ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၀ ၁၀/၁ စာ. ၉
  • ၅ ဘယ်အချိန်နဲ့ ဘယ်နေရာမှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၅ ဘယ်အချိန်နဲ့ ဘယ်နေရာမှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆုတောင်းခြင်းအားဖြင့် ယေဟောဝါနဲ့ ရင်းနှီးအောင် ကြိုးစားပါ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • တို့တစ်တွေ ဆုတောင်းဖို့ ယေရှု သင်ပေးတယ်
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ဆုတောင်းခြင်း အခွင့်ထူး
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • အဘယ်ကြောင့်မခြားမလပ် ဆုတောင်းသင့်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
က၁၀ ၁၀/၁ စာ. ၉

၅ ဘယ်အချိန်နဲ့ ဘယ်နေရာမှာ

ဘာသာတရား အများစုက အသေးစိတ် မွမ်းမံထားတဲ့ ဆုတောင်းရာ နေရာတွေကို အလေးထားကြ၊ ဆုတောင်းရမယ့် အချိန်တွေကို သတ်မှတ်ထားကြတာ သင် သတိပြုမိမှာပါ။ ကျွန်ုပ်တို့ ဆုတောင်းရမယ့် အချိန်နဲ့ နေရာကို ကျမ်းစာက သတ်မှတ်ပေးထားပါသလား။

ဆုတောင်းဖို့အတွက် သင့်လျော်တဲ့ အချိန်အခါတွေ ရှိတယ်ဆိုတာကို သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ ဥပမာ၊ မိမိနောက်လိုက်တွေနဲ့အတူ အစာမစားခင် ဘုရားသခင်ထံ ယေရှု ဆုတောင်းခဲ့တယ်။ (လုကာ ၂၂:၁၇) ယေရှုရဲ့တပည့်တွေ ဝတ်ပြုဖို့ စုဝေးတဲ့အခါမှာလည်း အတူတကွ ဆုတောင်းခဲ့ကြတယ်။ ဒီလိုနဲ့ ဂျေရုဆလင်မြို့ရှိ ဝတ်ပြုရာအိမ်တော်နဲ့ ဂျူးတရားဟောရာ နေရာတွေမှာ ကြာမြင့်စွာကတည်းက လုပ်ဆောင်ခဲ့တဲ့ ဆုတောင်းခြင်းဓလေ့ကို တပည့်တွေ ဆက်ကျင့်သုံးခဲ့ကြတယ်။ ဘုရားသခင်က ဝတ်ပြုရာအိမ်တော်ကို “လူအမျိုးမျိုးတို့ ဆုတောင်းရာအိမ်” ဖြစ်ဖို့ ရည်ရွယ်ခဲ့တယ်။—မာကု ၁၁:၁၇။

ဘုရားသခင့်ကျေးကျွန်တွေ စုရုံးပြီး အတူတကွ ဆုတောင်းတဲ့အခါ သူတို့ရဲ့ ဆုတောင်းချက်တွေက အကျိုးရှိနိုင်ပါတယ်။ သူတို့အနေနဲ့ တစ်စိတ်တစ်သဘောတည်း ရှိပြီး သူတို့ရဲ့ ဆုတောင်းချက်က ကျမ်းစာမူနဲ့ ကိုက်ညီမယ်ဆိုရင် အဲဒီဆုတောင်းချက်ကို ဘုရားသခင် နှစ်သက်လက်ခံမယ်။ အဲဒီလို ဆုတောင်းချက်က ဘုရားသခင် လုပ်ဆောင်ပေးမှာ မဟုတ်တဲ့အရာကိုတောင် လုပ်ဆောင်ဖို့ ကိုယ်တော့်ကို လှုံ့ဆော်ပေးနိုင်တယ်။ (ဟေဗြဲ ၁၃:၁၈၊ ၁၉) ယေဟောဝါသက်သေတွေဟာ သူတို့ရဲ့ အစည်းအဝေးတွေမှာ ပုံမှန် ဆုတောင်းကြတယ်။ သင်နဲ့ မဝေးတဲ့ ဝတ်ပြုရာခန်းမကို လာရောက်ပြီး ဆုတောင်းချက်တွေကို သင်ကိုယ်တိုင် နားထောင်ဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ်။

ဒါပေမဲ့ ဆုတောင်းရမယ့် အထူးအချိန်အခါနဲ့ နေရာကို ကျမ်းစာက မသတ်မှတ်ပေးထားဘူး။ ကျမ်းစာမှာ ဘုရားသခင့်ကျေးကျွန်တွေဟာ အချိန်မရွေး၊ နေရာမရွေး ဆုတောင်းကြတယ်ဆိုပြီး မှတ်တမ်းတင်ထားတယ်။ “ဆုတောင်းသည့်အခါ အတွင်းခန်းထဲသို့ ဝင်၍ တံခါးပိတ်ပြီးမှ မထင်ရှားသောအရပ်၌ ရှိတော်မူသော ကောင်းကင်ဘုံရှိ သင်၏အဖထံ ဆုတောင်းလော့။ မထင်ရှားသောအရာကို ရှုမြင်တော်မူသည့် ကောင်းကင်ဘုံရှိ သင်၏အဖသည် သင့်ကို အကျိုးဆပ်ပေးတော်မူမည်” လို့ ယေရှုပြောခဲ့တယ်။—မဿဲ ၆:၆။

အချိန်မရွေး၊ နေရာမရွေး ကျွန်ုပ်တို့ ဆုတောင်းနိုင်

အဲဒီဖိတ်ခေါ်ချက်က နှစ်သက်စရာ မကောင်းဘူးလား။ စကြဝဠာပိုင်သအုပ်စိုးရှင်ထံ အချိန်မရွေး၊ အနှောင့်အယှက်မရှိ သင်ချဉ်းကပ်နိုင်တယ်။ သင့်ရဲ့ဆုတောင်းချက် နားညောင်းခံရမယ် ဆိုတာကိုလည်း ယုံကြည်စိတ်ချနိုင်တယ်။ တစ်ကိုယ်တည်း ဆုတောင်းဖို့အတွက် ယေရှု မကြာခဏ ကြိုးစားရှာကြံခဲ့တာက အံ့ဩစရာမဟုတ်ပါဘူး။ တစ်ခါကလည်း အရေးကြီးတဲ့ ဆုံးဖြတ်ချက်အတွက် လမ်းညွှန်မှုရဖို့ ဘုရားသခင်ထံ တစ်ညလုံး ဆုတောင်းခဲ့တယ်။—လုကာ ၆:၁၂၊ ၁၃။

ကြီးလေးတဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ၊ စိုးရွံ့ထိတ်လန့်ဖွယ် အခြေအနေတွေကို ရင်ဆိုင်ရတဲ့အခါ ဆုတောင်းခဲ့ကြတဲ့ အမျိုးသား၊ အမျိုးသမီးတွေအကြောင်း ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။ တစ်ခါတလေ သူတို့ အသံထွက် ဆုတောင်းကြတယ်။ တစ်ခါတလေ အသံတိတ် ဆုတောင်းကြတယ်။ အုပ်စုလိုက်ရော တစ်ယောက်ချင်းစီပါ ဆုတောင်းကြတယ်။ အရေးကြီးတဲ့အချက်ကတော့ သူတို့ ဆုတောင်းဖို့ပဲဖြစ်တယ်။ “မခြားမလပ် ဆုတောင်းကြလော့” ဆိုပြီးတော့တောင် မိမိကျေးကျွန်တွေကို ဘုရားသခင် ဖိတ်ခေါ်ထားတယ်။ (၁ သက်သာလောနိတ် ၅:၁၇) မိမိအလိုတော် ထမ်းဆောင်တဲ့သူတွေရဲ့ ဆုတောင်းချက်တွေကို ဘုရားသခင် လိုလိုလားလား အမြဲနားထောင်ပေးတယ်။ ဘယ်လောက်ကောင်းတဲ့ ဖိတ်ခေါ်ချက်ဖြစ်သလဲ။

ကနေ့ အတ္တဆန်တဲ့ ဒီလောကမှာ ဆုတောင်းခြင်းရဲ့ တန်ဖိုးကို လူအများက သိချင်ကြတယ်။ ‘ဆုတောင်းခြင်းက ငါ့အတွက် ဘာအကျိုးရှိလို့လဲ’ ဆိုပြီး သင် မေးကောင်းမေးနိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ