ကတိထားရာပြည်တော်ကို တိုက်ခိုက်ကြသည့် အင်ပါယာများ
မြောက်ပိုင်း ဣသရေလနိုင်ငံ၏မြို့တော် ရှမာရိမြို့သည် ဘီ.စီ.အီး. ၇၄၀ ပြည့်နှစ်တွင် အာရှုရိလူမျိုး၏ သိမ်းပိုက်ခြင်းခံခဲ့ရသည်။ ဤသို့ဖြင့် ဣသရေလလူမျိုးသည် ရက်စက်ကြမ်းကြုတ်သည့် အင်ပါယာ၏လက်အောက်သို့ ကျရောက်သွားခဲ့သည်။ အာရှုရိနိုင်ငံသည် မေသောပေါတာမိတိုင်း (မက်ဆိုပိုတေးမီးယား) မြေပြန့်လွင်ပြင်၏မြောက်ဖျား၊ မြေသြဇာကောင်းသော လခြမ်းဒေသမှ မြစ်ကြီးတစ်စင်းဖြစ်သည့် တိုက်ဂရစ်မြစ်အနီးတွင် တည်ရှိသည်။ နိမ်ရောဒသည် အာရှုရိပြည်၏ အဓိကကျသော မြို့ကြီးများဖြစ်ကြသည့် နိနေဝေမြို့နှင့် ကာလမြို့များကို တည်ထောင်ခဲ့သည်။ (က ၁၀:၈-၁၂) တတိယမြောက် ရှာလမနေဇာမင်း လက်ထက်၌ အာရှုရိသည် အနောက်ဘက်သို့ တိုးချဲ့ကာ ရှုရိပြည်နှင့် မြောက်ပိုင်း ဣသရေလပြည်တို့၏ ရေကောင်းစွာရရှိ၍ သီးနှံဖြစ်ထွန်းသော ဒေသများအထိ နယ်ချဲ့လာသည်။
သမ္မာကျမ်းစာတွင်အမည်ဖြင့် ဖော်ပြထားသည့်တတိယမြောက်တိဂလတ်-ပိလေသာမင်း (ပုလမင်း) လက်အောက်တွင် အာရှုရိသည် ဣသရေလလူမျိုးကို စတင်ဖိနှိပ်ချုပ်ချယ်လာသည်။ သူ၏ စစ်တိုက်ပွဲစဉ်သည် တောင်ပိုင်း ယုဒပြည်ကိုပါ ထိပါးလာခဲ့သည်။ (၄ရ ၁၅:၁၉; ၁၆:၅-၁၈) တဖြည်းဖြည်းနှင့် အာရှုရိ၏ လွှမ်းမိုးသော “မြစ်ရေ” သည် ယုဒပြည်ကို လွှမ်းမိုးလာရာ နောက်ဆုံးတွင် မြို့တော် ယေရုရှလင်မြို့တိုင်အောင် ရောက်ရှိလာသည်။—ရှာ ၈:၅-၈။
အာရှုရိဘုရင် သနာခရိပ်သည် ဘီ.စီ.အီး. ၇၃၂ ခုနှစ်တွင် ယုဒပြည်ကို ကျူးကျော်ဝင်ရောက်ခဲ့သည်။ (၄ရ ၁၈:၁၃၊ ၁၄) သူသည် ရှဖေလာခရိုင်တွင် မဟာဗျူဟာမြောက် တည်ရှိသည့် လာခိရှမြို့ အပါအဝင် ယုဒမြို့ပေါင်း ၄၆ မြို့ကို တိုက်ခိုက်သိမ်းပိုက် လုယူဖျက်ဆီးခဲ့သည်။ မြေပုံ၌ ဖော်ပြထားသည့်အတိုင်း သူ၏စစ်တပ်များသည် ယေရုရှလင်မြို့၏ အနောက်တောင်ဘက်သို့ ရောက်နေပြီဖြစ်သဖြင့် ယုဒပြည်၏မြို့တော်ကို ဝန်းရံထားသည့် အနေအထား၌ ရှိနေသည်။ သနာခရိပ်က သူသည် ဟေဇကိမင်းအား “လှောင်ချိုင့်ထဲမှ ငှက်ကလေးတစ်ကောင်ပမာ” ဝိုင်းထားနိုင်ခဲ့သည်ဟု သူ၏သမိုင်းမှတ်တမ်းတွင် ကြွားလုံးထုတ်ထားသော်လည်း သနာခရိပ်၏ စစ်သည်ရဲမက်များကို ဘုရားသခင့် ကောင်းကင်တမန် ဖျက်ဆီးခဲ့သည့်အကြောင်းကိုမူ အာရှုရိ သမိုင်းမှတ်တမ်းများတွင် တစ်လုံးတစ်ပါဒမျှ ဖော်ပြခြင်းမရှိပေ။—၄ရ ၁၈:၁၇-၃၆; ၁၉:၃၅-၃၇။
အာရှုရိအင်ပါယာ၏ ခေတ်ကာလသည် မကြာမီတွင် ကုန်ဆုံးတော့မည်။ ယခုခေတ် အီရန်နိုင်ငံ၏ မြေမျက်နှာပြင် ကြမ်းတမ်းသော ကုန်းပြင်မြင့်ဒေသတွင် အခြေချနေထိုင်သည့် မေဒိ (မီးဒီးယား) လူမျိုးတို့သည် အာရှုရိစစ်တပ်၏ နောက်ချန်တပ် အကြွင်းအကျန်များကို စတင် နှောင့်ယှက်တိုက်ခိုက်လာသည်။ ယင်းကြောင့် တော်လှန်ပုန်ကန်စ ပြုနေကြသည့် အနောက်ပိုင်း စီရင်စုနယ်များမှ အာရှုရိ၏ အာရုံစိုက်မှုကို လွှဲစေခဲ့သည်။ ထိုအချိန်အတွင်း ဗာဗုလုန်လူမျိုးသည် အင်အားကြီးထွားလာပြီး အာရှုရမြို့ကိုပင် သိမ်းပိုက်နိုင်ခဲ့သည်။ ဘီ.စီ.အီး. ၆၃၂ ခုနှစ်တွင် “သွေးသွန်းသောမြို့” ဖြစ်သည့် နိနေဝေမြို့သည် ဗာဗုလုန်လူမျိုး၊ မေဒိလူမျိုးနှင့် သကုသိလူမျိုး မဟာမိတ်တို့၏လက်ထဲသို့ ကျရောက်သွားခဲ့သည်။ သကုသိလူမျိုးမှာ ပင်လယ်နက် မြောက်ပိုင်းမှ စစ်တိုက်ဝါသနာထုံသော လူမျိုးဖြစ်သည်။ ဤဖြစ်ရပ်သည် နာဟုံနှင့် ဇေဖနိတို့၏ ပရောဖက်ပြုချက်များကို ပြည့်စုံစေခဲ့သည်။—နာ ၃:၁; ဇေ ၂:၁၃။
အာရှုရိ၏ ဇာတ်သိမ်းသည် ခါရန်မြို့တွင် ဆိုက်ရောက်လာသည်။ အလျှော့မပေးသော ဗာဗုလုန်တပ်ဖွဲ့၏ တိုက်ခိုက်ခြင်းခံရသည့်အခါ အာရှုရိသည် အီဂျစ်ပြည်မှစစ်ကူ ရောက်လာသည့်အချိန်အထိ တောင့်ခံထားရန် ကြိုးပမ်းခဲ့သည်။ သို့သော် ဖာရောနေခေါမင်းသည် မြောက်ဘက်သို့ ချီတက်ရာလမ်းခရီး၌ မေဂိဒ္ဒေါမြို့အနီးတွင် ယုဒဘုရင် ယောရှိမင်း၏ ခုခံမှုကြောင့် ပိတ်ဆို့တားဆီးခြင်း ခံရသည်။ (၄ရ ၂၃:၂၉) ခါရန်မြို့သို့ နေခေါမင်း နောက်ဆုံးရောက်ရှိသွားချိန်တွင် အလွန့်အလွန် အခါနှောင်းသွားလေသည်၊ အာရှုရိအင်ပါယာ ကျဆုံးပြီးလေပြီ။
ဗာဗုလုန်အင်ပါယာ
“မိုးပျံဥယျာဉ်” ဟူသောဝေါဟာရကို ကြားလိုက်သည်နှင့် မည်သည့်မြို့ကို သတိရလာသနည်း။ ဗာဗုလုန် ကမ္ဘာ့အင်အားကြီးနိုင်ငံ၏မြို့တော် ဗာဗုလုန်မြို့ဖြစ်သည်။ ယင်းကို အတောင်ရှိသော ခြင်္သေ့အဖြစ် ပရောဖက်ပြု ဖော်ပြထားသည်။ (ဒံ ၇:၄) ယင်းမြို့သည် ချမ်းသာကြွယ်ဝမှု၊ ကုန်သွယ်မှု၊ ဘာသာရေးနှင့် နက္ခတ်ဗေဒင် ဖွံ့ဖြိုးတိုးတက်မှုတို့ကြောင့် ထင်ရှားကျော်ကြားသည်။ ဗာဗုလုန်အင်ပါယာသည် တိုက်ဂရစ်မြစ်နှင့် ဥဖရတ်မြစ်နှစ်မြွှာကြားရှိ မေသောပေါတာမိတိုင်းတောင်ပိုင်း စိမ့်မြေလွင်ပြင်များတွင် တည်ရှိသည်။ ဗာဗုလုန်မြို့သည် ဥဖရတ်မြစ်ကို ခွလျက်တည်ရှိပြီး မြို့ရိုးကြီးများက ယင်းမြို့ကို မထိုးဖောက်နိုင်သောမြို့အဖြစ် ထင်မှတ်စေသည်။
ဗာဗုလုန်လူမျိုးသည် အာရပ်ပြည်မြောက်ပိုင်း ကျောက်ဆောင်ထူထပ်သော ကန္တာရကိုဖြတ်၍ ကုန်သွယ်ရေးလမ်းကြောင်းများကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ပြုပြင်ခဲ့သည်။ တစ်ချိန်တွင် ဘုရင် နာဗောနိဒု (နဗိုနိုက်ဒတ်စ်) သည် တေမမြို့တွင် စံမြန်း၍ ဗာဗုလုန်မြို့တွင် ဗေလရှာဇာအား အုပ်ချုပ်စေခဲ့သည်။
ဗာဗုလုန်သည် ခါနာန်ပြည်ကို သုံးကြိမ်တိုင်တိုင် ကျူးကျော်ဝင်ရောက်ခဲ့သည်။ ဘီ.စီ.အီး. ၆၂၅ ခုနှစ်တွင် ခါခေမိတ်မြို့၌ နေဗုခဒ်နေဇာက အီဂျစ်လူမျိုးကို အပြီးအပိုင် ချေမှုန်းပြီးနောက် ဗာဗုလုန်လူမျိုးသည် တောင်ပိုင်းရှိ ဟာမတ်မြို့သို့ ဆက်လက်ချီတက်ခဲ့ကာ ထိုမြို့တွင် ဆုတ်ခွာသွားသည့် အီဂျစ်လူမျိုးကို ထပ်မံနှိမ်နင်းခဲ့သည်။ ထို့နောက် ဗာဗုလုန်လူမျိုးသည် အီဂျစ် တောင်ကျချောင်း ချိုင့်ဝှမ်းတိုင်အောင် ပင်လယ်ကမ်းခြေအတိုင်း တောင်ဘက်သို့ ဆက်လက်ချီတက်ခဲ့ရာ လမ်းခရီးတွင် အာရှကေလုန်မြို့ကို ဖျက်ဆီးခဲ့သည်။ (၄ရ ၂၄:၇; ယေ ၄၇:၅-၇) ယင်းတိုက်ပွဲစဉ်အတွင်း ယုဒနိုင်ငံသည် ဗာဗုလုန်၏ လက်အောက်ခံနိုင်ငံ ဖြစ်ခဲ့သည်။—၄ရ ၂၄:၁။
ယုဒရှင်ဘုရင် ယောယကိမ်သည် ဘီ.စီ.အီး. ၆၁၈ ခုနှစ်တွင် တော်လှန်ပုန်ကန်သည်။ သို့နှင့် ဗာဗုလုန်က ယုဒနိုင်ငံကို နှိမ်နှင်းရန် အနီးအနားရှိ နိုင်ငံများ၏ စစ်တပ်များကို စေလွှတ်ပြီးနောက် ဗာဗုလုန်စစ်သည်များကိုယ်နှိုက်က ယေရုရှလင်မြို့ကိုဝိုင်း၍ လက်အောက်ခံအဖြစ် သွတ်သွင်းခဲ့သည်။ ၎င်းနောက် များမကြာမီတွင် ဘုရင် ဇေဒကိသည် အီဂျစ်နိုင်ငံနှင့် မဟာမိတ်ဖွဲ့ခြင်းအားဖြင့် ဗာဗုလုန်လူမျိုး၏ အမျက်ဒေါသကို အထွတ်အထိပ်ရောက်အောင် နှိုးဆွခဲ့သည်။ ဗာဗုလုန်လူမျိုးသည် နောက်တစ်ဖန် ကျူးကျော်ဝင်ရောက်လာပြီး ယုဒပြည်၏ မြို့များကို ဖျက်ဆီးလိုက်သည်။ (ယေ ၃၄:၇) နောက်ဆုံးတွင် နေဗုခဒ်နေဇာသည် မိမိစစ်တပ်အား ယေရုရှလင်မြို့ကို အာရုံစိုက်စေ၍ ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် ယင်းမြို့ကို အောင်နိုင်လိုက်သည်။—၆ရ ၃၆:၁၇-၂၁; ယေ ၃၉:၁၀။
[စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်]
ဤကာလအတွင်းရေးသားခဲ့သည့် သမ္မာကျမ်းစာစောင်များ–
ဟောရှေကျမ်း
ဟေရှာယကျမ်း
မိက္ခာကျမ်း
သုတ္တံကျမ်း (တစ်စိတ်တစ်ပိုင်း)
ဇေဖနိကျမ်း
နာဟုံကျမ်း
ဟဗက္ကုတ်ကျမ်း
ယေရမိမြည်တမ်းစကား
ဩဗဒိကျမ်း
ယေဇကျေလကျမ်း
၃နှင့် ၄ ဓမ္မရာဇဝင်
ယေရမိကျမ်း
[စာမျက်နှာ ၂၃ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ဗာဗုလုန်/အာရှုရိ အင်ပါယာ
အာရှုရိ အင်ပါယာ
ခ၄ မင်ဖိ (နောဖ)
ခ၄ ဇောန
ခ၅ အီဂျစ်ပြည့်
ဂ၂ ကုပရုကျွန်း (ခိတ္တိမ်)
ဂ၃ ဇိဒုန်
ဂ၃ တုရု
ဂ၃ မေဂိဒ္ဒေါ
ဂ၃ ရှမာရိ
ဂ၄ ယေရုရှလင်
ဂ၄ အာရှကေလုန်
ဂ၄ လာခိရှ
ဃ၂ ခါရန်
ဃ၂ ခါခေမိတ်
ဃ၂ အာပဒ်
ဃ၂ ဟာမတ်
ဃ၃ ရိဗလ
ဃ၃ ရှုရိပြည်
ဃ၃ ဒမာသက်
င၂ ဂေါဇန်
င၂ မေသောပေါတာမိ
စ၂ မိန္နိပြည်
စ၂ အာရှုရိပြည်
စ၂ ခေါသဗဒ် (ခေါရ်စဘတ်)
စ၂ နိနေဝေ
စ၂ ကာလ
စ၂ အာရှုရ
စ၃ ဗာဗုလုန်ပြည်
စ၃ ဗာဗုလုန်
စ၄ ခါလဒဲပြည်
စ၄ ဧရက်
စ၄ ဥရ
ဆ၃ ရှုရှန်
ဆ၄ ဧလံပြည်
ဗာဗုလုန် အင်ပါယာ
ဂ၃ ဇိဒုန်
ဂ၃ တုရု
ဂ၃ မေဂိဒ္ဒေါ
ဂ၃ ရှမာရိ
ဂ၄ ယေရုရှလင်
ဂ၄ အာရှကေလုန်
ဂ၄ လာခိရှ
ဃ၂ ခါရန်
ဃ၂ ခါခေမိတ်
ဃ၂ အာပဒ်
ဃ၂ ဟာမတ်
ဃ၃ ရိဗလ
ဃ၃ ရှုရိပြည်
ဃ၃ ဒမာသက်
ဃ၅ တေမ
င၂ ဂေါဇန်
င၂ မေသောပေါတာမိ
င၄ အာရပ်ပြည်
စ၂ မိန္နိပြည်
စ၂ အာရှုရိပြည်
စ၂ ခေါသဗဒ် (ခေါရ်စဘတ်)
စ၂ နိနေဝေ
စ၂ ကာလ
စ၂ အာရှုရ
စ၃ ဗာဗုလုန်ပြည်
စ၃ ဗာဗုလုန်
စ၄ ခါလဒဲပြည်
စ၄ ဧရက်
စ၄ ဥရ
ဆ၃ ရှုရှန်
ဆ၄ ဧလံပြည်
[အခြားဒေသများ]
ဆ၂ မေဒိပြည်
လမ်းမကြီးများ (စာစောင်တွင်ကြည့်ပါ)
[ရေအစုအဝေး]
ခ၃ မြေထဲပင်လယ် (ပင်လယ်ကြီး)
ဂ၅ ပင်လယ်နီ
ဇ၁ ကက်စပီယန် ပင်လယ်
ဇ၅ ပါရှန်ကွေ့
[မြစ်များ]
ခ၅ နိုင်းလ်မြစ်
င၂ ဥဖရတ်မြစ်
စ၃ တိုက်ဂရစ်မြစ်
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
လာခိရှ တောင်ပို့
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
ရှေးမေဂိဒ္ဒေါမြို့၏ ပုံစံငယ်
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
စိတ်ကူးပုံဖော်ထားသည့် ဗာဗုလုန် မိုးပျံဥယျာဉ်