ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၂ အမှတ် ၁ စာ. ၇-၉
  • ၂ | ကိုယ့်ပိုင်ဆိုင်ရာတွေကို ထိန်းသိမ်းစောင့်ရှောက်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၂ | ကိုယ့်ပိုင်ဆိုင်ရာတွေကို ထိန်းသိမ်းစောင့်ရှောက်ပါ
  • နိုးလော့!—၂၀၂၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာကြောင့် အရေးကြီး
  • သိသင့်သိအပ်ရာ
  • အခု လုပ်ဆောင်နိုင်ရာ
  • ဝင်ငွေနည်းနည်းနဲ့ ဆက်ရပ်တည်နိုင်ပုံ
    ထပ်ဆင့် အကြောင်းအရာများ
  • ငွေကြေး စီမံသုံးစွဲပါ
    နိုးလော့!—၂၀၂၅
  • ငွေကြေးကို စီမံသုံးစွဲခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • အကြွေးကိစ္စ ဖြေရှင်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၂
န၂၂ အမှတ် ၁ စာ. ၇-၉
လက်သမားတစ်ဦး သံရိုက်နေစဉ်။

ခေတ်ဆိုးခေတ်ကျပ်ကြီးထဲမှာ

၂ | ကိုယ့်ပိုင်ဆိုင်ရာတွေကို ထိန်းသိမ်းစောင့်ရှောက်ပါ

ဘာကြောင့် အရေးကြီး

လူတွေဟာ စားဝတ်နေရေးအတွက် နေ့စဉ် လုံးပန်းနေရတယ်။ အခုလို ခေတ်ဆိုးခေတ်ကျပ်ကြီးထဲမှာ အခြေအနေတွေ ပိုဆိုးနေတယ်။ ဘာကြောင့်လဲ။

  • ကုန်စျေးနှုန်း၊ နေထိုင်စရိတ်တွေ တရိပ်ရိပ် ထိုးတက်နေတဲ့ ဒဏ်ကို အများပြည်သူ ခါးစည်းခံနေကြရတယ်။

  • ဘေးဆိုးတွေကြောင့် အလုပ်လက်မဲ့ဦးရေ တိုးများလာတယ်။ လစာတွေ နည်းသွားတယ်။

  • သဘာဝဘေးကြောင့် စီးပွားရေး ထိခိုက်တာ၊ စီးပွားပျက်တာ၊ အိမ်နဲ့ ပိုင်ဆိုင်ရာ ဆုံးရှုံးတာတွေ ကြုံရကြတယ်။ ဆင်းရဲမွဲတေသူ များလာတယ်။

သိသင့်သိအပ်ရာ

  • ငွေကို ကောင်းကောင်း သုံးစွဲတတ်မယ်ဆိုရင် ဘေးကျပ်နံကျပ်ဖြစ်ချိန်မှာ အသက်ရှူချောင်မယ်။

  • ကိုယ့်ရဲ့ ဝင်ငွေ၊ စုငွေ၊ ပိုင်ဆိုင်ရာတွေဟာ တန်ဖိုး ထိုးကျသွားနိုင်တယ်။

  • ငွေနဲ့ ဝယ်လို့မရတဲ့အရာတွေထဲမှာ ပျော်ရွှင်မှု၊ မိသားစု စည်းလုံးမှုတို့ ပါတယ်။

အခု လုပ်ဆောင်နိုင်ရာ

ကျမ်းစာအဆို။ “စားစရာ၊ ဝတ်စရာ ရှိနေတယ်ဆိုရင် ရှိတာလေးနဲ့ ရောင့်ရဲနေရမယ်။”—၁ တိမောသေ ၆:၈။

ရောင့်ရဲတယ်ဆိုတာ လိုချင်ရာတွေကို ကန့်သတ်ထားတာ၊ နေ့စဉ် လိုအပ်ရာတွေကို ရရုံလေးနဲ့ ကျေနပ်နေတာ ဖြစ်တယ်။ အထူးသဖြင့် လက်ထဲ ငွေသိပ်မကျန်တော့တဲ့ အခါမျိုးမှာ ဖြစ်တယ်။

ရောင့်ရဲတင်းတိမ်နိုင်ဖို့ အသုံးအစွဲ ချွေတာပြီး ဘဝကို ရိုးရိုးရှင်းရှင်း နေတတ်ရမယ်။ တတ်နိုင်တာထက် ပိုသုံးပြီး ဝင်ငွေနဲ့ ထွက်ငွေ မမျှရင် အခက်ကြုံရလိမ့်မယ်။

ဘယ်လို ရှေ့ဆက်ရပ်တည်နိုင်မလဲ—အကြံပြုချက်

ခေတ်ဆိုးခေတ်ကျပ်ကြီးထဲမှာ ကိုယ့်ပိုင်ဆိုင်ရာတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဒီအချက်တွေ လုပ်ဆောင်ပါ

အသုံးအစွဲ ချွေတာပါ

  • သက်ကြီးအမျိုးသမီးတစ်ဦး ခြံထဲမှာ မုန်လာဥနီ နုတ်နေစဉ်။

    အသုံးအစွဲ ချွေတာပါ

    ပစ္စည်းတွေ၊ အဝတ်အစားတွေ အသစ်ထွက်တိုင်း မဝယ်ပါနဲ့။ ‘ကားဝယ်ဖို့ တကယ် လိုလို့လား။ ဟင်းသီးဟင်းရွက် စိုက်ခင်း လုပ်ရင် ကောင်းမလား’ လို့ စဉ်းစားနိုင်တယ်။

  • တစ်ခုခုကို မဝယ်ခင် ‘ဒါကို ငါ တကယ်ပဲ လိုအပ်လို့လား။ ဝယ်ဖို့ တတ်နိုင်လို့လား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။

  • အစိုးရအထောက်အပံ့၊ လူမှုရေးအသင်းတွေရဲ့ အထောက်အပံ့တွေကို လျှောက်ကြည့်ပါ။

“မိသားစုလိုက် အတူထိုင်ပြီး ကိုယ့်ဘဝပုံစံကို ပြန်ဆန်းစစ်ကြတယ်။ ငွေကုန်ကြေးကျများတဲ့ အပန်းဖြေမှုတချို့ လျှော့ချလိုက်တယ်။ အကုန်အကျ သက်သာတဲ့ ဟင်းတွေ ချက်စားကြတယ်။”—ဂေ့ဖ်။

ဘတ်ဂျက် ဆွဲပါ

ဂဏန်းပေါင်းစက် တွက်ပြီး ပြေစာ စာရင်းလုပ်နေတဲ့ အမျိုးသမီး။

ဘတ်ဂျက် ဆွဲပါ

ကျမ်းစာအဆို။ “ဝီရိယရှိသူရဲ့ အစီအစဉ်တွေ ကျိန်းသေ အောင်မြင်လိမ့်မယ်။ အလျင်စလို လုပ်တဲ့သူကတော့ ကျိန်းသေ ဆင်းရဲလိမ့်မယ်။” (ပညာအလိမ္မာ ၂၁:၅) ဘတ်ဂျက် ဆွဲထားရင် ဝင်ငွေနဲ့ မမျှအောင် သုံးမိတာမျိုး မဖြစ်ဖို့ ကာကွယ်ပေးတယ်။

  • အရင်ဆုံး၊ လစဉ် ဝင်ငွေကို ချရေးပါ။

  • အဲဒီနောက် လစဉ် အသုံးစရိတ်တွေကို ချရေးပါ။ ငွေသုံးစွဲမှုကို စိစစ်ပါ။

  • ပြီးရင် ဝင်ငွေနဲ့ ထွက်ငွေကို ယှဉ်ကြည့်ပါ။ လျှော့ချဖို့ လိုရင် လျှော့ချပါ။ တတ်နိုင်တာထက် စျေးများနေရင် မဝယ်ဘဲ နေလိုက်ပါ။

“လတိုင်း ကျွန်တော်တို့ ဝင်ငွေထွက်ငွေ စာရင်းလုပ်တယ်။ အရေးပေါ် သုံးဖို့ ငွေ၊ လိုလိုမယ်မယ် သုံးဖို့ ငွေကို ဖယ်ထားတယ်။ ဒါကြောင့် သိပ်စိတ်မပူဘူး။ ဝင်ငွေကို ဘယ်နေရာမှာ ဘာအတွက် သုံးမယ်ဆိုတာ ကြိုသိနေတာကိုး။”—ကားလော့စ်။

အကြွေးမယူပါနဲ့ / ငွေစုပါ

  • စုဘူးထဲ ပိုက်ဆံထည့်ဖို့ သမီးငယ်ကို ကူညီပေးနေတဲ့ မိခင်။

    အကြွေး မယူပါနဲ့ / ငွေစုပါ

    အကြွေး မတင်အောင် စီစဉ်ထားပါ။ ဖြစ်နိုင်ရင် လုံးဝ အကြွေး မယူပါနဲ့။ လိုအပ်ရာတွေ ဝယ်ဖို့ ငွေကြိုစုထားပါ။

  • အရေးပေါ် သုံးစွဲဖို့ လစဉ် ငွေနည်းနည်း ဖယ်ထားပါ။

အလုပ်ကြိုးစားပါ / အလုပ်မြဲအောင် ကြိုးစားပါ

ကျမ်းစာအဆို။ “ကြိုးစားပမ်းစားလုပ်တဲ့ အလုပ်မှန်သမျှ အကျိုးရှိတယ်။”—ပညာအလိမ္မာ ၁၄:၂၃။

  • လက်သမားတစ်ဦး သံရိုက်နေစဉ်။

    အလုပ် ကြိုးစားပါ / အလုပ်မြဲအောင် ကြိုးစားပါ

    အလုပ်အပေါ် အကောင်းမြင်စိတ် မွေးပါ။ ကိုယ်ကြိုက်တဲ့ အလုပ် မဟုတ်ရင်တောင် ဝင်ငွေ ရနေတာပဲ။

  • ဝီရိယ ရှိပါ။ ကိုယ့်အားကိုယ်ကိုးပါ။ ဒါမှ အလုပ်မြဲမယ်။ အနည်းဆုံးတော့ နောက်နောင် အလုပ်ရဖို့ လွယ်စေတယ်။

“ကိုယ်မကြိုက်တဲ့အလုပ် ဖြစ်ပါစေ၊ လစာ သိပ်မများလည်း နေပါစေ ရတဲ့ အလုပ် လုပ်လိုက်တာပဲ။ ကိုယ်ပိုင်အလုပ်လို့ သဘောထားပြီး တာဝန်သိတတ်အောင်၊ အလုပ် ပိုကျွမ်းကျင်အောင် ကြိုးစားတယ်။”—ဒီမီထရီ။

အလုပ် ရှာနေသူဆိုရင်

  • ကိုယ့်ဘက်က အစပြုလုပ်ဆောင်ပါ။ အလုပ်ကြော်ငြာမှာ မပါရင်တောင် ကိုယ်လုပ်နိုင်တဲ့အလုပ် ပေးနိုင်မယ့်သူတွေကို ဆက်သွယ်ကြည့်ပါ။ အလုပ်ရှာနေတဲ့အကြောင်း မိသားစု၊ မိတ်ဆွေတွေကို အသိပေးထားပါ။

  • ကိုယ်ရှာနေတဲ့ အလုပ်မျိုး မရတာလည်း ဖြစ်နိုင်တဲ့အတွက် ပြောင်းသာလဲသာရှိပါ။

ကလေးတွေ ခြံဝန်းထဲ ဆော့နေတုန်း မိဘတွေ ငွေရေးကြေးရေး ဆွေးနွေးနေစဉ်။

ထပ်လေ့လာပါ။ “ဝင်ငွေနည်းနည်းနဲ့ ဆက်ရပ်တည်နိုင်ပုံ” ဆောင်းပါးကို ဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ