အမှတ်ရနေစေမယ့် ဖြစ်ရပ်တွေ မှတ်တမ်းရေးပါ။

  • ၁၀ ခေတ္တ အနားယူပါ

    တစ်ရက်၊ နှစ်ရက် ခွင့်ယူပြီး အပြောင်းအလဲ လုပ်ပါ။

  • ၁၁ တခြားသူတွေကို ကူညီပါ

    ချစ်ရသူ ဆုံးပါးလို့ စိတ်ထိခိုက်နေတဲ့ တခြားသူတွေ အပါအဝင် အကူအညီ လိုအပ်သူတွေကို ကူညီပေးခြင်းအားဖြင့် ပျော်ရွှင်ကျေနပ်မှု ပြန်ရယူပါ။

  • ၁၂ ဦးစားထားရာများကို ပြန်သုံးသပ်ပါ

    အရေးကြီးတဲ့အရာတွေနဲ့ပတ်သက်ပြီး အသိအမြင်သစ်တွေ ရယူဖို့ ဒီအချိန်အခါကို အသုံးပြုပါ။ ဦးစားထားရာတွေကို လိုအပ်သလို ပြုပြင်ပါ။

တကယ်တော့ ကိုယ့်နာကျင်မှုဝေဒနာကို လုံးလုံး ပြေပျောက်စေနိုင်တဲ့အရာ မရှိပါဘူး။ ဒါပေမဲ့ ဒီဆောင်းပါးမှာပါတဲ့ နည်းတွေကို လုပ်ရင် နှစ်သိမ့်မှု ခံစားရကြောင်း ပူဆွေးကျန်ရစ်သူများစွာ တွေ့ရှိခဲ့ကြတယ်။ ပူဆွေးမှု သက်သာစေနိုင်တဲ့ နည်းအားလုံးကိုတော့ မဖော်ပြထားပါဘူး။ ဒါပေမဲ့ ဒီအကြံပြုချက်တချို့ကို စမ်းကြည့်ရင် ပူဆွေးမှု အတော်အတန် သက်သာကြောင်း တွေ့ရပါလိမ့်မယ်။

a နိုးလော့!က ဆေးကုသနည်းတစ်မျိုးမျိုးကို အားပေးထောက်ခံခြင်း မပြုပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ