နမူနာတင်ဆက်နည်းများ
ကင်းမျှော်စင် ဖေဖော်ဝါရီ ၁
“ဒီနေ့၊ ဒီဝေစာကို ကျွန်တော်တို့ လိုက်ဝေငှနေပါတယ်။ ကျမ်းစာမှာပါတဲ့ ပညာရှိလမ်းညွှန်ချက်တွေကို ဝေစာထဲမှာ ဖော်ပြထားပါတယ်။ မိတ်ဆွေလည်း တစ်စောင် ယူနိုင်ပါတယ်။ [သမ္မာကျမ်းစာကို သင် ဘယ်လိုရှုမြင်ပါသလဲ ဝေစာကို အိမ်ရှင်လက်ထဲ ပေးလိုက်ပါ။] အလုပ်အကိုင်နဲ့ပတ်သက်တဲ့ လက်တွေ့ကျအကြံပြုချက်တွေ ကျမ်းစာမှာပါသလားဆိုပြီး လူတချို့ သိချင်ကြတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျမ်းချက်တစ်ချက် ဖတ်ပြမယ်။ [ဒေသနာ ၃:၁၃ ကိုဖတ်ပါ။] အလုပ်မှာ ကျေနပ်ပျော်ရွှင်မှုရနိုင်ဖို့ ထောက်ကူပေးတဲ့ ကျမ်းစာလမ်းညွှန်တချို့ကို ဒီမဂ္ဂဇင်းမှာ ဖော်ပြပေးထားပါတယ်။ မိတ်ဆွေ ဖတ်ချင်ပါသလား။”
နိုးလော့ ဖေဖော်ဝါရီ
“နောက်ဆုံးထုတ် နိုးလော့! မဂ္ဂဇင်းကို လာပေးတာပါ။ စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းရဲ့အဖြေကို ဒီမဂ္ဂဇင်းမှာ ဆွေးနွေးထားပါတယ်။ [မျက်နှာဖုံးကို ပြပါ။] မဂ္ဂဇင်းမှာပါတဲ့ ဥပမာနဲ့ပတ်သက်ပြီး မိတ်ဆွေရဲ့အမြင်ကို သိချင်ပါတယ်။ [သုတ္တံ ၂၉:၁၁ ကိုဖတ်ပါ။] အဲဒီလမ်းညွှန်ချက်က ဒီနေ့ခေတ်အတွက် လက်တွေ့ကျတယ်လို့ မိတ်ဆွေ ထင်ပါသလား။ [အဖြေကို စောင့်ပါ။] ဒီမဂ္ဂဇင်းမှာ ကျမ်းစာလမ်းညွှန်ချက်လေးခုကို ဖော်ပြထားပြီး အဲဒီလေးခုကို ကျင့်သုံးခြင်းကနေ ရရှိမယ့် အကျိုးကျေးဇူးတွေကိုလည်း ဆွေးနွေးထားပါတယ်။”