ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၁ ၁၀/၁ စာ. ၃
  • သင် အလိမ်ခံရ ဖူးသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် အလိမ်ခံရ ဖူးသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပထမဆုံး မုသာရဲ့ ဆိုးကျိုးများ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
  • လိမ်ပြောခဲ့တဲ့ ပေတရုနဲ့ အာနနိဆီကနေ ဘာသင်ခန်းစာ ယူနိုင်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • လိမ်လည်ရန် အဘယ်ကြောင့် ဤမျှလွယ်ကူသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဘာကြောင့် ရိုးသားဖို့ လိုသလဲ
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
က၁၁ ၁၀/၁ စာ. ၃

သင် အလိမ်ခံရ ဖူးသလား

သင် ယုံကြည်ရတဲ့သူတစ်ဦးဆီကနေ အလိမ်ခံလိုက်ရလို့ ခံစားရတဲ့ နာကျင်မှုမျိုးထက် ပိုပြီးနာကျင်တာမျိုး ရှိမှာမဟုတ်ဘူး။ သင့်အနေနဲ့ အရှက်ကွဲသွားနိုင်တယ်။ စိတ်ဆိုးနိုင်တယ်။ ဒါမှမဟုတ် သစ္စာဖောက်ခံရတယ်လို့တောင် ခံစားရနိုင်တယ်။ လိမ်ညာမှုက မိတ်ဆွေအချင်းချင်း၊ အိမ်ထောင်သည်အချင်းချင်းရဲ့ ဆက်ဆံရေးတွေကို ထိခိုက်ပျက်စီးစေတယ်။ လိမ်လည်မှုကြောင့် လူတွေ ငွေကြေး သန်းပေါင်းများစွာ ဆုံးရှုံးနစ်နာခဲ့ရတယ်။

ဒါဆိုရင် ဘုရားသခင်နဲ့ပတ်သက်ပြီး သင် အလိမ်ခံရလိုက်ပြီလို့ သိလိုက်ရတဲ့အခါ သင် ဘယ်လိုခံစားရမလဲဆိုတာကို စဉ်းစားကြည့်ပါ။ သင်ဟာ ဘာသာတရားကိုင်းရှိုင်းတဲ့သူ ဖြစ်မယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့ သူတွေလိုပဲ အကြီးအကျယ် စိတ်ထိခိုက်ရပါလိမ့်မယ်။

● “ဘာသာရေးခေါင်းဆောင်တွေရဲ့ လိမ်လည်မှုကို ကျွန်မ ခံလိုက်ရတယ်။”—ဒီယန်း။

● “ကျွန်တော် အရမ်းစိတ်ဆိုးတယ်။ လှည့်စားခံလိုက်ရတယ်လို့ ကျွန်တော်ခံစားရတယ်။ ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေ၊ ပန်းတိုင်တွေ အလကားဖြစ်သွားပြီ။”—လူအီစ်။

ဘုရားသခင်နဲ့ပတ်သက်လာရင် သင် အလိမ်ခံနေရတယ်လို့တော့ စဉ်းစားမိမှာမဟုတ်ဘူး။ သင် သိရှိထားတဲ့အရာက တစ်ယောက်ယောက်ဆီကနေ လာတာဖြစ်နိုင်တယ်။ အဲဒီပုဂ္ဂိုလ်က သင် ယုံကြည်စိတ်ချပြီး သင့်ကို တမင်တကာ စိတ်ထိခိုက်အောင်မလုပ်တဲ့ သင့်မိဘ၊ ခရစ်ယာန်ဘုန်းတော်ကြီး၊ ခရစ်ယာန်တရားဟောဆရာ ဒါမှမဟုတ် မိတ်ဆွေရင်းချာတွေ ဖြစ်နိုင်တယ်။ သွန်သင်ချက်တစ်ခုခုကို သင့်ဘဝတစ်လျှောက်လုံး လက်ခံယုံကြည်ထားမှာဖြစ်တယ်။ ဒါပေမဲ့ အယူအဆတစ်ခုကို လူအများ လက်ခံယုံကြည်ပေမဲ့ မှားနိုင်တယ်ဆိုတာကို သင် သဘောတူတယ် မဟုတ်ဘူးလား။ ဒီအချက်ကို အမေရိကန်သမ္မတဟောင်း ဖရန်ကလင် ဒီ. ရုစဗဲ့ အသိအမှတ်ပြုပြီး ဒီလိုပြောခဲ့တယ်– “လိမ်လည်မှုတစ်ခုကို ထပ်ခါထပ်ခါ ပြောဆိုလိုက်တာနဲ့ အမှန်တရား ဖြစ်မသွားဘူး။”

သင် အလိမ်ခံနေရတယ် ဒါမှမဟုတ် အလိမ်မခံရဘူးဆိုတာကို ဘယ်လိုသတ်မှတ်နိုင်မလဲ။ တစ်ကြိမ်မှာ ယေဟောဝါဘုရားသခင်ဆီ ယေရှု ဒီလိုဆုတောင်းခဲ့တယ်– “ကိုယ်တော်၏တရားစကားတော်သည် အမှန်တရားဖြစ်ပါ၏။” (ယောဟန် ၁၇:၁၇) အမှန်တရားနဲ့ လိမ်လည်မှုကို ခွဲခြားသိမြင်နိုင်ဖို့ ကျွန်ုပ်တို့ လိုအပ်တဲ့အရာတွေကို သမ္မာကျမ်းစာထဲမှာ ဖော်ပြထားပါတယ်။

ဘုရားသခင်နဲ့ပတ်သက်ပြီး လိမ်လည်မှု ငါးခုကို သမ္မာကျမ်းစာထဲမှာ ထုတ်ဖော်ထားတာကို မသိချင်ဘူးလား။ အမှန်တရားက သင့်ဘဝကို ပိုပြီးတိုးတက်ကောင်းမွန်အောင် ဘယ်လိုပြောင်းလဲပေးနိုင်တယ်ဆိုတာကို သင် သိမြင်လာပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ