နမူနာတင်ဆက်နည်းများ
ဖေဖော်ဝါရီလရဲ့ ပထမဆုံး စနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကျမ်းစာသင်အံမှုစတင်ဖို့ ခုလိုပြောနိုင်တယ်
“မေးခွန်းတစ်ခုနဲ့ပတ်သက်ပြီး မိတ်ဆွေရဲ့အဖြေကို သိချင်ပါတယ်။ ဘုရားသခင်ရဲ့နာမည်က ဘာလဲလို့မေးရင် မိတ်ဆွေဘယ်လိုဖြေမလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီမှာရေးထားတာကို သတိပြုကြည့်ပါ။” အိမ်ရှင်ကို ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင် ပေးပါ၊ နောက်ကျောဖုံး မှာရှိတဲ့ ဆောင်းပါးကို ပြပါ၊ ပထမဆုံးခေါင်းစဉ်ငယ်အောက်က အကြောင်းအရာကို သုံးသပ်ပါ၊ အနည်းဆုံး ကျမ်းချက်တစ်ချက်ဖတ်ပါ။ မဂ္ဂဇင်းဝေငှပါ၊ နောက်တစ်ခါပြန်တွေ့ပြီး နောက်မေးခွန်းကို ဆွေးနွေးဖို့ စီစဉ်ပါ။
ကင်းမျှော်စင် ဇန်နဝါရီ ၁
“ကမ္ဘာပျက်မယ့်နေ့အကြောင်း လူအများ စိတ်ဝင်စားကြတယ်။ ကမ္ဘာပျက်မယ့်နေ့ကို ကြောက်ရွံ့သင့်ပါသလား။ [တုံ့ပြန်မှုကို စောင့်ပါ။] ဒီကျမ်းစကားအရ အဲဒီနေ့မှာ လွတ်မြောက်တဲ့သူတွေရှိမယ်။ [၁ ယောဟန် ၂:၁၇ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းက ကမ္ဘာပျက်မယ့်နေ့နဲ့ပတ်သက်ပြီး လူအများစိတ်ဝင်စားကြတဲ့ မေးခွန်းလေးခုကို ဖြေဆိုပေးထားတယ်။”
နိုးလော့! ဇန်နဝါရီ
“မိသားစုတွေအတွက် အကူအညီဖြစ်မယ့် အကြောင်းအရာတွေကို ဒီနေ့ ကျွန်တော်တို့ လိုက်ပြောပြနေပါတယ်။ ယေရှုပြောခဲ့တဲ့ဒီစကားကို မိသားစုမှာ လက်တွေ့ကျင့်သုံးဖို့ အရေးကြီးတယ်လို့ ထင်ပါသလား။ [တမန်တော် ၂၀:၃၅ခ ကိုဖတ်ပါ။ ပြီးနောက် တုံ့ပြန်မှုကို စောင့်ပါ။] ဒီနေ့ခေတ်မှာ လူအများက ကိုယ့်အတွက်ပဲ စဉ်းစားနေကြပုံရတယ်။ ဒီလိုပတ်ဝန်းကျင်မျိုးမှာ စာနာတတ်တဲ့စိတ်ရှိအောင် ကလေးတွေကိုလေ့ကျင့်ပေးဖို့ဆိုတာ လွယ်တော့မလွယ်ဘူး။ ကလေးတွေကို တခြားသူတွေအတွက် ထည့်စဉ်းစားပေးတတ်ဖို့ သင်ပေးနိုင်ပုံကို ဒီမဂ္ဂဇင်းမှာ ဖော်ပြထားတယ်။”