ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၀ ၁၀/၁ စာ. ၃
  • ၁ ဘာကြောင့်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၁ ဘာကြောင့်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆုတောင်းခြင်းအားဖြင့် ယေဟောဝါနဲ့ ရင်းနှီးအောင် ကြိုးစားပါ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ဆုတောင်းခြင်း အခွင့်ထူး
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်နဲ့ ရင်းနှီးအောင်လုပ်ပါ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံသို့ ချဉ်းကပ်ခြင်း
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
က၁၀ ၁၀/၁ စာ. ၃

၁ ဘာကြောင့်

ဆုတောင်းခြင်း။ သမ္မာကျမ်းစာထဲမှာ စိတ်ဝင်စားစရာ ကောင်းပြီး သိချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရာတွေ အများကြီး ရှိတဲ့အထဲက အဲဒီအကြောင်းလည်း တစ်ခုအပါအဝင် ဖြစ်တယ်။ ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး မေးလေ့မေးထရှိတဲ့ မေးခွန်း ခုနစ်ခုကို သုံးသပ်ကြည့်ပါ။ အဲဒီနောက် ကျမ်းစာမှာပါတဲ့ အဖြေတွေကို ကျွန်ုပ်တို့နဲ့အတူ ဆန်းစစ်ကြည့်ပါ။ သင် စပြီးဆုတောင်းဖို့၊ သင့်ရဲ့ ဆုတောင်းချက်တွေကို ပိုပြီး ထိရောက်စေဖို့ ဒီဆောင်းပါးတွေက ကူညီပေးပါလိမ့်မယ်။

ကမ္ဘာတစ်ဝန်းက  ဘယ်ဘာသာ၊  ဘယ်ယဉ်ကျေးမှုမှာမဆို လူတိုင်း ဆုတောင်းတတ်ကြတယ်။ တစ်ယောက်တည်း ဆုတောင်းတယ်။ အုပ်စုလိုက် ဆုတောင်းကြတယ်။ ခရစ်ယာန်ဘုရားကျောင်း၊ ဝတ်ကျောင်း၊ ဗလီ၊ နတ်ကွန်းစတဲ့ နေရာတွေမှာ ဆုတောင်းကြတယ်။ ဆုတောင်းတဲ့အခါ ကော်ဇောငယ်၊ စိတ်ပုတီး၊ ဆုတောင်းဘီးလုံး၊ ရုပ်ပုံ၊ ဆုတောင်းစာအုပ်စတဲ့ အရာတွေကို အသုံးပြုကြသလို ချပ်ပြားငယ်လေးတွေပေါ် ဆုတောင်းစာတွေ ရေးပြီး နံရံပေါ်မှာ ချိတ်ဆွဲထားတတ်တယ်။

လူတွေကို တခြားသက်ရှိတွေနဲ့ ကွဲပြားစေတဲ့ အချက်တစ်ချက်က ဆုတောင်းခြင်း ဖြစ်တယ်။ လူနဲ့တိရစ္ဆာန်မှာ တူညီတဲ့အချက်တွေ အများကြီးရှိတယ်။ ကျွန်ုပ်တို့အားလုံး တိရစ္ဆာန်တွေလိုပဲ အစာ၊ လေနဲ့ ရေတို့ လိုအပ်တယ်။ တိရစ္ဆာန်တွေလိုပဲ ကျွန်ုပ်တို့လည်း မွေးဖွားတယ်၊ အသက်ရှင်တယ်၊ သေဆုံးသွားကြတယ်။ (ဒေ. ၃:၁၉) ဒါပေမဲ့ လူသားတွေကပဲ ဆုတောင်းတတ်ကြတာပါ။ အဲဒါ ဘာဖြစ်လို့လဲ။

အရိုးရှင်းဆုံး အဖြေကတော့ ဆုတောင်းဖို့ လိုအပ်လို့ပါပဲ။ အများအားဖြင့် လူတွေက ဆုတောင်းခြင်းကို မြင့်မြတ်တဲ့ဝိညာဉ်ဘုံနဲ့ အဆက်အသွယ်လုပ်တဲ့ နည်းတစ်နည်းလို့ ယူဆကြတယ်။ ကျွန်ုပ်တို့ လူသားတွေထဲမှာ အဲဒီလို လုပ်လိုတဲ့ဆန္ဒ ထည့်သွင်းပေးထားတယ်လို့ ကျမ်းစာက ဆိုတယ်။ (ဒေ. ၃:၁၁) တစ်ချိန်မှာ ယေရှုခရစ်က ဒီလိုပြောခဲ့တယ်– “ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏။”—မဿဲ ၅:၃။

လူတွေ နာရီနဲ့ချီပြီး ဆုတောင်းကြတာကို ကြည့်ရင်၊ ဘာသာရေး အဆောက်အအုံနဲ့ သမိုင်းဝင်ပစ္စည်းတွေကို ကြည့်ရင် ဘုရားသခင်ကို မှီခိုဖို့ လိုအပ်တယ်ဆိုတာ  မဖော်ပြနေဘူးလား။  အဲဒီလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ တချို့က ကိုယ့်ကိုယ်ကိုယ် အားကိုးတယ်။ တချို့ကျတော့ သူများကို အားကိုးတယ်။ ဒါပေမဲ့ လူသားတွေမှာ အပြည့်အဝ ကူညီပေးနိုင်စွမ်း မရှိဘူးဆိုတာ မခံစားရဘူးလား။ လူ့ဘဝက တိုတောင်းတယ်၊ ထိခိုက်ပျက်စီးလွယ်တယ်၊ အမြော်အမြင်လည်း နည်းပါးတယ်။ လူသားတွေထက် ပိုပြီးပညာရှိ၊ ပိုပြီးအစွမ်းထက်၊ ပိုပြီးအသက်ရှည်တဲ့ ပုဂ္ဂိုလ်ကပဲ ကျွန်ုပ်တို့ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ။ ကျွန်ုပ်တို့ကို ဆုတောင်းဖို့ လှုံ့ဆော်ပေးတဲ့ လိုအပ်ချက်က ဘယ်အရာဖြစ်မလဲ။

လမ်းညွှန်မှုနဲ့ ဉာဏ်ပညာ ဒါမှမဟုတ် လူ့ဉာဏ်နဲ့ မမီနိုင်ဘူးလို့ ထင်ရတဲ့ မေးခွန်းတွေအတွက် အဖြေတွေရရှိဖို့ သင် တောင့်တဖူးသလား။ ချစ်ရသူတစ်ဦး ဆုံးပါးသွားလို့ ဝမ်းနည်းကြေကွဲနေချိန်မှာ နှစ်သိမ့်မှု လိုအပ်တယ်လို့ ခံစားဖူးသလား။ ဒါမှမဟုတ် ဆုံးဖြတ်ချက် ခက်ခက်ခဲခဲ ချရတော့မယ့်အချိန်မှာ လမ်းညွှန်မှု လိုအပ်တယ်လို့ ခံစားဖူးသလား။ ဒါမှမဟုတ် အပြစ်ကြောင့် စိတ်နှလုံး ကြေကွဲနေတဲ့အခါ ခွင့်လွှတ်မှု လိုအပ်တယ်လို့ကော ခံစားဖူးသလား။

သမ္မာကျမ်းစာအရ  ဖော်ပြပါ အခြေအနေတွေက  ဆုတောင်းဖို့အတွက် ခိုင်လုံတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စိတ်အချရဆုံး စာအုပ်ကတော့ သမ္မာကျမ်းစာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သစ္စာတည်ကြည်တဲ့ အမျိုးသား၊ အမျိုးသမီးတွေရဲ့  ဆုတောင်းချက်တွေကို  သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင် ဖော်ပြထားလို့ပါ။ သူတို့တွေဟာ နှစ်သိမ့်မှု၊ လမ်းညွှန်မှု၊ ခွင့်လွှတ်မှုနဲ့ အခက်ခဲဆုံး မေးခွန်းတွေအတွက် အဖြေတွေရရှိဖို့ ဆုတောင်းခဲ့ကြတာ ဖြစ်တယ်။—ဆာလံ ၂၃:၃။ ၇၁:၂၁။ ဒံယေလ ၉:၄၊ ၅၊ ၁၉။ ဟဗက္ကုတ် ၁:၃။

အပေါ်မှာ ဖော်ပြထားတဲ့အတိုင်း  ဆုတောင်းခဲ့ကြတဲ့  ဒါဝိဒ်၊ ဒံယေလ၊ ဟဗက္ကုတ်စတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဆုတောင်းချက်တွေက ကွဲပြားကြပေမဲ့ သူတို့မှာ တူညီတဲ့အရာတစ်ခု ရှိတယ်။ သူတို့ရဲ့ ဆုတောင်းချက်တွေ နားညောင်းခံရဖို့ အရမ်းအရေးကြီးတဲ့ အချက်တစ်ချက်ကို သူတို့ ထည့်တောင်းခဲ့ကြတယ်။ အဲဒီအရေးကြီးတဲ့အချက်ကို ကနေ့ လူအများစုက လျစ်လျူရှုထားကြတယ်။ သူတို့ကျတော့ ဘယ်သူ့ဆီ ဦးတည်ဆုတောင်းသင့်တယ်ဆိုတာကို သိထားကြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ