ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၇ အမှတ် ၅ စာ. ၇-၈
  • ကောင်းကင်တမန်တွေ သင့်ကို ကူညီပေးနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကောင်းကင်တမန်တွေ သင့်ကို ကူညီပေးနိုင်ပုံ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အစောပိုင်း ခရစ်ယာန်အသင်းတော်ကို ကောင်းကင်တမန်တွေ ကူညီ
  • သင့်ကို ကောင်းကင်တမန် ကူညီနိုင်ပုံ
  • ကောင်းကင်တမန်များ သင့်အားမည်သို့ကူညီနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ကောင်းကင်တမန်များ ကျွန်ုပ်တို့ကိုအကျိုးပြုပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ကောင်းကင်တမန်များ—‘အမှုထမ်းရန် စေလွှတ်ခံရသော ဝိညာဉ်သတ္တဝါများ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဘုရားသခင့် ကောင်းကင်တမန်တွေဆီက အကူအညီ
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
ကလ၁၇ အမှတ် ၅ စာ. ၇-၈

မျက်နှာဖုံးအကြောင်းအရာ | ကောင်းကင်တမန်တွေ တကယ်ရှိရဲ့လား၊ သူတို့အကြောင်း ဘာကြောင့် သိသင့်သလဲ

ကောင်းကင်တမန်တွေ သင့်ကို ကူညီပေးနိုင်ပုံ

သစ္စာရှိကောင်းကင်တမန်တွေဟာ လူတွေရဲ့အရေးကိစ္စကို အလွန်စိတ်ဝင်စားတယ်။ ယေဟောဝါရဲ့ အလိုတော်ကို တက်တက်ကြွကြွ ဆောင်ရွက်ကြတယ်။ ကမ္ဘာမြေကို ဘုရားသခင် ဖန်ဆင်းပြီးတဲ့အခါ ကောင်းကင်တမန်တွေက “ရွှင်လန်းစွာ သီချင်းဆိုပြီး ဘုရားသခင်ရဲ့သားတွေ လက်ခုပ်ဩဘာပေးကြတယ်။” (ယောဘ ၃၈:၄၊ ၇) သမိုင်းတစ်လျှောက် ကောင်းကင်တမန်တွေဟာ ကမ္ဘာမြေရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ ဘုရားရဲ့ကြိုဟောချက်တွေကို “သိပ်သိချင်” ကြတယ်။—၁ ပေတရု ၁:၁၁၊ ၁၂။

ဘုရားသခင့်အလိုတော် ပြည့်စုံစေဖို့ ကောင်းကင်တမန်တွေက ဘုရားအပေါ် သစ္စာရှိသူတွေကို ကာကွယ်ပေးတဲ့အခါတွေ ရှိတယ်လို့ ကျမ်းစာ ဖော်ပြတယ်။ (ဆာလံ ၃၄:၇) ဥပမာ–

  • ဆိုးသွမ်းတဲ့ သောဒုံနဲ့ ဂေါမောရမြို့ကို ယေဟောဝါ ဖျက်ဆီးတဲ့အခါ ကောင်းကင်တမန်တွေက ဖြောင့်မတ်တဲ့လောတနဲ့ သူ့မိသားစု လွတ်မြောက်အောင် ကာကွယ်ပေးခဲ့တယ်။—ကမ္ဘာဦး ၁၉:၁၊ ၁၅-၂၆။

  • ရှေးခေတ်ဗာဗုလုန်မြို့မှာ ဟီဘရူးလူငယ်သုံးဦး မီးဖိုထဲ ပစ်ချခံရတဲ့အခါ ဘုရားသခင်က “ကောင်းကင်တမန်ကို လွှတ်ပြီး သူ့ကျွန်တွေကို ကယ်တင်” ခဲ့တယ်။—ဒံယေလ ၃:၁၉-၂၈။

  • ဖြောင့်မတ်သူ ဒံယေလဟာ ခြင်္သေ့တွင်းထဲမှာ တစ်ညလုံး နေခဲ့ရပြီးနောက် “ဘုရားက ကောင်းကင်တမန်ကို လွှတ်ပြီး ခြင်္သေ့တွေရဲ့ ပါးစပ်ကို ပိတ်ထားတဲ့အတွက်” အသက်ရှင်လွတ်မြောက်ခဲ့တယ်။—ဒံယေလ ၆:၁၆၊ ၂၂။

ကောင်းကင်တမန်က ဒံယေလကို ခြင်္သေ့ရန်က ကာကွယ်ပေး

ကောင်းကင်တမန်တွေဟာ သစ္စာရှိသူတွေကို ရှေးကတည်းက ကူညီပေး

အစောပိုင်း ခရစ်ယာန်အသင်းတော်ကို ကောင်းကင်တမန်တွေ ကူညီ

ကောင်းကင်တမန်တွေဟာ ယေဟောဝါရဲ့ ရည်ရွယ်ချက် ပြည့်စုံစေဖို့ အစောပိုင်း ခရစ်ယာန်အသင်းတော်ကို လိုရင်လိုသလို ကြားဝင်ကူညီပေးတဲ့အခါတွေလည်း ရှိတယ်။ ဥပမာ–

  • ကောင်းကင်တမန်တစ်ပါးက ထောင်ကျနေတဲ့ တမန်တော်တွေကို ထောင်တံခါးဖွင့်ပေးပြီး ဗိမာန်တော်မှာ ဆက်ဟောဖို့ ညွှန်ကြားခဲ့တယ်။—တမန်တော် ၅:၁၇-၂၁။

  • အီသီယိုးပီးယားတစ်ဦးဟာ ဂျေရုဆလင်မြို့မှာ ဘုရားကို ဝတ်ပြုပြီးနောက် အပြန်ခရီး ဂါဇာမြို့ကိုဆင်းသွားတဲ့ သဲကန္တာရလမ်းမှာ ရှိနေချိန် ကောင်းကင်တမန်တစ်ပါးက သတင်းကောင်းဟောပြောသူ ဖိလိပ္ပုကို သူ့ဆီ သွားပြီး ဟောပြောဖို့ ညွှန်ကြားခဲ့တယ်။—တမန်တော် ၈:၂၆-၃၃။

  • ဂျူးမဟုတ်သူတွေ ခရစ်ယာန်ဖြစ်လာဖို့ ဘုရားသခင် ခွင့်ပြုလိုက်ချိန်မှာ ကောင်းကင်တမန်တစ်ပါးဟာ ရောမတပ်စုမှူး ကော်နေလိရဲ့ စိတ်အာရုံမှာ ပေါ်လာပြီး တမန်တော်ပေတရုကို အိမ်ကို ဖိတ်ခေါ်ဖို့ ညွှန်ကြားခဲ့တယ်။—တမန်တော် ၁၀:၃-၅။

  • တမန်တော်ပေတရု ထောင်ကျနေချိန်မှာ ကောင်းကင်တမန်တစ်ပါး ရောက်လာပြီး သူ့ကို ထောင်ကနေ လွှတ်ပေးခဲ့တယ်။—တမန်တော် ၁၂:၁-၁၁။

သင့်ကို ကောင်းကင်တမန် ကူညီနိုင်ပုံ

အခုခေတ်မှာ ဘုရားသခင်ဟာ ကျမ်းစာမှာ ဖော်ပြတဲ့အတိုင်း ကောင်းကင်တမန်တွေကို သုံးပြီး လူတွေကို အံ့ဖွယ်နည်းနဲ့ ကူညီနေတယ်ဆိုတဲ့ အထောက်အထား မရှိပါဘူး။ ဒါပေမဲ့ ယေရှုက ကျွန်တော်တို့ခေတ်နဲ့ပတ်သက်ပြီး “လူမျိုးအားလုံးအတွက် သက်သေဖြစ်စေဖို့ နိုင်ငံတော်သတင်းကောင်းကို လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ ဟောပြောရလိမ့်မယ်။ ပြီးမှ အဆုံးရောက်လာလိမ့်မယ်” လို့ပြောတယ်။ (မဿဲ ၂၄:၁၄) ခရစ်တော်ရဲ့တပည့်တွေဟာ ကောင်းကင်တမန်တွေရဲ့ ကြီးကြပ်မှုအောက်မှာ ဟောပြောခြင်းလုပ်ငန်းကို လုပ်ဆောင်နေမှန်း သင် သိပါသလား။

လူထုရှေ့ သက်သေခံတဲ့တွန်းလှည်းနား လူတွေ သွားလာနေ

ကမ္ဘာတစ်ဝန်း သတင်းကောင်းဟောပြောရာမှာ ကောင်းကင်တမန်တွေ ကူညီပေး

ကမ္ဘာပေါ်ကလူတွေ ယေဟောဝါဘုရားအကြောင်း၊ လူတွေအတွက် ဘုရားရဲ့ရည်ရွယ်ချက်အကြောင်း သိလာအောင် ကောင်းကင်တမန်တွေ ဝီရိယရှိရှိ ကူညီနေတယ်လို့ ဗျာဒိတ်ကျမ်းမှာ ဖော်ပြတယ်။ တမန်တော်ယောဟန် အခုလိုရေးတယ်– “ကောင်းကင်တမန်တစ်ပါး ကောင်းကင်မှာ ပျံဝဲနေတာကို ကျွန်တော် မြင်တယ်။ သူက ကမ္ဘာပေါ်နေထိုင်သူတွေ၊ လူမျိုး၊ လူမျိုးနွယ်၊ ဘာသာစကားအမျိုးမျိုးပြောတဲ့ လူတွေ၊ လူစုတွေကို ထာဝရသတင်းကောင်း ကြေညာနေတယ်။ သူက ‘ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး ဘုန်းတော်ကို ချီးမွမ်းကြပါ။ ဘုရားသခင် တရားစီရင်ချိန် ရောက်ပြီ။ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နဲ့ စမ်းရေတွေကို ဖန်ဆင်းတဲ့အရှင်ကို ကိုးကွယ်ကြပါ’ ဆိုပြီး ကြွေးကြော်နေတယ်။” (ဗျာဒိတ် ၁၄:၆၊ ၇) ကမ္ဘာတစ်ဝန်း ဟောပြောခြင်းလုပ်ငန်းကို ကောင်းကင်တမန်တွေ ကူညီနေတယ်ဆိုတဲ့ အထောက်အထားများစွာကို အခုခေတ်မှာ တွေ့နေရတယ်။ အပြစ်သားတစ်ယောက် နောင်တရပြီး ဘုရားဆီ ပြန်လှည့်လာတဲ့အခါ “ကောင်းကင်တမန်တွေ ဝမ်းမြောက်ကြတယ်။”—လုကာ ၁၅:၁၀။

ဟောပြောခြင်းလုပ်ငန်း ပြီးဆုံးတဲ့အခါ ဘာဆက်ဖြစ်မလဲ။ ကောင်းကင်တမန်တွေဖြစ်တဲ့ “ကောင်းကင်ဗိုလ်ခြေတွေ” ဟာ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နေ့ကြီးမှာ တိုက်မယ့်” အာမဂေဒုန်စစ်ပွဲမှာ ဘုရင်တကာတို့ရဲ့ ဘုရင် ယေရှုခရစ်ကို ကူညီပေးကြလိမ့်မယ်။ (ဗျာဒိတ် ၁၆:၁၄-၁၆။ ၁၉:၁၄-၁၆) တန်ခိုးကြီးတဲ့ ကောင်းကင်တမန်တွေဟာ “သခင်ယေရှုအကြောင်း သတင်းကောင်းကို မနာခံသူတွေကို [ယေရှု] လက်စားချေ” ရာမှာ ကွပ်မျက်သူတွေအဖြစ် လုပ်ဆောင်ပါလိမ့်မယ်။—၂ သက်သာလောနိတ် ၁:၇၊ ၈။

ဒါကြောင့် သင့်ကို ကောင်းကင်တမန်တွေ စိတ်ဝင်စားတယ်ဆိုတာ စိတ်ချပါ။ ဘုရားအလိုတော်ဆောင်ချင်သူတွေရဲ့ အကျိုးကို သူတို့ လိုလားကြတယ်။ ကမ္ဘာပေါ်က သစ္စာရှိတဲ့ ကိုးကွယ်သူတွေကို ခွန်အားပေးဖို့၊ ကာကွယ်ဖို့ သူတို့ကို ယေဟောဝါ အကြိမ်ကြိမ် အသုံးပြုခဲ့တယ်။—ဟီဘရူး ၁:၁၄။

ကျွန်တော်တို့တစ်ဦးစီမှာ အရေးကြီးတဲ့ ရွေးချယ်စရာ ရှိနေတယ်။ ကမ္ဘာတစ်ဝန်းမှာ ဟောပြောနေတဲ့ သတင်းကောင်းကို နားထောင်၊ နာခံမလား ဆိုတာပဲ။ သင့်ဒေသမှာရှိတဲ့ ယေဟောဝါသက်သေတွေက တန်ခိုးကြီးတဲ့ ကောင်းကင်တမန်တွေရဲ့ အကူအညီကနေ အကျိုးခံစားရဖို့ သင့်ကို ကူညီပေးချင်ကြတယ်။

သစ္စာရှိကောင်းကင်တမန်နဲ့ သစ္စာမရှိတဲ့ ကောင်းကင်တမန်တွေအကြောင်း ပိုသိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်၊ အခန်း ၁၀ မှာကြည့်ပါ။ www.pr2711.com/mya မှာ ဝင်ကြည့်ပါ။ ဒါမှမဟုတ် ဒီသင်္ကေတကို scan ဆွဲပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ