ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၃ ၁၀/၁ စာ. ၅
  • လူသားတွေကို ကယ်တင်ဖို့ ဘုရားစီစဉ်ပေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူသားတွေကို ကယ်တင်ဖို့ ဘုရားစီစဉ်ပေး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • မေရှိယ! ဘုရားသခင့်ကယ်တင်ရာနည်းလမ်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • “ငါတို့သည် မေရှိယကို တွေ့ကြပြီ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • သူတို့ မေရှိယကို စောင့်မျှော်ခဲ့ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • မေရှိယကြွလာ
    သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
က၁၃ ၁၀/၁ စာ. ၅

မျက်နှာဖုံးဆောင်းပါး | သမ္မာကျမ်းစာမှာ ဘာအကြောင်းတွေ ရေးထားသလဲ

လူသားတွေကို ကယ်တင်ဖို့ ဘုရားစီစဉ်ပေး

ဘုရားသခင်က မိမိကို သစ္စာရှိစွာဝတ်ပြုသူတစ်ဦးဖြစ်တဲ့ အာဗြဟံကို ကြိုပြောထားတဲ့ “အမျိုးအနွယ်” ဟာ သူ့မျိုးရိုးစဉ်ဆက်ထဲကနေ ပေါ်ထွန်းလာမယ်လို့ ကတိပေးခဲ့တယ်။ အဲဒီအမျိုးအနွယ်အားဖြင့် “လူမျိုးအပေါင်း” အကျိုးခံစားရမယ်။ (ကမ္ဘာဦး ၂၂:၁၈) အာဗြဟံရဲ့မြေးဖြစ်သူ ယာကုပ်ဟာ နောက်ပိုင်းမှာ အီဂျစ်ပြည်ကို ပြောင်းရွှေ့သွားတယ်။ အဲဒီမှာ သူ့ရဲ့မိသားစုအရေအတွက် များလာပြီး ရှေးခေတ် အစ္စရေးလူမျိုး ဖြစ်လာတယ်။

နောက်ပိုင်းမှာ၊ ရက်စက်တဲ့ အီဂျစ်ဘုရင် ဖာရောက အစ္စရေးလူတွေကို ကျွန်လုပ်ခိုင်းတယ်။ ဒါကြောင့် ဘုရားသခင်က ကြိုဟောသူ (ပရောဖက်) မောရှေကို ပေါ်ထွန်းစေတယ်။ ပင်လယ်နီကို အံ့ဖွယ်နည်းနဲ့ နှစ်ခြမ်းခွဲပြီး အီဂျစ်ပြည်ကနေ အစ္စရေးလူမျိုးကို ကယ်နုတ်ဖို့ မောရှေကို ဦးဆောင်ခိုင်းခဲ့တယ်။ အဲဒီနောက် ဘုရားသခင်က အစ္စရေးလူတွေကို လမ်းညွှန်ပေးဖို့၊ ကာကွယ်ပေးဖို့ ပညတ်တော်ဆယ်ပါးအပါအဝင် ပညတ်တွေပေးတယ်။ ဒီပညတ်တွေမှာ အပြစ်ကနေ ခွင့်လွှတ်ခံရဖို့ ပူဇော်ရမယ့်ယဇ်တွေကို အသေးစိတ် ဖော်ပြထားတယ်။ အစ္စရေးလူမျိုးအတွက် ပရောဖက်နောက်တစ်ယောက် စေလွှတ်ပေးမယ်လို့ မောရှေကနေတစ်ဆင့် သူတို့ကို ဘုရားသခင် ပြောခဲ့တယ်။ အဲဒီပရောဖက်က ကတိပြုထားတဲ့ “အမျိုးအနွယ်” ဖြစ်တယ်။

နှစ်ပေါင်းလေးရာကျော်လောက်ကြာပြီးနောက် ဘုရားသခင်က ဧဒင်ဥယျာဉ်မှာ ကြိုပြောထားတဲ့ ပေါ်ထွန်းလာမယ့်အမျိုးအနွယ်ဟာ ထာဝစဉ် တည်မြဲတဲ့နိုင်ငံတစ်ခု တည်ထောင်မယ်လို့ ဘုရင်ဒါဝိဒ်ကို ကတိပေးခဲ့တယ်။ အဲဒီအမျိုးအနွယ်ဟာ မေရှိယဖြစ်လာပါလိမ့်မယ်။ မေရှိယဟာ လူသားတွေကိုကယ်တင်ဖို့၊ ကမ္ဘာကြီးကို သာယာလှပတဲ့ဥယျာဉ်အဖြစ် ပြောင်းလဲပေးဖို့ ဘုရားသခင်ခန့်အပ်ထားတဲ့ ကယ်တင်ရှင်ဖြစ်တယ်။

ဘုရားသခင်က ဒါဝိဒ်နဲ့ တခြားပရောဖက်တွေအားဖြင့် မေရှိယအကြောင်းကို တဖြည်းဖြည်းနဲ့ ဖော်ပြလာတယ်။ မေရှိယဟာ နှိမ့်ချပြီး နူးညံ့ကြင်နာတတ်သူဖြစ်မယ်၊ မေရှိယအုပ်ချုပ်မှုအောက်မှာ ငတ်ပြတ်မှု၊ မတရားမှုနဲ့ စစ်ပွဲတွေ ပပျောက်သွားမယ်လို့ သူတို့ ကြိုဟောခဲ့တယ်။ အဲဒီအပြင် မေရှိယအုပ်ချုပ်ချိန်မှာ လူလူချင်းသာမက လူနဲ့ တိရစ္ဆာန်ကြားမှာတောင် ငြိမ်သက်အေးချမ်းလာလိမ့်မယ်၊ ဘုရားသခင်ရဲ့ မူလရည်ရွယ်ချက်ထဲမှာမပါတဲ့ ဖျားနာမှု၊ ဆင်းရဲခက်ခဲမှုနဲ့ သေခြင်းတွေ ပျောက်ကွယ်သွားမယ်၊ သေဆုံးသွားသူတွေ ပြန်အသက်ရှင်လာပြီး ကမ္ဘာပေါ်မှာ နေထိုင်ကြမယ်လို့လည်း ကြိုဟောခဲ့ကြတယ်။

မေရှိယဟာ အစ္စရေးနိုင်ငံက ဘက်သလီဟင်မြို့မှာ ဖွားမြင်မယ်၊ နောင်တစ်ချိန်မှာ အသတ်ခံရမယ်ဆိုပြီး ပရောဖက် မိက္ခာနဲ့ ဒံယေလတို့ကနေတစ်ဆင့် ဘုရားသခင် ကြိုဟောခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်က မေရှိယကို ပြန်အသက်ရှင်စေပြီး ကောင်းကင်မှာ ဘုရင်အဖြစ် ခန့်အပ်လိမ့်မယ်။ မေရှိယရဲ့ နိုင်ငံတော်ဟာ လူ့အုပ်ချုပ်မှုအားလုံးရဲ့နေရာမှာ အပြီးသတ်အစားထိုးပြီး ထာဝစဉ်တည်မြဲသွားမယ်လို့လည်း ဒံယေလကြိုမြင်ခဲ့တယ်။ ကြိုဟောထားတဲ့အတိုင်း မေရှိယ တကယ်ပဲ ပေါ်ထွန်းလာခဲ့သလား။

—ကမ္ဘာဦးအခန်းကြီး ၂၂-၅၀၊ ထွက်မြောက်ရာ၊ တရားဟောရာ၊ ၂ ဓမ္မရာဇဝင်၊ ဆာလံ၊ ဟေရှာယ၊ ဒံယေလ၊ မိက္ခာ၊ ဇာခရိ ၉:၉ တို့အပေါ် အခြေခံထား။

ဘုရားသခင်ရဲ့ သန့်ရှင်းမြင့်မြတ်တဲ့ နာမတော်

သမ္မာကျမ်းစာ ဘာသာပြန်ကျမ်းများစွာမှာ ယေဟောဝါဆိုတဲ့ ဘုရားသခင့်နာမတော်ကို ဦးဆုံးဖော်ပြတဲ့ကျမ်းချက်က ကမ္ဘာဦး ၂:၄ ဖြစ်တယ်။ သမ္မာကျမ်းစာရဲ့ မူရင်းလက်ရေးစာမူတွေမှာ ဘုရားသခင် တစ်ပါးတည်းပဲပိုင်ဆိုင်တဲ့ ဒီနာမတော်ကို အကြိမ်ပေါင်း ၇,၀၀၀ နီးပါး ဖော်ပြထားတယ်။ ယေဟောဝါဆိုတဲ့နာမတော်က “ကိုယ်တော်ဖြစ်စေသည်” လို့ အဓိပ္ပာယ်ရှိတဲ့အတွက် ကိုယ်တော် ရည်ရွယ်ထားတာတွေ၊ ကတိပြုထားတာတွေအားလုံးကို လုပ်ပေးနိုင်စွမ်း အပြည့်ရှိတယ်ဆိုတာ ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ