ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၆ အမှတ် ၆ စာ. ၈-၉
  • ငှက်တွေဆီက သင်ယူစရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငှက်တွေဆီက သင်ယူစရာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပျံလွှားငှက်တွေရဲ့ အသိုက်တည်ရာ
  • မိမိအချိန်ကိုသိတဲ့ ငှက်ကျား
  • အဝေးကပင် မြင်တတ်သော လင်းယုန်
  • သားပေါက်တွေကို အတောင်အောက်မှာ စုရုံးတဲ့ ကြက်မ
  • လင်းယုန်ကဲ့သို့သော အတောင်များဖြင့် ပျံတက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • လင်းယုန်၏ မျက်လုံး
    နိုးလော့!—၂၀၀၃
  • ဘုရားသည် မောသောသူတို့အား ခွန်အားကိုပေး
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
  • “ငှက်များကို စေ့စေ့ဆင်ခြင်ကြလော့”
    နိုးလော့!—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
ကလ၁၆ အမှတ် ၆ စာ. ၈-၉
ငှက်ကျား

ငှက်ကျား

ငှက်တွေဆီက သင်ယူစရာ

“မိုးကောင်းကင်ငှက်တို့ကို မေးမြန်းလော့။ သူတို့သည် ဟောပြောသွန်သင်ကြလိမ့်မည်။ ဤအမှုတို့ကို ထာဝရဘုရား စီရင်တော်မူကြောင်းကို ထိုတိရစ္ဆာန်တစ်ကောင်မျှ မသိဘဲနေသလော။”—ယောဘ ၁၂:၇၊ ၉။

လွန်ခဲ့တဲ့နှစ်ပေါင်း ၃,၀၀၀ ကျော်လောက်မှာ အသက်ရှင်ခဲ့သူ ယောဘဆိုတဲ့လူက ငှက်တွေဆီကနေ ဘုရားသခင့်လက်ရာအကြောင်း သင်ယူစရာ အများကြီးရှိမှန်း နားလည်ခဲ့တယ်။ ငှက်တွေမှာ ထူးခြားတဲ့ ကြန်အင်လက္ခဏာ ကိုယ်စီရှိကြတဲ့အတွက် ပုံဥပမာတွေ၊ တင်စားချက်တွေအဖြစ် အသုံးပြုတဲ့အခါ သိပ်ထိရောက်တယ်။ ငှက်တွေကို ရည်ညွှန်းထားတဲ့ ကျမ်းစကား အတော်များများက ဘဝအကြောင်း၊ ဘုရားသခင်နဲ့ ရင်းနှီးမှုအကြောင်း အရေးကြီးသင်ခန်းစာ ပေးပါတယ်။ အဲဒီကျမ်းစကားတချို့ကို သုံးသပ်ကြည့်ကြစို့။

ပျံလွှားငှက်တွေရဲ့ အသိုက်တည်ရာ

ပျံလွှား

ပျံလွှား

ဂျေရုဆလင်မြို့မှာ နေထိုင်သူတွေဟာ ပျံလွှားတွေကို ကောင်းကောင်းသိတယ်။ အဲဒီငှက်တွေက အဆောက်အအုံတွေရဲ့ တံစက်မြိတ်အောက်မှာ အသိုက်ဆောက်လေ့ရှိတယ်။ တချို့ပျံလွှားတွေကျတော့ ရှောလမုန်ဆောက်ခဲ့တဲ့ ဗိမာန်တော်မှာ အသိုက်ဆောက်ကြတယ်။ ဗိမာန်တော်ဝင်းထဲမှာ အသိုက်ဆောက်ရင်တော့ သားပေါက်တွေကို အနှောင့်အယှက်မရှိ ပေါက်ဖွားနိုင်တာမို့ ပျံလွှားတွေအတွက် လုံခြုံတဲ့နေရာတစ်ခုပါပဲ။

ဆာလံအခန်းကြီး ၈၄ ကို ကောရရဲ့ သားမြေးတစ်ယောက် စပ်ဆိုခဲ့တယ်။ သူက ဗိမာန်တော်ကိုလာပြီး ခြောက်လမှာတစ်ပတ် အမှုဆောင်ရတဲ့အတွက် ဗိမာန်တော်ဝင်းထဲမှာရှိတဲ့ ငှက်သိုက်တွေကို သတိပြုမိတယ်။ ဒါကြောင့် ပျံလွှားငှက်လိုပဲ ယေဟောဝါဘုရားရဲ့ အိမ်တော်မှာ အမြဲနေရတဲ့ဘဝကို သူတမ်းတခဲ့တယ်။ “အို ဗိုလ်ခြေတို့အရှင် ထာဝရဘုရား၊ ကျိန်းဝပ်တော်မူရာဌာနသည် အလွန်နှစ်သက်ဖွယ် ဖြစ်ပါသည်တကား။ ထာဝရဘုရား၏ တံတိုင်းတော်များကို အကျွန်ုပ်၏ဝိညာဉ်သည် တသ၍ အားလျော့လျက်ရှိပါ၏။ စိတ်နှလုံးနှင့် ကိုယ်ခန္ဓာသည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ရွှင်လန်းစွာ ကြွေးကြော်ပါ၏။ အို ဗိုလ်ခြေတို့အရှင် ထာဝရဘုရား၊ အကျွန်ုပ်၏ဘုရင်၊ အကျွန်ုပ်၏ဘုရားသခင်၊ အကယ်စင်စစ် ယဇ်ပလ္လင်တော်များအနားမှာ စာငှက်သည် နေရာအရပ်ကိုလည်းကောင်း၊ ပျံလွှားသည်လည်း သားငယ်မွေးစရာ အသိုက်ကိုလည်းကောင်း တွေ့ရပါ၏” ဆိုပြီး သူတမ်းတမ်းတတ ပြောခဲ့တယ်။ (ဆာလံ ၈၄:၁–၃၊ သမ္မာ) ကျွန်တော်တို့ကော။ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သူတွေရှိနေတဲ့ အသင်းတော်မှာ သားသမီးတွေနဲ့အတူ ပုံမှန်ရောက်ရှိရတဲ့ အခွင့်အရေးကို သူ့လိုတမ်းတပြီး တန်ဖိုးထားနေရဲ့လား။—ဆာလံ ၂၆:၈၊ ၁၂။

မိမိအချိန်ကိုသိတဲ့ ငှက်ကျား

“မိုးကောင်းကင်၌ ကျင်လည်သော ငှက်ကျားသော်လည်း မိမိအချိန်ကို သိတတ်၏” ဆိုပြီး ပရောဖက်ယေရမိ ရေးခဲ့တယ်။ ကတိထားရာပြည်မှာ ငှက်ကျားတွေ ရာသီအလိုက် ပြောင်းရွှေ့နေထိုင်ကြတာကို သူ သတိထားမိတာဖြစ်မယ်။ နွေဦးကာလမှာ ငှက်ကျားဖြူ ၃၀၀,၀၀၀ ကျော်လောက်ဟာ ဂျော်ဒန်ချိုင့်ဝှမ်းတစ်လျှောက်ကို ဖြတ်သန်းပြီး အာဖရိကတိုက်ကနေ ဥရောပတိုက်မြောက်ပိုင်းအထိ ပြောင်းရွှေ့သွားလေ့ရှိတယ်။ ကိုယ်တွင်းဇီဝနာရီကြောင့် ငှက်ကျားတွေဟာ နွေရာသီ သားပေါက်ချိန်အမီ အဲဒီဒေသဆီ အရောက်သွားတတ်ကြတယ်။ ရာသီအလိုက် ပြောင်းရွှေ့တတ်တဲ့ တခြားငှက်တွေလိုပဲ ငှက်ကျားဟာ “ပြန်လာချိန်ကို မှတ်တတ်ကြ” တယ်။—ယေရမိ ၈:၇၊ သမ္မာ။

“ပင်ကိုအသိစိတ်ကြောင့် ငှက်တွေ ရာသီအလိုက် ပြောင်းရွှေ့ကျက်စားကြတာ သိပ်အံ့သြစရာကောင်းတယ်” ဆိုပြီး စာအုပ်တစ်အုပ် (Collins Atlas of Bird Migration) က ဆိုတယ်။ ယေဟောဝါဘုရားက အဲဒီငှက်တွေကို ရာသီအလိုက် နေရာပြောင်းရွှေ့တတ်တဲ့ ပင်ကိုအသိစိတ် ပေးထားတယ်။ လူသားတွေကိုတော့ အချိန်နဲ့ရာသီကို ပိုင်းခြားသိနိုင်တဲ့အစွမ်း ပေးထားတယ်။ (လုကာ ၁၂:၅၄–၅၆) ဘုရားသခင်နဲ့ဆိုင်တဲ့ အသိပညာဟာ ငှက်ကျားတွေရဲ့ ပင်ကိုအသိစိတ်နဲ့ မတူဘဲ လက်ရှိဖြစ်ပျက်နေတဲ့အရာတွေရဲ့ အဓိပ္ပာယ်ကို ပိုင်းခြားသိနိုင်တဲ့ သော့ချက်ဖြစ်တယ်။ ယေရမိခေတ်က အစ္စရေးတွေကတော့ အဲဒီအရာတွေကို သတိမပြုမိကြဘူး။ ဒါကြောင့် ဘုရားသခင်က “ထာဝရဘုရား၏ နှုတ်ကပါဌ်တော်ကို ပယ်ကြပြီ။ သူတို့၌ ပညာမည်မျှရှိသနည်း” ဆိုပြီး ပြဿနာရဲ့ အကြောင်းရင်းကို ရှင်းပြခဲ့တယ်။—ယေရမိ ၈:၉။

အခုလည်း ကျမ်းစာမှာပြောထားတဲ့ “နောက်ဆုံးသောနေ့ရက်များ” မှာ ကျွန်တော်တို့ အသက်ရှင်နေကြမှန်း သက်သေအထောက်အထား အများကြီးရှိပါတယ်။ (၂ တိမောသေ ၃:၁-၅) ဒါကြောင့် ငှက်ကျားတွေကို အတုယူပြီး အသက်ရှင်နေရတဲ့ ‘အချိန်’ ကို သတိပြုမလား။

အဝေးကပင် မြင်တတ်သော လင်းယုန်

လင်းယုန်

လင်းယုန်

လင်းယုန်အကြောင်း ကျမ်းစာမှာ အကြိမ်များစွာ ဖော်ပြထားတယ်။ ကတိထားရာပြည်မှာ လင်းယုန်တွေကို မြင်တွေ့နေကျပဲ။ လင်းယုန်က ကျောက်ကမ်းပါးထိပ်မှာရှိတဲ့ အသိုက်ကနေ “အစာကိုလိုက်ရှာရာ မျက်စိသည် အဝေးကပင် မြင်တတ်၏” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ယောဘ ၃၉:၂၇-၂၉၊ သမ္မာ) လင်းယုန်တွေဟာ အမြင်အာရုံ သိပ်ထက်မြက်တဲ့အတွက် မိုင်ဝက်အကွာမှာရှိတဲ့ ယုန်တစ်ကောင်ကိုတောင် မြင်တွေ့နိုင်ပါတယ်။

လင်းယုန်က “အဝေးကပင် မြင်တတ်” သလိုပဲ ယေဟောဝါဘုရားကလည်း အနာဂတ်ကို ကြိုမြင်နိုင်တယ်။ ဒါကြောင့် ယေဟောဝါဘုရားက “အဦးမှစ၍ အဆုံးတိုင်အောင်လည်းကောင်း၊ ရှေးကာလမှစ၍ မဖြစ်သေးသော အမှုအရာတို့ကိုလည်းကောင်း ဖော်ပြလျက် ငါ့အကြံတည်လိမ့်မည်။ ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည်” လို့ပြောခဲ့တယ်။ (ဟေရှာယ ၄၆:၁၀) ယေဟောဝါဘုရားရဲ့ အကြံပြုချက်ကို လိုက်နာမယ်ဆိုရင် ကိုယ်တော်ရဲ့ အနှိုင်းမဲ့ဉာဏ်ပညာနဲ့ ကြိုမြင်နိုင်စွမ်းကနေ ကျွန်တော်တို့ အကျိုးရနိုင်တယ်။—ဟေရှာယ ၄၈:၁၇၊ ၁၈။

ဘုရားသခင်အပေါ် ယုံကြည်ကိုးစားသူတွေကို ကျမ်းစာထဲမှာ လင်းယုန်ငှက်တွေနဲ့ နှိုင်းယှဉ်ထားတယ်။ “ထာဝရဘုရား၏ အကူအညီကို ယုံကြည်ကိုးစားသူတို့မူကား၊ ခွန်အားသစ်ကို ရရှိကြလိမ့်မည်။ သူတို့သည် လင်းယုန်ငှက်ကဲ့သို့ ပျံတက်ကြလိမ့်မည်။” (ဟေရှာယ ၄၀:၃၁၊ ခမ) လင်းယုန်တွေဟာ တလူလူတက်နေတဲ့ လေဆန်ကြောတွေကို အသုံးချပြီး အမြင့်ကို ပျံတက်လေ့ရှိတယ်။ လေဆန်ကြောတစ်ခုကို ရောက်တာနဲ့ အဲဒီလေဆန်ကြောအတွင်းမှာ တောင်ပံတွေကို ဖြန့်ကားပြီး လှည့်ပတ်ပျံဝဲရင်း အမြင့်ကို တဖြည်းဖြည်း ပျံတက်သွားတယ်။ မိုင်ပေါင်းများစွာ ပျံဝဲနိုင်ဖို့ ကိုယ်ပိုင်ခွန်အားကို အားမကိုးဘူး။ အလားတူပဲ၊ ယေဟောဝါဘုရားကို ယုံကြည်ကိုးစားသူတွေလည်း ခွန်အားရဖို့ ဘုရားကို မျှော်ကိုးနိုင်တယ်။ “သာမန်ထက် ထူးကဲသော တန်ခိုး” ပေးမယ်လို့ ဘုရားသခင် ကတိပေးထားတယ်။—၂ ကောရိန္သု ၄:၇၊ ၈။

သားပေါက်တွေကို အတောင်အောက်မှာ စုရုံးတဲ့ ကြက်မ

ကြက်မနဲ့ ကြက်ပေါက်လေးတွေ

ကြက်မနဲ့ ကြက်ပေါက်လေးတွေ

ယေရှုက မသေဆုံးခင်မှာ ဂျူးတွေရဲ့ မြို့တော်ကို ရပ်ပြီးကြည့်နေခဲ့တယ်။ အဲဒီနောက် သက်ပြင်းချပြီး “အို ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ ပရောဖက်များကို သတ်သည့်မြို့၊ သင့်ထံစေလွှတ်သောသူတို့ကို ခဲနှင့်ပေါက်သည့်မြို့၊ ကြက်မသည် မိမိ၏သားပေါက်များကို အတောင်အောက်၌ စုရုံးသကဲ့သို့ သင်၏သားသမီးများကို စုသိမ်းရန် ကြိမ်ဖန်များစွာ ငါအလိုရှိ၏။ သင်တို့မူကား အလိုမရှိကြ” လို့ပြောခဲ့တယ်။—မဿဲ ၂၃:၃၇။

ငှက်တွေမှာရှိတဲ့ ပင်ကိုအသိစိတ် တစ်ခုကတော့ သားပေါက်လေးတွေကို ကာကွယ်ချင်စိတ် ပြင်းထန်တာပဲ။ အိမ်ကြက်လိုမျိုး မြေပြင်မှာဝပ်ကြတဲ့ ငှက်တွေဟာ သတိကြီးကြီးထားပြီး အန္တရာယ်ကို စောင့်ကြည့်နေလေ့ရှိတယ်။ ကြက်မတစ်ကောင်က စွန်ရဲတစ်ကောင် ကောင်းကင်မှာ ပျံဝဲနေတာကို မြင်တာနဲ့ သတိပေးသံ စူးစူးကြီး အော်တတ်တယ်။ ကြက်ပေါက်လေးတွေလည်း ကတိုက်ကရိုက်ပြေးလာပြီး မိခင်ရဲ့ အတောင်အောက်မှာ ခိုလှုံလေ့ရှိတယ်။ အဲဒီအပြင် ကြက်ပေါက်လေးတွေဟာ ပြင်းထန်တဲ့နေပူရှိန်နဲ့ သည်းထန်တဲ့မိုးဒဏ်ကနေ လွတ်ဖို့လည်း မိခင်ကြက်မကြီးရဲ့ အတောင်အောက်မှာ ခိုလှုံတတ်ကြတယ်။ အလားတူ ယေရှုလည်း ဂျေရုဆလင်မြို့သူမြို့သားတွေကို လုံခြုံမှုနဲ့ အကာအကွယ် ပေးချင်ခဲ့တယ်။ ဒီခေတ်မှာလည်း ဘဝရဲ့စိုးရိမ်ပူပန်မှုတွေ၊ ဖိစီးမှုတွေကနေ လွတ်မြောက်ပြီး လန်းဆန်းမှုနဲ့ အကာအကွယ်ရဖို့ သူ့ဆီလာပါလို့ ဖိတ်ခေါ်နေတယ်။—မဿဲ ၁၁:၂၈၊ ၂၉။

မှန်ပါတယ်၊ ငှက်တွေဆီကနေ သင်ယူစရာ အများကြီးရှိတယ်။ ငှက်တွေရဲ့ အမူအကျင့်တွေကို သင် သတိပြုမိတဲ့အခါ ကျမ်းစာထဲမှာ သူတို့ကို တင်စားချက်အဖြစ် ဘယ်လိုဖော်ပြထားသလဲဆိုတာ ပြန်စဉ်းစားကြည့်ပါ။ ပျံလွှားတွေကို ကြည့်ပြီး ယေဟောဝါဘုရားရဲ့ ဝတ်ပြုရာအိမ်တော်ကို တန်ဖိုးထားတဲ့စိတ် တဖွားဖွား ပေါ်လာနိုင်ပါစေ။ လင်းယုန်တစ်ကောင်လို ပျံဝဲနိုင်ဖို့ ခွန်အားဖြစ်စေတဲ့ မျှော်လင့်ချက်အတွက် ဘုရားသခင်ကို မျှော်ကိုးတတ်ပါစေ။ ကြက်ပေါက်လေးတွေက မိခင်ကြက်မကြီးရဲ့ အကာအကွယ်ကိုရသလို သင်လည်း ဘုရားရေးရာ အမှန်တရားရဲ့ အကာအကွယ်ကိုရဖို့ ယေရှုဆီ ချဉ်းကပ်နိုင်ပါစေ။ ငှက်ကျားတွေကို မြင်တဲ့အခါ လက်ရှိကမ္ဘာ့ဖြစ်ရပ်တွေရဲ့ အဓိပ္ပာယ်ကို သတိရှိရှိ စောင့်ကြည့်တတ်ဖို့ သတိရမိပါစေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ