ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၆ စက်တင်ဘာ စာ. ၂၂
  • ယေဟောဝါရဲ့ လမ်းညွှန်မှုကနေ အကျိုးရယူပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါရဲ့ လမ်းညွှန်မှုကနေ အကျိုးရယူပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပိုလန်နိုင်ငံက ပညာရှိရွေးချယ်မှု
  • ဖီဂျီမှာရရှိတဲ့ ရလဒ်ကောင်း
  • “ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ချစ်မြတ်နိုးကြောင်း ထုတ်ဖော်ပြောဆိုပါ
    တွေ့ကြုံမှုများ
  • မြတ်နိုးယုယခံရသော ဇနီး
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • ယေဟောဝါအမှုတော်ဆောင်ရန် သန္နိဋ္ဌာန်ချထား!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
က၁၆ စက်တင်ဘာ စာ. ၂၂

ယေဟောဝါရဲ့ လမ်းညွှန်မှုကနေ အကျိုးရယူပါ

ပိုလန်နိုင်ငံက ပညာရှိရွေးချယ်မှု

“ကျွန်မ အသက် ၁၅ နှစ်မှာ နှစ်ခြင်းခံပြီး ခြောက်လအကြာမှာ အရန်ရှေ့ဆောင် စလုပ်တယ်။ တစ်နှစ်ကြာပြီးနောက် မှန်မှန်ရှေ့ဆောင် လျှောက်လွှာတင်လိုက်တယ်။ အလယ်တန်းကျောင်းပြီးတော့ သတင်းကောင်းဟောပြောသူ ပိုလိုအပ်တဲ့ဒေသကို ပြောင်းရွှေ့ဖို့ တောင်းဆိုကြည့်တယ်။ ဇာတိမြို့ကနေ ပြောင်းချင်တယ်။ အဖွားနဲ့လည်း အတူမနေချင်ဘူး။ အဖွားက ယေဟောဝါသက်သေ မဟုတ်ဘူးလေ။ ဒီဇာတိမြို့မှာပဲ ဟောရမယ်လို့ တိုက်နယ်ကြီးကြပ်မှူး ပြောတော့ စိတ်ပျက်သွားတယ်။ ကျွန်မ ဘယ်လိုခံစားရမှန်း သူ့ကိုတော့ မသိစေချင်ဘူး။ ခေါင်းငိုက်စိုက်ချရင်း တိုက်နယ် ပြောတာကို စဉ်းစားပြီး ထွက်လာလိုက်တယ်။ ကျွန်မရဲ့ ရှေ့ဆောင်အဖော်ကို ‘ငါတော့ ယောနလို ဖြစ်နေပြီ ထင်တယ်။ နောက်ဆုံးမှာတော့ နိနေဝေမြို့ကို သူ ပြန်သွားရတာပဲလေ။ ငါလည်း ဒီမှာပဲ ဆက်အမှုဆောင်တော့မယ်’ လို့ ပြောလိုက်တယ်။

“အခု ဇာတိမြို့မှာ ရှေ့ဆောင်လုပ်နေတာ လေးနှစ် ရှိပြီ။ ရရှိတဲ့ လမ်းညွှန်ချက်အတိုင်း လိုက်လျှောက်တာ ဘယ်လောက် ပညာရှိမှန်း တွေ့နေရတယ်။ အဓိကပြဿနာက ကျွန်မရဲ့ အပျက်သဘောထားပါ။ အခုတော့ သိပ်ပျော်နေပြီလေ။ တစ်လမှာ ကျမ်းစာသင်အံမှု ၂၄ ခု ကျင်းပနေရတယ်။ အရင်က ဆန့်ကျင်ခဲ့တဲ့ အဖွားနဲ့တောင် ကျမ်းစာသင်အံမှု စနိုင်ခဲ့လို့ ယေဟောဝါကို သိပ်ကျေးဇူးတင်တယ်။”

ဖီဂျီမှာရရှိတဲ့ ရလဒ်ကောင်း

ဖီဂျီမှာ ကျမ်းစာသင်သားတစ်ယောက်က ခရိုင်အစည်းအဝေး တက်မလား၊ ခင်ပွန်းဘက်က ဆွေမျိုးတစ်ယောက်ရဲ့ မွေးနေ့ပွဲ သွားမလား ဆိုတာ ဆုံးဖြတ်ခဲ့ရတယ်။ ခရိုင်အစည်းအဝေး သွားတက်ဖို့ သူ့ခင်ပွန်း ခွင့်ပေးတယ်။ ပြန်လာတဲ့အခါ မွေးနေ့ပွဲ လိုက်ခဲ့ပါ့မယ်လို့ သူ ပြောလိုက်တယ်။ အိမ်ပြန်ရောက်တော့ သူ့ရဲ့ ဘုရားရေးရာကို ထိခိုက်နိုင်တဲ့ ဒီလိုပွဲမျိုးကို မသွားတာ ပိုကောင်းမယ်လို့ တွေးပြီး မသွားတော့ဘူး။

ဒီအတောအတွင်း ခင်ပွန်းဖြစ်သူက သူ့ဇနီးဟာ “သက်သေခံ အစည်းအဝေး” ပြီးရင် ဒီပွဲကို လာလိမ့်မယ်လို့ အမျိုးတွေကို ပြောထားတယ်။ အမျိုးတွေက “သူလာမှာ မဟုတ်ပါဘူး။ ယေဟောဝါသက်သေတွေ မွေးနေ့ မလုပ်ဘူး” လို့ပြန်ပြောကြတယ်။a

ကိုယ့်ယုံကြည်ချက်၊ ကိုယ့်သိစိတ်အတိုင်း ရပ်တည်ခဲ့တဲ့ ဇနီးအတွက် ခင်ပွန်းဖြစ်သူ ဂုဏ်ယူမိတယ်။ သူ့ရဲ့ သစ္စာရှိမှုကြောင့် ခင်ပွန်းကိုရော၊ တခြားသူတွေကိုပါ သက်သေခံဖို့ အခွင့်အရေး ရရှိခဲ့တယ်။ ရလဒ်အနေနဲ့ သူ့ခင်ပွန်း ကျမ်းစာသင်အံမှု လက်ခံလိုက်ပြီး အစည်းအဝေးတွေ လိုက်တက်နေပြီ။

a ၂၀၀၁၊ ဒီဇင်ဘာ ၁၅ ကင်းမျှော်စင် “စာရှုသူများထံမှ မေးခွန်းလွှာ” ကိုကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ