ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • fg အခန်း ၈ မေးခွန်းများ ၁-၅
  • မကောင်းမှုနဲ့ ဆင်းရဲဒုက္ခကို ဘုရားသခင် ဘာကြောင့် ဖြစ်ခွင့်ပြုရသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မကောင်းမှုနဲ့ ဆင်းရဲဒုက္ခကို ဘုရားသခင် ဘာကြောင့် ဖြစ်ခွင့်ပြုရသလဲ
  • လူမျိုးအားလုံးအတွက် သတင်းကောင်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • မကောင်းမှုနဲ့ ဆင်းရဲဝေဒနာတွေကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုထားရတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဆင်းရဲဒုက္ခ ဘာကြောင့် ဒီလောက်များရတာလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • မကောင်းမှုနဲ့ ဆင်းရဲဒုက္ခတွေ ဘာကြောင့် ရှိနေသလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
လူမျိုးအားလုံးအတွက် သတင်းကောင်း
fg အခန်း ၈ မေးခွန်းများ ၁-၅

အခန်း ၈

မကောင်းမှုနဲ့ ဆင်းရဲဒုက္ခကို ဘုရားသခင် ဘာကြောင့် ဖြစ်ခွင့်ပြုရသလဲ

၁။ မကောင်းမှု ဘယ်လို စတင်ခဲ့သလဲ။

၁။ မစားရလို့ တားမြစ်ထားတဲ့အသီးကို အာဒံကြည့်နေ; ၂။ လူ့အုပ်စိုးရှင်အမျိုးမျိုး; ၃။ စစ်ပွဲ

လူ့အုပ်ချုပ်မှုက လူ့ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုတာ သက်သေထူဖို့ ဘုရားသခင် အချိန် အလုံအလောက် ပေးခဲ့

စာတန် ဦးဆုံးလိမ်လည်ခဲ့ချိန်ကစပြီး ဒီကမ္ဘာပေါ် မကောင်းမှု စတင်လာခဲ့ပါတယ်။ အစပိုင်းမှာ စာတန်ဟာ စုံလင်တဲ့ ကောင်းကင်တမန်ဖြစ်ပေမဲ့ “အမှန်တရားမှာ သူ တည်မြဲမနေဘူး။” (ယောဟန် ၈:၄၄) ဘုရားသခင်သာ ပိုင်ဆိုင်ထိုက်တဲ့ ကိုးကွယ်မှုကို ရယူလိုစိတ်ပြင်းပြလာခဲ့တယ်။ ဒါနဲ့ ဧဝကို လိမ်လည်ပြောဆိုပြီး ဘုရားသခင်ရဲ့စကားကိုမဟုတ်ဘဲ သူ့စကားကို နားထောင်ဖို့ ဖြားယောင်းခဲ့တယ်။ အာဒံလည်း ဧဝနဲ့ပေါင်းပြီး ဘုရားသခင်ရဲ့စကားကို နားမထောင်ခဲ့ဘူး။ အာဒံရဲ့ ဆုံးဖြတ်ချက်ကြောင့် ဆင်းရဲဒုက္ခနဲ့ သေခြင်း ဖြစ်ပေါ်လာခဲ့ရတယ်။​—ကမ္ဘာဦး ၃:၁-၆၊ ၁၉ ကိုဖတ်ပါ။

ဘုရားသခင်ရဲ့စကားကို နားမထောင်ဖို့ ဧဝကို စာတန် အကြံပေးခဲ့တုန်းက တကယ်ဆိုရင် သူဟာ ဘုရားသခင်ရဲ့အုပ်ချုပ်ပိုင်ခွင့်ကို ဆန့်ကျင်နေတာဖြစ်တယ်။ လူအများစုကလည်း စာတန်ဘက်ပါသွားပြီး ဘုရားသခင်ကို သူတို့ရဲ့အုပ်စိုးရှင်အဖြစ် လက်မခံ ကြတော့ပါဘူး။ ဒီလိုနဲ့ စာတန်ဟာ “ဒီလောကရဲ့မင်း” ဖြစ်လာပါတယ်။​—ယောဟန် ၁၄:၃၀။ ၁ ယောဟန် ၅:၁၉ တို့ကိုဖတ်ပါ။

၂။ ဖန်ဆင်းရာတွေမှာ ချို့ယွင်းချက် ရှိပါသလား။

ဘုရားသခင် ဖန်ဆင်းထားတဲ့အရာအားလုံးမှာ ချို့ယွင်းချက် လုံးဝမရှိပါဘူး။ ဘုရားသခင် ဖန်ဆင်းထားတဲ့ လူသားတွေနဲ့ ကောင်းကင်တမန်တွေဟာ ဘုရား စကားကို အပြည့်အဝ နာခံနိုင်စွမ်းရှိကြတယ်။ (တရားဟောရာ ၃၂:၄၊ ၅) ကောင်းတာလုပ်မလား၊ ဆိုးတာလုပ်မလားဆိုတာ လွတ်လပ်စွာ ရွေးချယ်နိုင်စွမ်းနဲ့ ကျွန်တော်တို့ကို ဖန်ဆင်းထားတယ်။ အဲဒီစွမ်းရည်ကြောင့် ဘုရားသခင်ကို ကျွန်တော်တို့ ချစ်မြတ်နိုးကြောင်း ဖော်ပြခွင့် ရရှိကြတယ်။​—ယာကုပ် ၁:၁၃-၁၅။ ၁ ယောဟန် ၅:၃ တို့ကိုဖတ်ပါ။

၃။ ဘုရားသခင်က ဆင်းရဲဒုက္ခတွေကို အခုထိ ဘာကြောင့် ဖြစ်ခွင့်ပြုထားသလဲ။

ဘုရားသခင်ဟာ မိမိရဲ့အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ဆန့်ကျင်တဲ့သူတွေကို ချက်ချင်း အရေးမယူဘဲ အတိုင်းအတာတစ်ခုအထိ ခွင့်ပြုထားခဲ့တာ ဘာကြောင့်လဲ။ ဘုရားသခင်မပါဘဲ အုပ်ချုပ်ဖို့ ကြိုးစားမှုမှန်သမျှဟာ အချည်းနှီးပဲဆိုတာ ဖော်ပြချင်လို့ပဲ။ (ဒေသနာ ၇:၂၉။ ၈:၉) လူ့သမိုင်း နှစ်ပေါင်း ၆,၀၀၀ ကြာပြီးတဲ့ နောက်မှာ အဲဒီအချက်က ပိုထင်ရှားလာတယ်။ လူ့အုပ်စိုးရှင်တွေဟာ စစ်၊ ရာဇဝတ်မှု၊ တရားမမျှတမှုနဲ့ ရောဂါတွေကို မဖယ်ရှားပေးနိုင်ခဲ့ကြပါဘူး။​—ယေရမိ ၁၀:၂၃။ ၂ ပေတရု ၃:၇-၉ တို့ကိုဖတ်ပါ။

ဘုရားသခင့်အုပ်ချုပ်မှုကို လက်ခံတဲ့သူတွေဟာ အကျိုးကျေးဇူးတွေ ခံစားကြရမယ်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) မကြာခင် လူ့အုပ်ချုပ်မှုမှန်သမျှ ဖယ်ရှားခံရပါတော့မယ်။ ဘုရားသခင့်အုပ်ချုပ်မှုကို လက်အောက်ခံတဲ့သူတွေပဲ ဒီကမ္ဘာမှာ နေထိုင်ကြရပါမယ်။​—ဟေရှာယ ၁၁:၉။ ဒံယေလ ၂:၄၄ ကိုဖတ်ပါ။

ဘုရားသခင်က ဆင်းရဲဒုက္ခတွေကို အခုထိ ဘာကြောင့် ဖြစ်ခွင့်ပြုထားသလဲ ဗီဒီယိုကိုကြည့်ပါ။

၄။ ဘုရားသခင့်စိတ်ရှည်မှုကြောင့် ကျွန်တော်တို့ ဘာပြုလုပ်ခွင့်ရကြသလဲ။

လူသားတွေ ယေဟောဝါဘုရားကို ဝတ်ပြုတာ ကိုယ်ကျိုးကြောင့်ဆိုပြီး စာတန် အခိုင်အမာပြောထားတယ်။ အဲဒီကလိမ်ကျတဲ့စကား မှားတယ်ဆိုတာ သင် သက်သေပြနိုင်ပါသလား။ သက်သေပြနိုင်ပါတယ်။ ဘုရားသခင့်အုပ်ချုပ်မှုနဲ့ လူ့အုပ်ချုပ်မှု ဘယ်အရာကို နှစ်သက်သလဲဆိုတာ ဘုရားသခင်ရဲ့စိတ်ရှည်မှုကြောင့် ကျွန်တော်တို့ ဖော်ပြခွင့်ရ ကြတယ်။ ကိုယ့်ဘဝလမ်းစဉ်က ကိုယ့်ရွေးချယ်မှုကို ဖော်ပြမှာဖြစ်တယ်။​—ယောဘ ၁:၈-၁၂။ ပညာအလိမ္မာ ၂၇:၁၁ တို့ကိုဖတ်ပါ။

၅။ ဘုရားသခင်ကို ကျွန်တော်တို့ရဲ့အုပ်စိုးရှင်အဖြစ် ဘယ်လို ရွေးချယ်နိုင်သလဲ။

သမ္မာကျမ်းစာ လေ့လာနေကြ

ဘုရားသခင်ကို ကျွန်တော်တို့ရဲ့အုပ်စိုးရှင်အဖြစ် လက်ခံတယ်၊ မခံဘူးဆိုတာကို ကျွန်တော်တို့ရဲ့ ရွေးချယ်မှုက ဖော်ပြ

ကျမ်းစာအပေါ် အခြေခံတဲ့ ဝတ်ပြုရေးအမှန်ကို ရှာဖွေပြီး အဲဒီဝတ်ပြုရေးမှာ ပါဝင်ခြင်းအားဖြင့် ရွေးချယ်နိုင်ပါတယ်။ (ယောဟန် ၄:၂၃) ယေရှုလုပ်ခဲ့တဲ့အတိုင်း နိုင်ငံရေး၊ စစ်မှုနဲ့ ကင်းကင်းရှင်းရှင်း နေခြင်းအားဖြင့် စာတန်ရဲ့အုပ်ချုပ်မှုကို ပြတ်ပြတ်သားသား ငြင်းပယ်နိုင်ပါတယ်။​—ယောဟန် ၁၇:၁၄ ကိုဖတ်ပါ။

စာတန်ဟာ မိမိရဲ့အစွမ်းတန်ခိုးကို အသုံးပြုပြီး အကျင့်ယိုယွင်းမှုနဲ့ ဘေးဖြစ်စေတဲ့ အမူအကျင့်တွေကို အားပေးနေပါတယ်။ အဲဒီလိုအကျင့်ဆိုးတွေကို ကျွန်တော်တို့ ရှောင်ကြဉ်တဲ့အတွက် မိတ်ဆွေတချို့နဲ့ ဆွေမျိုးတချို့က ကဲ့ရဲ့နိုင်တယ် ဒါမှမဟုတ် ဆန့်ကျင်နိုင်ပါတယ်။ (၁ ပေတရု ၄:၃၊ ၄) ဒါကြောင့် ကျွန်တော်တို့ ရွေးချယ်ရတော့မယ်။ တကယ်လို့ ဘုရားသခင်ကို ချစ်မြတ်နိုးသူတွေနဲ့ ပေါင်းသင်းဖို့၊ ဘုရားသခင်ရဲ့ ပညာရှိပြီး မေတ္တာပါတဲ့ ပညတ်တွေကို လိုက်လျှောက်ဖို့ ရွေးချယ်မယ်ဆိုရင် အခက်အခဲ ကြုံလာတဲ့အခါ ဘယ်သူမှ ဘုရားသခင် ပြောတဲ့အတိုင်း လုပ်မှာမဟုတ်ဘူးဆိုတဲ့ စာတန်ရဲ့လိမ်လည်မှု မှားကြောင်း သက်သေထူနိုင်မယ်။​—၁ ကောရိန္သု ၆:၉၊ ၁၀။ ၁၅:၃၃ ကိုဖတ်ပါ။

ဘုရားသခင်ဟာ လူသားတွေကို ချစ်တဲ့အတွက် မကောင်းမှုနဲ့ ဆင်းရဲဒုက္ခတွေကို ဖယ်ရှားပေးမယ်ဆိုပြီး အာမခံတယ်။ ဘုရားသခင်ရဲ့ကတိစကားကို ယုံကြည်ကြောင်း လုပ်ရပ်နဲ့ တင်ပြသူတွေဟာ ဒီကမ္ဘာပေါ် ထာဝစဉ်အသက်ရှင်ကြရမှာ ဖြစ်တယ်။​—ယောဟန် ၃:၁၆ ကိုဖတ်ပါ။

ပိုသိချင်တယ်ဆိုရင် သမ္မာကျမ်းစာ သွန်သင်ရာများ စာအုပ်၊ အခန်း ၁၁ မှာဖတ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ