ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၉ အမှတ် ၂ စာ. ၈-၉
  • စိတ်ဓာတ်ကြံ့ခိုင်သူ ဖြစ်နိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်ဓာတ်ကြံ့ခိုင်သူ ဖြစ်နိုင်ပုံ
  • နိုးလော့!—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိတ်ဓာတ်ကြံ့ခိုင်ခြင်းဆိုတာ ဘာလဲ
  • စိတ်ဓာတ်ကြံ့ခိုင်ခြင်းဟာ ဘာကြောင့် အရေးကြီးသလဲ
  • စိတ်ဓာတ်ကြံ့ခိုင်အောင် သင်ပေးနိုင်ပုံ
  • ငါ ဘယ်လောက် စိတ်ဓာတ်ကြံ့ခိုင်သလဲ
    လူငယ်များအမေး
  • ရှုံးနိမ့်မှုကို လက်ခံတတ်အောင် သားသမီးတွေကို လေ့ကျင့်ပေးနိုင်ပုံ
    မိသားစုအတွက် အကူအညီ
  • အပြုသဘော ဝေဖန်မှုကို ဘယ်လို သဘောထားသင့်သလဲ
    လူငယ်များအမေး
  • သားသမီးတွေ စိတ်နှိမ့်ချတတ်အောင် သင်ပေးပါ
    နိုးလော့!—၂၀၁၇
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၉
န၁၉ အမှတ် ၂ စာ. ၈-၉
ကိတ်မုန့်ဖုတ်တာ ပျက်သွားလို့ စိတ်ပျက်နေတဲ့ ကလေးကို မိခင်က ကူညီပေးနေစဉ်

သင်ခန်းစာ ၃

စိတ်ဓာတ်ကြံ့ခိုင်သူ ဖြစ်နိုင်ပုံ

စိတ်ဓာတ်ကြံ့ခိုင်ခြင်းဆိုတာ ဘာလဲ

စိတ်ဓာတ်ကြံ့ခိုင်သူဟာ အတားအဆီးတွေ၊ စိတ်ပျက်စရာတွေကို တွန်းလှန်တတ်တယ်။ ဒီအရည်အချင်းကို အတွေ့အကြုံကနေ ရလာတယ်။ ကလေးဟာ ခဏခဏ လဲကျပြီးမှ လမ်းလျှောက်တတ်လာသလိုပဲ အခက်အခဲတွေ ကြုံမှ ဘဝမှာ အောင်မြင်နိုင်မယ်။

စိတ်ဓာတ်ကြံ့ခိုင်ခြင်းဟာ ဘာကြောင့် အရေးကြီးသလဲ

ရှုံးနိမ့်မှု၊ ဝေဖန်မှု၊ အခက်အခဲတွေ ကြုံရတဲ့အခါ ကလေးတချို့ စိတ်ဓာတ်ကျတတ်ကြတယ်။ တချို့ကတော့ လုံးဝ အရှုံးပေးလိုက်ကြတယ်။ ဒါပေမဲ့ အောက်ပါအချက်တွေကို နားလည်ထားဖို့ လိုတယ်–

  • ရှုံးနိမ့်မှုကို တစ်ခါတလေ မကြုံမဖြစ် ကြုံရမယ်။—ယာကုပ် ၃:၂။

  • တစ်ချိန်ချိန်မှာ အခက်အခဲ ကြုံရမယ်။—ဒေသနာ ၉:၁၁။

  • ဆုံးမပဲ့ပြင်မှ တိုးတက်မယ်။—ပညာအလိမ္မာ ၉:၉။

စိတ်ဓာတ်ကြံ့ခိုင်ရင် ဘဝပြဿနာတွေကို ယုံကြည်ချက်အပြည့်နဲ့ ရင်ဆိုင်နိုင်မယ်။

စိတ်ဓာတ်ကြံ့ခိုင်အောင် သင်ပေးနိုင်ပုံ

သင့်ကလေး မအောင်မြင်တဲ့အခါ။

ကျမ်းစာ အခြေခံမူ။ “ဖြောင့်မတ်သူက ခုနစ်ကြိမ် လဲရင်တောင် ပြန်ထလိမ့်မယ်။”—ပညာအလိမ္မာ ၂၄:၁၆။

သင့်ကလေးကို လက်တွေ့ကျကျ ရှုမြင်တတ်အောင် ကူညီပေးပါ။ ဥပမာ၊ စာမေးပွဲ ကျရင် ဘာလုပ်မလဲ။ “ဘာမှ မတတ်နိုင်ဘူး” လို့ပြောပြီး အရှုံးပေးလိုက်မလား။

စိတ်ဓာတ်ကြံ့ခိုင်အောင် သင်ပေးဖို့ တိုးတက်နိုင်မယ့်နည်းကို သိမြင်စေပါ။ ဒါဆိုရင် ပြဿနာကြောင့် မထိခိုက်ဘဲ ပြဿနာကို ဖြေရှင်းတတ်လာမယ်။

တစ်ချိန်တည်းမှာ ကလေးရဲ့ ပြဿနာကို ဖြေရှင်းမပေးပါနဲ့။ ကိုယ်တိုင် ဖြေရှင်းတတ်အောင် ကူညီပေးပါ။ “ဒီသင်ခန်းစာကို နားလည်ဖို့ ဘာလုပ်နိုင်သလဲ” လို့ မေးနိုင်တယ်။

အခက်အခဲ ကြုံရတဲ့အခါ။

ကျမ်းစာ အခြေခံမူ။ “မနက်ဖြန် ဘာဖြစ်လာမယ်မှန်း ခင်ဗျားတို့ သိတာမှ မဟုတ်တာ။”—ယာကုပ် ၄:၁၄။

ဘဝဆိုတာ ခန့်မှန်းရခက်တယ်။ ဒီနေ့ ချမ်းသာပေမဲ့ မနက်ဖြန် ဆင်းရဲသွားနိုင်တယ်။ ဒီနေ့ ကျန်းမာပေမဲ့ မနက်ဖြန် ဖျားနာနိုင်တယ်။ “အပြေးသန်တယ်ဆိုတိုင်း ပြေးပွဲမှာ အမြဲအနိုင်ရတာ မဟုတ်ဘူး။ အင်အားကြီးတယ်ဆိုတိုင်း စစ်ပွဲမှာ အမြဲအနိုင်ရတာ မဟုတ်ဘူး။ . . . လူအားလုံးဟာ မျှော်လင့်မထားတဲ့ အချိန်မှာ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ ကြုံရတတ်လို့ပဲ” လို့ ကျမ်းစာက ဆိုတယ်။—ဒေသနာ ၉:၁၁။

မိဘအနေနဲ့ သင့်ကလေး အန္တရာယ်မကြုံရအောင် အတတ်နိုင်ဆုံး ကာကွယ်ပေးတယ်။ ဒါပေမဲ့ ဘဝပြဿနာအားလုံးကနေ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။

အလုပ်ပြုတ်တာ၊ ငွေကြေး အခက်အခဲ ကြုံရတာကိုတော့ သင့်ကလေး ကြုံရဦးမှာ မဟုတ်ဘူး။ ဒါပေမဲ့ မိတ်ပျက်ခြင်း၊ မိသားစုဝင် သေဆုံးခြင်းစတဲ့ တခြားပြဿနာတွေကိုတော့ ရင်ဆိုင်နိုင်အောင် ကူညီပေးနိုင်ပါတယ်။a

သင့်ကလေး အပြုသဘော ဝေဖန်ခံရတဲ့အခါ။

ကျမ်းစာ အခြေခံမူ။ “အကြံပေးတာကို နားထောင်ပါ။ . . . ဒါမှ နောက်ပိုင်းမှာ ဉာဏ်ပညာရှိလာမယ်။”—ပညာအလိမ္မာ ၁၉:၂၀။

အပြုသဘောဝေဖန်ခြင်းက အနိုင်ကျင့်ခြင်း မဟုတ်ဘူး။ ပြောင်းလဲဖို့ လိုအပ်တဲ့ လုပ်ရပ်၊ သဘောထားကို ဖော်ပြတဲ့ လမ်းညွှန် ဖြစ်တယ်။

ဆုံးမပဲ့ပြင်မှုကို လက်ခံတတ်အောင် သင့်ကလေးကို သင်ပေးရင် နှစ်ဦးနှစ်ဖက် အကျိုးခံစားရမယ်။ “အမှားကို မပြုပြင်ပေးရင် ဘယ်တော့မှ သင်ယူတတ်မှာ မဟုတ်ဘူး။ ကလေးတွေ ပြဿနာ ပိုကြုံလာရမယ်။ မိဘတွေကလည်း တချိန်လုံး လိုက်ဖြေရှင်းပေးနေရမယ်။ မိဘတွေအတွက်ရော ကလေးအတွက်ရော စိတ်မချမ်းသာစရာ ဖြစ်မယ်” လို့ ဂျွန်ဆိုတဲ့ ဖခင် ပြောတယ်။

အပြုသဘောဝေဖန်မှုတွေကနေ အကျိုးခံစားနိုင်အောင် သင့်ကလေးကို ဘယ်လို ကူညီပေးနိုင်သလဲ။ ကျောင်းမှာဖြစ်ဖြစ်၊ တခြားနေရာမှာဖြစ်ဖြစ် အပြုသဘော ဝေဖန်ခံရတဲ့အခါ မတရားဘူးလို့ မပြောနဲ့။ ဒီလို မေးပါ–

  • “ဘာကြောင့် ဆုံးမပဲ့ပြင်တယ်လို့ ထင်သလဲ။”

  • “ဘယ်လို တိုးတက်နိုင်မလဲ။”

  • “နောက်တစ်ကြိမ် ဒါမျိုးကြုံလာရင် ဘယ်လို လုပ်မလဲ။”

အပြုသဘော ဝေဖန်မှုက သင့်ကလေးကို အခုရော လူကြီးဘဝမှာပါ အကျိုးပြုမယ်။

a ၂၀၀၈၊ ဇူလိုင် ၁၊ ကင်းမျှော်စင်ပါ “ဝမ်းနည်းပူဆွေးမှုကို ရင်ဆိုင်ခံရပ်နိုင်ရန် သင့်ကလေးအား ကူညီပေးပါ” ဆောင်းပါးကို ကြည့်ပါ။

ကိတ်မုန့်ဖုတ်တာ ပျက်သွားလို့ စိတ်ပျက်နေတဲ့ ကလေးကို မိခင်က ကူညီပေးနေစဉ်

အခုပဲ လေ့ကျင့်ပေးပါ

စိတ်ပျက်စရာတွေ၊ အမှားတွေကနေ ရုန်းထနိုင်တဲ့ကလေးဟာ ပညာဆည်းပူးတဲ့အခါ ဝီရိယပိုရှိတတ်သလို စွမ်းဆောင်ရည် ပိုရှိတတ်တယ်

စံနမူနာပြပြီး သင်ပေးပါ

  • ကိုယ့်အမှားတွေကို ဝန်ခံတတ်သလား၊ သူတစ်ပါးကို အပြစ်ဖို့တတ်သလား။

  • ကိုယ့်ရှုံးနိမ့်မှုတွေအကြောင်း၊ ရှုံးနိမ့်မှုတွေကနေ သင်ယူခဲ့တာတွေအကြောင်း ပြောသလား။

  • သူတစ်ပါးရဲ့ အမှားကို ကဲ့ရဲ့ပြောဆိုတတ်သလား။

မိဘတချို့ လုပ်ဆောင်ခဲ့ရာ . . .

“အခက်အခဲတွေ၊ ရှုံးနိမ့်မှုတွေ၊ အမှားတွေကနေ ကလေးတွေကို ကာကွယ်မပေးဘူး။ ကျွန်တော် ငယ်ရွယ်စဉ်တုန်းက ဒါတွေ ခံရပ်ခဲ့လို့ ပိုကောင်းတဲ့သူတစ်ဦး ဖြစ်လာတယ်။ ကလေးတွေကို ဖူးဖူးမှုတ်မထားလို့ မျှတတဲ့၊ အလိုက်သင့်နေတတ်တဲ့သူတွေအဖြစ် ကြီးပြင်းလာမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။”—ဂျက်ဖ်။

“ကလေးတွေအပေါ် ကျွန်တော်တို့ဇနီးမောင်နှံ မှားသွားတဲ့အခါ အမြဲတောင်းပန်ကြတယ်။ မိဘတွေ အမှားလုပ်မိတဲ့အခါ သားသမီးတွေကို ပြောပြသင့်တယ်။ ဒါမှ ဘဝမှာ မှားလေ့မှားထရှိကြောင်း သင်ပေးလို့ရမယ်။”—ဂျိမ်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ