ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gl စာ. ၆-၇
  • လူမျိုးအဖတို့၏ကမ္ဘာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူမျိုးအဖတို့၏ကမ္ဘာ
  • “ကောင်းမွန်သောပြည်ကို ကြည့်လော့”
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခ၂ ကမ္ဘာဦးကျမ်းပါ ဒေသများ၊ ဘိုးဘေးတို့ရဲ့ ခရီးစဉ်များ
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ကတိထားရာပြည်တော်ကို တိုက်ခိုက်ကြသည့် အင်ပါယာများ
    “ကောင်းမွန်သောပြည်ကို ကြည့်လော့”
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • “ငြိမ်သက်ခြင်းကို ပေးသနားတော်မူသော ဘုရားသခင်” ယေဟောဝါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
“ကောင်းမွန်သောပြည်ကို ကြည့်လော့”
gl စာ. ၆-၇

လူမျိုးအဖတို့၏ကမ္ဘာ

သတေဖန်သည် ပထဝီဝင်ဆိုင်ရာ ဖြစ်ရပ်မှန်အချို့ဖြင့် ထင်ရှားကျော်ကြားသော မိန့်ခွန်းတစ်ရပ်ကို ဤသို့အစပျိုးခဲ့သည်– “ငါတို့အဖအာဗြဟံသည် ခါရန်မြို့၌မနေမီ မေသောပေါတာမိတိုင်း၌ ရှိစဉ်အခါ [ယေဟောဝါ] သည် ထင်ရှားတော်မူ၍၊ ... ‘ငါပြလတ္တံ့သောပြည်သို့ သွားလော့’ ဟု အာဗြဟံအား မိန့်တော်မူ၏။” (တ ၇:၁-၄) ဤသို့ဖြင့် ကတိထားရာပြည်တော်တွင် အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့ ပါဝင်ပတ်သက်သည့် အရေးပါသော ဖြစ်ရပ်များ၊ လူသားများအား ကောင်းချီးပေးမည့် ဘုရားသခင့် ရည်ရွယ်ချက်နှင့်ဆက်စပ်သည့် ဖြစ်ရပ်များအတွက် လမ်းခင်းပေးခဲ့သည်။—က ၁၂:၁-၃; ယရ ၂၄:၃။

ဘုရားသခင်သည် အာဗြဟံ (သို့မဟုတ်၊ အာဗြံ) အား ခါလဒဲပြည် ဥရမြို့မှ ခေါ်ထုတ်တော်မူကြောင်း သတေဖန်ကဆိုသည်။ ၎င်းမြို့သည် ထိုစဉ်က ဥဖရတ်မြစ် (ယူဖရေးတီးစ်) ၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည့် ကြွယ်ဝချမ်းသာသောမြို့ ဖြစ်သည်။ မည်သည့်လမ်းကြောင်းကို အာဗြဟံ ရွေးမည်နည်း။ ဆူးမားပြည် သို့မဟုတ် ရှိနာပြည်ဟုလည်း ခေါ်တွင်သည့်ဒေသဖြစ်သော ခါလဒဲပြည်မှကြည့်လျှင် အနောက်စူးစူးသို့သွားရန် လွယ်ကူသယောင်ရှိမည်။ မြောက်ဘက်၌ရှိသည့် ခါရန်မြို့ သို့ အဘယ်ကြောင့် သွားစရာလိုသနည်း။

လူမျိုးအဖများ (ခြငုံဖေပြချက်)

ဥရမြို့သည်ပလတိဏပြည် (ပါလက်စတိုင်း) မှတိုက်ဂရစ်မြစ်နှင့် ဥဖရတ်မြစ်ဝှမ်းအထိ ကျယ်ဝန်းသော စက်ဝိုင်းခြမ်းဒေသဖြစ်သည့် မြေသြဇာကောင်းသော လခြမ်းဒေသ၏ အရှေ့ဘက် အစွန်အဖျားလောက်တွင် တည်ရှိသည်။ ရှေးအခါ၌ ဤဒေသတွင် ယခုထက် ရာသီဥတု မျှတခဲ့ဖွယ်ရှိသည်။ လခြမ်းဒေသ၏ အကွေးတောင်ဘက်တွင် ဆီးရီးယား-အာရေဗျ သဲကန္တာရ တည်ရှိပြီးလျှင် ထုံးကျောက်တောင်ကုန်းများနှင့် သဲသောင်ပြင်များဖြင့် ထူးခြားသည့် သွင်ပြင်လက္ခဏာ ဆောင်လျက်ရှိသည်။ ဤသဲကန္တာရသည် မြေထဲပင်လယ်ကမ်းခြေနှင့် မေသောပေါတာမိ (မက်ဆိုပိုတေးမီးယား) ဒေသကြားတွင် “လုံးဝနီးပါး ပိတ်ဆီးနေသော အတားအဆီးကြီး” ဖြစ်သည်ဟု ဗြိတိန်စွယ်စုံကျမ်း ကဆိုသည်။ အချို့သော ကန္တာရ ခရီးသည်စုများသည် ဥဖရတ်မြစ်မှ တာဒမော်မြို့ကိုဖြတ်၍ ဒမာသက်မြို့ (ဒမတ်စကတ်) သို့ သွားခဲ့ကြဖွယ်ရှိသော်လည်း အာဗြဟံမူကား သူ၏မိသားစုနှင့် တိရစ္ဆာန်အုပ်များကို ထိုကဲ့သို့သော တောကန္တာရခရီးလမ်းကြမ်းမှ ခေါ်ဆောင်သွားခြင်း မပြုခဲ့ချေ။

ထိုလမ်းကြောင်းအစား အာဗြဟံသည် ဥဖရတ်မြစ်ဝှမ်းအတိုင်း အထက်ပိုင်းသို့ ခါရန်မြို့အထိ ဆက်သွားခဲ့သည်။ ထိုမှတစ်ဆင့် ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုအတိုင်းလိုက်၍ ခါခေမိတ်မြို့ရှိ မြစ်ကူးရေတိမ်ပိုင်းသို့ ဆက်သွားပြီးလျှင် တောင်ဘက်သို့ဦးတည်ကာ ဒမာသက်မြို့မှတစ်ဆင့် ဂါလိလဲအိုင်ဟု ခေါ်တွင်သည့်နေရာသို့ ခရီးဆက်ခဲ့ပေမည်။ ဗိုင်အာ မာရစ္စ၊ သို့မဟုတ် “ပင်လယ်လမ်းကြောင်း” သည် မေဂိဒ္ဒေါမြို့အနီးမှဖြတ်၍ အီဂျစ်ပြည်အထိ ပေါက်ရောက်သည်။ သို့သော် အာဗြဟံသည် ရှမာရိတောင်တန်းများကို ဖြတ်သန်း၍ နောက်ဆုံးတွင် ရှေခင်အရပ်၌ တဲထိုး၍နေထိုင်ခဲ့သည်။ အတန်ကြာပြီးနောက် သူသည် ထိုကုန်းပြင်မြင့် လမ်းကြောင်းအတိုင်း တောင်ဘက်သို့ဆင်းလာသည်။ ကမ္ဘာဦးကျမ်း ၁၂:၈–၁၃:၄ ကိုဖတ်သည့်အခါ သူ၏ခရီးစဉ်ကို မြေပုံတွင်လိုက်၍ကြည့်ပါ။ သူ၏ အထူးထူးအပြားပြားသော အတွေ့အကြုံများ၏ အစိတ်အပိုင်းဖြစ်သည့် အခြားနေရာဒေသများကိုလည်း ဂရုပြုပါ– ဒန်မြို့၊ ဒမာသက်မြို့၊ ဟောဘမြို့၊ မံရေသပိတ်တော၊ သောဒုံမြို့၊ ဂေရာမြို့၊ ဗေရရှေဘမြို့နှင့် မောရိတောင် (ယေရုရှလင်မြို့)။—က ၁၄:၁၄-၁၆; ၁၈:၁-၁၆; ၂၀:၁-၁၈; ၂၁:၂၅-၃၄; ၂၂:၁-၁၉။

ပထဝီဝင်အကြောင်း အတော်အတန် နားလည်ထားလျှင် ဣဇာက်နှင့် ယာကုပ်တို့၏ဘဝမှ ဖြစ်ရပ်များကို ရှင်းလင်းစွာ နားလည်နိုင်မည်။ သာဓကအနေဖြင့် အာဗြဟံသည် ဗေရရှေဘအရပ်၌ရှိနေစဉ် ဣဇာက်အဖို့ မိန်းမရှာပေးရန် မိမိ၏အစေခံကျွန်အား မည်သည့်အရပ်သို့ စေလွှတ်ခဲ့သနည်း။ ဝေးလံသောအထက်ပိုင်း မေသောပေါတာမိတိုင်း (အဓိပ္ပာယ်မှာ “မြစ်နှစ်မြွှာကြားဒေသ”) ပါဒနာရံဒေသသို့ စေလွှတ်ခဲ့သည်။ ထို့ပြင် ဣဇာက်နှင့်ဆုံဆည်းရန်အတွက် ကာဒေရှမြို့အနီး ဖြစ်ကောင်းဖြစ်မည့် နေဂပ်ခရိုင်အထိ ကုလားအုတ်စီး၍ လာခဲ့ရသည့် ရေဗက္က၏ ပင်ပန်းလှသော ခရီးကြမ်းကိုလည်း စဉ်းစားကြည့်ပါ။—က ၂၄:၁၀၊ ၆၂-၆၄။

နောက်ပိုင်းတွင် သူတို့၏သား ယာကုပ် (ဣသရေလ) သည်လည်း ယေဟောဝါအား ကိုးကွယ်သူတစ်ဦးနှင့် လက်ထပ်ရန်အတွက် အလားတူ ရှည်လျားသောခရီးကို နှင်ခဲ့သည်။ ယာကုပ်သည် အနည်းငယ် ကွဲပြားသော လမ်းကြောင်းဖြင့် နေရင်းပြည်သို့ ပြန်လာခဲ့သည်။ ပေနွေလအရပ်နှင့် မလှမ်းမကမ်းတွင်ရှိသော ယဗ္ဗုတ်ချောင်း ရေတိမ်ရာကိုဖြတ်ကူးပြီးနောက် ယာကုပ်သည် ကောင်းကင်တမန်တစ်ပါးနှင့် နပန်းလုံးခဲ့သည်။ (က ၃၁:၂၁-၂၅; ၃၂:၂၊ ၂၂-၃၀) ထိုအရပ်တွင် ဧသောသည် ယာကုပ်နှင့် တွေ့ဆုံပြီးနောက် သီးခြားအရပ်ဒေသတွင် နေထိုင်ရန် အသီးအခြား ထွက်ခွာသွားကြသည်။—က ၃၃:၁၊ ၁၅-၂၀။

လူမျိုးအဖများ (ကတိထား ပြည်တော်)

ယာကုပ်သည် ရှေခင်မြို့တွင် သမီးဖြစ်သူ ဒိန အဓမ္မပြုကျင့်ခံရပြီးနောက် ဗေသလအရပ်သို့ ပြောင်းရွှေ့သွား၏။ ယာကုပ်၏သားများသည် ယာကုပ်၏ သိုးဆိတ်များကို ထိန်းကျောင်းရန် မည်မျှဝေးဝေးလံလံ သွားခဲ့ရသည်၊ နောက်ဆုံး၌ သူတို့ကို မည်သည့်နေရာတွင် ယောသပ် ရှာတွေ့သည်ကို သင်မှန်းကြည့်နိုင်ပါသလော။ ဤမြေပုံ (နှင့်စာမျက်နှာ ၁၈-၁၉) သည် ဗေသလအရပ်နှင့် ဒေါသန်မြို့ မည်မျှကွာဝေးသည်ကို သိမြင်အောင် ထောက်ကူပေးနိုင်ဖွယ်ရှိသည်။ (က ၃၅:၁-၈; ၃၇:၁၂-၁၇) အစ်ကိုဖြစ်သူတို့သည် ယောသပ်အား အီဂျစ်ပြည်သို့သွားသော ကုန်သည်များထံ ရောင်းစားလိုက်ကြသည်။ ဣသရေလလူမျိုး အီဂျစ်ပြည်သို့ ပြောင်းရွှေ့နေထိုင်ခြင်းနှင့် ထွက်မြောက်ခြင်းအတွက် အခြေအနေဖန်တီးပေးခဲ့သည့် ဤဖြစ်ရပ်၌ ထိုကုန်သည်တို့သည် မည်သည့်လမ်းကြောင်းဖြင့် သွားခဲ့သည်ဟု သင်ထင်သနည်း။—က ၃၇:၂၅-၂၈။

[စာမျက်နှာ ၇ ပါ မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

အာဗြဟံ၏ ခရီးစဉ် (စာစောင်တွင်ကြည့်ပါ)

ဣဇာက်၏ ခရီးစဉ် (စာစောင်တွင်ကြည့်ပါ)

ယာကုပ်၏ ခရီးစဉ် (စာစောင်တွင်ကြည့်ပါ)

လမ်းမကြီးများ (စာစောင်တွင်ကြည့်ပါ)

လူမျိုးအဖများ (အကျချုပ်)

က၄ ဂေါရှင်ပြည်

က၅ အီဂျစ်ပြည်

ခ၄ ရှုရတောကန္တာရ

ခ၅ ပါရန်တောကန္တာရ

ဂ၃ ဒမာသက်

ဂ၃ ဒန် (လဲရှ)

ဂ၄ ရှေခင်

ဂ၄ ဗေသလ

ဂ၄ ဟေဗြုန် (ကိရယသာဘ)

ဂ၄ ဂေရာ

ဂ၄ ဗေရ-ရှေဘ

ဂ၄ စိရတောင်တန်း

ဂ၄ ကာဒေရှ

ဂ၄ ဧဒုံပြည်

ဃ၁ ခါခေမိတ်

ဃ၂ တာဒမော်

ဃ၃ ဟောဘ

င၁ ပါဒနာရံပြည်

င၁ ခါရန်

စ၁ မေသောပေါတာမိတိုင်း

ဆ၁ နိနေဝေ

ဆ၂ မြေသြဇာကောင်းသော လခြမ်းဒေသ

ဆ၃ ဗာဗုလုန်

ဇ၄ ခါလဒဲပြည်

ဇ၄ ဥရ

[တောင်များ]

ဂ၄ မောရိပြည်

[ရေအစုအဝေး]

ခ၃ မြေထဲပင်လယ် (ပင်လယ်ကြီး)

[မြစ်များ]

င၂ ဥဖရတ်မြစ်

ဆ၂ တိုက်ဂရစ်မြစ်

လူမျိုးအဖများ (ကတိထားရာ ပြည်တော်)

ခါနာန်ပြည်

မေဂိဒ္ဒေါ

ဂိလဒ်ပြည်

ဒေါသန်

ရှေခင်

သုကုတ်

မဟာနိမ်

ပေနွေလ

ဗေသလ (လုဇ)

အာဣ

ယေရုရှလင် (ရှာလင်)

ဗက်လင် (ဧဖရတ်)

မံရေ

ဟေဗြုန် (မပ္ပေလ)

ဂေရာ

ဗေရ-ရှေဘ

သောဒုံ?

နေဂပ်ပြည်

ရဟောဘုတ်?

ဗေရ-လဟဲ-ရော

ကာဒေရှ

လမ်းမကြီးများ

ဗိုင်အာ မာရစ္စ

မင်းလမ်း

[တောင်းများ]

မောရိတောင်

[ရေအစုအဝေး]

ရေငန် အိုင်

[မြစ်များ နှင့် စမ်းချောင်းများ]

ယဗ္ဗုတ်ချောင်း

ယော်ဒန်

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ဗာဗုလုန်မြို့အနီးရှိ ဥဖရတ်မြစ် (ယူဖရေးတီးစ်)

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

အာဗြဟံသည် ဗေရရှေဘအရပ်တွင် နေထိုင်၍ အနီးဝန်းကျင်တွင် သိုးဆိတ်များကို ထိန်းကျောင်းခဲ့၏

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ယဗ္ဗုတ် တောင်ကျချောင်း ချိုင့်ဝှမ်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ