ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၀ အမှတ် ၃ စာ. ၈-၉
  • ဘုရားရဲ့ ပရောဖက်တွေဆီကနေ ဘုရားအကြောင်း သိရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားရဲ့ ပရောဖက်တွေဆီကနေ ဘုရားအကြောင်း သိရ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အာဗြဟံ
  • မောရှေ
  • ယေရှု
  • ယေရှုက ဘုရား မဟုတ်ဘူး
  • မေတ္တာရှင် ဖန်ဆင်းရှင်ရဲ့ ကောင်းချီးတွေကို ထာဝစဉ် ခံစားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
  • ယေရှုခရစ်တော်သည် မည်သို့အားဖြင့် မောရှေကဲ့သို့သော ဖရောဖက်ဖြစ်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • မောရှေထက်သာ၍ကြီးမြတ်သောအရှင်ကို တန်ဖိုးထားလေးမြတ်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ယေရှုခရစ်ကား မည်သူနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
ကလ၂၀ အမှတ် ၃ စာ. ၈-၉
အာဗြဟံ လက်ဆန့်တန်းပြီး ကောင်းကင်က ကြယ်တွေကို မော့ကြည့်နေစဉ်။

ဘုရားရဲ့ ပရောဖက်တွေဆီကနေ ဘုရားအကြောင်း သိရ

ရှေးခေတ်ကဆိုရင် ဘုရားသခင်ဟာ လူသားတွေအတွက် အရေးကြီးတဲ့ သတင်းစကားတွေကို ပရောဖက်တွေကတစ်ဆင့် ပြောခိုင်းတယ်။ အဲဒီသတင်းစကားတွေကနေ ဘုရားရဲ့ ကောင်းချီး ရဖို့ ဘာတွေ လုပ်ရမယ်ဆိုတာ သိနိုင်တယ်။ သစ္စာရှိ ပရောဖက် သုံးယောက်ဆီကနေ ဘာသိရသလဲဆိုတာ ကြည့်ကြစို့။

အာဗြဟံ

ဘုရားသခင်က မျက်နှာမလိုက်ဘူး။ လူသားအားလုံးကို ကောင်းချီးပေးချင်တယ်။

“ကမ္ဘာပေါ်က လူမျိုးအားလုံး မင်းကြောင့် ကောင်းချီးခံစားရမယ်” လို့ ပရောဖက် အာဗြဟံကို ဘုရားသခင် ကတိပေးခဲ့တယ်။—ကမ္ဘာဦး ၁၂:၃။

ဘာသိရသလဲ။ ဘုရားသခင်က ကျွန်တော်တို့ကို အလွန်ချစ်တယ်။ ဘုရားစကား နားထောင်တဲ့ မိသားစုအားလုံးကို ကောင်းချီးပေးချင်တယ်။

မောရှေ

ဘုရားသခင်ဟာ မိမိအကြောင်း သိဖို့ ကြိုးစားအားထုတ်သူတွေကို ကရုဏာပြတယ်၊ ကောင်းချီးပေးတယ်။

အနန္တတန်ခိုးရှင် ဘုရားသခင်က ပရောဖက် မောရှေကို အံ့ဩစရာတွေ လုပ်ပြနိုင်ဖို့ တန်ခိုးပေးခဲ့တယ်။ ဒါပေမဲ့ မောရှေက “ကျွန်တော်ဟာ စိတ်တော်နဲ့တွေ့တဲ့သူဆိုရင် ကိုယ်တော့်ကို သိပြီး မျက်နှာသာ ဆက်ရနိုင်ဖို့ ကိုယ်တော့်လမ်းစဉ်တွေအကြောင်း သင်ပေးပါ” လို့ ပြောခဲ့တယ်။ (ထွက်မြောက်ရာ ၃၃:၁၃) မောရှေ တောင်းဆိုတာကို ဘုရားသခင် သဘောကျတယ်။ ဒါကြောင့် ဘုရားက မိမိရဲ့ လုပ်ဆောင်ပုံနည်းလမ်းနဲ့ အရည်အသွေးတွေအကြောင်း မောရှေကို ပိုသိနားလည်စေခဲ့တယ်။ ဥပမာ၊ ဖန်ဆင်းရှင် ဘုရားသခင်ဟာ “ကရုဏာရှိပြီး သနားစာနာတတ်တဲ့ ဘုရား” ဆိုတာ မောရှေ သိခဲ့ရတယ်။—ထွက်မြောက်ရာ ၃၄:၆၊ ၇။

ဘာသိရသလဲ။ ဘုရားသခင်အကြောင်း ပိုသိဖို့ ကြိုးစားတဲ့ ယောက်ျား၊ မိန်းမ၊ ကလေးတွေကို ဘုရား ကောင်းချီးပေးချင်တယ်။ ဘုရားသခင်ကို ဘယ်လို ဝတ်ပြုကိုးကွယ်ရမယ့်အကြောင်း၊ ကျွန်တော်တို့ကို ဘုရားသခင် မျက်နှာသာပေးပြီး ကောင်းချီးပေးချင်တဲ့အကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။

ယေရှု

အနာကြီးရောဂါသည်ကို ယေရှု ကုသပေးနေစဉ်။

ရောဂါအမျိုးမျိုးကို ယေရှု ကုသပေးခဲ့

ယေရှုအကြောင်း၊ ယေရှု လုပ်ဆောင်ခဲ့ရာတွေ၊ သွန်သင်ခဲ့ရာတွေအကြောင်း သင်ယူမယ်ဆိုရင် ဘုရားသခင့်ကောင်းချီးတွေကို ထာဝစဉ် ခံစားရမယ်။

သမ္မာကျမ်းစာထဲမှာ ယေရှုရဲ့ ဘဝအကြောင်း၊ ယေရှု သင်ပေးခဲ့တာတွေအကြောင်း အများကြီး ပါတယ်။ မျက်မမြင်တွေကို ပြန်မြင်အောင်၊ နားမကြားသူတွေ ပြန်ကြားအောင်၊ ခြေမသန်သူတွေ လမ်းလျှောက်နိုင်အောင် စတဲ့ အံ့ဩစရာတွေ လုပ်ပြဖို့ ယေရှုကို ဘုရား တန်ခိုးပေးခဲ့တယ်။ သေသွားတဲ့သူတွေကိုတောင် ပြန်အသက်ရှင်လာအောင် ယေရှု လုပ်နိုင်တယ်။ အနာဂတ်မှာ လူသားအားလုံးကို ဘုရား အဲဒီလို လုပ်ပေးမယ်ဆိုတာ ယေရှု ပြသခဲ့တာ ဖြစ်တယ်။ အဲဒီကောင်းချီးတွေကို ခံစားရဖို့ ဘာလုပ်ရမယ်ဆိုတာကိုလည်း ဒီလို ပြောပြခဲ့တယ်– “ထာဝရအသက် ရနိုင်ဖို့ဆိုရင် တစ်ဆူတည်းသော စစ်မှန်တဲ့ ဘုရားသခင် အဖကိုရော အဖ စေလွှတ်လိုက်တဲ့ ယေရှုခရစ်ကိုပါ သိကျွမ်းကြရမယ်။”—ယောဟန် ၁၇:၃။

ယေရှုဟာ ထောက်ထားစာနာ၊ သနားကြင်နာတတ်တယ်။ “ကျွန်တော့်ဆီကနေ သင်ယူကြပါ။ ကျွန်တော်ဟာ နူးညံ့သိမ်မွေ့ပြီး စိတ်နှိမ့်ချတယ်။ ခင်ဗျားတို့ လန်းဆန်းရလိမ့်မယ်” ဆိုတဲ့ ယေရှုရဲ့ လှိုက်လှဲတဲ့ ဖိတ်ခေါ်ချက်ကို လက်ခံတဲ့ ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီးအားလုံး ယေရှုဆီ စုရုံးခဲ့ကြတယ်။ (မဿဲ ၁၁:၂၉) ယေရှုဟာ အမျိုးသမီးတွေကို မတော်မတရား ဆက်ဆံတဲ့ အဲဒီအချိန်က တခြားသူတွေနဲ့ မတူဘဲ အမျိုးသမီးတွေကို ကြင်နာတယ်။ ဂုဏ်သိက္ခာရှိရှိ၊ လေးလေးစားစား ဆက်ဆံတယ်။

ဘာသိရသလဲ။ ယေရှုက လူတွေကို သိပ်ချစ်တယ်ဆိုတာ ဖော်ပြခဲ့တယ်။ လူလူချင်း ဘယ်လို ဆက်ဆံရမယ်ဆိုတာ အလွန်ကောင်းတဲ့ စံနမူနာ ပြခဲ့တယ်။

ယေရှုက ဘုရား မဟုတ်ဘူး

“ကျွန်တော်တို့အတွက်ကတော့ အဖ ဘုရားသခင် တစ်ဆူတည်းပဲ ရှိတယ်” လို့ ကျမ်းစာမှာ ရေးထားတယ်။ ယေရှုခရစ်ဟာ ဘုရားသခင်ရဲ့ စေတမန် ဖြစ်တယ်။ (၁ ကောရိန္သု ၈:၆) ဘုရားသခင်က မိမိထက် ပိုကြီးမြတ်တယ်၊ ဘုရားသခင်က မိမိကို မြေကြီးပေါ် စေလွှတ်ခဲ့တယ်လို့ ယေရှု ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။—ယောဟန် ၁၁:၄၁၊ ၄၂။ ၁၄:၂၈။a

a ယေရှုခရစ်အကြောင်း ပိုသိဖို့ www.pr2711.com/my မှာ လူမျိုးအားလုံးအတွက် သတင်းကောင်း စာစောင် အခန်း ၄ ကိုကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ