နမူနာတင်ဆက်နည်းများ
ဇွန်လရဲ့ ပထမဆုံးစနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကျမ်းစာသင်အံမှု စတင်ဖို့ ခုလိုပြောနိုင်တယ်
“ဘာသာတရားက မေတ္တာနဲ့ ငြိမ်သက်အေးချမ်းမှုကို ဖြစ်စေသလား။ မုန်းတီးမှုနဲ့ အကြမ်းဖက်မှုကို ဖြစ်စေသလား။ [တုံ့ပြန်မှုကို စောင့်ပါ။] ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာတစ်ခုကို ပြချင်တယ်။” အိမ်ရှင်ကို မေ ၁ ကင်းမျှော်စင် ကိုပေးပြီး စာမျက်နှာ ၁၆ က ပထမခေါင်းစဉ်ငယ်ကို အတူတူသုံးသပ်ပါ၊ အနည်းဆုံး ကျမ်းချက်တစ်ချက်ဖတ်ပါ။ မဂ္ဂဇင်းတွေကို ဝေငှပါ၊ ပြန်သွားပြီး နောက်မေးခွန်းတစ်ခုကိုဆွေးနွေးဖို့ စီစဉ်ပါ။
ကင်းမျှော်စင် မေ ၁
“ဘာသာတရားဟာ နိုင်ငံရေးမှာ ဝင်စွက်သင့်တယ်လို့ လူအများ ယုံကြည်ကြတယ်၊ တချို့တွေကြတော့ ဘာသာရေးနဲ့ နိုင်ငံရေး မရောသင့်ဘူးလို့ ထင်ကြတယ်။ မိတ်ဆွေကော ဘယ်လိုထင်ပါသလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ယေရှုကို လူတွေက နိုင်ငံရေးမှာပါဝင်စေချင်တဲ့အခါ ကိုယ်တော် ဘယ်လိုတုံ့ပြန်ခဲ့တယ်ဆိုတာကို သတိပြုကြည့်ပါ။ [ယောဟန် ၆:၁၅ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းက ယေရှု ဘာလို့ အဲဒီလို တုံ့ပြန်ခဲ့တာလဲဆိုတာကိုရှင်းပြပြီး လူ့အသိုင်းအဝိုင်းကို ခရစ်ယာန်တွေထောက်ကူနိုင်တဲ့ အကောင်းဆုံးနည်းလမ်းကို ဆွေးနွေးထားတယ်။”
နိုးလော့! မေ
“လူအားလုံးလိုလိုပါပဲ၊ မမျှမတဆက်ဆံတာကို တစ်ခါမဟုတ်တစ်ခါ ကြုံဖူးပါတယ်။ တရားမမျှတမှုတွေ ပပျောက်သွားနိုင်မလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] မတရားမှုကို အဆုံးတိုင်စေမယ့် ဘုရင်တစ်ပါးနဲ့ပတ်သက်တဲ့ ဒီကြိုဟောချက်ကို သတိပြုကြည့်ပါ။ [ဆာလံ ၇၂:၁၁-၁၄ ကိုဖတ်ပါ။] တရားမျှတမှုလွှမ်းခြုံမယ့်အနာဂတ်နဲ့ပတ်သက်တဲ့ ကျမ်းစာကတိတော်ကို ဒီမဂ္ဂဇင်းမှာ ဆွေးနွေးထားတယ်။”