ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၁၄ စာ. ၆
  • နမူနာတင်ဆက်နည်းများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နမူနာတင်ဆက်နည်းများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • နမူနာတင်ဆက်နည်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • နမူနာတင်ဆက်နည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • နမူနာတင်ဆက်နည်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • နမူနာတင်ဆက်နည်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
နဓ ၆/၁၄ စာ. ၆

နမူနာတင်ဆက်နည်းများ

ဇူလိုင်လရဲ့ ပထမဆုံး စနေ ဒါမှမဟုတ် တနင်္ဂနွေမှာ ကျမ်းစာသင်အံမှုစဖို့ ဒီလိုပြောနိုင်တယ်

“ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ကို ဘုရား ဘယ်လိုယူမှတ်မယ်လို့ မိတ်ဆွေထင်သလဲ။ တန်ဖိုးထားမလား၊ တန်ဖိုးမထားဘူးလား။” တုံ့ပြန်မှုကိုစောင့်ပါ။ ဇူလိုင် ၁ ရက်ထုတ် ကင်းမျှော်စင်ရဲ့ နောက်ဖုံးကိုပြပါ။ ပထမမေးခွန်းရဲ့အောက်က အကြောင်းအရာနဲ့ ညွှန်းထားတဲ့ကျမ်းချက် အနည်းဆုံးတစ်ချက်ကို ဖတ်ပြီး ဆွေးနွေးပါ။ မဂ္ဂဇင်းကိုဝေငှပြီး နောက်မေးခွန်းကို ဆွေးနွေးနိုင်အောင် ပြန်လည်ပတ်ဖို့ စီစဉ်ပါ။

ကင်းမျှော်စင် ဇူလိုင် ၁

“ဘုရားသခင်က တန်ခိုးအကြီးဆုံးအရှင်ဖြစ်တယ်ဆိုတော့ ကမ္ဘာပေါ်မှာဖြစ်နေတဲ့ အဖြစ်ဆိုးတွေအတွက် ဘုရားမှာ တာဝန်ရှိတယ်လို့ တချို့ ထင်ကြတယ်။ မိတ်ဆွေကော ဘယ်လိုထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။ ပြီးနောက် ယာကုပ် ၁:၁၃ ကိုဖတ်ပြပါ။] အဖြစ်ဆိုးတွေ ဘာကြောင့်ဖြစ်နေရတာလဲ၊ မကောင်းမှုတွေနဲ့ ဆင်းရဲဒုက္ခတွေ ပပျောက်သွားအောင် ဘုရား ဘယ်လိုလုပ်မလဲဆိုတာတွေကို ဒီမဂ္ဂဇင်းမှာ ရှင်းပြထားပါတယ်။

နိုးလော့! ဇူလိုင်

“လူတိုင်းလိုလိုက တစ်ချိန်မဟုတ်တစ်ချိန် အဖြစ်ဆိုးတစ်မျိုးမျိုးကို တွေ့ကြုံရတယ်။ ဥပမာ၊ သဘာဝဘေးဒဏ်ခံရတာ၊ သေနိုင်တဲ့ရောဂါရှိတာ၊ ကိုယ်ချစ်ရတဲ့သူ သေဆုံးသွားတာမျိုး ဖြစ်နိုင်တယ်။ အဲဒီလိုအဖြစ်မျိုးတွေ ကြုံလာခဲ့ရင် အကောင်းမြင်သဘောထားရှိဖို့ အရေးကြီးတယ်လို့ မိတ်ဆွေ ထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] လူအတော်များများက အဖြစ်ဆိုးတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ကျမ်းစာအကြံပြုချက်တွေကို တွေ့ရှိခဲ့ကြတယ်။ [ရောမ ၁၅:၄ ကိုဖတ်ပါ။] အဖြစ်ဆိုးတွေကို ကြုံရတဲ့အခါ ကျွန်တော်တို့ကို ကျမ်းစာအကြံပြုချက်တွေက ဘယ်လိုထောက်ကူပေးနိုင်သလဲဆိုတာ ဒီမဂ္ဂဇင်းမှာ ရှင်းပြထားပါတယ်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ